၁၅ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား
၁
ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား
တစ်ပါးတည်းသော ထာဝရဘုရား
နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း
သူပြောဆို၊ မိန့်ဆိုသည့်တိုင်း ဖြစ်၍ တည်ရှိ
မြေမှုန့်အားဖြင့် လူဖြစ်စေသည် သူဖန်ဆင်းထားရာများ ပြုစု
ဒီမြေပေါ် ထက်ကောင်းကင်၌ သက်ရှိများပြည့်လျှံ
အံ့ဖွယ်မှုများ ပြုလုပ် ဥပဒေများကို ထုတ်ပြန်
လူသားများအား လမ်းပြ စောင့်ရှောက် ဂရုစိုက်လေခဲ့
သို့သော် လူတွေဟာ သူတို့စိတ်ဆန္ဒဖြင့်
ညစ်ညမ်းသောလမ်းတွင် လျှောက်လှမ်း
ဘုရားရှင်နှိမ့်ချ ခြင်းအားဖြင့် သူတို့ကို ခွင့်လွှတ်
မတရားမှုကို ခံပြီး သူ့ဘုန်းအသရေကို စွန့်လွှတ်သည်
ကြမ်းတမ်းဒီဘဝ ဒီနှစ်ပေါင်း သုံးဆယ်ကြာပြီးနောက်
ထိုကားတိုင်တော်ထက် တွင်
သူ၏အသွေးတော်မြတ်သွန်း အပြစ်ဖိုးပေးဆပ်ကာ
လူသားတို့အား ရွေးနုတ် မေတ္တာ ချန်ခဲ့
၂
အရှေ့ရပ်မှာ လျှပ်စီး လက်လို့လာပြီ
ဖြူသောတိမ်ထု များလည်း ဆင်းလို့လာပြီ
ဖြောင့်မတ်ခြင်းနှင့်ပြည့်၊ ဘုရား ဒီမြေပေါ် ပြန်လည်ဆင်းသက်
တန်ခိုးကြီးသော ဘုရား ဖြစ်သည် ခေတ်သစ်ကိုစပြီး အမှုသစ်ယူလာ
လူတို့ကို သူ့နှုတ်ဖြင့် စစ်ကြော ကယ်တင်
ပူဆွေးဝမ်းနည်း ခြင်းများ သူ့စိတ်မှာလေ
လူသားရဲ့ ဆန့်ကျင်ခြင်း သူ့စိတ်ထဲ ကျန်ခဲ့
မြိုသိပ်ရင်းနဲ့ သွေးမျက်ရည်စီးကျ
သူ့ရဲ့ ဝမ်းနည်းကြေကွဲ တဲ့စိတ်ကို ဘယ်သူနှစ်သိမ့်
စိတ်ဒေါသ ထွက်နေ ပေမယ့်လည်း
ကရုဏာ တော် ပေးခဲ့ စောင့်ဆိုင်းရင်း
အမှုတော်မြတ် ကိုထမ်း စစ်မှန် နှလုံးသားသူ ပေး ခဲ့
ပန်းများဒီမြေပေါ်သို့ ဘယ်နှစ်ကြိမ်များ ပွင့်ကာနွမ်းလို့ကြွေပြီလဲ
ဘဲငန်းများလည်း တောင်ဘက်သို့ ပျံသန်းပြီး၊ ပြန်ရောက်လာ
ဖြူစင်ပြစ်ကင်းတဲ့ သူ့ ခန္ဓာ အရှက်ရ
သူ့နှလုံးသားကြေကွဲနာကျင်ခြင်းသည် ကုစားမရလောက်အောင်ပင်
ခိုနားဖို့ရန်မရှိ ဒုက္ခ ခံစား နေ့ရက်တိုင်း သူ့အမှုတော်ကိုသာ ဆောင်ရွက်
သို့ပေမဲ့ သူ့စစ်မှန်တဲ့စကား ကဲ့ရဲ့ သရော်ခြင်း ကိုခံရသည်။
မိခင်စိတ်ရှိသော သူ့နှလုံးသားမှ မျက်ရည်ယိုစီး သွေးတော်မြတ် စီးကျ
သူနှိမ့်ချစွာအမှု ဆောင်ကာ နောက် ဆုံး
သူ့စိတ်နှင့် ထပ်တူသော လူတစ်စုအားရရှိ
ဖြောင့်မတ်ခြင်း တန်ခိုးကြီးခြင်း သူ့အသွေးအသားတွင် ပေါ်လွင်
သူသည် ဘုန်းတန်ခိုး ပြည့်စုံသော ဘုရား