၅၁ ဘုရားသခင် ရှေ့မှောက်၌ ရှင်သန်ခြင်းက ကြီးစွာသော ဝမ်းမြောက်ခြင်းပေ
၁ ညီအစ်ကို မောင်နှမများ အသင်းတော်၌ စုရုံးကြကာ သီဆိုကခုန် ဘုရားရှင်ကို ချီးမွမ်းကြကုန်။ လူ့ဇာတိခံကာ လောကသို့ ကြွလာ၊ ကယ်တင်စိမ့်ငှာ သမ္မာတရား သူပြောကြား။ ဘုရားသံတော် ငါတို့ကြားရ၊ ချီဆောင်ခံ၍ လွန်ဝမ်းမြောက်ကြ။ ပလ္လင်တော်ရှေ့ ပွဲတော်တက်ကြပေ။ နှုတ်ကပတ်တော်၌ တို့ မွေ့လျော်၊ ရှေ့တော်မှောက်၌ နေကြပေ။ သီဆိုရယ်မော ငါတို့မှာ ဝမ်းမြောက်ခြင်း မဆုံးသွား။
၂ ညီအစ်ကို မောင်နှမများ တွေ့ဆုံသော် ရင်းနှီးမှုကို ခံစားရလေ။ ငါတို့ဝမ်းမြောက်ခြင်းများ နှုတ်မြွက်မမီ၊ အတူရှိချိန် ငါတို့ပျော်ရွှင်သည်။ နှုတ်ကပတ်တော်ကို မိတ်ဖွဲ့ကာ အတွေ့အကြုံ ဝေမျှကြ။ သမ္မာတရား သိနားလည်၍ ကျွန်ုပ်တို့ဝိညာဉ် ဝမ်းမြောက်လာ။ ထုံးတမ်း စည်းမျဉ်း မရှိလေတော့ အားလုံးလွတ်လပ် ချုပ်ချယ်မှုကင်း။ ထုံးတမ်း စည်းမျဉ်း မရှိလေတော့ အားလုံးလွတ်လပ် ချုပ်ချယ်မှုကင်း။ နှုတ်ကပတ်တော်၌ တို့ မွေ့လျော်၊ ရှေ့တော်မှောက်၌ နေကြပေ။ သီဆိုရယ်မော ငါတို့မှာ ဝမ်းမြောက်ခြင်း မဆုံးသွား။
၃ ညီအစ်ကိုမောင်နှတို့က ဘုရားသခင်၏အမှုတော်ကို ကြုံတွေ့ကြရပေ၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းကို ကျိုးနွံနာခံကြပေ။ ကျွန်ုပ်တို့သည် ရိုးသားအောင်ပြုခြင်းခံရသည်၊ လှည့်စားမှုမှ လွတ်မြောက်သည်။ အဟန့်အတားများမရှိ ကျွန်ုပ်တို့ ချစ်သည်။ ကျွန်ုပ်တို့က သမ္မာတရားကို နာခံသည်၊ စိတ်ခံစားချက်များအတိုင်း မပြုမူကြပေ။ တရားစီရင်ခြင်းက ကျွန်ုပ်တို့၏ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ပေ။ ငြိမ်သက်ဝမ်းမြောက်ခြင်းနှင့် ပြည့်ပေ။ နှုတ်ကပတ်တော်၌ တို့ မွေ့လျော်၊ ရှေ့တော်မှောက်၌ နေကြပေ။ သီဆိုရယ်မော ငါတို့မှာ ဝမ်းမြောက်ခြင်း မဆုံးသွား။
၄ ညီအစ်ကို မောင်နှမတို့ ထကြလော့၊ ငါတို့တာဝန်များကို တစ်စိတ်တည်း ထမ်းကြစို့။ ဘုရားအလိုတော် ပြည့်ဝနိုင်ဖို့ငှာ၊ ဧဝံဂေလိတရားကို ဝေမျှလော့၊ ဘုရားသခင်ကို သက်သေခံလော့။ အသံလွင့်၍ ဝမ်းမြောက်စွာ ချီးမွမ်းသီဆိုကုန်။ ညီအစ်ကိုယ် မောင်နှမတို့ အသံလွင့်၍ ချီးမွမ်းသီဆိုကြကုန်စို့။ ညီအစ်ကိုယ် မောင်နှမတို့ အသံလွင့်၍ ချီးမွမ်းသီဆိုကြကုန်စို့။ နှုတ်ကပတ်တော်၌ တို့ မွေ့လျော်၊ ရှေ့တော်မှောက်၌ နေကြပေ။ သီဆိုရယ်မော ငါတို့မှာ ဝမ်းမြောက်ခြင်း မဆုံးသွား။