၁၉၄ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သန့်စင်ခံရခြင်း
၁ ကျွန်ုပ်နောင်တရကာ ပြောင်းလဲခဲ့ပြီးဖြစ်သည်ဟု တွေးထင်လျက်၊ သခင့်ကို နှစ်များစွာ ကျွန်ုပ်ယုံကြည်ခဲ့ပြီး လိမ္မာခဲ့သည်။ အလုပ်အနည်းငယ် လုပ်ဆောင်ပြီးနောက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် တောင်းလျှောက်ခဲ့သည်။ ယင်းက လုံးဝ မှန်ကန်ပြီး သင့်တင့်လျောက်ပတ်သည်ဟု ကျွန်ုပ် တွေးထင်ခဲ့သည်။ ဓမ္မပညာဆိုင်ရာ အသိပညာနှင့် အယူအဆတို့ကိုသာ ကျွန်ုပ် ဟောပြောပြီး သမ္မာတရားကို ကျွန်ုပ် ပိုင်ဆိုင်သည်ဟု ထင်ခဲ့။ ဘုရားနှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်းခံရကာ ပြစ်တင်ဆုံးမခြင်းခံခဲ့ရပြီးသည့်နောက်မှသာ ကျွန်ုပ် အမြင်မှန် ရခဲ့ပေ။ သမ္မာတရားနှင့် အသက်နှင့်သက်ဆိုင်သည့် နားလည်မှု စိုးစဉ်းမျှ ကျွန်ုပ်၌ မရှိခဲ့။ အလုပ်လုပ်ခြင်း၊ ဆင်းရဲဒုက္ခခံစားခြင်းနှင့် အဖိုးအခကို ပေးခြင်းတို့အတွက် အပြန်အလှန်အားဖြင့် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာကို ရရှိဖို့ကိုသာ ကျွန်ုပ် လိုချင်ခဲ့သည်။ သခင့်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဘယ်သောအခါမျှ လက်တွေ့ မလုပ်ဆောင်၊ မတွေ့ကြုံခဲ့သော်လည်း သခင့်၏ ချီးမွမ်းခြင်းကို ရရှိချင်ဆဲဖြစ်ခဲ့သည်။ သို့သော် ယခုတွင် ကျွန်ုပ်၏ အယူအဆများနှင့် စိတ်ကူးများက ကျွန်ုပ်ကို မျက်ကန်းဖြစ်စေခဲ့သည်ကို ကျွန်ုပ် နားလည်ရသည်။ ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ကယ်တင်ခြင်းတို့ကြောင့်သာ မဟုတ်ခဲ့ပါက၊ အမှောင်ထဲတွင် ကျွန်ုပ် အသက်ရှင်နေဆဲ ဖြစ်ပါလိမ့်မည်။
၂ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရားဖြစ်ပေ။ ၎င်းတို့က ကျွန်ုပ်၏ စိတ်နှလုံး အတွင်းကျကျ အရှိုက်ထိစေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းအားလုံး မှန်ပေသည်။ ကျွန်ုပ်၏ မျက်နှာကို အရှက်ရခြင်းတွင် ကွယ်ဝှက်စရာနေရာ မရှိပေ။ ကျွန်ုပ်၏ သဘာဝမှာ လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်သည်၊ သခင့်ကို ဆုလာဘ်များအတွက်သာ ကျွန်ုပ် ယုံကြည်ခဲ့ပေ။ သခင့်ကို ကျွန်ုပ်မည်မျှချစ်ကြောင်း ပြောဆိုခဲ့သော်လည်း ကျွန်ုပ်၏ စိတ်နှလုံးက လောကနှင့် အသွေးအသား ပျော်မွေ့မှုကို ချစ်ခဲ့သည်။ ကျွန်ုပ် ကောင်းကောင်း ပြုမူနေထိုင်ပုံပေါ်သော်လည်း၊ ကျွန်ုပ်၏ စိတ်နှလုံးက ဆိုးယုတ်သော စိတ်သဘောထားများဖြင့် ပြည့်ခဲ့ပေ။ ရာထူးအဖို့အလို့ငှာ ကျွန်ုပ် အလုပ်လုပ်ပြီး တရားဟောခဲ့ကာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း လုံးလုံးမျှ မရှိခဲ့ပေ။ ကျွန်ုပ်၏ စကားနှင့် လုပ်ရပ်တိုင်းမှာ ဘာသာရေး ထုံးတမ်းဓလေ့များကို ဆောင်ရွက်ခြင်းဖြစ်ကာ သမ္မာတရားနှင့် ဘာမျှ မသက်ဆိုင်ပေ။ ကျွန်ုပ် အလွန်ဖောက်ပြန်ပျက်စီးခဲ့သည်၊ တရားစီရင်ပြီး သန့်စင်မခံရဘဲနှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ် အဘယ်သို့ ဝင်ရောက်ဖို့ ထိုက်တန်နိုင်မည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်အတွက် ကိုယ်တော်၏ ကယ်တင်ခြင်း ဖြစ်သည်ကို ယခု ကျွန်ုပ် နားလည်ရသည်။
၃ အရာအရာကို ဘုရားသခင် အုပ်စိုးပြီး အခြေအနေအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားပေသည်။ နေ့တိုင်း သင်ယူစရာများစွာ ရှိလေ။ နေ့တိုင်း ဘုရားသခင်၏ မျက်မှောက်တော်ထဲတွင် အသက်ရှင်ရင်း၊ ဘုရားသခင်ရှေ့မှောက်တွင် ကျွန်ုပ်၏ စိတ်နှလုံးကို ငြိမ်သက်စေကာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုသည်။ ကျွန်ုပ်၏ တာဝန်ကို ဆောင်ရွက်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရင်း၊ ကျွန်ုပ်များစွာ ချို့တဲ့သည်ကို မြင်ရပေ။ ကျွန်ုပ်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းကို ပြန်လည်သုံးသပ်ရင်း၊ ကျွန်ုပ် ပုံမှန် လူ့သဘာဝ အသက်ရှင်မနေထိုင်သည်ကို တွေရပေ။ တရားစီရင်ခြင်း၊ စမ်းသပ်ခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း တို့မှတဆင့်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မြည်းစမ်းရ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တကယ့်ဘဝထဲ ကျွန်ုပ် ယူဆောင်သည်၊ အရာခပ်သိမ်းတွင် သမ္မာတရားကို ကျွန်ုပ် ရှာဖွေသည်။ ကျွန်ုပ်၏ လက်တွေ့ကျသည့် အတွေ့အကြုံများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် စကားလုံးတိုင်းက သမ္မာတရားဖြစ်သည်ကို ကျွန်ုပ် မြင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ကိုယ် ပြုမူရင်း၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြည်းညင်းစွာ သန့်စင်ခံရပေ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအားဖြင့် ကျွန်ုပ် ဘုရားသခင် ရှေ့မှောက်၌ ရှင်သန်သည်။