ဤသည်မှာ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းလောကျူး
၁ ကျေးဇူးတော်ကို ရရှိခြင်းနှင့် ငြိမ်သက်ခြင်းကို မွေ့လျော်ခံစားရခြင်းတို့ကို ဘုရားသခင်အား ယုံကြည်ခြင်း၏ ပြယုဂ်များဖြစ်သည်ဟုသာ လူတို့က မှတ်ယူကြသည်၊ ထို့ပြင် ကောင်းချီးမင်္ဂလာများကို ရှာဖွေခြင်းအား ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံအဖြစ် မှတ်ယူကြသည်။ လူအနည်းငယ်သာလျှင် ဘုရားသခင်ကို သိကျွမ်းရန် ကြိုးစားကြသည်၊ သို့မဟုတ် မိမိတို့၏စိတ်သဘောထားအတွင်း၌ အပြောင်းအလဲဖြစ်ရန် ကြိုးစားကြသည်။ ဘုရားသခင်ကို လူတို့ယုံကြည်ရာ၌ ဘုရားသခင်က ၎င်းတို့ကို သင့်တော်သည့် ခရီးပန်းတိုင်ကိုပေးစေရန်၊ နေအောက်ရှိ ကျေးဇူးတော်အပေါင်းကို ၎င်းတို့အား ပေးစေရန်၊ ဘုရားသခင်ကို ၎င်းတို့၏အစေခံဖြစ်အောင်လုပ်ရန်၊ ၎င်းတို့နှင့် ငြိမ်းချမ်းပြီး ရင်းနှီးသော ဆက်ဆံရေးကို ဘုရားသခင်ထိန်းသိမ်းထားစေရန်နှင့် ၎င်းတို့အကြားတွင် ပဋိပက္ခတစ်စုံတစ်ရာ မည်သည့်အခါမျှ မပေါ်ပေါက်စေရန် သူတို့ကြိုးစားကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ခြင်းသည် ဟူ၍ သမ္မာကျမ်းစာထဲ၌ ပြောထားသည့်အတိုင်း ၎င်းတို့၏ တောင်းဆိုချက်များအားလုံးကို ဖြည့်ဆည်းပေးရန်၊ ၎င်းတို့ဆုတောင်းသမျှကို အပ်နှင်းပေးရန် ဘုရားသခင်ကတိပေးခြင်းငှာ သူတို့တောင်းဆိုကြသည်။
ဘုရားသခင်သည် အချိန်မရွေး၊ နေရာမရွေး၌ လူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အမြဲတမ်း ကြင်နာတတ်သော ကယ်တင်ရှင်ယေရှုဖြစ်သည့်အားလျော်စွာ ဘုရားသခင်အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တရားမစီရင်ဖို့၊ သို့မဟုတ် ကိုင်တွယ်ဆုံးမခြင်း မပြုဖို့ သူတို့တောင်းဆိုကြသည်။
၂ ၎င်းတို့ယုံကြည်ပုံသည် ဤကဲ့သို့ဖြစ်၏- ၎င်းတို့သည် ဘုရားသခင်ထံ အရှက်မရှိ အမြဲတမ်းတောင်းဆိုကြပြီး ၎င်းတို့ပုန်ကန်သည်ဖြစ်စေ၊ နာခံသည်ဖြစ်စေ ဘုရားသခင်က ကျိုးကြောင်းမကြည့်ဘဲ အရာရာကို ၎င်းတို့အား ပေးသနားသည်။ ထိုသူတို့သည် “အကြွေး” ပြန်ဆပ်ပေးရန် ဘုရားသခင်ကို အဆက်မပြတ် တောင်းဆိုကြပြီး ဘုရားသခင်က ၎င်းတို့ထံမှ တစ်စုံတစ်ရာကို ရယူထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အတိုက်အခံပြုခြင်း အလျှင်းမရှိဘဲ “သူတင်နေသော အကြွေးကိုဆပ်” ရမည်၊ နှစ်ဆ “ပြန်ဆပ်ပေး” ရမည်ဟု အဆက်မပြတ် တောင်းဆိုကြသည်။ ဘုရားသခင်သည် သူတို့ပြုသမျှ နုနိုင်ရုံသာရှိပြီး နှစ်ပေါင်းများစွာ ဖုံးကွယ်နေသည့် သူ၏ဉာဏ်ပညာနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့ကို သူတို့၏ခွင့်ပြုချက်မပါဘဲ သူ့စိတ်ကြိုက် ဖော်ထုတ်ပြနိုင်ရန်ဝေးစွ၊ လူတို့ကို ထင်ရာမြင်ရာ စီစဉ်ညွှန်ကြားခြင်းပင် သူမပြုနိုင်။ ဘုရားသခင်ထံ သူတို့၏အပြစ်များကို ဝန်ခံရုံသက်သက် ဝန်ခံကြပြီး ဘုရားသခင်ကလည်း ထိုအပြစ်များကို ဖြေပေးကာ စိတ်ကုန်ငြီးငွေ့သွားခြင်း မရှိဘဲ ထိုကဲ့သို့ အမြဲဖြစ်နေသည်။သင်တို့သည် ထိုကဲ့သို့ပင် အမြဲတမ်း ယုံကြည်ခဲ့သည်မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားတို့ကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။