၆၄ ဘုရားသခင်ရဲ့စစ်မှန်တဲ့မေတ္တာ
၁
ဒီနေ့မှာ ဘုရား၏မျက်မှောက်တော် ရှေ့၌ ကျွန်ုပ်ရပ်လျှက်
ကယ်တင်ရှင်ဘုရားရဲ့ မြတ်နိုးဖွယ် မျက်နှာတော်ကို
မြင်တွေ့တဲ့အခါ ကျွန်ုပ်နှလုံးသားမှာ ပြောစရာများစွာရှိ
ချည်နှောင်မှုနှင့် ဘာသာရေးပွဲများ၏ ထိန်းချုပ်မှုမှလွတ်မြောက်တယ်။
နှုတ်ကပတ်တော်သည် ကျေးဇူးတော်အားဖြင့် ဝမ်းမြောက်ရွှင်လန်းစေသည်။
ကျွန်ုပ်ကိုကြီးပြင်းရန် ရေလောင်း အာဟာရပေး
ဘုရားရဲ့ညင်သာတဲ့ နှုတ်ကပတ်တော်တွေပါ။
ကျွန်ုပ်ပြန်ထဖို့ရန် ခွန်အားတွေကိုပေး
ဘုရားရဲ့ တင်းကျပ်သော နှုတ်ကပတ်တော်တွေပါ။
ဘုရားသခင်၊ ကိုယ်တော်ရဲ့ကောင်းချီးမင်္ဂလာကြောင့်
ချီးမွမ်းရင်းနှင့် ဘုရားကို သီဆိုမယ်
ကျွန်ုပ်တို့ကို ဘုရားကမြှင့်တင်ခဲ့လို့ ကျွန်ုပ်တို့ဘုရားကိုဒီနေ့ချီးမွမ်းတယ်။
ကျွန်ုပ်တို့ကိုချစ်သော စစ်မှန်သောအနန္တတန်ခိုးရှင်ဘုရား
ကျွန်ုပ်တို့ဘုရားကိုချစ်တယ် အိုဘုရားသခင် ကျွန်ုပ်တို့အမှန်ပင်ချစ်တယ်
၂
ဘုရားသခင်၊ ကိုယ်တော့်နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့နေ့စဉ်နှစ်သက်ပါရစေ။
ကိုယ်တော် ကျွန်ုပ်တို့ကို နေ့စဉ်နှင့် အမျှ အလင်းဆောင်စေတယ်။
ကိုယ်တော် ကျွန်ုပ်တို့ကို သမ္မာတရားကိုနားလည်စေပြီးသန့်စင်စေခဲ့။
ကိုယ်တော် ကျွန်ုပ်တို့ကို မာရ်နတ်ရဲ့သြဇာလွှမ်းမိုးမှုမှ ရွေးနုတ်ခဲ့သည်။
ညီအစ်ကိုမောင်နှမတို့ ထ၍ချီးမွမ်းကြလော့
အားလုံးအတူဆုံတဲ့အချိန်လေး မြတ်နိုးတန်ဖိုးထား
ဇာတိသဘော ဝန်ထုပ်များမှ လွတ်မြောက်စေပါ။
ဘုရားအတွက် တို့မေတ္တာကို လက်တွေ့ပြကြ။
ကျွန်ုပ်တို့ရဲ့တာဝန်ကို စိတ်ရောကိုယ်ပါ ထမ်းရွက်ကြစို့။
အနန္တတန်ခိုးရှင်ဘုရားကို ကျွန်ုပ်တို့ချစ်တယ်
ကိုယ်တော်နှင့် ဘယ်တော့မှ မခွဲပါ
အနန္တတန်ခိုးရှင်ဘုရားကို ကျွန်ုပ်တို့ချစ်တယ်
ကိုယ်တော်နှင့် ဘယ်တော့မှ မခွဲပါ