အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

သုံးဆယ့်ခြောက်ခုမြောက် မိန့်မြွက်ချက်၏ အနက်ဖွင့်ချက်

ဘုရားသခင်သည် ယခုစတင်၍ လူသားကိုပြစ်တင်ဆုံးမပြီဟုဆိုသော်လည်း ဤပြစ်တင်ဆုံးမခြင်း၏ မူလရည်ရွယ်ချက်သည် လူသားအပေါ် ကျရောက်ခဲ့ပြီးခြင်း ရှိမရှိကိုမူ မည်သူမျှ သေချာစွာ မပြောနိုင်ပေ၊ မည်သူမျှ ရှင်းလင်းသည့်အဖြေလည်း ပေးနိုင်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်“လူသားသည် ငါ၏ပြစ်တင်ဆုံးမခြင်း၌ မည်သည့်အခါမျှ မည်သည့်အရာမျှ တွေ့ရှိခဲ့ဖူးခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရန်သူတစ်ဦးကို သတိဖြင့် ကြည့်နေသည့်အလား မျက်လုံးနှစ်လုံးကို ငါ့အပေါ်စူးစိုက်ကြည့်လျက်၊ သူ၏လည်ပင်းပတ်လည်ရှိ ထမ်းပိုးကို လက်နှစ်ဘက်နှင့် ဆုပ်ကိုင်ခြင်းမှလွဲ၍ မည်သည့်အရာမျှ ပြုလုပ်ခြင်း မရှိသောကြောင့်ဖြစ်၏—ထို့အပြင် ဤအချိန်တွင်သာ သူမည်မျှ ပိန်ချုံးချည့်နဲ့နေသည်ကို ငါသတိထားမိ၏။ ၎င်းအတွက်ကြောင့် စမ်းသပ်မှုများအကြား မည်သူမျှ ခိုင်မာစွာ ရပ်တည်ခဲ့ခြင်းမရှိဟု ငါပြောခြင်းဖြစ်၏။” ဟု ပြော၍ဖြစ်သည်။ ဘုရားသခင်သည် လူသားအား ၎င်းအပေါ် ကျရောက်ခြင်း မရှိသေးသည့် ပြစ်တင်ဆုံးမခြင်း၏ အချက်အလက်မှန်များကို ပြောပြ၏။ ထိုသို့ပြောပြရာတွင် တစ်ခုမျှ လွတ်သွားခြင်းမရှိဘဲ အသေးစိတ်အချက်အလက် များစွာဖြင့်ပြောပြ၏။ ဤသည်မှာ ၎င်းတို့သည် ပြစ်တင်ဆုံးမမှု အတွင်း ဝင်ရောက်ခဲ့ပြီး၍ အမှန်တကယ်ပင် ခိုင်မြဲစွာရပ်တည်နိုင်ခြင်း မရှိသည့်အလား ဖြစ်၏—ထို့အပြင် ဘုရားသခင်သည် လူသား၏ အကျည်းတန်သောအင်္ဂါရပ်များကို ထင်ရှား၍အသက်ပါသော သရုပ်ဖော်ချက်ပေးလျက် ၎င်းတို့အား ဖိအားပေးမှုကို ခံစားစေသည်- လူသားသည် စမ်းသပ်မှုများအကြားတွင် မည်သည့်အခါမျှ ခိုင်မြဲစွာ ရပ်တည်ခဲ့ခြင်းမရှိခဲ့ဟု ဘုရားသခင် ပြောသဖြင့်၊ အစဉ်အလာ ရှိသော်ငြားလည်း လက်ခံမှုရရှိရန် ငါသည် ကမ္ဘာ့စံချိန်ကို ချိုးဖောက်သောသူ မည်သို့ဖြစ်နိုင်မည်နည်း။ လက်ရှိအချိန်တွင် ၎င်းတို့သည် စတင်၍ ဆင်ခြင်သုံးသပ်ပြီဖြစ်သည်။ လက်တွေ့တွင် ဤသည်မှာ ဘုရားသခင်မှ “ငါသည် သူတို့အား လမ်းဆုံးသို့ ခေါ်ဆောင်ခဲ့ပြီလော။”ဟု ပြောသည့်အလား ဖြစ်၏။ စင်စစ် ဘုရားသခင်သည် လူတို့အားလုံးကို လမ်းဆုံးသို့ ခေါ်ခဲ့ပြီးဖြစ်သဖြင့် လူတို့သည် ၎င်းတို့၏ အသိစိတ်တွင် ဘုရားသခင်သည် ရက်စက်၍လူမဆန်ဟု အစဉ် ယုံကြည်ထား၏။ ဘုရားသခင်သည် လူသားအားလုံးကို လောကီဝေဒနာပင်လယ်မှ ငါးမျှားထုတ်ခဲ့ပြီး ၎င်းနောက်တွင် “မတော်တဆဖြစ်မှုများမှ ကာကွယ်တားဆီးရန် ငါသည် ဖမ်းမိခဲ့သောငါးအားလုံးကို သတ်လိုက်၏။ ၎င်းနောက် ထိုငါးတို့သည် နာခံမှုရှိသွား၍ အနည်းငယ်မျှ ညည်းညူခြင်းမရှိခဲ့ပေ။” ဤသည်မှာ အမှန်တရားမဟုတ်သလော။ ဘုရားသခင်သည် လူအားလုံးအား ခါးသီးသော မရဏပင်လယ်မှဆွဲ၍ နက်ရှိုင်းလှသော မရဏချောက်နောက်တစ်ခုထဲသို့ ထည့်၏။ သူသည် ၎င်းတို့အားလုံးကို လက်မရွံ့သား၏ ခေါင်းဖြတ်သည့်တုံးပေါ်သို့ ဆွဲခဲ့ပြီးဖြစ်သည်။ သူသည် ၎င်းတို့ကို လမ်းဆုံးသို့ အတင်းအကျပ် ပို့ခဲ့ပြီးဖြစ်သည်—ဘုရားသခင်၏ အခြားသောသားများနှင့် ဘုရားသခင်၏ အခြားသောလူတို့ကို သူသည် ဤသို့ အဘယ်ကြောင့်မပြုသနည်း။ အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် ဤသို့သောအမှုကို သူသည် မည်သည့် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်နေသနည်း။ ဘုရားသခင်၏လက်သည် အဘယ်ကြောင့် ဖျက်လိုဖျက်ဆီးနိုင်လွန်းသနည်း။ “ငါသည် လူသားကို လိုအပ်သည့်အခါ သူသည် အစဉ်ပင် ဖုံးကွယ်လျက်ရှိ၏။ ဤသည်မှာ သူသည် အံ့သြဖွယ်ရာ မြင်ကွင်းများကို တစ်ခါမျှ မမြင်ဖူးသည့်အလား၊ ကျေးလက်အရပ်တွင် မွေးဖွားခဲ့၍ မြို့နေကိစ္စများကို ဘာမျှမသိသည့်အလား ဖြစ်၏။”ဟူသည်မှာ အံ့သြဖွယ်ရာ မကောင်းပေ။ အကယ်စင်စစ် လူတို့သည် ၎င်းတို့အတွင်း၌ “ဤသို့ပြုခြင်းအတွက် ဘုရားသခင်သည် မည်သည့်အစီအစဉ် ရှိသနည်း။ သူသည် ကျွန်ုပ်တို့ကို သတ်ခြင်း မဟုတ်လော။ ဤသို့ပြုခြင်းမှာ မည်သည့် ရည်ရွယ်ချက်နှင့်နည်း။ သူ့အမှု၏အဆင့်များသည် အဘယ်ကြောင့် တရစပ်စုပြုံ၍ လာသနည်း။ ထို့အပြင် သူသည် ကျွန်ုပ်တို့အပေါ် အဘယ်ကြောင့် အနည်းငယ်မျှ မသက်ညှာသနည်း” ဟု မေးကြ၏။ သို့ရာတွင် လူတို့သည် ဤသည်ကို မပြောဝံ့ကြပေ။ ထို့အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ရှေ့ဆက်တွေးတောရန် အခွင့်ကင်းမဲ့စေလျက် ထိုကဲ့သို့သောအတွေးများကို စွန့်ပစ်စေသဖြင့် ၎င်းတို့တွင် ထိုကဲ့သို့သောအတွေးများကို ဘေးဖယ်ရုံမှတစ်ပါး အခြားအခွင့်အလမ်းမရှိပေ။ ဘုရားသခင်သည် လူသား၏ အယူအဆအားလုံးကို ထုတ်ဖော်ပြသောကြောင့် လူတို့သည် ၎င်းတို့၏အယူအဆများကို ပြန်ဖိနှိမ်ထား၍ ပေါ်ထွက်လာခွင့် မပြုခြင်းသာ ဖြစ်ပေသည်။ ထိုသူတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးများဟု ယခင်က ပြောခဲ့သည်။ ရှင်းလင်းရန်အတွက် အကယ်စင်စစ်တွင် ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ ပြယုဂ်ဖြစ်ကြ၏။ ဘုရားသခင်သည် ၎င်းတို့အား လမ်းဆုံးသို့ တွန်းပို့၍ သတ်ဖြတ်သောအခါ အဆင်းနီသောနဂါးကြီး၏ ဝိညာဉ်သည် ၎င်းတို့အထဲတွင် လုပ်ကိုင်နိုင်ရန် အခွင့်အရေး ရှေ့ဆက်မရှိတော့သည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ဤနည်းအားဖြင့် လူတို့သည် လမ်းဆုံးသို့ လျှောက်လှမ်းသည့်အခါသည် အဆင်းနီသော နဂါးကြီး သေဆုံးသည့်အခါလည်းဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ “ကြီးမားသော ကြင်နာမှု”အတွက် ကျေးဇူးဆပ်ရန် သေခြင်းတရားကို အသုံးပြုခြင်းဟု ဆိုနိုင်သည်။ ဤသည်မှာ အဆင်းနီသောနဂါးကြီး၏တိုင်းနိုင်ငံတွင် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်ဖြစ်၏။ လူတို့သည် ၎င်းတို့၏ဘဝကို ဆက်ကပ်ပူဇော်ရန် အဆင်သင့်ရှိသည့်အခါ အရာခပ်သိမ်းသည် မပြောပလောက်သော