၁၆ အနန္တတန်ခိုးရှင်ဘုရား၊ ဘုန်းအာနုဘော်ဘုရင်
၁
လူ့ဇာတိခံသော အနန္တတန်ခိုးရှင် ဘုရားသည်
ဘုန်းကြီးသောရှင်ဘုရင် ဖြစ်သည်
သူသည် ပလ္လင်ပေါ်တွင်ထိုင်ကာ တိုင်းနိုင်ငံနှင့်
လူအမျိုးအနွယ်အားလုံး ကိုတရားစီရင်
သူ့ဘုန်းအာနုဘော်နှင့် အမျက်တော်ဖြင့်
သူသည် ကမ္ဘာအရှေ့အရပ်တွင်ပေါ်ထွန်းလာ
ပလ္လင်ဖြူကြီး၏တရားစီရင်ခြင်းသည် အစပြုမူပြီ။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် အောင်မြင်တော်မူသည်
သူသည် ရှင်ဘုရင်အဖြစ်ခံယူ၍၊ သံလှံတံတော်နှင့် လူအမျိုးအပေါင်းကို စိုးစံ။
၂
လူ့ဇာတိခံသောအနန္တတန်ခိုးရှင်ဘုရားသည်
ဘုန်းကြီးသောရှင်ဘုရင်ဖြစ်သည်
သူသည် လူတို့၏တစ်ပါးတည်းသော ကယ်တင်ရှင်အဖြစ်
ပေါ်ထွန်းခြင်းလည်းဖြစ်သည်
သူသည် လူတို့ကိုကယ်တင်ရန်နှင့် သန့်ရှင်းစေ ရန် သမ္မာတရားကို ဖော်ပြ၊
သူမှတစ်ပါး အခြားသောကယ်တင်ခြင်းမရှိပြီ။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် သိုးသူငယ်တော် ဖြစ်၏။
သူသည် စာစောင်ကိုဖြန့်လျက် တံဆိပ်ခုနှစ်ခုကို ဖွင့်ပြီ
၃
လူ့ဇာတိခံယူသောအနန္တတန်ခိုးရှင် ဘုရားသည်
ဘုန်းကြီးသောရှင်ဘုရင်ဖြစ်သည်
သူသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး
နိုင်ငံတော်ခေတ်ကိုယူဆောင်လာပြီ
သူပြောသောစကားတော်သည် လျှပ်စီးကဲ့သို့ဖြစ်၍၊
အရှေ့အရပ်မှလင်းလက်ကာ
အနောက်အရပ်ဆီသို့ တောက်ပနေ တောက်ပနေ
အနန္တတန်ခိုးရှင်ဘုရားသခင်သည် စစ်မှန်သောအလင်း
လူမျိုး အမျိုးနွယ် အားလုံး သူ၏အလင်းတော်၌ချီတက်ကြ ချီတတ်ကြသည်
၎
လူ့ဇာတိခံယူသောအနန္တတန်ခိုးရှင် ဘုရားသည်
ဘုန်းကြီးသော ရှင်ဘုရင်ဖြစ်သည်
သူသည် စာတန်ကိုအောင်နိုင်ပြီး၊ ရှင်ဘုရင်ဖြစ်ကာ အစဉ် ထာဝရစိုးစံ
ကျွန်ုပ်တို့ သည် လည်းဖန်ဆင်းခံများဖြစ်ကာ
ကျွန်ုပ်တို့၏ နေရာများတွင် နေထိုင်ကြမည်၊
ဖြစ်ခဲ့၊ ဖြစ်နေ၊ ဖြစ်လာဦးမယ့် အနန္တတန်ခိုးရှင် ဘုရားသခင်ကိုကိုးကွယ်
အနန္တတန်ခိုးရှင်ဘုရားသခင်သည် စစ်မှန် တစ်ဆူတည်းသောဘုရား။
ချီးမွမ်းခြင်း၊ ဂုဏ်ပြုခြင်း ဘုန်းကြီးခြင်းနှင့်
အစိုးပိုင်သောခွင့်အားလုံး ကိုယ်တော်၌ဖြစ်စေ၊
ကိုယ်တော်၌ဖြစ်စေ၊ ကိုယ်တော်၌ဖြစ်စေ ကိုယ်တော်၌သာ ရှိစေ။