ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျော့ကွင်းကိုဖြတ်၍ကျွန်မကို လမ်းပြသည်

12.04.2021

တီရန်နာ၊ ဟောင်ကောင်

ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဆောင်းပါး “သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ” ကို လှန်လှောကြည့် လျက်၊ လွန်ခဲ့သောနှစ်နှစ်က ကောလာဟလများ၏ ချည်နှောင်မှု များမှ ရုန်းထွက်လွတ်မြောက် ပြီး၊ ဘုရားသခင်ရှေ့တော်မှောက်သို့ ပြန်လာခဲ့သည့် ကျွန်မ၏ အတွေ့အကြုံကို ပြန်သတိမရဘဲ မနေနိုင်ပါ။

ကျွန်မမိသားစု နှင့် ကျွန်မတို့ အားလုံး ဟောင်ကောင်နိုင်ငံ တွင် နေကြသည်။ ကျွန်မ ယောက္ခထီးနှင့် မတ်တို့ (ကျွန်မခင်ပွန်း ၏ ညီ) နှစ်ဦးလုံးက သခင်ယေရှုကို ယုံကြည်ကြသည်။ ကျွန်မ၏ မတ်က အသင်းတော်တစ်ခုမှာ သင်းအုပ်ဆရာတစ်ယောက် ဖြစ် သောကြောင့် ထိုအသင်းတော်မှ ညီအစ်ကိုမောင်နှမများက ကျွန်မ တို့အိမ်သို့ မကြာခဏ လာရောက်ပြီး၊ အတူတကွ ဆုတောင်းကာ၊ သခင့်ကို ချီးမွမ်းခြင်း ဓမ္မသီချင်းများ သီဆိုကြသည်။ ထို့နောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကျွန်မ၏ သူငယ်ချင်းကောင်း တစ်ယောက်က သူမသည်လည်း သခင့်ကို ယုံကြည်သည်ဟု ပြောလာခဲ့သည်။ ကျွန်မမိသားစုနှင့် မိတ်ဆွေများ၏ သြဇာ လွှမ်းမိုးခံရခြင်းဖြင့်၊ သခင့်ကို ယုံကြည်မှုတွင် ကျွန်မ အတော် အတန် စိတ်ပါဝင်စားလာခဲ့သည်။ ထို့နောက် များမကြာမီ တစ်ရက်တွင် နောက်ထပ် အသင်းသား တစ်ဦးဖြစ်သည့် ကျွန်မ အစ်မပေပေနှင့် ကျွန်မ တွေ့ဆုံခဲ့ရသည်။ သူမက အပူအပင် မထားဘဲ ဖော်ရွေသူ တစ်ယောက်ဖြစ်သည်။ ကျွန်မ၏ မိသားစုနှင့် မိတ်ဆွေတစ်ချို့က သခင့်ကို ယုံကြည်သည်ကို သူမသိရသည့် အချိန်တွင် သူမက အလွန်ပျော်ရွှင်ခဲ့ပြီး၊ သူမ၏ နေအိမ်သို့ ကျွန်မကို လာလည်ရန် ဖိတ်ခေါ်ခဲ့ပြီး၊ သူမ၏ အိမ်တွင် ကျွန်မကို အစ်မချန်းဟွီနှင့် မိတ်ဆက်ပေးခဲ့သည်။ ဝတ်ပြုစုဝေးပွဲအချို့ အတွင်းတွင် ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းကြောင်း နှင့် အရာအားလုံးအပေါ် ကိုယ်တော်၏ အချုပ်အခြာအာဏာ ရှိကြောင်းအပြင် စာတန်၏ ဇာစ်မြစ်အကြောင်း စသည်တို့နှင့် ပတ်သက်သည့် သမ္မာတရားများကို အစ်မချန်းက ဝေမျှခဲ့သည်။ ကျွန်မကို သူမပြောသည့် အရာများက အမှန်တကယ် ဆွဲဆောင် ပြီး၊ အလွန်အမင်း ပျော်ရွှင်ကျန်ရစ်စေခဲ့သည်။ သူတို့၏ အတွေ့အကြုံများနှင့် ယုံကြည်မှုကို နားလည်သဘောပေါက်ခြင်း များ ဝေမျှသည်ကို နားထောင်ရခြင်းအား ကျွန်မ အမှန်တကယ် နှစ်သက်ပြီး၊ ဤပျော်ရွှင်မှုကို အခြားသူများဖြင့် ဝေမျှချင်ခဲ့သည်။ တစ်နေ့တွင် မိမိကိုယ်ကို မချုပ်တည်းနိုင်ဘဲ၊ ယုံကြည်သူ တစ်ယောက် ဖြစ်လာရန် ကျွန်မ၏ လိုအင်ဆန္ဒကို ကျွန်မ မိသားစုနှင့် ဝေမျှခဲ့သည်။ ထိုသတင်းက ကျွန်မ၏ မတ်ဆီသို့ အမြန်ပျံ့နှံ့သွားပြီး၊ သူက ကျွန်မကို ဖုန်းခေါ်ကာ၊ ကျွန်မက ဘုရားသခင်ကို ရုတ်တရက်ကြီး ယုံကြည်ရသည့် အကြောင်း အရင်းကို မေးပြီး၊ “အရှေ့အရပ်က လျှပ်ပြက်ခြင်းလို့ခေါ်တဲ့ အသင်းတော်တစ်ခုရှိတယ်။ သူတို့က သခင်ယေရှုပြန်ကြွလာပြီ ဆိုပြီး နေရာတိုင်းမှာ သက်သေခံ နေကြတယ်။ သူတို့က ဂိုဏ်းဂဏတိုင်းက ဆက်ကပ်အပ်နှံထားတဲ့ ရှာဖွေသူတွေ အများကြီးကိုလည်း ခိုးသွားပြီ။ အဲဒါနဲ့ပတ်သက်ပြီး အရမ်း သာမန်ကာလျှံကာ မထားနဲ့နော်။ သူတို့နဲ့ မပတ်သက်နဲ့” ဟု လည်း ပြောခဲ့သည်။ ထို့နောက် ကျွန်မကို ဧဝံဂေလိဝေငှ သူများက စာအုပ်တစ်အုပ် ပေးမပေးကို ကျွန်မကို ထပ်ခါ တလဲလဲ သူမေး ခဲ့ပြီး၊ ယုံကြည်မှုနှင့် သက်ဆိုင်သည့် အရာတိုင်းကို အထူးသဖြင့် သတိထားဖို့ အထပ်ထပ် အခါခါ တိုက်တွန်းနှိုးဆော်ခဲ့သည်။ ကျွန်မမတ်၏ စကားများက ကျွန်မကို စိတ်နောက်ကျိစေလျက်၊ ကျွန်မခေါင်းထဲတွင် တဝဲလည်လည် ဖြစ်ကာနေသည်။ အခြား တစ်ဖက်တွင်မူ ကျွန်မမတ်က ကျွန်မ အခြားအသင်းတော် တစ်ခုရှာတွေ့ခြင်းကို ဆန့်ကျင်လေသည်၊ သို့သော်လည်း အခြား တစ်ဖက်တွင်မူ ကျွန်မကလည်း ဘုရားသခင်ကို ယုံကြည်ခြင်း အကြောင်း အစ်မချန်း ပြောသည့်အရာကို တကယ့်ကို ပျော်မွေ့ခဲ့သည်။ ကျွန်မက မည်သည့်အရာကို ရွေးချယ်ရမှန်း ဝေခွဲမရဖြစ်ပြီး၊ အစ်မချန်းနှင့် ဆက်ပြီး အဆက်အသွယ် လုပ်သင့်မလုပ်သင့်ကိုလည်း မသိခဲ့ပါ။