အရာများဖြစ်သွား၍ မည်သူမျှ ၎င်းတို့ထက် တစ်ပန်းသာ၍မရနိုင်ပေ။ မည်သည့်အရာသည် အသက်ထက် သာ၍အရေးကြီးနိုင်သနည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် သာ၍လုပ်နိုင်စွမ်း မရှိတော့ပေ။ ၎င်းသည် လူသားနှင့် မည်သည့်အရာမျှ လုပ်၍ မရနိုင်ပေ။ “ဇာတိပကတိ”၏ အဓိပ္ပာယ် သတ်မှတ်ချက်တွင် ဇာတိပကတိသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်ဟု ဆိုထားသော်လည်း လူတို့သည် မိမိတို့ကိုယ်ကိုယ် စစ်မှန်စွာပေးဆပ်၍ စာတန်၏တွန်းအားပေးခြင်း မခံရပါက၊ မည်သူမျှ ၎င်းတို့ထက် တစ်ပန်းသာ၍မရပေ။ ထို့အပြင် ယခုအချိန်တွင် ဇာတိပကတိသည် ၎င်းလုပ်ဆောင်စရာ နောက်တစ်ခုကို ဆောင်ရွက်ကာ ဘုရားသခင်၏ ဝိညာဉ်၏ လမ်းပြမှုကို တရားဝင် စတင်၍ရရှိမည်။ ဤသည်မှာ လိုအပ်သောလုပ်ငန်းစဉ်တစ်ခုဖြစ်၏။ ၎င်းသည် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်ရပေမည်။ သို့မဟုတ်ပါက ဘုရားသခင်သည် ခေါင်းမာသော ဇာတိပကတိထဲတွင် လုပ်ကိုင်ရန် နည်းလမ်းရှိမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်အမြော်အမြင်ဖြစ်၏။ ဤနည်းအားဖြင့် လူတို့အားလုံးသည် ယနေ့၏အခြေအနေများသို့ ဝင်ရောက်ခဲ့ပြီးမှန်းမသိ ဝင်ရောက်ခဲ့၏။ ထို့အပြင် လူသားအား “လမ်းဆုံး” သို့ လမ်းပြခဲ့သူမှာ ဘုရားသခင် မဟုတ်သလော။ ဤသည်မှာ လူသားမှ ဖွင့်လိုက်သည့် လမ်းသစ်များ ဖြစ်နိုင်ခဲ့သလော။ သင်တို့၏ အတွေ့အကြုံများကို ကြည့်ခြင်းအားဖြင့် သင်တို့တွင် ဘုရားသခင်သည် အဆုံးစွန်ရက်စက်သော နည်းနာများကို အသုံးပြုခဲ့ပုံရ၍ ၎င်းမှ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မြင်ရနိုင်သည်။ သင်တို့သည် မချီးမွမ်းဘဲ အဘယ်သို့နေနိုင်မည်နည်း။ သင်တို့အထဲတွင် ဘုရားသခင်ပြုလုပ်သည့် အရာမှာ လူတို့အား ဘုရားသခင်၏ဖြောင့်မတ်သည့် စိတ်နေသဘောထားကို မြင်ခွင့်ရစေ၏။ ဤသည်မှာ ဘုရားသခင်အပေါ် သင်တို့ ၏လေးစားမှုနှင့် မထိုက်တန်ပေဘူးလော။ ယနေ့တွင် ခေတ်ဟောင်းဆက်လက်တည်ရှိသေး၍ ခေတ်သစ်ကို အကောင်အထည်ဖော်ရန် လိုသေးသည့် လမ်းဆုံလမ်းခွတွင် သင်တို့သည် ဘုရားသခင်အတွက် မည်သို့ သက်သေခံသနည်း။ ဤကဲ့သို့ လေးနက်သည့် ကိစ္စတစ်ရပ် အပေါ် လေးနက်စွာ မစဉ်းစားထိုက်ပေဘူးလော။ သင်တို့သည် အခြားသော အပိုကိစ္စများကို စဉ်းစားနေဆဲလော။ ဘုရားသခင်မှ “လူတို့သည် တစ်ချိန်က ‘နားလည်ခြင်း သက်တော်ရှည်ပါစေ’ဟု အော်ဟစ်ခဲ့သော်လည်း မည်သူမျှ အချိန်များစွာ အသုံးပြုလျက် ‘နားလည်ခြင်း’ဟူသည့် စကားလုံးကို သုံးသပ်ခဲ့ခြင်းမရှိပေ။ ဤသည်မှာ လူတို့သည် ငါ့ကို ချစ်လိုသည့်ဆန္ဒ လုံးဝ မရှိကြောင်းကို ပြ၏။” ဟု အဘယ်ကြောင့် ဆိုသနည်း။ ဘုရားသခင်သည် ဤကဲ့သို့သောအရာများကို မပြောခဲ့ပါက သင်တို့သည် သင်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ ဘုရားသခင်၏ နှလုံးသားကို နားလည်ရန် မကြိုးစားနိုင်ပေဘူးလော။

