၁၄ နောက်ဆုံးသောကာလ၌ခရစ်တော်သည် အရှေ့အရပ်မှာပေါ်ထွန်းပြီ
၁ အမှောင်ကမ္ဘာတွင်ကြီးမြတ်တဲ့အလင်းပေါ်ထွက်လာသည်၊ အရှေ့အရပ်မှ ယခု လျှပ်စီးပေါ်ထွက်လို့လာပြီ။ ဤသည်မှာ လူသား ကြွလာခြင်းဖြစ်သည်- ကျွန်ုပ်တို့ အဘယ့်သို့များ မသီဆိုဘဲနေနိုင်သနည်း။ ကိုယ်တော်သည် လက်တွေ့ကျသော လူ့ဇာတိခံ ဘုရားဖြစ၊ ကိုယ်တော်သည် ကမ္ဘာမြေပေါ်သို့ ပြန်ကြွလာသည့် ကျွန်ုပ်တို့၏ နောက်ဆုံးသောကာလ ကယ်တင်ရှင်ဖြစ်ပေ။ ကျွန်ုပ်တိုသည်ကိုယ်တော်ကိုကျယ်လောင်စွာ သီဆိုချီးမွမ်းကြပါ၏။
၂ အောင်ပွဲခံသောဘုရင်သည် ပလ္လင်တော်တွင် ထိုင်လေသည်။ ကိုယ်တော်၏ရွေးနုတ်ခြင်းတွင် ကိုယ်တော် အောင်မြင်ပြီး လူ့ဇာတိခံယူခြင်း၌ ပြန်လာပြီ။ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်၊ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းသည် ယခု စတင်ပြီ။ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ သမ္မာတရားကို ကိုယ်တော် ဖော်ပြသည်။ ကိုယ်တော်၏ လူအားလုံးသည် ကိုယ်တော်၏ပလ္လင်တော်သို့ ပြန်လာကြပြီ။ နိုင်ငံတော်သည် ကမ္ဘာမြေတွင် တည်ပြီ။
၃ အနန္တတန်ခိုးရှင်ဘုရား၊ လက်တွေ့ကျသော လူ့ဇာတိခံဘုရား၊ ကိုယ်တော်သည် အသင်းတော်များသို့သွားရောက်ကာ နှုတ်ကပတ်တော်ကို မြွက်ဆို။ ကိုယ်တော် ကိုယ်တော်၏လူတွေကို ပျိုးထောင်ပေးပြီး အောင်နိုင်သူများဖြစ်စေသည်။ ကိုယ်တော်၏လူများသည် ၎င်းတို့၏ ဘဝများအားလုံးကို ကိုယ်တော့်အတွက် အသုံးခံလျက်၊ ကိုယ်တော်၏ခြေလှမ်းများ နောက်ကို နီးကပ်စွာ လိုက်ကြသည်။ နိုင်ငံတော် ဧဝံဂေလိသည် ကမ္ဘာတစ်ခုလုံးအနှံ့ ပျံ့နှံ့လေပြီ။
၎ နောက်ဆုံးသောကာလ၏ခရစ်တော်သည် အောင်နိုင်ခဲ့ပြီ၊ ကြီးမားသောနဂါးနီကြီး စာတန်သည် လွန်စွာအရှက်ရခဲ့သည်။ ဘုရားသခင် ရွေးချယ်ထားသည့် လူများသည် သူ၏နှုတ်ကပတ်တော်များကို စားသောက်ကြသည်၊ သမ္မာတရားကို နားလည်ကြပြီး သူ၏အောင်မြင်မှုကို သက်သေခံကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်သည် စာတန်ကို အနိုင်ရပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်သည် ဘုန်းအသရေကို ရရှိပြီ။ ကိုယ်တော်၏ ကြီးမြတ်သော အမှုတော်သည် လုံးလုံး ပြည့်စုံပြီ။
၅ လူသားတိုင်း ကိုယ် တော်၏ ဘုန်းကြီးသော နာမတော်ကို ချီးမွမ်းကြပါစေ။ ချီးမွမ်းသံသည် ရှေ့အရပ်မှ နောက်အရပ်သို့ ရောက်ရှိ။ ကိုယ်တော်သည် ထွန်းတောက်သောနေမင်းဖြစ်၏။ ဘုရားသခင်သည် နိုင်ငံတော်ကို ရရှိပြီဖြစ်ပြီး ကမ္ဘာမြေပေါ်သို့ ကြွလာပြီ။ ခရစ်တော်၏ နိုင်ငံတော် ပေါ်ထွန်းပြီ။ အနန္တတန်ခိုးရှင်ဘုရား၊ ကျွနုပ်တို့ ကခုန်လျက် ချီးမွမ်းကြပါသည်။ နှုတ်ကပတ်တော်သည် အရာအားလုံးကို အောင်နိုင်ပြီး ကိုယ်တော့်ဘုန်းတန်ခိုးပြသည်။