ပလ္လင်တော်တစ်ဝိုက် လှည့်ပတ်ကခုန်ကြ
အပိုဒ် ၁
နောက်ဆုံးသောကာလ၏ ခရစ်တော် ယခု ပေါ်ထွန်းပြီ၊
ကောင်းကင်နိုင်ငံတော် ကမ္ဘာမြေပေါ် ရောက်လာပြီ။
လူ့ဇာတိခံယူသည့် ဘုရားသခင် စာစောင်ကိုဖွင့်လျက် သမ္မာတရားကို မြွက်ဆိုသည်၊
ဤသည်မှာ လူ့ဇာတိ၌ ပေါ်လာသည့် နှုတ်ကပတ်တော်ပင်။
ပြန်ဆိုပိုဒ်အကြို ၁
ဘုရားနှုတ်ကပတ်တော်အားလုံးတို့ အင်မတန် သြဇာအာဏာရှိပေ၊
သူ၏ ဘုန်းအာနုဘော်ကိုပြသလျက် လူအားလုံးကို သိမ်းပိုက်သည်။
ပြန်ဆိုအပိုဒ်
သူ့ကို ချီးမွမ်းလော့၊ ချီးမွမ်းခြင်းအလုံးစုံ သူ့အတွက်ပေ၊
ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။
ထို့ပြင် သူ၏ ပလ္လင်တော်တစ်ဝိုက် ကျွန်ုပ်တို့ ကခုန်ကြပေ။
ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။
အပိုဒ် ၂
ဘုရား၏ အသံတော်ကို ကျွန်ုပ်တို့ ကြားခဲ့ပြီး သူ၏ ပလ္လင်တော်ရှေ့
ချီမခြင်းခံရပြီ၊ သိုးသငယ်၏ စားသောက်ပွဲကို တက်ရောက်ရန်ဖြစ်ပေ။
ထို့ပြင် သူ၏ နှုတ်ကပတ်တော်ကို နေ့စဉ် ကျွန်ုပ်တို့ မွေ့လျော်နိုင်ပေ၊
ဘုရား၏ မျက်မှောက်တော်တွင် နေထိုင်ခြင်းသည်ပင် ဝမ်းမြောက်ခြင်းဖြစ်ပေ။
ပြန်ဆိုပိုဒ်အကြို ၂
အမှောင်မှ ကျွန်ုပ်တို့ လွတ်မြောက်ကာ လွတ်လပ်မှုကို ရရှိပြီ၊
ထို့ကြောင့် ကျွန်ုပ်တို့ ကခုန်လေလေ၊ ဝမ်းမြောက်လေလေဖြစ်ပေသည်။
ပြန်ဆိုအပိုဒ်
သူ့ကို ချီးမွမ်းလော့၊ ချီးမွမ်းခြင်းအလုံးစုံ သူ့အတွက်ပေ၊
ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။
ထို့ပြင် သူ၏ ပလ္လင်တော်တစ်ဝိုက် ကျွန်ုပ်တို့ ကခုန်ကြပေ။
ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။
အပိုဒ် ၃
ဘုရားသခင်ရှေ့ ကျွန်ုပ်တို့လာသည်၊ ဘုရားသခင်ရှေ့ ကျွန်ုပ်တို့လာသည်၊
နိုင်ငံတော်၏ လေ့ကျင့်ပေးခြင်းကို လက်ခံကြသည်။
တရားစီရင်မှု၊ ဘုရားနှုတ်ကပတ်တော်၏ စစ်ဆေးခြင်းမှတစ်ဆင့်၊
ကျွန်ုပ်တို့စိတ်သဘောထားများ ပြောင်းလဲခြင်းခံရသည်။
ပြန်ဆိုပိုဒ်အကြို ၃
ဘုရား၏ ကယ်တင်ခြင်းအလုံးစုံကို ကျွန်ုပ်တို့ ယခု ရရှိပြီးလျှင်၊
သူ၏ချစ်ခြင်းမေတ္တာတွင် ကျွန်ုပ်တို့ ပျော်ရွှင်မြူးထူးကြသည်၊ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ပင်။
ပြန်ဆိုအပိုဒ်