များမကြာမီက အချိန်များတွင် အချို့သောသူတို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်များနှင့် အဓိကဦးတည်ချက်တို့ကို အနည်းငယ် သိလာနိုင်ခဲ့သော်လည်း၊ ဘုရားသခင်သည် လူသားကို ရိုးရှင်းစွာ မပြောခဲ့ပါက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်များနှင့် အဓိကဦးတည်ချက်တို့ကို မည်သူမျှ ခန့်မှန်းနိုင်ခဲ့မည်မဟုတ်ဟု ငါအသေအချာပြောနိုင်၏။ ဤသည်မှာ မုချဧကန်ဖြစ်၏။ ဤသည်မှာ သင့်အတွက် မရှင်းသေးသလော။ လူတို့တွင် ဘုရားသခင်ပြုလုပ်သည့် အရာခပ်သိမ်းသည် သူ့စီမံခန့်ခွဲမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်၏—သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်၏အလိုကို တိကျစွာနားလည်နိုင်စွမ်းမရှိပေ။ ဤသည်မှာ လူသား၏ ချို့တဲ့မှုဖြစ်၏။ သို့သော် ဘုရားသခင်သည် လူတို့အား မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်းရှိရမည်ဟု သတ်မှတ်ထားခြင်းမရှိပေ။ ၎င်းတို့အနေဖြင့် “ဆရာဝန်၏ ဆိုဆုံးမချက်များ” ကို နားထောင်ရုံနားထောင်ရန်သာ သူတောင်းဆို၏။ ဤသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်ဖြစ်၏။ လူတို့အားလုံးအား စစ်မှန်သောလူ့ဘဝကို သိရန် သူတောင်းဆို၏။ အဘယ်ကြောင့်ဆိုသော် “၎င်းတို့၏နှလုံးသားထဲတွင် ‘လူ့ဘဝ’ ဟူသည့် စကားလုံးများ မရှိပေ။ ၎င်းတို့သည် ဤစကားလုံးများကို လုံးဝဂရုပြုခြင်း မရှိပေ။ ငါသည် တောင်စဉ်ရေမရ ပြောနေသည့် အဘွားအိုတစ်ဦး ဖြစ်သွားခဲ့ပြီးသည့်အလား ငါ၏နှုတ်ကပတ်တော်တို့ကို စက်ဆုပ်ရွံရှာခြင်းသာ ရှိကြ၏။” လူတို့၏မျက်လုံးများ ထဲတွင် ဘုရားသခင်၏နှုတ်ကပတ်တော်တို့သည် နေ့စဉ်အသုံးအဆောင်တစ်ခုကဲ့သို့သာ ဖြစ်၏။ ၎င်းတို့သည် နှုတ်ကပတ်တော်များကို အရေးကြီးသည်ဟု လုံးဝ သဘော မထားကြပေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးနိုင်ခြင်းမရှိကြပေ—၎င်းတို့သည် သမ္မာတရားကိုသိသော်လည်း လက်တွေ့ကျင့်သုံးခြင်း မရှိသည့် စိတ်ပျက်စရာကောင်းသော ကံဆိုးသူများ ဖြစ်သွားခဲ့ကြပေပြီ။ ထို့ကြောင့် လူသား၏ ဤအပြစ်တစ်ခုတည်းသည်ပင်လျှင် အချိန်ကာလတစ်ရပ်အတွက် ဘုရားသခင်တွင် စက်ဆုပ်ရွံရှာစိတ် ပေါ်ပေါက်စေရန် လုံလောက်ပေ၏။ ထို့ကြောင့် လူတို့သည် သူ၏နှုတ်ကပတ်တော်များကို အလေးဂရုပြုခြင်းမရှိဟု ဘုရားသခင်မှ ကြိမ်ဖန်များစွာ ပြောခြင်းဖြစ်၏။ သို့ရာတွင် ၎င်းတို့၏အယူအဆများတွင် လူတို့သည် “ကျွန်ုပ်တို့ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နေ့စဉ် လေ့လာ၍သုံးသပ်ကြ၏။ ၎င်းတို့ကို ကျွန်ုပ်တို့ အလေးဂရုပြုခြင်း မရှိဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။ ဤသည်မှာ ကျွန်ုပ်တို့အပေါ် တရားမျှတမှု မရှိခြင်း မဟုတ်လော။” ဟု စဉ်းစားကြ၏။ သို့သော် သင့်အတွက် ငါအနည်းငယ် ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ပေးပါရစေ—လူတို့၏ မျက်နှာများ နီကုန်ကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိုသူတို့ ဖတ်သည့်အခါ၊ ထိုသူတို့သည် ၎င်းတို့၏ဦးခေါင်းများညိတ်ကြ၏။ ထိုသူတို့သည် ပတ်ဂ်ဟုခေါ်သော ခွေးငယ်မျိုး တစ်ကောင်ကဲ့သို့ သခင်၏စကားများကို ဦးညွှတ်လျက် နာခံကြ၏။ ထို့ကြောင့် ယခုအချိန်တွင် လူတို့သည် ၎င်းတို့၏ မျက်နှာများတွင် မျက်ရည်များစီးကျလျက် ၎င်းတို့သည် မသင့်လျော်သူများဟု ခံစားကြကာ၊ ၎င်းတို့သည် နောင်တရလျက် အသစ်တဖန်ပြန်စလိုသည့်အလား ဖြစ်၏—သို့သော် ၎င်းအချိန်ကျော်လွန်သည်နှင့် ၎င်းတို့၏ ရှက်ကိုးရှက်ကန်းဖြစ်မှုသည် စဉ်းလဲမှုဖြင့် အစားထိုးရန် ချက်ချင်းပင် ပျောက်လွင့်သွား၏။ ထိုသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ဘေးတစ်ဘက်သို့ ဖယ်လိုက်သည့်အပြင် ၎င်းတို့ကိုယ်တိုင်၏ကိစ္စရပ်များကို ဦးစားပေးရမည်ဖြစ်၍ ဘုရားသခင်၏အမှုကိစ္စများသည် နောက်ဆုံးဖြစ်သည်ဟု အစဉ်ယုံကြည်ကြသည်။ ၎င်းတို့၏ ဤကဲ့သို့သော လုပ်ရပ်များကြောင့် ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို မည်သည့်အခါမျှ လက်တွေ့ ကျင့်သုံးနိုင်ခြင်း မရှိကြချေ။ အချက်အလက်အမှန်များ ရောက်လာသည့်အခါ ၎င်းတို့သည် ၎င်းတို့၏တံတောင်ဆစ်များကို အပြင်ဘက်သို့ ဆန့်ထုတ်ကြ၏[က]—ဤသည်မှာ ၎င်းတို့၏လူတို့ကို အယုံသွင်းပြီးမှ လိမ်လည်ခြင်းဖြစ်၏—ဘုရားသခင်မှ “သူသည် အစာ အထောက်အမအတွက် ငါ့ကို မှီခိုနေစဉ်တွင် ‘အခြားတစ်ဘက်ကို ပြေးလေသည်’” ဟု ပြောသည်မှာ အံ့ဖွယ်မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များတွင် မုသားအနည်းငယ်မျှပင်မပါကြောင်း၊ လုံးဝဥဿုံ စစ်မှန်ကြောင်းနှင့် ချဲ့ကားပြောဆိုမှု အနည်းငယ်မျှပင် မပါဝင်ကြောင်း၊ သို့သော် လူသား၏ ဝိညာဉ်အသက်တာသည် သေးငယ်လွန်းကာ သူသည် လက်ခံနိုင်စွမ်း မရှိသောကြောင့် အတော်အတန် လျှော့၍ပြောဆိုထားပုံရသည်တို့ကို ဤသည်မှသာ တွေ့နိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားတို့၏အရာများအပေါ် အတွင်းရောအပြင်ပါ ရှင်းလင်းပြတ်သားသည့် သရုပ်ဖော်မှု ပေးပြီးခဲ့ပြီးဖြစ်ကာ ၎င်းနှုတ်ကပတ်တော်တို့သည် စာတန်၏နဂိုမူလမျက်နှာအတိုင်း ထင်ရှားပြတ်သားသည့် ပုံတူတစ်ခုကို ရေးဆွဲလျက် လုံးဝရှင်းလင်းစွာ ရေးထွင်းပုံဖော်ခဲ့ပြီးဖြစ်သည်။ လက်ရှိအဆင့်တွင် လူတို့သည် အရာခပ်သိမ်းကို ရှင်းလင်းစွာ မမြင်ရသေးခြင်းသာ ဖြစ်သဖြင့် ၎င်းတို့သည် မိမိကိုယ်ကိုယ် မသိကြသေးဟု ဆိုထားခြင်း ဖြစ်၏။ ထို့အတွက်ကြောင့် ဤသင်ခန်းစာ ဆက်လက်လုပ်ဆောင်ရမည်၊ ရပ်၍မရဟု ငါဆိုခြင်းဖြစ်၏။ လူတို့သည် မိမိကိုယ်ကိုယ် သိလာပြီးသည့် အချိန်သည် ဘုရားသခင်ဘုန်းပွင့်သည့်အချိန် ဖြစ်လိမ့်မည်။ ဤသည်မှာ နားလည်ရန် လွယ်ကူ၏—ငါအသေးစိတ် ပြောပြရန် မလိုပေ။ သို့ရာတွင် ငါသင်တို့အား သတိပေးစရာ တစ်ခုရှိ၏။ သို့သော် သင်တို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို