၂၃၉ ကျွန်ုပ်ကို ကယ်တင်ခဲ့သူမှာ ဘုရားသခင် ဖြစ်သည်
၁ လူ့ဇာတိခံကာ လူသားဖြစ်လာရင်း၊ လေနှင့်မိုးများစွာကို ဖြတ်သန်ရင်းဖြင့်၊ လူတို့ကြား ကိုယ်တော် နှိမ့်ချကာ ကွယ်ဝှက်သည် - မည်သူမျှ ကိုယ်တော်ကို မသိဖူးခဲ့ကြ။ လူသားမျိုးနွယ်၏ နက်ရှိုင်းသော ဖောက်ပြန်ပျက်စီးခြင်းကို ကိုယ်တော် တရားစီရင်ကာ ဖော်ထုတ်သည်။ ကျွန်ုပ်၏ မဖြောင့်မတ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ကို ကိုယ်တော် ပြစ်တင်ဆုံးမသည်။ ထိုသို့သော ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို ကျွန်ုပ် ကြံရပြီးသော်လည်း၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံရလေပြီ။ ကျွန်ုပ်သည် မာနထောင်လွှားကာ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူလေ့ရှိကာ ကိုယ်တော်နှင့်အတူ အပေးအယူများ လုပ်ဆောင်ခဲ့သည်- ကျွန်ုပ်၏ အားထုတ်မှုနှင့် ဆင်းရဲဒုက္ခခံစားခြင်းအတွက် အလှဲအလှယ်အနေဖြင့် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာကို အမြဲရရှိလိုခြင်းဖြင့်၊ ၎င်းသည် အမှန်တကယ် အလွန် တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်စရာဖြစ်သည်။ ယင်းမှာ အဘယ်သို့သော အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျိုး ဖြစ်ပါသနည်း။ ကောင်းမြတ်သော အပြုအမူ အနည်းငယ်ဖြင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း အိပ်မက်ကိုပင် မက်လျက်၊ ကိုယ်တော်၏ အလိုတော်နှင့် ကိုက်ညီနိုင်မည်ဟု ကျွန်ုပ် ထင်မိခဲ့ပေ။ ကျွန်ုပ်သည် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခဲ့ကာ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် ပြည့်လေသည်။ ကိုယ်တော်၏ တရားစီရင်ခြင်းကို ကျွန်ုပ် လက်မခံခဲ့လျှင်၊ ကျွန်ုပ်၏ အဆုံးသတ်မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။
၂ ကိုယ်တော်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို သန့်စင်စေပြီ။ ကိုယ်တော်၏ အမှုတော်က ကျွန်ုပ်ကို မှန်သောအသက်ကို ပေးကာ ပြောင်းလဲစေပြီ။ ကိုယ်တော့်ကို ကျွန်ုပ်၏ စိတ်နှလုံးမှ အဘယ်သို့ ကျေးဇူးမတင်ရှိဘဲ နေနိုင်မည်နည်း။ ကျွန်ုပ်သည် သန့်စင်ခံရရန် လိုအပ်သည့် ပုန်ကန်မှုနှင့် မဖြောင့်မတ်ခြင်းတို့ များစွာ ရှိသေးသော်လည်း၊ ကိုယ်တော် မည်မျှသော ချစ်ဖွယ်ကောင်းခြင်း များစွာကို ပိုင်ဆိုင်ကြောင်း ကျွန်ုပ် မြင်ပြီးလေပြီ။ စမ်းသပ်မှုများ မည်မျှ ကြီးမားပါစေ၊ ကိုယ်တော်ကို ကျွန်ုပ် ဘယ်သောအခါမျှ စွန့်ခွာမည်မဟုတ်ပေ။ အတိတ်က ကျွန်ုပ်သည် မိမိအတွက် အရာရာကို လုပ်ဆောင်ခဲ့ပြီး ကိုယ်တော့်ကို စိတ်ထိခိုက်စေကာ၊ ကိုယ်တော့်ကို နာကျင်စေလျက်၊ ကိုယ်တော့်ကို ဘယ်သောအခါမျှ မချစ်ခဲ့ပေ၊ ကိုယ်တော် မျက်ရည်မည်မျှ စီးကျခဲ့သည်ကို အဘယ်သူမျှမသိနိုင်ပေ။ ကျွန်ုပ်အတွက် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို စဉ်းစားရင်း၊ ကျွန်ုပ်၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သာ၍ပင် ကျွန်ုပ် မုန်းမိပေ။ ကိုယ်တော်၏ စိတ်နှလုံးကို နှစ်သိမ့်ဖို့ သမ္မာတရားကို လိုက်စားရန် ကျွန်ုပ် ဆန္ဒရှိပေ။ ကျွန်ုပ်ကို ကယ်တင်ခဲ့သူမှာ ကိုယ်တော် ဖြစ်ပေ။ ကိုယ်တော်၏ တရားစီရင်ခြင်းမရှိဘဲ၊ ယနေ့ ဤနေရာတွင် ကျွန်ုပ် ရှိမည်မဟုတ်ပေ။ ကိုယ်တော်၏ မယုံနိုင်စရာ ကျေးဇူးတော်ထဲ ကျွန်ုပ် မွေ့လျော်ပြီ- ယင်းသည် အမှန်တကယ် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာဖြစ်ပေ။ အို ဘုရားရှင်၊ ကျွန်ုပ်ကို ကယ်တင်ခဲ့သူမှာ ကိုယ်တော် ဖြစ်ပေ။ ကိုယ်တော်၏ စိတ်သဘောထားက ဖြောင့်မတ်သည်ကို မြင်ရင်း၊ ကိုယ်တော့်ကို ကျွန်ုပ်၏ စိတ်နှလုံးမှ ချစ်မိပေ။ ကျွန်ုပ်ကို ကယ်တင်ခဲ့သူမှာ ကိုယ်တော် ဖြစ်ပေ။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအတွက် ကျွန်ုပ် ကိုယ်တော့်ကို အစဉ်အမြဲ ကျေးဇူးတင်ရှိကာ ချီးမွမ်းပါမည်။