ထို့ကြောင့် ကျွန်မက နားထောင်ဖို့ သင်းအုပ်ဆရာများ၏ ဒေဿနာတစ်ချို့ကို အွန်လိုင်းတွင် စတင်ရှာဖွေခဲ့သည်။ အွန်လိုင်း တွင် ကျွန်မ အရှေ့အရပ်ကလျှပ်ပြက်ခြင်းအကြောင်း သတင်း အချက်အလက်များစွာ တွေ့ခဲ့သော်လည်း ၎င်းတို့ကို ကျွန်မ သိပ်အာရုံမစိုက်ခဲ့ပါ။ ကျွန်မက ဒေသနာကောင်းများကို ရှာတွေ့ ရန်အတွက်သာ အလုံးစုံ အာရုံစိုက်ထားသည်။ ဒေသနာများစွာကို ကျွန်မ နားထောင်ပြီး၊ နှိုင်းယှဉ်ခဲ့ကာ၊ အစ်မချမ်းနှင့် အခြားသော လူများ၏ဒေသနာများသည် ဘုရားသခင်ကို သက်သေခံခြင်း အကြောင်း ပိုမိုဝေမျှထားပြီး၊ ၎င်းတို့ကို နားထောင်ရခြင်းသည် ဘုရားသခင်နှင့် ပတ်သက်သည့် ပိုမိုကောင်းမွန်သည့် နားလည် သဘောပေါက်မှု ကျွန်မကို ပေးသောကြောင့် နောက်ဆုံးတွင် ထိုဒေသနာများသည် အကောင်းဆုံးဖြစ်သည်ဟု ကျွန်မ ထင်မြင် ဆဲဖြစ်သည်။ ၎င်းကို အနည်းငယ် သေချာစွာစဉ်းစားပြီး နောက်တွင်၊ အစ်မချန်း၏ မိတ်သဟာယကို ဆက်နားထောင်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်သည်။ နောက်နေ့များတွင် သူမက ဣသရေလလူမျိုးတို့ကို မောရှေက အဲဂုတ္တုမှ ဦးဆောင်ခေါ် ထုတ်ခြင်း၊ အာဗြဟံက ဣဇက်ကို ယဇ်ပူဇော်ခြင်း၊ သခင်ယေရှုက လူသားမျိုးနွယ်အတွက် အသေခံခြင်း၊ ပေတရု၏ အတွေ့အကြုံ များ၊ လာဇရုရှင်ပြန်ထမြောက်ပြီး၊ ဘုရားသခင်ကို ဘုန်းတော် ထင်ရှားစေခြင်း နှင့် နောက်ထပ်အကြောင်းအရာများကို ကျွန်မကို ပြောပြခဲ့သည်။ ဤအံ့သြလောက်စရာကောင်းသော သမ္မာ ကျမ်းစာဆိုင်ရာ ဇတ်လမ်းများက ကျွန်မအတွက် တကယ့်ကို စိတ်ဝင်စားစရာကောင်းပြီး၊ ဘုရားသခင် ပြုတော်မူခဲ့သည့် အမှုတော်ကို ပိုမိုနက်ရှိုင်းသည့် နားလည်သဘောပေါက်မှုတစ်ခု ကျွန်မကို ပေးခဲ့သည်။ ဝတ်ပြုစုဝေးပွဲပြီးတိုင်း ကျွန်မက နောက် ဝတ်ပြုစုဝေးပွဲတစ်ခုအတွက် စိတ်အားထက်သန်စွာ စောင့်ဆိုင်း လေသည်။

တစ်လကြာပြီးနောက် ဝတ်ပြုစုဝေးပွဲတစ်ခုအတွင်းတွင် အစ်မချန်းက သမ္မာကျမ်းပိုဒ်တစ်ချို့နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ချို့ကို ကျွန်မကို ဖတ်ပြခဲ့သည်။ သမ္မာကျမ်းစာတွင်- “လူသားသည် ကြွလာသောအခါ နောဧ လက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်း မဖြစ်မှီ ကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများ တို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်း သည်တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာ သောအခါ၌ ဖြစ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၇-၃၉) ဟု ပြောထားသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောဧက သင်္ဘောကို တည်ဆောက်ခဲ့သည့် အချိန်ကာလကို ပြန်ကြည့်ပါက- လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးခဲ့သည်၊ လူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမှ သွေဖည်ခဲ့ကြပြီးဖြစ်သည်၊ ဘုရားသခင်၏ စောင့်ရှောက်မှုကို မခံကြရတော့သကဲ့သို့၊ ဘုရားသခင်၏ ကတိများကိုလည်း ဆုံးရှုံးခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အလင်းမရှိဘဲ အမှောင်ထဲတွင် အသက်ရှင်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် သဘာဝအားဖြင့် လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့လာခဲ့ကြပြီး၊ အကျည်းတန်သော အကျင့်ပျက်ခြင်းထဲတွင် လုံးလုံးလျားလျား ပျော်မွေ့နေခဲ့ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကတိတော်ကို မရရှိနိုင်ကြတော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို စွန့်ခွာခဲ့ပြီးဖြစ်ကာ ဘုရားသခင်က ၎င်းတို့အပေါ် နှင်းအပ်ပေးထားသမျှကို ဖယ်ထားခဲ့ကြပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ သွန်သင်မှုများကို မေ့လျော့ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်၏ မျက်နှာကို မျက်မြင်ကြုံတွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ အသံကိုကြားရန် မထိုက်တန်ခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ သွေဖည်သည်ထက် သွေဖည်ခဲ့ကြပြီး၊ ထိုသို့ဖြစ်ခဲ့သည်နှင့်အမျှ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် လူ့သဘာဝအားလုံးကို ကျော်လွန်၍ အကျင့်ပျက်ပြားလာခဲ့ကြပြီး တိုး၍တိုး၍ ဆိုးယုတ်လာခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် သေခြင်းနှင့် နီးသည်ထက်နီးအောင် လျှောက်လှမ်းခဲ့ကြပြီး ဘုရားသခင်၏ အမျက်ဒေါသနှင့် အပြစ်ဒဏ်ပေးခြင်းအောက်တွင် လဲကျခဲ့ကြသည်။ နောဧတစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည်၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ အသံနှင့် ညွှန်ကြားချက်များကို ကြားနိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ညွှန်ကြားချက်များအတိုင်း သင်္ဘောကို တည်ဆောက်ခဲ့ပြီး သက်ရှိသတ္တဝါ မျိုးစုံကို စုစည်းခဲ့သည်။ ဤနည်းဖြင့် အားလုံးပြင်ဆင်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် ကမ္ဘာကြီး အပေါ် သူ၏ ဖျက်ဆီးခြင်းကို ထုတ်လွှတ်ခဲ့သည်။ နောဧသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည့် အတွက် နောဧနှင့် အခြား သူ၏မိသားစုဝင် ခုနစ်ဦးသာ ထိုပျက်စီးခြင်းမှ အသက်ရှင်ခဲ့သည်။