အရင်ဖတ်ရလိမ့်မည်- “ယနေ့ကာလများတွင် လူတို့သည် ငါ့ကို မည်သည့်အခါကမျှ တန်ဖိုးထားခဲ့ခြင်း မရှိ၊ ၎င်းတို့၏နှလုံးသားများတွင် ငါ့အတွက် နေရာမရှိပေ။ လာမည့် ဒုက္ခခံရာနေ့များတွင် ငါ့အပေါ် အချစ်စစ်ကို ထိုသူတို့ပြနိုင်မည်လော။” ဤနှုတ်ကပတ်တော်များ၌ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ လူသားတို့အပေါ်တွင် ပြစ်တင်ဆုံးမမှု ကျရောက်မှုမရှိသေးဟု ဘုရားသခင်မှ ပြောနေ၏။ ဤသည်မှာ “မိမိကိုယ်ကိုယ်သိခြင်း” ဟူသည့် စကားလုံးများတွင် အတွင်းအနက်အဓိပ္ပာယ် ရှိသည်ကို ပြ၏—ဤသည်ကို သင်တွေ့သလော။ လူတို့သည် အခက်အခဲနှင့် စစ်ဆေးခြင်းမခံရဘဲ မိမိကိုယ်ကိုယ် မိမိ မည်သို့ သိနိုင်မည်နည်း။ ဤသည်တို့မှာ အချည်းနှီးသောစကားများပင် မဟုတ်လော။ ဘုရားသခင်ပြောသည့် အရာခပ်သိမ်းကို သင်အမှန်တကယ်ပင် ယုံကြည်စိတ်ချသလော။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို သိနိုင်သလော။ ဘုရားသခင်သည် “လူသား၏လုပ်ဆောင်ချက်များကို တွေ့သည့်အခါ ငါ၏တစ်ခုတည်းသော ရွေးချယ်စရာမှာ ထွက်ခွာရန်သာဖြစ်တော့၏” ကဲ့သို့သော အရာများကို အဘယ်ကြောင့် ကြိမ်ဖန်တလဲ ပြော၍ “တောင်များပြိုလဲ၍ မြေကြီးအစိတ်စိတ်အမြွှာမြွှာကွဲသည့် အခါမှသာ လူတို့သည် ငါ၏နှုတ်ကပတ်တော်တို့ကို စဉ်းစားကြ၏။ ထိုအခါမှသာ ၎င်းတို့သည် အိပ်မက်မှ နိုးထကြသော်လည်း အချိန်ကား ကျရောက်ခဲ့ပြီးဖြစ်သည်။ ထိုသူတို့အား ကြီးမားသော ရေကြီးမှုမှ ဖုံးလွှမ်းလျက် ၎င်းတို့၏ အလောင်းကောင်များသည် ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေကြ၏။” ဟုလည်း ပြောသနည်း။ ဘုရားသခင်သည် “လူတို့သည် ငါ၏နှုတ်ကပတ်တော်တို့ကို နာခံကြ၏” ဟု အဘယ်ကြောင့် မပြောဘဲ “လူတို့သည် စဉ်းစားကြ၏” ဟု အဘယ်ကြောင့်ပြော သနည်း။ တောင်များပြိုလဲ၍ မြေကြီးအစိတ်စိတ်အမြွှာမြွှာကွဲသည်မှာ အမှန်ပင်လော။ လူတို့သည် ထိုကဲ့သို့သောစကားများကို ဂရုပြုခြင်းမရှိ။ ၎င်းတို့ကို သတိမမူမိကြပေ။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အရ ထိုသူတို့သည် “အခက်အခဲ” များစွာ ကြုံရ၏။ ဤသည်မှာ ၎င်းတို့တွင် စာနာထောက်ထားမှု ကင်းမဲ့လွန်းခြင်းကြောင့်ဖြစ်၏။ လူသားတို့၏ ဤချွတ်ယွင်းချက်ကြောင့် ဘုရားသခင်မှ “မျက်ရည်ပြွန်များမရှိသည့် 'လူထူးလူဆန်း' ဖြစ်သော ငါသည် လူသားအတွက် ကြိမ်ဖန်များစွာ ငိုကြွေးခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ဤသည်ကို လူသားသည် လုံးဝမသိပေ။” ဟု ပြောခြင်းဖြစ်၏။ လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ဂရုမပြုသဖြင့် ၎င်းတို့ကို သတိပေးရန်နှင့် ၎င်းတို့၏ “အကူအညီ” ရယူရန် ဘုရားသခင်သည် ဤနည်းကို အသုံးပြုခြင်းဖြစ်၏။

