၁၃ စစ်မှန်သော တစ်ဆူတည်းသောဘုရားသည် လူ့ဇာတိတွင် ပေါ်လာခဲ့ပြီ
၁
မိုးချုန်းသံခုနှစ်ခုထွက်လာပြီး မိုးကောင်းကင်သည်တုန်လှုပ်လာသည်
စစ်မှန်သော တစ်ဆူတည်းသောဘုရား ပေါ်လာခဲ့ပြီ
သန့်ရှင်းသောဝိညာဉ်တော်သည် မိန့်မြွက်
ဤအကြောင်းကို သက်သေခံသည်
နှုတ်ကပတ်တော် တွင် သြဇာအာဏာရှိပြီး
ကမ္ဘာတစ်ခုလုံး တုန်ခါစေသည်။
၂
ဘုရားသည် လူ့ဇာတိ၌ပေါ်လာပြီ၊ ရွေးနှုတ်သူ ပြန်ရောက်လို့လာပြီ
သူ မိုးတိမ်ဖြူကိုစီးကာ ကြွလာပြီ။
ဘုရားအသံတော် ကျွန်ုပ်တို့ကြားရပြီး မျက်နှာတော် မြင်တွေ့ရပြီ
ယခုသိုးသူငယ်နောက် ကျွန်ုပ်တို့လိုက်ကာ
ပွဲ တော် ကို ကျွန်ုပ်တို့တက်ရောက်။
၃
ဘုရား၏ စစ်ကြော(စီရင်)ခြင်းကို ကျွန်ုပ်တို့ခံယူကာ၊ စင်ကြယ်ခြင်းကို ရရှိ။
နိုင်ငံတော်၏ လေ့ကျင့်ပေးမှုသည် စတင်လေပြီ
ဘုရား၏ ကယ်တင်ခြင်းကို ရရှိခြင်းသည် မင်္ဂလာရှိလှသည်
ယခု နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ကျင့်သုံးကာ
ဘုရား၏ရှေ့မှောက်တွင် အသက်ရှင်ကြသည်။
၎
ကျွန်ုပ်တို့ နှုတ်ကပတ်တော်၌ အသက်ရှင်
သူ၏နှုတ်ကပတ်တော်ကို ပို၍ ဖတ်ရှုလေ
သမ္မာတရားကို ပို၍နားလည်လေသည်
နှုတ်ကပတ်တော်၏ စစ်မှန်ခြင်းလမ်းတွင် ခြေလှမ်းလှမ်းလိုက်ကာ
ကျွန်ုပ်တို့စိတ်သဘောထားသည် ပြောင်းလဲလာ
လူသားကဲ့သို့ ကျွန်ုပ်တို့အသက်ရှင် ကာ
ဘုန်းတော်ချီးမွမ်းပြီး ဘုရားအတွက် သက်သေခံကြသည်။
၅
အနန္တတန်ခိုးရှင်ဘုရား၊ အလိုတော် ကျွန်ုပ်တို့ ထောက်ထားကြသည်။
ကိုယ်တော်အတွက် အရာအားလုံးစွန့်လွှတ်ကာ
မိမိကိုယ်ကို မိမိကိုယ်ကို အသုံးတော်ခံလို ကြသည်။
ဘုရားထံ ကျွန်ုပ်တို့၏ စစ်မှန်သောနှလုံးသားပူဇော်
ကျွန်ုပ်တို့နေ့စဉ်တာဝန်ကို သစ္စာရှိစွာဆောင်ရွက်ရင်း ရှေ့သို့ဆက်ကြ၏
ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုများမှတစ်ဆင့်၊
ဘုရားသခင်အတွက် ကျွန်ုပ်တို့ သက်သေခံကြ။
၆
နိုင်ငံတော်၏ ရှေ့ရေး သည် အလွန်ကောင်းမွန်လှ၏။
အနန္တတန်ခိုးရှင်ဘုရားကို ချစ်သောသူတို့သည် အတုမရှိ၊
ဝမ်းမြောက်ခြင်း အလင်း၌ အသက်ရှင်ကြသည်။
ဘုရားသည် အောင်မြင်သောလူတစ်စု ရရှိကာ၊ သူ့အမှုတော်ကို အပြီးသတ်။
သူသည် ဘုန်းထင်ရှားကာ
ခရစ်တော်၏နိုင်ငံတော်သည် မြေပေါ်တွင် ပေါ်လာပြီ မြေပေါ်တွင်။