ယခု မျက်မှောက်ခေတ်ကို ကြည့်လော့- ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည့် နောဧ ကဲ့သို့သော ဖြောင့်မတ်သည့်လူများ မတည်ရှိလေပြီ။ သို့တိုင် ဘုရားသခင်သည် ဤလူသားမျိုးနွယ်အပေါ် ကရုဏာ ကျေးဇူးပြုတော်မူဆဲဆဲဖြစ်ပြီး ဤနောက်ဆုံးသော ခေတ်အတွင်းတွင် ၎င်းတို့ကို ဖြေလွှတ်ပေးဆဲ ဖြစ်သည်။ ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေသည်။ သူသည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သေးသကဲ့သို့ မိမိတို့၏စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေလေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် နာခံတတ်ပြီး သူ့ကို မဆန့်ကျင်သူများကို သူ ရှာဖွေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) အစ်မချန်းက သူ၏ မိတ်သဟာယ တွင် ပြောခဲ့သည်။ “နောဧခေတ်က လူတွေက ‘စားသောက် လျက်၊ ထိမ်းမြားစုံဖက် လျက်နေ၍၊’ ရှိကြတယ်။ သူတို့က လူတကာနဲ့ သောင်းပြောင်းလိင်ဆက်ဆံပြီး၊ ဖောက်ပြန်ပျက်စီး ကြတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နားမထောင်ကြသလို၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တာ မရှိကြဘူး။ အဲဒီအစား ရုပ်ထုဆင်းထုတွေကို သူတို့ ကိုးကွယ်ပြီး၊ အစွန်းရောက်တဲ့အထိ အပြစ်ရှိကြတယ်။ အဲဒီအချိန်က လူတွေကို ကယ်တင်ဖို့ ဘုရားသခင်က နောဧကို လှေဆောက်ခိုင်းပြီး၊ ရေလွှမ်းမိုးမှုက ကမ္ဘာကြီးကို ဖျက်ဆီးမယ့်အကြောင်း လူတွေကို ပြောခိုင်းတယ်။ ဒါပေမဲ့ နောဧက ဒါကိုနှစ်ပေါင်းတစ်ရာကျော် ဟောကြား ခဲ့ပြီးတာတောင်မှ၊ ဘယ်သူကမှ ဘုရား နှုတ်ကပတ်တော်တွေကို မယုံကြသလို၊ ဘုရားသခင်ဆီမှာလည်း ဘယ်သူမှ နောင်တမရခဲ့ကြဘူး။ ဒါ့ကြောင့် ဘုရားသခင်က အဲဒီခေတ်က လူတွေကို ဖျက်ဆီးဖို့ ရေလွှမ်းမိုးမှုကြီးတစ်ခုကို အသုံးပြုတော်မူခဲ့တယ်။ နောက်ဆုံးသောကာလက လူတွေက နောဧအချိန်ကလူတွေထက်တောင် ပိုပြီး ဖောက်ပြန် ပျက်စီးကြ တယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးက ကိုယ်ကျင့်တရားအရ ချွတ်ခြုံ ကျပြီး တစ်နေ့တစ်ခြား ကျဆင်းလာခဲ့တယ်။ ကွာရှင်း ပြတ်ဆဲမှုနှုန်းက ဆက်လက်မြင့်မားနေပြီး၊ ရာဇဝတ်မှုက မဆန်း တော့တဲ့အပြင် ညစ်ညမ်းတဲ့စာအုပ်ရုပ်ရှင်၊ လောင်းကစားမှုနဲ့ မူးယစ်ဆေးဝါးတို့က လူတို့ရဲ့ စိတ်ဝိညာဉ်တွေကို တိုက်စား လာခဲ့ တယ်။ လူတွေက တိုးတိုးပြီး မာယာပရိယာယ်များလာတယ်၊ လောဘကြီးလာတယ်၊ ဆိုးယုတ်လာတယ်၊ ယုတ်မာလာပြီး၊ တစ်ကိုယ်ကောင်း ဆန်လာတယ်။ ဘယ်သူကမှ အသိစိတ်ရှိတာ ဒါမှမဟုတ် ကောင်းမွန်ရိုးသားတဲ့ လူတစ်ယောက်ဖြစ်ခြင်း အကြောင်း ဂရုမစိုက်ကြတော့ဘဲ၊ သူတို့ စားသောက်ခြင်း၊ ပျော်ရွှင်မှုရခြင်း နဲ့ လိင်အတွက် သြဇာအာဏာကို သို့မဟုတ် သြဇာအာဏာအတွက် လိင်ကို အရောင်းအဝယ်လုပ်ခြင်း တို့ကို သာ အရေးကြီးတယ်လို့ ထင်ကြတယ်။ လူတွေက အမှန်တရားကို စိတ်ကုန်ပြီး၊ မကောင်းမှုကိုသာ ချီးမြှောက်ကြတယ်။ သူတို့က အပြစ်လုပ်တဲ့ အရသာကို ငမ်းငမ်းတက်လိုချင်ကြပြီး ဘုရားသခင် ရဲ့ ဖျက်ဆီးခြင်းကို ခံထိုက်တဲ့အခြေအနေကို ရောက်ခဲ့တာ ကြာပြီဖြစ်တယ်။ ဒီလက္ခဏာတွေအားလုံးက နောက်ဆုံးသော ကာလ ရောက်ခဲ့ပြီဆိုတာကို ညွန်းဆိုနေတယ်။ အခု သခင်ယေရှု က ပြန်ကြွလာပြီး၊ သူ့ရဲ့ဒုတိယအကြိမ် လူ့ဇာတိခံခြင်းက ကမ္ဘာ ပေါ်မှာ အသက်ရှင်နေထိုင်နေပြီ။ သူက လူသားမျိုးနွယ်ရဲ့ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် သမ္မာတရားအားလုံးကို မိန့်မြွက်ပြီးပါပြီ။ ကိုယ်တော်က အရမ်းကို အလွန်အမင်း ဖောက်ပြန်ပျက်စီးတဲ့ လူတွေဖြစ်တဲ့ ကျွန်မတို့ကို လုံးလုံး ကယ်တင်ဖို့ကြွလာခဲ့ပြီးပါပြီ။ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သနားကရုဏာက ကြီးမြတ်လွန်းလှ ပါတယ်။” အစ်မက ဤစကားများပြောသည်ကို ကြားရခြင်းက ကျွန်မအတွက် စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပြီး၊ ကျွန်မက “ငါတို့ အားလုံးက အလွန်အမင်း ဆိုးယုတ်တဲ့လူတွေဖြစ်ပြီး ဟိုးအရင် ကတည်းက ဘုရားသခင်ရဲ့ ဖျက်ဆီးတာကို ခံရသင့်တယ်။ ဘုရားသခင်ရဲ့ အိမ်တော်ကို ငါတို့ ဝင်ရောက်ခွင့်ရဖို့၊ ဘုရားသခင် မိန့်မြွက်တော်မူတဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရဖို့၊ ပြီးတော့ ဘုရားသခင်ကို သိခွင့်ရဖို့အတွက် ငါတို့ ကံကောင်းတာဟာ ဘုရားသခင်ရဲ့ သနားကရုဏာတော ကျေးဇူးကြောင့်ပါပဲလေ။ ဘယ်လောက် ထူးကဲလိုက်တဲ့ ကောင်းကြီး မင်္ဂလာတစ်ခု ပါလိမ့်” ဟု မိမိ ဘာသာတွေးမိသည်။ ကျွန်မကို လမ်းပြခြင်း၊ ဘုရားသခင် ၏ နောက်ဆုံးသောကာလအမှုတော်ကို အမီလိုက်ခွင့်ပြုခြင်းနှင့် ကယ်တင်ခြင်းအတွက် အခွင့်အလမ်း ရရှိခွင့်ပေးခြင်းတို့အတွက် ဘုရားသခင်ကို အဖန်တလဲလဲ ကျေးဇူးတင်မိသည်။ ကျွန်မ ထွက်ခွာခါနီးတွင်ပင်၊ ထိုအစ်မက ကျွန်မကို ဘုရား နှုတ်ကပတ်တော်များ၏ စာအုပ်တစ်အုပ် ပေးခဲ့သည်။ စာအုပ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလျက်၊ ကျွန်မက အလွန်တို့ထိခံ ရပြီး၊ စတင်ငိုကြွေးခဲ့သည်။ ကျွန်မက မိမိ၏ အကောင်းဆုံး စွမ်းရည်ဖြင့် ဘုရားသခင်နောက်ကိုလိုက်ဖို့ သန္နိဌာန်ချမှတ် ခဲ့သည်။