ယခုအတွက် ငါသည် လောက၏ဖွံ့ဖြိုးတိုးတက်မှုများအကြောင်း ပရောဖက်ပြုမည် မဟုတ်သော်လည်း လူသား၏ ကံကြမ္မာအကြောင်း တစ်စုံတစ်ခုကိုမူ ဟောကိန်းထုတ်ပေမည်။ လူတို့အား မိမိကိုယ်ကိုယ်သိရန် ငါတောင်းဆိုခဲ့ပြီး မဟုတ်လော။ ဤသည်ကို မည်သို့ရှင်းပြနိုင်မည်နည်း။ လူတို့သည် မိမိကိုယ်ကိုယ်မိမိ မည်သို့သိသင့်သနည်း။ ဘုရားသခင်သည် လူတို့အား ညှဉ်းပန်းနှိပ်စက်လွန်းသဖြင့် ၎င်းတို့သည် အသက်ရှင်ခြင်းနှင့် သေခြင်းအကြား ရစ်ဝဲနေသည့်အခါ ၎င်းတို့သည် လူ့ဘဝ၏အဓိပ္ပာယ်တစ်စုံတစ်ရာကို စတင်နားလည်လာ၍ လူတစ်ဦး၏ဘဝတစ်ခုလုံးသည် အိပ်မက်တစ်ခုထက်မပိုဟု ယုံကြည်လျက် ၎င်းတို့သည် လူ့ဘဝကို စက်ဆုပ်ရွံရှာကြ၏။ လူသား၏ဘဝသည် မချိတင်ကဲဝေဒနာ ခံစားရသောဘဝဖြစ်ကြောင်း၊ ၎င်းတို့သည် မည်သည့်အရာကို မည်သည့်အခါမျှ အထမြောက်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိဘဲ သေဆုံးမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ဘဝသည် အဓိပ္ပာယ်ကင်းမဲ့၍ တန်ဖိုးမရှိဟု ယုံကြည်ကြ၏။ လူ့ဘဝသည် ဝမ်းနည်းပူဆွေးမှုနှင့် ပျော်ရွှင်မှုတို့ သွားလိုက်၊ လာလိုက်ရှိသည့် အိပ်မက်တစ်ခုမျှသာဖြစ်၏။ ယနေ့ လူတို့သည် ဘုရားသခင်အတွက် အသက်ရှင်သော်လည်း ၎င်းတို့သည် လူသား၏လောကတွင် နေထိုင်သည့်အတွက် ၎င်းတို့၏နေ့စဉ် အသက်တာများသည် အချည်းနှီးဖြစ်လျက် တန်ဖိုးကင်းမဲ့ကာ လူအားလုံးတို့အား ဘုရားသခင်၌ မွေ့ပျော်ခြင်းဟူသည်မှာ တစ်ခဏမျှ နှစ်သိမ့်မှုသာဖြစ်ကြောင်းကို သိစေ၏—သို့ရာတွင် ဘုရားသခင်၌ မွေ့လျော်ခြင်း မရှိသောအခါ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဇာတိပကတိတွင် နေဆဲဖြစ်ပါက မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ဇာတိပကတိတွင် အရာခပ်သိမ်းသည် လူသားအတွက် အချည်းနှီးဖြစ်၏။ လူ့ဘဝ၏ သုခ၊ ဒုက္ခသံသရာများနှင့် ကြုံတွေ့ခဲ့ပြီးနောက်၊ ဇရာဆိုက်ရောက်လာသည့်အခါ လူသား၏ဆံပင်သည် ဖြူသွား၏။ သူ၏မျက်နှာသည် အတွန့်ကြောင်းများနှင့် ပြည့်နှက်နေ၏။ သူ၏လက်များသည် အသားမာများနှင့် ဖုံးလွှမ်းနေ၏။ သူသည် ကြီးစွာသောအဖိုးအခကို ပေးခဲ့သော်လည်း မည်သည့်အရာမျှ ရရှိခဲ့ခြင်း မရှိလုနီးပါး ဖြစ်၏။ ထို့ကြောင့် ငါ၏နှုတ်ကပတ်တော်တို့သည် ဤထက်တစ်ဆင့်ပို၍သွား၏- ဇာတိပကတိ၌ နေသောသူတို့အတွက် အရာခပ်သိမ်းသည် အချည်းနှီးဖြစ်၏။ ဤသည်မှာ လုံးဝသေချာ၍ သင်သည် ဤသည်ကို အသေးစိတ် စစ်ဆေးရန် မလိုပေ။ ဤသည်မှာ ဘုရားသခင်မှ ကြိမ်ဖန်များစွာပြောခဲ့ပြီးသော လူ့ဘဝ၏နဂိုမူရင်းမျက်နှာပင်ဖြစ်၏။ လူသား၏ အားနည်းချက်ကြောင့် ဘုရားသခင်သည် ဤနှုတ်ကပတ်တော်တို့ကို ရှောင်ကြဉ်ခြင်း မပြုပေ။ သို့သော် သူ၏နဂိုမူလ အစီအစဉ်အရသာ လုပ်ဆောင်၏။ နှုတ်ကပတ်တော်အချို့သည် လူတို့အား ပံ့ပိုးမှုနှင့် နားလည်မှု ပေးကောင်းပေးနိုင်၍ အချို့မှာမူ လူတို့အား သေခြင်း၏အခြေအနေတွင် တမင်နေစေလျက် ဆန့်ကျင်ဘက်အတိုင်းသာ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ ဤအတွက်ကြောင့်ပင် ၎င်းတို့ ဝေဒနာခံစားရခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့အား