နောက်ဆုံးတွင် ဘုရားသခင်ကို ကျွန်ုပ် ချစ်နိုင်
၁
ကိုယ်တော်၏ ချစ်ခြင်းက စစ်မှန်ကာ ဖြူစင်ပေ၊ ကြင်နာကာ ရိုးသားသော စိတ်နှလုံး ကိုယ်တော်ရှိကာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တော် လူ့ဇာတိ ဖြစ်လာခဲ့။
ကိုယ်တော်၏ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းတို့ အလွန်ချစ်ဖွယ်ဖြစ်သည်ကို ကျွန်ုပ် မြင်ရ၊ ကိုယ်တော် မည်မျှ အတိုင်းမသိဖြစ်သည်ကို ကျွန်ုပ် သတိမူမိပေ။
ကြောက်ရွံ့မှုနှင့် ထိတ်လန့်ခြင်းတို့ဖြင့် ကိုယ်တော့်နောက် နီးကပ်စွာ ကျွန်ုပ်လိုက်လျှောက်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို နှစ်သိမ့်မှု ဆောင်ကျဉ်းပေ။
ဆင်းရဲဒုက္ခများကြုံရချိန်တစ်လျှောက် ကိုယ်တော် ကျွန်ုပ်နှင့်အတူ ရပ်တည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို လမ်းပြ၊ ကယ်တင်ကာ စုံလင်စေသည်။
နောက်ဆုံးတွင် ကိုယ်တော်ကို ကျွန်ုပ် ချစ်နိုင်ကာ နေ့နေ့ညည ကိုယ်တော်နှင့်အတူ ကျွန်ုပ်ရှိပြီး ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် နားလည်ပေ။
ကိုယ်တော်၏ ချစ်ဖွယ်ကောင်းခြင်းကို သာ၍သာ၍ ကျွန်ုပ် မြင်ရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော့်ကို ကျွန်ုပ် သိကျွမ်းလာရပေ။
ကိုယ်တော် ကျွန်ုပ်နှင့်အတူရှိကာ ကျွန်ုပ် များစွာ ရရှိလေပြီ၊ ကျွန်ုပ် အမြဲအားရကျေနပ်ဖွယ် အံ့အားသင့်ရပေ။
ကိုယ်တော်၏ ချစ်ခြင်းအားလုံးကို ကိုယ်တော် ကျွန်ုပ်အားပေးကာ ကိုယ်တော်နှင့်အတူရှိသည့် ကျွန်ုပ်၏ အချိန်က အလွန်အဖိုးတန်လှပေ။
၂
ကိုယ်တော်၏ ချစ်ခြင်းက ကျွန်ုပ်ကို နိုးထစေခဲ့ပြီး ကျွန်ုပ်၏ စိတ်နှလုံးကို နိုးဆော်ကာ ကိုယ်တော့်ကို ချစ်ပြီး သစ္စာရှိရန် ကျွန်ုပ် ဆန္ဒရှိပေ။
ကျွန်ုပ်ကို တရားစီရင်ကာ သန့်စင်စေဖို့ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ကိုယ်တော် အသုံးပြုကာ စာတန်၏ စွမ်းအားမှ ကျွန်ုပ်ကို ကိုယ်တော် ကယ်တင်ပေ။
ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို များစွာ ကျွန်ုပ် ပျော်မွေ့ပြီ၊ သမ္မာတရားကို ကျွန်ုပ် နားလည်ကာ ကိုယ်တော့်ကို မည်သို့သစ္စာရှိရမည်ကို ကျွန်ုပ် သိပြီ။
နာကျင်မှုနှင့် စစ်ဆေးခြင်းက ကိုယ်တော်နှင့် ကျွန်ုပ်ကို နီးစေကာ ကိုယ်တော့်ကို ဘုန်းထင်ရှားစေဖို့ လှပသော သက်သေကိုခံရန် ကျွန်ုပ်၏ အသက်တာကို ကတိပြုသည်။
ကိုယ်တော့်နောက် ယနေ့ထိ ကျွန်ုပ် လိုက်လျှောက်ပြီ၊ ကိုယ်တော်၏ သမ္မာတရား ထောက်ပံ့မှုကို ကျွန်ုပ် ရရှိကာ လမ်းက သာ၍ပင် တောက်ပလာပေ။
ကိုယ်တော်၏ အကန့်အသတ်မဲ့ ချစ်ခြင်းကို တွေ့ကြုံခြင်းဖြင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော့်ကို ကျွန်ုပ် သိကျွမ်းလာပြီ။
ယနေ့ ကျွန်ုပ် သန့်စင်ခံရကာ ကယ်တင်ခံရသည်မှာ ကိုယ်တော်၏ ကျေးဇူးတော်ကြောင့်ဖြစ်ပေ၊ ကိုယ်တော့်ကို မည်သို့ ကျေးဇူးတင်ရမည်ကို ကျွန်ုပ် မသိ။
ကိုယ်တော်၏ လမ်းပြမှုဖြင့်၊ အလင်းတွင် ကျွန်ုပ် အသက်ရှင်ကာ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ်၏ ကြိုးပမ်းလိုက်လျှောက်မှုတွင် သာ၍ပင် ကျွန်ုပ် ကြိုးပမ်းသင့်ပေ။