တစ်နေ့တွင် ကျွန်မ ကွန်ပြူတာကိုဖွင့်ပြီးနောက်၊ အရှေ့အရပ်ကလျှပ်ပြက်ခြင်းအကြောင်း တစ်စုံတစ်ခု ပြောထား သည့် ဝဘ်ဆိုက်တစ်ခုကို တွေ့လိုက်သည်။ စူးစမ်းလိုစိတ်၏ တွန်းအားပေးခြင်းဖြင့် ကျွန်မက ထိုလင့်ခ်ကို နှိပ်လိုက်ပြီး၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ဘာသာရေးအသိုင်းအဝိုင်းတို့မှ အရှေ့အရပ်မှလျှပ်ပြက်ခြင်းအကြောင်း အပျက်သဘောဆောင် သည့် မူဝါဒဖြန့်မှုတစ်ခုကို တွေ့ခဲ့သည်။ ထိုဝဘ်ဆိုက်တွင် ဖော်ပြထားသည့် “အရှေ့အရပ်က လျှပ်ပြက်ခြင်း” သည် အစ်မချန်း က ကျွန်မကို ဟောကြားခဲ့သည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော် ဖြစ်သည်ကို ကျွန်မ နားလည် သဘောပေါက်သည့် အချိန်တွင်၊ ကျွန်မ အံ့အားသင့်လွန်း၍ နှုတ်ဆိတ်နေခဲ့ပြီး၊ အလွန်ပျာယာခတ်လေသည်။ ကျွန်မများ ကျွန်မ၏ယုံကြည်မှုမှာ လမ်းလွဲသွေဖည်သွားခဲ့ခြင်း ဖြစ်နိုင်ပါသ လား။ ကျွန်မဘာလုပ်သင့်ပါသနည်း။ သို့သော်လည်း ကျွန်မက အစ်မချန်းနှင့် အခြားလူများနှင့် ဆက်သွယ်သည့်အခါတိုင်း သူတို့အားလုံးက ကျွန်မအပေါ် ချစ်ခင်လှပြီး၊ အင်တာနက်ပေါ်တွင် ပြောထားသကဲ့သို့ လုံးဝ မဟုတ်သည့်ပုံကို ကျွန်မ အမှတ်ရမိ သည်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ပထမဆုံးဖတ်ရှုပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် တို့ထိခံရသည့်အချိန်ကို ကျွန်မ ပြန်ပြောင်းတွေးမိသည်- ထိုနှုတ်ကပတ်တော်များက သြဇာ အာဏာနှင့် တန်ခိုးတို့ ပိုင်ဆိုင်သောကြောင့် သူတို့က ဘုရားသခင်၏ ဖော်ပြချက်နှင့် အသံတော် မည်သို့ မဟုတ်နိုင်ပါ သနည်း။ ထို့နောက် ကျွန်မက ဖတ်ရှုရန် ရည်ရွယ်ချက်ဖြင့် ဘုရားနှုတ်ကပတ်တော်များကို ထုတ်လိုက်သော်လည်း၊ ကနဦး၌ ရှိခဲ့သော တို့ထိခံရခြင်း ခံစားချက်ကို ကျွန်မ ပြန်လည်မရရှိ နိုင်ခဲ့ပါ- ဘုရားသခင်က သူ့မျက်နှာတော်ကို ကျွန်မထံမှ ကွယ်ဝှက်ခဲ့ပြီဖြစ်သည်။ ကျွန်မ စာရွက်အဖြူနှင့် စာလုံးအမည်း များကိုသာ မြင်တွေ့ခဲ့သည်။ ကျွန်မ အွန်လိုင်းတွင် တွေ့ခဲ့သည့် အပျက်သဘောဆောင်သည့် ဝါဒဖြန့်မှုတိုင်းက ကျွန်မ၏ စိတ်ထဲမှတစ်ဆင့် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ ကျွန်မ ကြံရာမရဖြစ်ခဲ့သည်။ ကျွန်မက “ဒါကို ငါယုံသင့်လား၊ မယုံသင့်ဘူး လား။ အရှေ့အရပ်က လျှပ်ပြက်ခြင်းက ဘုရားသခင်ရဲ့ အမှုတော် ဟုတ်သလား။ အရှေ့အရပ်ကလျှပ်ပြက်ခြင်းက ဘုရားအမှုတော် တကယ်မဟုတ် ရင်ကော ဘာလုပ်မလဲ။ ဒီယုံကြည်မှုကို ငါ လက်တွေ့မလုပ်ဆောင်ရင်၊ ဘုရားသခင်ကို သိကျွမ်းခြင်းနဲ့ ကယ်တင်ခံ ရခြင်းတို့အတွက် ငါ့အခွင့်အရေးကို ဆုံးရှုံးရတာသာ မဟုတ်ဘူး လား။ ဒါပေမဲ့ အဲဒါက အတုအယောင်ဖြစ်နေပြီး၊ ငါက အဲဒါနောက်ကို မစဉ်းမစားလိုက်နေရင်၊ ငါက လှည့်စားခံရတယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။ အဲဒါကို ငါဆက်ပြီး စုံစမ်းစစ်ဆေး သင့်လား၊ မစစ်ဆေးသင့်ဘူးလား” ဟု ဆက်ပြီး စဉ်းစားနေခဲ့ သည်။ ဤမေးခွန်းများက ကျွန်မကို ဆက်၍ စိတ်အနှောင့် အယှက်ပေးပြီး၊ ကျွန်မကို အလုပ်လုပ်ချင်စိတ်မရှိအောင်ပင် ဖြစ် ကျန်ရစ်စေသည်။ ယင်းကို ကျွန်မ၏ မိသားစုနှင့် အမှန်တကယ် ဆွေးနွေးလိုပြီး၊ အကြံဉာဏ်တောင်းချင်သော်လည်း၊ ကျွန်မ၏မတ် က ဂရုစိုက်မှုကို ကျင့်သုံးဖို့နှင့် တခြားအသင်းတော်များကို လျှောက်မရှာနေဖို့တို့ အတွက် မည်သို့ အဖန်တလဲလဲ တိုက်တွန်း အားပေးခဲ့သည်ကို တွေးမိသည်။ ကျွန်မ၏ ယုံကြည်မှုက တကယ့်ကို မှားနေပါက၊ သူတို့က ကျွန်မအပေါ်သို ထို့ထက်ပိုပြီး ပြင်းထန်စွာ ပြစ်တင်ဝေဖန်မည် မဟုတ်ပါလား။ ထို့ကြောင့် ကျွန်မ၏ စိတ်အခြေအနေက အလွန်မပျော်မရွှင်ဖြစ်ကာ၊ ကြီးမားသောစိတ်ခံစားချက်ဆိုင်ရာ နာကျင်မှုကို ခံစားနေရပြီး၊ မည်သည့်အရာကို လုပ်ရမှန်း အမှန်တကယ် မသိသော်လည်း ကျွန်မမိသားစုနှင့် ဆွေးနွေးဖို့ အကြံဉာဏ်ကို ဖယ်ထုတ် လိုက်သည်။ ယခင် ရက်အနည်းငယ်က ညီအစ်မများဖြင့် မိတ်သဟာယပြုချိန်တွင် ကျွန်မ ခံစားခဲ့ရသည့် ဝမ်းမြောက်ခြင်း နဲ့ စိတ်အေးချမ်းသာမှုတို့မှနေပြီး ကမ္ဘာခြားနေကဲ့သို့ ခံစားရပါ သည်။

အကူအညီတောင်းဖို့လူမရှိဘဲ၊ ကျွန်မက ဘုရားသခင်ကို ဆုတောင်းပြီး ရှာဖွေဖို့၊ ကျွန်မ၏စိတ်နှလုံးထဲမှ အခက်အခဲများနှင့် အားငယ်စိတ်များ တစ်ခုချင်းစီကို ဘုရားသခင်ကို ယုံကြည်စွာ အပ်နှံဖို့နှင့် သူ့ဉာဏ်အလင်းပေးခြင်းကို အသနားခံဖို့ ကြိုးစားခဲ့ သည်။ ဆုတောင်းပြီးနောက်၊ တစ်ခါက အစ်မချန်း ပြောသည့် အရာတစ်ခုက စိတ်ထဲကို ရုတ်တရက် ရောက်လာ သည်။ သခင်ယေရှု မွေးဖွားသည့်အချိန်တွင်၊ ဟေရုဒ်မင်းကြီးက ထိုအချိန်က သူ့ထီးနန်းဆုံးရှုံးရမည်ကို ကြောက်သောကြောင့် တစ်မြို့လုံးမှ အသက်နှစ်နှစ်အောက် သားယောက်ျားလေး အားလုံးကို သတ်ဖြတ်ဖို့ သူက အမိန့်ပေးခဲ့သည်။ သခင်ယေရှုက သူ့သွန်သင်ချက်များကို ဝေမျှသည့်အချိန်တွင်၊ ဂျူးလူမျိုး ယုံကြည်မှု၌ ခေါင်းဆောင်များက သခင်ယေရှုနောက်ကို ယုံကြည်သူများ လိုက်ကြမည်ကို ကြောက်သောကြောင့်၊ ပြီးလျှင် သူတို့ အဆင့်အတန်းကို ဆုံးရှုံးမည်ကို ကြောက်သောကြောင့် ကိုယ်တော့်ကို ဆန့်ကျင်ရပ်တည်ကာ ပြစ်တင်ရှုတ်ချသည်အထိ အထိန်းအကွပ်မဲ့ခဲ့ကြသည်။ သခင်ယေရှု ပြုခဲ့သည့် နိမိတ် လက္ခဏာများကို မည်သည့်သာမာန် လူတစ်ယောက်မျှ မပြုနိုင် သည်ကို သူတို့ ကောင်းစွာသိသော်လည်း၊ သူတို့က ဗေလဇေဗုလ ၏ အကူအညီဖြင့် မကောင်းဆိုးဝါးများကို မောင်းထုတ်နေသည်ဟု ပြောလျက်၊ တမင်ရည်ရွယ်၍ ကိုယ်တော့်ကို အသရေဖျက်ခဲ့ ကြသည်။ သူတို့က သခင်ယေရှုကို ပြစ်မှားစော်ကားခြင်း ဖြင့်လည်း စွပ်စွဲခဲ့ကြသည်။ အဆုံးတွင် သူတို့က သခင်ယေရှုကို ကားစင်တင်ဖို့ ရောမအစိုးရနှင့်အတူပူးပေါင်းခဲ့ကြသည်။ ပြီးလျှင် လက်ရှိတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်း ဖြစ်သည့် တရုတ်ကွန်မြူနစ် ပါတီ အစိုးရနှင့် ဘာသာရေး အသိုင်းအဝိုင်းတို့၏ ရူးသွပ်သော အပြုအမူများက ကျေးဇူးတော် ခေတ်တွင် သခင်ယေရှုကို ဆန့်ကျင်ပြီး ရောမအစိုးရနှင့် ဂျူးဘာသာရေးခေါင်းဆောင်များက ကျူးလွန်ခဲ့သည့် လုပ်ရပ်များ နှင့် အတိအကျ တူညီလေသည်။ စစ်မှန်သောလမ်းခရီးသည် ရှေးခေတ်အချိန်ကတည်းက ဖိနှိပ်ခြင်းကို ခံစားခဲ့ရသည်။ ဘုရားသခင်က အမှုပြုရန်လာသည့် အချိန်တိုင်း၊ သူက ဘာသာရေးလောကမှ နှိပ်ကွပ်ခြင်းအပြင်၊ အာဏာပိုင်များ၏ နှိပ်ကွပ်ခြင်းကိုလည်းခံရသည်။ သို့သော်လည်း မည်သူမျှ ဘုရား အမှုတော်ကို မပိတ်ပင်မတားဆီးနိုင်ပါ။ အဆုံးသတ်တွင် သခင်ယေရှုက ကားစင်တင်ခံရခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတော်ကို စုံလင်စေခဲ့သေးသည်၊ ပြီးလျှင် သူ့ဧဝံဂေလိက တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့ခဲ့သည်။ လက်ရှိတွင် တရုတ်အစိုးရနှင့် ဘာသာရေး အသိုင်းအဝိုင်းက အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သူ့အမှုတော်တို့ကို ပြစ်တင်ရှုတ်ချသည့် ကောလာဟလများစွာကို အွန်လိုင်းတွင် လုပ်ဇတ်ခင်းထားကြ သော်လည်း၊ သူ့နိုင်ငံတော်၏ ဧဝံဂေလိသည် အလွန်လျင်မြန်စွာ ပျံ့နှံ့ဆဲဖြစ်ပါသည်။ ဤသည်မှာ ဘုရားအမှုတော် မဟုတ်ပါက၊ တရုတ်အစိုးရ၏ ဖယ်ရှားခြင်းကို ကြာမြင့်သောအချိန်ကတည်းက ခံခဲ့ရမည် မဟုတ်ပါလား။ ထို့နောက် အစ်မချန်း၊ အခြားသူများနှင့် ကျွန်မ တွေ့ဆုံသည့် အချိန်တိုင်းတွင်၊ သူတို့က ကျွန်မအပေါ် အမှန်တကယ် ရိုးသားခဲ့ကြပြီး၊ သူတို့၏ မိတ်သဟာယများ အားလုံးက ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံကြသည်ကို ကျွန်မ ရုတ်တရက် တွေးမိလာသည်။ သူတို့က လောကီဆိုင်ရာ အရေးကိစ္စများ သို့မဟုတ် လူတို့၏ အသက်တာများအတွက် အကျိုးမဖြစ်သည့် အရာများအကြောင်း မည်သည့်အခါမျှ မပြောခဲ့ ပါ။ ၎င်းက ကျွန်မအတွက် အပြုသဘောဆောင်သည့် လမ်းပြမှုနှင့် အကူအညီတို့ကိုသာ ထောက်ပံ့ပေးခဲ့သည်။ ကျွန်မ မသိလိုက် မီမှာပင် ကျွန်မ၏ စိတ်နှလုံးထဲမှ သံသယများက အတော်အတန် ပပျောက်သွားသောကြောင့် ရှာဖွေသောနှလုံးသားတစ်ခုဖြင့် ဘုရားသခင်ကို ကျွန်မ ထပ်မံဆုတောင်းခဲ့သည်။ “ဘုရားသခင်။ ပြန်ကြွလာတဲ့သူက ကိုယ်တော် တကယ့်ကို ဖြစ်နေတယ်ဆိုရင်၊ ကိုယ်တော့်အမှုတော်ကို သိဖို့နဲ့ ကိုယ်တော့်ဆီကို ပြန်လာဖို့ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ။” ထိုအတိုင်းပင် ဘုရားသခင်က ကျွန်မ၏ ဆုတောင်းချက်ကို နားညောင်းခဲ့သည်။

သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင်၊ ကျွန်မ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဟူသော ဘုရား နှုတ်ကပတ်တော်များ စာအုပ်ကို ဖွင့်ပြီး “သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ” ဆိုသည့် ကျမ်းပိုဒ်ခွဲကို ဖတ်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မရှောင်လွှဲနိုင်သော ဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင် စီရင်ချမှတ်မည့် ပို၍ပင် ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိရမည်ကို သင်တို့သိသင့်သည်။ ဤသာမန်ဇာတိခန္ဓာသာ မမွေးဖွားခဲ့ပါက၊ သင်တို့အားလုံးသည် အသက်မရှင်နိုင်ဘဲ ရှင်ခြင်းအတွက် တောင်းဆိုပြီး၊ အသက်မသေနိုင်ဘဲ သေခြင်းအတွက် ဆုတောင်းရမည့် အခြေအနေတစ်ခု၌ ရောက်ရှိကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိလျှင် သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ထို့ထက် သင်တို့သည် သင်တို့၏ ကြီးလေးသော အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရမည်။ သင်တို့သိခဲ့ပါ၏လော၊ ယင်းမှာ ဇာတိခန္ဓာသို့ ဘုရားသခင်၏ပြန်လာခြင်း မရှိခဲ့လျှင်၊ မည်သူ၌မျှ ကယ်တင်ခြင်း၌ မည်သူမျှ အခွင့်အလမ်း ရှိခဲ့မည်မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို လွန်ခဲ့သောအချိန်ကပင် အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ သို့ဖြစ်လျှင် သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ငြင်းပယ်နိုင်သေးသလော။ သင်တို့သည် ဤသာမညလူသားထံမှ အလွန်များပြားသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဖြစ်ရာ သင်တို့သည် သူ့ကို အဘယ်ကြောင့် ဝမ်းပန်းတသာ လက်မခံကြသနည်း။” “ဘုရားသခင်၏အမှုမှာ သင်သဘောမပေါက်နိုင်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ရွေးချယ်မှု မှန်မမှန်ကို အပြည့်အဝ နားမလည်နိုင်သကဲ့သို့၊ ဘုရားသခင်၏အမှု အောင်မြင်နိုင်မည် မအောင်မြင် နိုင်မည်ကို မသိနိုင်ပါက၊ သင်၏ကံတရားကို စမ်းသပ်ပြီး ဤသာမည လူသားက သင့်အတွက် ကြီးမားသောအကူအညီ ဖြစ်နိုင်မဖြစ်နိုင်မည်နှင့်၊ ဘုရားသခင်က ကြီးမားသောအမှုကို အမှန်ပင် လုပ်ဆောင်ပြီးပြီလော ဟူသည်ကို အဘယ်ကြောင့် မစမ်းသပ်သနည်း။” ဘုရားသခင်၏ကျေးဇူးတော် ချီးမွမ်းပါသည်။ ဘုရား နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ကျွန်မ များစွာပိုမို တည်ငြိမ်အေးဆေး လာခဲ့သည်- ထိုနှုတ်ကပတ်တော်များက အလွန်မှန်လေသည်။ ကျွန်မက ဘုရားအမှုတော်နှင့် ရင်းနှီး ကျွမ်းဝင်မှုမရှိဘဲ၊ အင်တာနက်ပေါ်မှ အကြောင်းအရာများ အားလုံးကို အပြည့်အဝ နားလည်သဘောပေါက်နိုင်ခြင်း မရှိသည့် အတွက်၊ စမ်းကြည့်သင့်သည်ဟု သတိပြုမိခဲ့သည်။ ကျွန်မ၏ စုံစမ်းစစ်ဆေးခြင်းကို ပို၍နက်ရှိုင်းစွာ ဆက်လုပ်သင့်ပြီး၊ ထို့နောက်တွင် ကောက်ချက်ချသင့်သည်။ ၎င်းသည် အမှန်တကယ် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ ဖြစ်ခဲ့ပါက၊ ကျွန်မက ၎င်းကို ငြင်းပယ်လိုက်ပါလျှင် ဘုရားသခင် ကို ငြင်းပယ်ခြင်း ဖြစ်သည်မဟုတ်ပါလား။ ယင်းက တစ်သက်တာ နောင်တရခြင်းတစ်ခု ဖြစ်မည် မဟုတ်ပါလား။ နောက်တစ်နေ့တွင် အစ်မချန်းကို သွားတွေ့ဖို့နှင့် ကျွန်မ၏ ရှာဖွေခြင်းနှင့် စုံစမ်း စစ်ဆေးခြင်းတို့ကို ဆက်လုပ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့သည်။