ဇဝေဇဝါဖြစ်စေရန် တမင်ရည်ရွယ်၍ “အချည်းနှီးမြို့ မဟာဗျူဟာ” ကို စတင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ၎င်းတို့သည် ဤသည်ကို လုံးဝမြင်နိုင်ခြင်း မရှိဘဲ မှောင်မိုက်တွင် နေနေကြ၏။ သို့ရာတွင် အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိကာ လူတို့သည် ဤသည်ကို သိသော်လည်း ဤသည်ကို မည်သို့ကာကွယ်တားဆီးနိုင်မည်နည်း။ ထို့ကြောင့် ပြစ်တင်ဆုံးမခံရမည့် အန္တရာယ်မှ မည်သူမျှ လွတ်မြောက်နိုင်ခြင်း မရှိပေ—၎င်းတို့ မည်သည့်အရာကို ပြုလုပ်နိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အစီအမံများကို နာခံရုံသာရှိ၏—ထို့အပြင် ဤသည်မှာ ဘုရားသခင်သည် ၎င်းတို့အား ဆွဲကိုင်ထားပြီး လက်မလွှတ်သည့်အတွက် မဟုတ်လော။ ဘုရားသခင်၏ ခြိမ်းခြောက်မှုများအောက်တွင်သာ လူအားလုံးသည် သဘာဝတရားအတိုင်း လိုက်နာနိုင်ကြ၏— ဤသို့မဟုတ်သလော။ ဘုရားသခင်၏အစီအမံများသာမရှိလျှင် လူတို့သည် ရှုံးနိမ့်ခြင်းကို လိုလားစွာ မည်သို့ ဝန်ခံနိုင်မည်နည်း။ ၎င်းအရာသည် ရယ်စရာတစ်ခု မဖြစ်ပေဘူးလော။ လူ့ဘဝသည် အချည်းနှီးဖြစ်သော်လည်း ၎င်းတို့၏ဘဝများ သက်သောင့်သက်သာရှိသည့်အခါ မည်သူသည် လူ့လောကကို တိတ်တဆိတ် စွန့်ခွာ၍ ဘုရားသခင် ကျေနပ်စိမ့်သောငှာ ကြိုးပမ်းရန် လိုလားမည်နည်း။ ခိုကိုးရာမဲ့ဖြစ်မှုအကြားတွင် လူတို့သေဆုံးကြ၏—၎င်းတို့ လိုချင်နိုင်သမျှ ရှိသည့်အခါ ကြွယ်ဝမှုအကြား မည်သူသေဆုံးဖူးသနည်း။ ကောင်းကင်မှဆင်းသက်လာသည့် “ကြယ်” တစ်ပွင့်သာလျှင် ခြွင်းချက်ဖြစ်လိမ့်မည်။ ၎င်းမွေ့ပျော်သည့် တတိယကောင်းကင်၏ဘဝနှင့် နှိုင်းယှဉ်ပါက ကမ္ဘာမြေကြီးပေါ်ရှိဘဝသည် ငရဲတွင်နေခြင်းနှင့် တူနေလိမ့်မည်—ဤသို့သောအခြေအနေတစ်ရပ်တွင်သာ ၎င်းသည် သေဆုံးရန် လိုလိုလားလား ရှိနိုင်မည်။ သို့ရာတွင် ယနေ့ မည်သူသည် ကောင်းကင်ရှိ ကြယ်တစ်ပွင့် ဖြစ်သနည်း။ ငါသည်လည်း ဤအကြောင်းကို “မရှင်းပေ”။ ကြယ်တစ်ပွင့် တွေ့လိုတွေ့ငြား ငါတို့ ဟိုဟိုသည်သည် ရှာကြစို့။ သူ့ကိုတွေ့လျှင် ငါ၏အထက်ပါ နှုတ်ကပတ်တော်တို့နှင့်အညီ သူသည် ဆောင်ရွက်ရန် လိုလိုလားလား ရှိမရှိ ငါစုံစမ်းရာတွင် ငါ့ကို ကူညီရန် လူတို့အား ငါတောင်းဆိုမည်။ သို့ရာတွင် သင်တို့တစ်ဦးစီအတွက် သတိပေးစရာတစ်ခုရှိ၏- သင်တို့အနက် မည်သူမျှ “လူစွမ်းကောင်း” လုပ်၍ မိမိဆန္ဒအလျောက် သေဆုံးရန် စာရင်းမပေးရ။ နားလည်သလော။

အောက်ခြေမှတ်စုများ-

(က) “တံတောင်ဆစ်ကို အပြင်ဘက်သို့ ဆန့်ထုတ်၏” ဟူသည်မှာ တရုတ်ဓလေ့သုံးစကားတစ်ခုဖြစ်၍ လူတစ်ဦးသည် ဥပမာ ၎င်း၏မိဘများ၊ သားသမီးများ၊ ဆွေမျိုးများ သို့မဟုတ် ညီအစ်ကိုမောင်နှမများကဲ့သို့ ၎င်းနှင့်ရင်းနှီးသူများကိုထိခိုက်၍ အခြားသူများကို အထောက်အကူပြုနေသည်ဟု ဆိုလိုသည်။

ယခင်က:သုံးဆယ့်သုံးခုမြောက်သော မိန့်မြွက်ချက်၏ အနက်ဖွင့်ချက်

နောက်တစ်ခုသို့:လမ်းကြောင်း… (၁)

သင်နှစ်သက်နိုင်သည့် အရာများ