သူ့ကို ချီးမွမ်းလော့၊ ချီးမွမ်းခြင်းအလုံးစုံ သူ့အတွက်ပေ၊
ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။
ထို့ပြင် သူ၏ ပလ္လင်တော်တစ်ဝိုက် ကျွန်ုပ်တို့ ကခုန်ကြပေ။
ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။
အပိုဒ် ၄
ကောင်းကင်နှင့်မြေကြီး ဝမ်းမြောက်လော့။ ဝမ်းမြောက်လော့။
လသည် ပြုံးရွှင်၊ ကြယ်တို့ ကခုန်ပြီးလျှင်
သစ်ပင်တို့ထက်က ငှက်အပေါင်း မြည်တွန်လျက်သာ နေကြသည်။
မဆုံးနိုင်သော ကျေးဇူးချီးမွမ်းခြင်းနှင့်အတူ ယခု အသက်တာသစ်ကို ကျွန်ုပ်တို့နေထိုင်ကြ။
ပြန်ဆိုပိုဒ်အကြို ၄
သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်အား သက်သေခံလျက်၊
ကျွန်ုပ်တို့၏ တာဝန်အားလုံးကို ကျွန်ုပ်တို့ သစ္စာရှိစွာ ဆောင်ရွက်။
ပြန်ဆိုအပိုဒ်
သူ့ကို ချီးမွမ်းလော့၊ ချီးမွမ်းခြင်းအလုံးစုံ သူ့အတွက်ပေ၊
ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။
ထို့ပြင် သူ၏ ပလ္လင်တော်တစ်ဝိုက် ကျွန်ုပ်တို့ ကခုန်ကြပေ။
ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။
အကူးအပြောင်း
ဖြောင့်မတ်သောနိုင်ငံတော် ရောက်ရှိပြီ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အုပ်စိုးသည်။
ဖိနှိပ်မှု၊ ဆင်းရဲဒုက္ခများကို ကျွန်ုပ်တို့ ဖြတ်သန်းလာရပြီ၊
အဆင်းနီသောနဂါးကြီးကို ကျွန်ုပ်တို့ စိတ်နှလုံးအကြွင်းမဲ့ မုန်းတီးသည်။
ခရစ်တော်နောက် အစဉ်လိုက်လျှောက်ဖို့ ကျွန်ုပ်တို့ စွဲမြဲခိုင်မာစွာ ပြင်ဆင်ထားသည်။
တစ်လောကလုံးအား ဘုရား၏ နှုတ်ကပတ်တော်များ သိမ်းပိုက်ခဲ့ပြီ။
လူမျိုးတို့ သူ့ကို ကိုးကွယ်ကြသည်၊ သူ၏ ချီးမွမ်းခြင်းများကို ကျွန်ုပ်တို့ သီဆိုကြသည်
အပိုဒ် ၅
အောင်မြင်သောသူများ အုပ်စုတစ်စုကို ဘုရားသခင် ပေါ်ပေါက်စေပြီ။
ဘုရားသခင်၏ ကြီးမြတ်သောအမှု အလျှင်းအောင်မြင်သည်။
ဘုရားသခင်၏ အလိုတော်သည် ကောင်းကင်မှာကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပြီ။
စာတန်နတ်ဆိုးကို သူ လုံးလုံးအရှက်ရစေပြီ။
ပြန်ဆိုပိုဒ်အကြို ၅
ဘုရားသခင်၏ လူတို့အားလုံး သူ့ကို သက်သေခံကြသည်။
ယခု သူ၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် အပြည့်အဝ ဖြစ်ပေါ်လာပြီ။