အစ်မချန်းကို တွေ့သည့်အချိန်တွင်၊ လွန်ခဲ့သည့် ရက်အနည်းငယ်တစ်လျှောက် ကျွန်မ၏ အတွေ့အကြုံကို သူမကို ဝေငှပြီး၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနှင့် ပတ်သက်ပြီး အမှန်တကယ် ဖြစ်ပျက်နေသည့် အရာများကို မေးမြန်းခဲ့သည်။ သူမက ဘုရား နှုတ်ကပတ်တော်များ ကျမ်းပိုဒ်နှစ်ပိုဒ်ကို ကျွန်မကို ဖတ်ပြခဲ့သည်။ “လူအားလုံးက အလေးဂရုပြုသည့်အချိန်၊ အရာခပ်သိမ်း အသစ်ပြုပြင်ခံရပြီး အားသစ်လောင်းခံရသည့်အချိန်၊ လူတိုင်း စိတ်စနိုးစနောင့်မဖြစ်ဘဲ ဘုရားသခင်အား ကျိုးနွံနာခံသည့်အချိန်နှင့် ဘုရားသခင်၏ ဝန်ထုပ်နှင့်ဆိုင်သည့် လေးလံသော တာဝန်ကို ထမ်းရန် လိုလားနေသည့်အချိန်- ဤသည်မှာ အရှေ့အရပ်မှစ၍ အနောက်အရပ်ထိ အားလုံးကို အလင်းပေးရင်း၊ ဤအလင်း၏ ရောက်ရှိခြင်းဖြင့် ကမ္ဘာမြေတစ်ခုလုံးကို တုန်လှုပ်စေလျက်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်လာသည့် အချိန်ဖြစ်သည်။ ပြီးလျှင် ဤအဆင့်တွင် ဘုရားသခင်သည် အသက်သစ်တစ်ခုကို တစ်ဖန် စတင်လေသည်။...ဤသည်မှာ ကမ္ဘာလောက၏ အရှေ့အရပ်၌ ဘုရားသခင်ကိုယ်တော်တိုင်အဖို့ သက်သေခံချက် စတင်သည့်အချိန်မှသည် သူ အမှုပြုဖို့ စတင်သည့်အချိန်အထိ၊ ဘုရားသဘောသဘာဝသည် ကမ္ဘာမြေကြီးအနှံ့ အချုပ်အခြာအာဏာကို စွဲကိုင်သောအချိန်အထိ- ဤသည်မှာ စကြဝဠာ တစ်ခုလုံးအပေါ် အမြဲ အလင်းရောင်ပေးပြီးဖြစ်သည့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၏ တောက်ပသော ရောင်ခြည်မျှင်တန်း ဖြစ်သည်ဟု ဆိုလိုပေသည်။ ကမ္ဘာမြေ၏ နိုင်ငံများသည် ခရစ်တော်၏ နိုင်ငံတော် ဖြစ်လာသော အချိန်သည် စကြဝဠာတစ်ခုလုံး အလင်းပေးခြင်းခံရသော အချိန်ဖြစ်သည်။ ယခုအချိန်သည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်ခြင်း အချိန်ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် စတင် အမှုပြုသည့်အပြင်၊ ဘုရားသဘောသဘာဝဖြင့် တိုက်ရိုက် စကားပြောလေသည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ စတင်စကားပြောသည့် အချိန်သည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်သော အချိန်ဖြစ်သည်ဟု ဆို၍ ရကောင်းရနိုင်ပေသည်။ ပို၍ အတိအကျဆိုသော်၊ ပလ္လင်မှ အသက်ရေ စီးဆင်းသည့်အခါသည်- ပလ္လင်တော်မှ မိန့်မြွက်ချက်များ စတင်သည့်အခါသည်- ဝိညာဉ်ခုနှစ်ပါး၏ မိန့်မြွက်ချက်များ တရားဝင် စတင်သောအချိန် အတိအကျဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၂))အရှေ့အရပ်၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့်အခါမှသာ၊ ကမ္ဘာတစ်ဝန်းရှိ အမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည် ရှေးကာလက ဣသရေလပြည်မှ ထွက်သွား၍ အရှေ့အရပ်တွင် အသစ်တစ်ဖန် ပေါ်ထွန်းလာနေသည်ကို လူသားက တွေ့ရှိမည် ဖြစ်သည်။ ဣသရေလပြည်အတွင်းသို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီးနောက်၊ ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပေ၊ အကြောင်းမူကား ငါ၏အမှုသည် စကြဝဠာတစ်ခုလုံးကို ဦးဆောင်လမ်းပြခြင်း ဖြစ်သည့်အပြင်၊ အရှေ့အရပ်မှ အနောက်အရပ်သို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ထိုအကြောင်းရင်းကြောင့် ငါသည် အရှေ့အရပ်၌ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့အရပ် သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင် လိုသဖြင့်၊ စကြဝဠာ တစ်ခုလုံးကို ထိန်းချုပ်ဖို့ ခါနာန်ပြည်တွင် ငါသည် မိန့်မြွက်ချက်များကို ဆက်လက် ထုတ်ပြန်လေသည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ ကမ္ဘာမြေပြင်တစ်ခုလုံး၌ အလင်းမရှိပေ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ဒုက္ခရောက်နေ၏။ ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏၊ ထို့နောက် ဣသရေလလူမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်စည်းလုံး၍ ပေါင်းသင်းကာ၊ ယင်းကို ရှာဖွေခြင်း မပြုရတော့ရန်အလို့ငှာ၊ ငါသည် ၎င်းတို့ကို အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းကို တစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါ၌ရှိခဲ့သော ဘုန်းတော်ကို မြင်စေမည်။ ရှေးလွန်လေပြီးသော ကာလက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်၊ မရေတွက်နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို သူတို့အား မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏ အရှင်၊ လူတို့တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များ၏ ညှဉ်းပန်းခြင်းခံခဲ့ရသည့်ငါ၏ ရုပ်သွင်အပြည့်အဝကို ကြည့်စေမည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတော်နှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ထုတ်ဖော်ပြလျက်၊ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုပြုပြီး ကြီးစွာသော အမှုကို ဆောင်ရွက်မည်။ ယုဒပြည်တွင် ငါ၏ဘုန်းတော် မရှိစေတော့ရန် ငါသည် ငါ၏ဘုန်းတော်ကို ရှေးကာလက ယူလိုက်ပြီး အရှေ့အရပ်သို့ ယူဆောင်ခဲ့ပြီးဖြစ်ကြောင်း အားလုံး သိစေခြင်းအလို့ငှာ၊ ငါ့ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကို နှိပ်စက်ညှဉ်းပန်းသည့် လူသားမျိုးနွယ် တစ်ခုလုံးအား ဘုန်းကြီးသော ငါ၏မျက်နှာ အပြည့်အဝ ပြမည်။ အကြောင်းမှာ နောက်ဆုံးသောကာလသည် ရောက်နှင့်ပြီး ဖြစ်သောကြောင့်ပင်တည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်)

ထို့နောက် သူမက မိတ်သဟာယပြုရာတွင် ဤအရာကို ဝေမျှခဲ့သည်။ “ဘုရားရဲ့ နောက်ဆုံးသောကာလက အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက အရှေ့အရပ်ကလာတဲ့ လျှပ်ပြက်ခြင်း ဖြစ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ အစ်မတို့ တွေ့ရတယ်။ ‘လျှပ်ပြက်ခြင်း’ က အလင်းကို ညွှန်းဆိုပြီး၊ ‘အလင်း’ က ဘုရားနှုတ်ကပတ်တော်တွေကို ညွှန်းဆိုတယ်၊ ဆိုလိုတာကတော့ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ ပြန်ကြွလာခြင်းက အရှေ့တိုင်း၊ တရုတ်ပြည်မှာ ပထမဆုံး ပေါ်ထွန်းပြီး အမှုပြုရင်း၊ နှုတ်ကပတ်တော်တွေကို မိန့်မြွက်ပြီး အောင်မြင်သူတစ်စုကို ပြုလုပ်ရင်းနဲ့ လူသားအဖြစ် သူ့ရဲ့ လူ့ဇာတိခံခြင်း ဖြစ်ပါတယ်။ အဲဒီနောက်မှာ ကမ္ဘာအနှံ့က လူတွေက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံနိုင်ဖို့ သူ့ရဲ့နောက်ဆုံးသောကာလ ဧဝံဂေလိက အနောက်တိုင်းကို အလျင်အမြန် ပျံ့နှံ့သွားတယ်။ ဒါက ရှင်မဿဲခရစ်ဝင် ၂၄:၂၇ မှာပြောထားတဲ့ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။’ ဆိုတာကို ပြည့်စုံစေတယ်။ အဲဒီအပြင် နောက်ဆုံးသော ကာလမှာ အမှုပြုဖို့ ဘုရားသခင်ရဲ့ အချိန်က လျှပ်ပြက်သလိုပဲ တိုတောင်းပြီး၊ အကုန်မြန်တယ်။ တိုတောင်းတဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိ ဟာ တရုတ်ပြည်မကြီးတစ်ခုလုံးအနှံ့ ပျံ့နှံ့ခဲ့နှင့်ပြီး၊ ကမ္ဘာအနှံ့က နိုင်ငံတွေကိုလည်း ပျံ့နှံ့နေတယ်။ အရှေ့အရပ်က လျှပ်ပြက်ခြင်း က ဘုရားသခင်ဖော်ပြတဲ့ သမ္မာတရား၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ နှုတ်ကပတ်တော်နဲ့ အမှုတော်ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာကျမ်းစာမှာ ပရောဖက်ပြု ထားတဲ့အတိုင်း နောက်ဆုံးသောကာလမှာ လူတွေရှေ့ ပေါ်ထွန်းလာတဲ့ လူသား ဖြစ်တယ်။ သူက နောက်ဆုံးသော ကာလမှာ အမှုတော်အသစ်ကို ဆောင်ရွက်တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံတဲ့သူတွေ အားလုံးက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်အားဖြင့် သုတ်သင် ဖယ်ရှင်းတာကို ခံရလိမ့်မယ်။” ဤအရာကို ကျွန်မ ကြားသည့်အချိန်မှသာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းသည် ဘုရားသခင်၏ အမှုတော်၊ဘုရားဖော်ပြသည့် သမ္မာတရားကို ညွှန်းဆိုကြောင်း နှင့် ၎င်းသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းဖြစ်ကြောင်းတို့ကို ကျွန်မ နားလည် သဘောပေါက်ခဲ့သည်။ ဘုရားသခင်က ဘုရားမဲ့နိုင်ငံရေး အာဏာတစ်ခုဖြစ်သည့် တရုတ်ပြည်တွင် ပထမဆုံး ပေါ်ထွန်းပြီး စတင်အမှုပြုသည်။ တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံးမှ ဘုရားသခင်၏ ရွေးချယ်ထားသော လူများသည် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြည့်အဝ နားလည်သဘောပေါက်လျက် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီး၊ ဘုရားသခင်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းတို့ကို ရရှိဖို့အလို့ငှာ ဘုရားသခင်က တရုတ်ပြည် တွင် လူတစ်အုပ်ကို ပထမဆုံး သိမ်းပိုက်ပြီး အောင်မြင်သူများ အဖြစ် စုံလင်စေပြီးနောက်၊ ဤအရာကို အနောက်တိုင်းနှင့် တစ်ကမ္ဘာလုံးကိုပင် တိုးချဲ့ခဲ့သည်။ ဤသည်မှာ သူ၏ အမြော်အမြင် ထင်ရှားပြသခြင်း မဟုတ်ပါလား။ ဘုရားသခင် ကိုယ်တော်တိုင်က ဤနက်နဲမှုများကို ထုတ်ဖော်ဖို့ သမ္မာတရား များကို မိန့်မြွက်ခဲ့ခြင်း မရှိပါက၊ ကျွန်မ မည်သည့်အခါမျှ နားလည်ခဲ့မည် မဟုတ်ပါ။

