၃၂ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ကိုးကွယ်
၁ သမ္မာတရားကို ဖော်ပြဖို့နှင့် လူကို တရားစီရင်ကာ သန့်စင်စေဖို့ နောက်ဆုံးသောကာလတွင် ဘုရားသခင် လူ့ဇာတိခံပြီ။ ထက်သော ဓါးတစ်စင်းကဲ့သို့ ကိုယ်တော်၏ နှုတ်ကပတ်တော်များက စာတန်အားဖြင့် လူသား၏ နက်ရှိုင်းသော ဖောက်ပြန်ပျက်စီးမှု အမှန်တရားကို ပြသရင်း ကျွန်ုပ်တို့ နှလုံးသားများနှင့် စိတ်ဝိညာဉ်တို့ကို ထိုးဖောက်သည်။ ကျွန်ုပ်တို့မှာ သဘာဝအားဖြင့် မာနထောင်လွှားသည်၊ စိတ်ကြီးဝင်သည်၊ ကောက်ကျစ်သည်၊ လှည့်ဖြားတတ်သည်၊ တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးပေသည်။ ကျွန်ုပ်တို့၏ အသိတရား၊ အသိစိတ်နှင့် ဂုဏ်သိက္ခာတို့ ဆုံးရှုံးခဲ့ရသည်၊ ကျွန်ုပ်တို့ လူဆန်ခြင်း ကင်းမဲ့သည်။ ကျွန်ုပ်တို့ မြေပေါ် ကျွန်ုပ်တို့ ဦးညွှတ်ကာ၊ နောင်တဖြင့် ပတ်ချာဝိုင်းပြီး ဘုရားသခင်ထံ ဝန်ခံကာ ဝန်ချတောင်းပန်ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို သိမ်းပိုက်ကာ သန့်စင်စေသည်။ သမ္မာတရားကို နားလည်ခြင်းဖြင့်၊ ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထားများကို ကျွန်ုပ်တို့ ဖယ်ရှားကြသည်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်ပါ၏။ စာတန်၏ စွမ်းအားမှ ကိုယ်တော် ကျွန်ုပ်တို့ကို ကယ်တင်သည်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ကိုးကွယ် ပါ၏။
၂ လူ့ဇာတိခံ ဘုရားသခင်က လူကို ကယ်တင်ဖို့ အလွန်ကြီးမားသော အရှက်ကို ခံစားရပေပြီ။ များစွာသော နှိပ်စက်ညှင်းပန်းခြင်းနှင့် ဆင်းရဲဒုက္ခများ၊ များစွာသော လှောင်ခြင်းနှင့် အသရေဖျက်ခြင်းများစွာတို့ကို သူ တိတ်ဆိတ်စွာ သည်းခံပြီ။ ကွယ်ဝှက်ကာ နှိမ့်ချပြီး၊ လူတို့ကို ကိုယ်တိုင်ကိုယ်ကျ ရေလောင်းကာ၊ ထောက်ပံ့ပြီး ဦးဆောင်လေသည်။ ဘဝ၌ ကျွန်ုပ်တို့၏ ကြီးထွားတိုးတက်မှုနှင့် ပတ်သက်ပြီး ပူပန်မှုနှင့် စိုးရိမ်မှုများစွာ သူ ခံစားရပေပြီ။ ကျွန်ုပ်တို့၏ ပုန်ကန်မှုကို သူ စိတ်ရှည်ရှည် သည်းခံပြီး၊ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ အစွမ်းကုန် သူလုပ်ဆောင်သည်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့က ကျွန်ုပ်တို့၏ စိတ်နှလုံးများအတွင်း အမြစ်တွယ်လေပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်၏ ကွယ်ဝှက်မှုနှင့် နှိမ့်ချမှုတို့က အလွန်ချစ်ဖွယ်ကောင်းပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့၏ အသက်ဖြစ်လာပြီ၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်ပါ၏။ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ ချီးမွမ်းကာ ကိုးကွယ်ပါ၏။
၃ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာက ကောင်းကင်ကို ကျော်လွန်ပြီး အားလုံးဖို့ ဉာဏ်မမှီနိုင်ဖွယ်ဖြစ်ပေ။ သူ၏ လူတို့ကို သူစုံလင်ခြင်းစေခြင်းအား အသုံးချဖို့ အသုံးခံတစ်ခုအဖြစ် အဆင်းနီသော နဂါးကြီးကို ကိုယ်တော် အသုံးပြုပေ။ အခက်အခဲ၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် နာကျင်မှုတို့ကို တွေ့ကြုံပြီးသည့်နောက်၊ နတ်ဆိုးဘုရင်၏ စရိုက်မှန်ကို ကျွန်ုပ်တို့ ရှုမြင်ရပေ။ ဆိုးယုတ်ရက်စက်သော စီစီပီကို ကျွန်ုပ်တို့ စက်ဆုပ်ကာ၊ သေသည်အထိ ဘုရားသခင်ကို သစ္စာရှိပြီး သူ့ကို သက်သေခံကြမည်။ ဤဆိုးယုတ်သော ခေတ်တွင်၊ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်မှာ ကျွန်ုပ်တို့ သေချာသည်။ သိုးသငယ်၏ ခြေလှမ်းများနောက် ကျွန်ုပ်တို့ လိုက်ကာ ဘုရားသခင်၏ ဖြောင့်မတ်ပြီး သန့်ရှင်းသည့် စိတ်သဘောထားကို ထာဝရ သက်သေခံကြမည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်၏ အမှုတော်သည် ဉာဏ်ပညာရှိပေ၊ အနန္တတန်ခိုးရှိပြီး အလွန် အံ့ဖွယ်ဖြစ်ပေ။ အောင်မြင်သောသူ အုပ်စုတစ်စုကို ကိုယ်တော် ပြုလေပြီ၊ စာတန်ကို ကိုယ်တော် အနိုင်ယူကာ ဘုန်းအသရေကို ရရှိလေပြီ။ ကိုယ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကာ၊ ကျွန်ုပ်တို့ ထာဝရ ကိုယ်တော့်ကို ချီးမွမ်းပါမည်။