အစ်မချန်းက သူမ၏ မိတ်သဟာယပြုခြင်းကို ဆက်ခဲ့သည်။ “ဒါပေမဲ့လည်း ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ရင်ဆိုင်ရပြီး၊ ဂိုဏ်းဂဏတွေအားလုံးက ခေါင်းဆောင်တွေက အဲဒါကို ရှာဖွေဖို့နဲ့ စုံစမ်းစစ်ဆေးဖို့ မလုပ်နိုင်ရုံသာမက၊ သူတို့က ဘုရားသခင်ကို အရူးအမူး ပြစ်တင်ရှုတ်ချ၊ အာခံပြီး၊ ပြစ်မှား စော်ကားကြတယ်။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိပျံ့နှံ့ခြင်းကို ထိန်းသိမ်းဖို့၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ဖျက်ဆီးဖို့နဲ့ ယုံကြည်သူတွေ အနန္တတန်ခိုးရှင်ဘုရားသခင်ဆီကို ပြန်လာခြင်းကနေ တားဆီးဖို့ အားထုတ်ကြိုးပမ်းရာမှာ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်တဲ့သူတွေကို ကသောင်းကနင်း အကျပ်ကိုင်၊ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သွားပုပ်လေလွင့် စွပ်စွဲဖို့ရာ ကောလာဟလတွေကို ပွင့်ပွင့် လင်းလင်း ဖြန့်ဝေပြီး၊ ဘုရားမဲ့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနဲ့ လက်တွဲပူးပေါင်းခဲ့ကြတယ်။ သခင်ယေရှုကို အာခံ၊ ပြစ်တင်ရှုတ်ချ ပြီး ကားစင်တင်ခဲ့တဲ့ ရောမအစိုးရနဲ့ ဂျူးလူမျိုးခေါင်းဆောင် တို့လိုပဲ၊ သူတို့အားလုံးက သမ္မာတရားကို မုန်းတီးပြီး ဘုရား သခင်ကို မုန်းတီးတဲ့ ဆိုးယုတ်တဲ့ နတ်ဆိုးတွေသာ ဖြစ်သလို၊ ဘုရားသခင်ရဲ့ ရန်သူတွေ ဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်မြွက်တော်မူတဲ့ နှုတ်ကပတ်တော်တွေအားလုံးက သမ္မာတရားဖြစ်တယ်၊ အဲဒီ နှုတ်ကပတ်တော်တွေက သြဇာ အာဏာနဲ့ တန်ခိုးတို့ ပိုင်ဆိုင်တယ်ဆိုတာ သူတို့သိတယ်။ ဒီနှုတ်ကပတ်တော်တွေ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားတာနဲ့တပြိုင်နက်၊ သမ္မာတရားကို ချစ်ပြီး၊ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို ဆာငတ်တဲ့ လူတွေအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ဆီကို လှည့်ပြီး၊ သူ့ကို ဝတ်ပြုကိုးကွယ်ကြမယ်။ အဲဒါဆို ဘယ်သူကမျှ သူတို့နောက်ကို ဆက်ပြီးလိုက်တော့မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အခု ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လူ့ဇာတိ ထပ်ခံခဲ့ပြီဆိုမှတော့ ဘုရားမဲ့ တရုတ်ကွန်မြူနစ်ပါတီအစိုးရနဲ့ ဘာသာရေးအသိုင်းအဝိုင်းရဲ့ အန္တိခရစ် အင်အားစုတွေက ဘုရားအမှုတော်ကို အသည်းအသန် ပိတ်ပင်ပြီး ဖျက်ဆီးဖို့ ကြိုးစားနေကြတယ်။ သူတို့က လူတွေကို ချည်နှောင်ပြီး၊ လှည့်စားဖို့၊ စစ်မှန်တဲ့ လမ်းခရီးကို ရှာဖွေပြီး၊ စစ်ဆေးခြင်းကနေ လူတွေကို တားဆီးထားဖို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ နည်းလမ်းမျိုးစုံနဲ့ နည်းစနစ်တွေကို အသုံးပြုနေကြတယ်။ အဲဒါက ညီမက အင်တာနက်ပေါ်က အဲဒီ ကောလာဟလတွေကို မြင် ပြီးတော့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ပတ်သက်တဲ့ သံသယတွေ ဖြစ်လာသလိုပဲပေါ့- စာတန်ရဲ့ ရည်မှန်းချက်က အစ်မတို့ အားလုံး ဘုရားသခင်ကို သံသယဝင်လာအောင် ဖြစ်တယ်။ စာတန်က အစ်မတို့ ဘုရားသခင်ကို ငြင်းပယ်ပြီး၊ သစ္စာဖောက်ဖို့၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးဖို့နဲ့ သူ့အုပ်စိုးမှုအောက်ကို ပြန်လာဖို့၊ သူ့ရဲ့ ဆိုးယုတ်တဲ့ ရည်မှန်းချက်ဖြစ်တဲ့ လူတွေကို အမြဲတမ်း ထိန်းချုပ်ခြင်းနဲ့ အန္တရာယ်ပြုခြင်းတို့ကို အောင်မြင်ဖို့ လိုချင်တယ်။ ‘ဘုရားသခင်သည် သူ၏ အမှုကို ပြုသည်၊ ဘုရားသခင်သည် လူကို ပြုစုစောင့်ရှောက်သည်၊ ဤလူကို အလေးထားပြီး၊ စာတန်သည် တစ်ချိန်လုံး ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်သည်လည်း တစ်လျှောက်လုံး နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ ဤလူကို ဘုရားသခင် အလိုရှိပါက၊ စာတန်သည် အားလုံးကို ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို သွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ဖျက်ဆီးရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် လိုချင်သမျှအားလုံးကို ၎င်းက မိမိကိုယ်တိုင်အတွက် လိုချင်သည်၊ ထိုအရာများက ၎င်းကို ကိုးကွယ်ကြဖို့၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းကို ပူးပေါင်းကြဖို့အလို့ငှာ၊ ၎င်းက ထိုအရာများကို သိမ်းပိုက်ချင်သည်၊ ထိန်းချုပ်ချင်သည်၊ ထိုအရာများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) အစ်မတို့က ဘုရားနှုတ်ကပတ်တော်တွေ အတိုင်း စာတန်ရဲ့ လှည့်စားမှုကို ရိပ်စားမိသင့်တယ်။ အစ်မတို့က ဘုရားသခင်ရဲ့ ရန်သူတော်တစ်ပါးဖြစ်ပြီး၊ လူတွေ ဘုရားသခင် ဆီကို ပြန်သွားတာကို ပိတ်ပင်တားဆီးတဲ့ စာတန်ရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်သင့်တယ်။ အစ်မတို့က ဘုရားသခင်ရဲ့ ကယ်တင်ခံရဖို့ အခွင့်အရေးကို လက်မလွတ်ဖို့ လူတွေကို အလုံးစုံ ဝင်ပူးပြီး ဝါးမြိုလိုတဲ့ စာတန်ရဲ့ အန္တရာယ်ပြု နိုင်တဲ့ ရည်ရွယ်ချက်ကို အစ်မတို့မြင်သင့်တယ်။” ဘုရား နှုတ်ကပတ်တော်များကို ဖတ်ခြင်းနှင့် အစ်မ၏ မိတ်သဟာယ ပြုခြင်းကို နားထောင်ခြင်းတို့မှတစ်ဆင့်၊ အွန်လိုင်းမှ ကောလာဟလများအားလုံးက စာတန်ဆီမှ လာသည်ကို ကျွန်မ အမှန်တကယ် နားလည်သဘောပေါက်ခဲ့သည်။ ၎င်းတို့သည် စစ်မှန်သော နည်းလမ်းကို စစ်ဆေးခြင်းနှင့် ဘုရားသခင်ထံ ပြန်သွားခြင်းတို့မှ လူများကို ဟန့်တားနှောင့်ယှက်ဖို့ စာတန်က ချထားသည့် ကျော့ကွင်းများနှင့် ထောင်ချောက်များ ဖြစ်သည်ကို ကျွန်မ မြင်ခဲ့သည်။ ကျွန်မက ၎င်းတို့အပေါ် ထိုးထွင်းသိမြင်မှု ကင်းမဲ့ခဲ့ပါက၊ စာတန်၏ ဖမ်းဆီးခြင်းခံရမည် ဖြစ်သည်။ ထိုအစ်မ၏ မိတ်သဟာယပြုခြင်းက အရှေ့အရပ်မှ လျှပ်ပြက်ခြင်း သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ ဖြစ်ကြောင်းနှင့် ပတ်သက်သည့် စစ်မှန်သော နားလည် သဘောပေါက်မှု တစ်ချို့ကို ကျွန်မကို ပေးခဲ့သည်။ ယခုအခါတွင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ဘာသာရေး အသိုင်းအဝိုင်း တို့၏ ဆိုးယုတ်သော မကောင်းသည့် အင်အားစုများက ဘုရားသခင်ကို တိုက်ခိုက်ဖို့ အသုံးပြုသည့် စက်ဆုပ်ဖွယ်ကောင်း သော နည်းလမ်းများနှင့် စပ်လျဉ်း၍ ထိုးထွင်းသိမြင်မှုကို ကျွန်မ ရရှိလာသည်။ စစ်မှန်သောလမ်းခရီးသည် ရှေးခေတ်အချိန် ကတည်းက ဖိနှိပ်ခံခဲ့ရသည်ကိုလည်း ကျွန်မ မြင်တွေ့ခဲ့သည်။ အံ့အားသင်စွာပင် စာတန်၏ ဖြိုခွဲဖျက်ဆီးခြင်းများက ကျွန်မကို ဘုရားအမှုတော်နှင့်ပတ်သက်သည့် ကြီးစွာသော နားလည် သဘောပေါက်မှုတစ်ခုကို ပေးနိုင်ခဲ့ပြီး၊ စာတန်ကို စစ်မှန်သော ထိုးထွင်းသိမြင်မှုတစ်ခုကိုလည်း ရရှိစေပြီး၊ ၎င်းကို ငြင်းပယ် စေနိုင်ခဲ့သည်။ ဘုရားသခင်၏ အမြော်အမြင်က စာတန်၏ နည်းဗျူဟာများကို အခြေခံပြီး အမှန်တကယ် ဆောင်ရွက်လေ သည်။ ဘုရားသခင်၏ကျေးဇူးတော် ချီးမွမ်းပါသည်။

ကျွန်မ အိမ်သို့ပြန်ရောက်ချိန်တွင် အွန်လိုင်းပေါ်မှ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ဗီဒီယိုများကို စတင်ကြည့်ရှုခဲ့သည်။ ဓမ္မတေးသံစုံကျူးဗီဒီယို ဇာတ်လမ်းတွဲ တစ်ခုကို တစ်ခါတည်း ကြည့်ခဲ့သလို၊ ဘုရားနှုတ်ကပတ်တော်များ ရွတ်ဆိုခြင်း အချို့နှင့် ဧဝံဂေလိရုပ်ရှင် အချို့တို့ကို ကြည့်ရှုခဲ့သည်။ ဤဗီဒီယိုများနှင့် ရုပ်ရှင်များတွင် ပေးထားသည့် အရာများအားလုံး တို့သည် သမ္မာတရားဖြစ်ပြီး၊ သူတို့ သက်သေခံသည့်အရာသည် ဘုရားသခင်၏ ပေါ်ထွန်းမှုနှင့် သူ၏ နောက်ဆုံးသော ကာလ အမှုတော်တို့ဖြစ်သည်။ ၎င်းတို့က ကျွန်မကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် ချစ်ဖွယ်ကောင်းခြင်းတို့ကို မြင်ခွင့်ပြုခဲ့ကာ၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ပတ်သက်သည့် အသိပညာအချို့ကိုလည်း ရရှိစေခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်မြွက်တော်မူသည့် နှုတ်ကပတ်တော်များ အားလုံးက သမ္မာတရားဖြစ်ပြီး၊ ၎င်းတို့က လူများကို အမှန်တကယ် ပြောင်းလဲ၊ သန့်စင်ပြီး၊ ကယ်တင် နိုင်သည်ကို မြင်ရခြင်းက ကျွန်မကို ကောင်းကင် နိုင်ငံတော်သို့သွားသည့် လမ်းကြောင်းကို ရှာတွေ့ခွင့်ပြုခဲ့သည်- ၎င်းက ကျွန်မကို ကယ်တင်ခြင်းနှင့် ဆိုင်သောမျှော်လင့်ချက်ကို ပေးခဲ့သည်။ နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပြီးဖြစ် သည်ကို ကျွန်မ၏ မတ်က သိသွားခဲ့ပြီး၊ သူက ကျွန်မကို စောဒကတက်ဖို့ မကြာခဏ လာရောက်သလို၊ အသင်းတော်မှ လူအချို့ကိုလည်း ထိုကဲ့သို့ ပြုလုပ်ရန်ပင် စုဝေးခဲ့သည်။ သူက ကျွန်မကို စိတ်ရှုပ်ထွေးစေရန်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုကို စွန့်လွှတ်စေရန် အားထုတ်ကြိုးပမ်း ရာတွင် အင်တာနက်မှ အပျက်သဘောဆောင်သည့် သတင်းစာ အာဘော်များစွာကိုလည်း သံယောင်လိုက်ပြောခဲ့သည်။ သို့သော် ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်ပြီး လုံးလုံး သေချာနှင့်ပြီးဖြစ်ကာ ထိုကောလာဟလ များက ကျွန်မအပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ပါ။ ပြန်ပြောင်း ကြည့်လိုက်သည့်အခါတွင်၊ ကျွန်မကို သမ္မာတရား တစ်ချို့ကို နားလည်ခွင့်ပေးခဲ့သည်မှာ ဘုရားသခင်၏လမ်းပြမှု အမှန်တကယ် ဖြစ်လေသည်။ ကောလာဟလများ၏ အချုပ်အနှောင် များနှင့် ချည်နှောင်မှုများမှ ကျွန်မ တစ်လှမ်းချင်း ရုန်းထွက်လွတ်မြောက် ပြီး စစ်မှန်သောလမ်းခရီးပေါ်တွင် အခြေခံအုတ်မြစ်တစ်ခု ဆောက်တည်ခဲ့သည်။ ကျွန်မအတွက် ဘုရားသခင်၏ ကယ်တင် ခြင်း၊ ကွယ်ကာခြင်းနှင့် ဘုရားသခင်၏ အိမ်တော်ထဲသို့ ကျွန်မကို လမ်းပြခြင်းတို့အတွက် ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းပါ သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ကို မယုံကြည်အောင် မိသားစုက ကျွန်ုပ်ကို တားဆီးရန် ကြိုးစားသည့်အခါ

ကျင်ယွဲ့ မလေးရှားနိုင်ငံ ၂၀၁၈ခုနှစ် မတ်လမှာ၊ ကျွန်မအမျိုးတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ကျွန်မဆီ...

ကျွန်ုပ်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကြားတွင် ကျွန်ုပ်၏ သင်းအုပ်ဆရာက တားဆီးသည်

ယွမ်ဝင်ဆန် ဗီယက်နမ်နိုင်ငံ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ၊ ညီအစ်ကို တစ်ယောက်က အွန်လိုင်း စုဝေးပွဲတစ်ခုမှာ ပါဝင်ဖို့ ကျွန်တော့်ကို ဖိတ်တယ်။...

ကျွန်ုပ်၏ သင်းအုပ်ဆရာ၏ စရိုက်မှန်ကို ကျွန်ုပ် မြင်ရပြီ

နိုရာ ဖိလစ်ပိုင်နိုင်ငံ ကျွန်တော် ခရစ်ယာန် ဖြစ်စတုန်းက သင်းအုပ် ချင်နဲ့ သူ့မိန်းမက ကျွန်တော့်ကို အရမ်းအထင်ကြီးခဲ့တာ မှတ်မိသေးတယ်။...

မိသားစု၏ အကျဉ်းသား ကျွန်ုပ်

ကျင့်ရွှင် ထိုင်းနိုင်ငံ ၂၀၁၉မှာ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေဖတ်ရင်း အနန္တတန်ခိုးရှင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။