၈၆။ ကျွန်မ၏ မိသားစုကို မည်သူက အမှန်တကယ် ပြိုကွဲစေခဲ့သနည်း
ကျွန်မက ကျောင်းဆရာမဖြစ်ပြီး၊ ကျွန်မယောက်ျားက အင်ဂျင်နီယာပါ။ အိမ်ထောင်ရေးတစ်လျှောက်မှာ ကျွန်မတို့ ဆက်ဆံရေး ကောင်းခဲ့တယ်။ ပြီးတော့ ကျွန်မတို့သမီးလေးက တော်ပြီး လိမ္မာတယ်။ မိတ်ဆွေနဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးက ကျွန်မတို့ကို လေးစားကြတယ်။ ဒီလိုနဲ့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တဲ့အခါ ကျွန်မတို့ ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်၊ ကယ်တင်ဖို့ သမ္မာတရားတွေအများကြီး ဖော်ပြခဲ့တာကို သိရတယ်။ ယုံကြည်ခြင်းရှိတာ၊ နှုတ်ကပတ်တော် ဖတ်တာ၊ သမ္မာတရား ရတာ၊ အပြစ်နဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို စွန့်တာက ကပ်ဘေးတွေတစ်လျှောက် ဘုရားရဲ့ ကွယ်ကာမှုခံရပြီး၊ နောက်ဆုံးမှာ သူ့နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတာပေါ့။ ကျွန်မတို့ တစ်ဦးစီအတွက် ကျွန်မတို့ အသက်က ဘုရားဆီက လာပြီး၊ ကျွန်မတို့ ပိုင်သမျှကို ဘုရားပေးထားတာ ဖြစ်မှန်းလည်း သိခဲ့ရတယ်။ ဖန်ဆင်းခံတွေအနေနဲ့၊ ကျွန်မတို့ ကိုယ့်တာဝန်ကို လုပ်သင့်တယ်။ နောက်ပိုင်းမှာ၊ ကျွန်မ ဧဝံဂေလိ ဝေမျှပြီး လူသစ်တွေကို စရေလောင်းတယ်။ နေ့တိုင်း အရမ်းကျေနပ်စရာဖြစ်ခဲ့တယ်။ ကျွန်မ ယုံကြည်သူဖြစ်လာကတည်းက၊ မျက်နှာက အမြဲပြုံးနေတာကို ယောက်ျားက သတိပြုမိပြီး ဝမ်းသာအားရနဲ့ ကျွန်မကို ပြောတယ်။ “အရင်က မင်း တစ်နေ့တာ အလုပ်လုပ်ပြီးသွားတော့ လုံးဝ ပင်ပန်းသွားပြီး ငါ စိုးရိမ်ခဲ့ရတယ်။ ယုံကြည်သူအနေနဲ့ မင်းက နေ့တိုင်း အလုပ်များပေမဲ့၊ ပိုအဆင်ပြေသထက် ပြေလာနေတယ်။ ယုံကြည်ခြင်းရှိတာ သိပ်ကောင်းမှန်း သိသာတယ်”တဲ့။ ဒါပေမဲ့ ကောင်းတဲ့အရာက ရေရှည်မခံဘူး။ မကြာခင်မှာ ကျွန်မကို သူ စဖိနှိပ်ပြီး ကျွန်မရဲ့ ယုံကြည်ခြင်းကို တားခဲ့တယ်။
၂၀၀၇ ခုနှစ် မေလ ရက်တစ်ရက်မှာ၊ သူက အလုပ်က အိမ်ပြန်လာပြီး၊ ဝင်လာတာနဲ့ မျက်နှာထားတင်းတင်းနဲ့ ပြောတယ်။ “ဒီနေ့ သူဌေးက ဌာနဆိုင်ရာတိုင်းက အလုပ်သမားတွေအတွက် အထွေထွေအစည်းဝေးခေါ်ပြီး ပြောတယ်၊ လတ်တလော နှစ်တွေမှာ၊ ပါတီကို ထိတ်လန့်စေတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတွေ ပိုပိုများလာတယ်တဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အဓိကနိုင်ငံတော် ပစ်မှတ်အနေနဲ့ စာရင်းသွင်းထာပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ယုံကြည်သူအားလုံး ကွန်မြူနစ်ပါတီက ဖမ်းတာ ခံရတယ်။ အဲဒါ ပြည့်သူ့ ဝန်ထမ်းတွေအတွက်က ပိုဆိုးတယ်။ ယုံကြည်သူဖြစ်မှန်း သိရတဲ့သူ၊ မိသားစုဝင်က အဲဒီအသင်းတော်ကမှန်း သိရတဲ့သူ ဘယ်သူမဆို ခြွင်းချက်မရှိ အထုတ်ခံရမယ်။ မင်းကျောင်းက ဘယ်သူကမှ မင်းရဲ့ ယုံကြည်ခြင်းအကြောင်းကို မသိသေးတော့၊ အရမ်းနောက်မကျခင် လက်လျှော့လိုက်။ မင်းရဲ့ အထက်လူကြီးက သိရင် မင်း အထုတ်ခံရလိမ့်မယ်”တဲ့။ ကျွန်မ တွေးနေမိတယ်။ ယုံကြည်ခြင်းရှိတာ မှန်တဲ့လမ်းကြောင်းဖြစ်ပြီး၊ ဘာဥပဒေမှ မချိူးဖောက်ဘူးလေ၊ ဒီတော့ ပါတီက ကျွန်မကို ဘာလို့ တားဆီးတာလဲပေါ့။ အဲဒါနဲ့ သူ့ကို ပြောလိုက်တယ်။ “တရုတ်က WTO ကို ပူးပေါင်းတဲ့အချိန်မှာ၊ တရုတ်နိုင်ငံမှာ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိတယ်လို့ ကြေငြာခဲ့တာ မဟုတ်လား။ အခု ဘာလို့ ဖိနှိပ်တာလဲ။ ကျွန်မရဲ့ ယုံကြည်ခြင်းက ဘာမှားလို့လဲ”ပေါ့။ သူ အရမ်းဒေါသထွက်သွားပြီး ပြန်ပြောတယ်။ “ယုံကြည်ခြင်းရှိတာ ကောင်းမှန်း ငါသိတယ်။ ဒါပေမဲ့ ပါတီက ခွင့်မပြုတော့ ငါတို့ ဘာလုပ်နိုင်မှာလဲ။ နံရံကို ခေါင်းနဲ့ သွားတိုက်လို့ မရဘူးလေ။ ယုံကြည်ခြင်း ဆက်ထားရင်၊ အချိန်မရွေး မင်း အဖမ်းခံရပြီး ထောင်ချခံရနိုင်တယ်။ မင်း အဖမ်းခံရရင်၊ ငါတို့ မိသားစု ပျက်စီးသွားမှာ မဟုတ်လား။ ဒီမိသားစုအတွက် မင်းရဲ့ယုံကြည်ခြင်းကို စွန့်မှဖြစ်မယ်”တဲ့။ အဲဒါကို သူ့ဆီက ကြားရတော့ ကျွန်မ မခံမရပ်နိုင် ဖြစ်မိတယ်။ ဘုရားကို မယုံကြည်အောင် လူတွေကို တားဖို့ အားထုတ်တဲ့နေရာမှာ ပါတီက လူတွေကို ဖိနှိပ်ဖို့ အထက်လူကြီးတွေ သုံးမယ်ဆိုတာ ကျွန်မ စိတ်မကူးမိခဲ့ပေမဲ့၊ ကျွန်မယောက်ျားက ရုတ်တရက် စိတ်ပြောင်းသွားတော့ ကျွန်မ နားလည်သွားတယ်။ ကျွန်မတွေးမိတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းအကြောင်းကို ပါတီက သိသွားရင် ကျွန်မကို အလွတ်ပေးပါ့မလားပေါ့။ တရုတ်နိုင်ငံမှာ ယုံကြည်သူဖြစ်ဖို့ ဘာလို့ အရမ်းခက်ရတာလဲ။ ဒီလိုနဲ့ တစ်ခါက အစ်မတစ်ယာက် ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရသွားတယ်။ “အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်— သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) သူ မိတ်သဟာယပြုခဲ့တာကိုလည်း သတိရမိတယ်။ “ကွန်မြူနစ်ပါတီက ဘုရားမဲ့ ပါတီပဲ။ ဘုရားကို မုန်းပြီး ဆန့်ကျင်တယ်။ ကွန်မြူနစ်ပါတီ အုပ်စိုးတဲ့ နိုင်ငံမှာ ရှိတဲ့ ယုံကြည်သူတွေအနေနဲ့ ဖိနှိပ်ခံရပြီး အရှက်ခွဲခံရဖို့ သေချာတယ်။ တစ်ခါက သခင်ယေရှု ပြောခဲ့တယ်။ ‘ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။’ (ရှင်မဿဲခရစ်ဝင် ၅:၁၀) ဘုရားက လူတွေရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ ဖိနှိပ်တဲ့ ပတ်ဝန်းကျင်ကို သုံးတယ်။ အဲဒီလို ဖိနှိပ်တတ်တဲ့ နာကျင်စရာ ပတ်ဝန်းကျင်မျိုးမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တာကို ဘုရား သဘောအကျဆုံးပဲ”တဲ့။ ဒါကကျွန်မကို ယုံကြည်ချက်ပေးခဲ့တယ်။ ပါတီရဲ့ ဖိနှိပ်မှုကြောင့် ကျွန်မ လက်လျှော့လို့ မဖြစ်မှန်း သိခဲ့တယ်။ ကျွန်မယောက်ျားက ကျွန်မကို ဘယ်လို တားဆီးပါစေ၊ ယုံကြည်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။
အချိန်အတော်ကြာတဲ့အထိ သူတို့က နေ့တိုင်းနီးပါး အလုပ်မှာ အစည်းအဝေးတွေရှိတယ်၊ ဝန်ထမ်းတွေ၊ မိသားစုဝင်တွေထဲမှာ ယုံကြည်သူ ရှိလို့မဖြစ်ဘူးလို့ အလေးပေးပြောကြတယ်။ ကျွန်မယောက်ျား အိမ်ပြန်လာပြီး၊ အယူအဆပိုင်းနဲ့ ပတ်သက်လို့ နေ့တိုင်းနီးပါး ကျွန်မကို ဩဝါဒပေးတယ်။ တစ်ညနေ စုဝေးပွဲကနေ ကျွန်မ အိမ်ပြန်ရောက်တော့၊ စိုးရိမ်တဲ့ပုံနဲ့ သူက ပြောတယ်။ “မင်း နောက်ထပ် စုဝေးပွဲ သွားတယ်ပေါ့။ စုးဝေးပွဲတွေ သွားလို့မရဘူးလို့ ငါ မင်းကို ဘယ်နှစခါ ပြောပြီးပြီလဲ။ ဘာလို့ နားမထောင်တာလဲ။ ပါတီက ဘာသာတရားကို ပိတ်ပင်တာ ကို မင်းမသိတာလည်း မဟုတ်ဘူး။ ပါတီက အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူ ဘယ်သူကိုမဆို လွယ်လွယ်နဲ့ သက်ညှာမှာ မဟုတ်ဘူးလို့ ငါတို့ သူဌေးက အကြိမ်ကြိမ် ပြောခဲ့တယ်။ ဒီလို အရေးကြီးတဲ့ အချိန်မှာ မင်းရဲ့ ယုံကြည်ခြင်းကို ထိန်းသိမ်းတာက ဒုက္ခရှာနေတာ မဟုတ်ဘူးလား”တဲ့။ ကျွန်မ ပြောလိုက်တယ်။ “ယုံကြည်ခြင်း ရှိတာက ဘာဥပဒေကိုမှ မချိုးဖောက်ဘူး။ အဲဒါကို ခွင့်မပြုဖို့ ပါတီမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ”လို့ပေါ့။ သူက ပြန်ပြောတယ်။ “ဥပဒေကို မင်း ချိုးဖောက်လား၊ မချိုးဖောက်ဘူးလားဆိုတာကို ပါတီက ဂရုမစိုက်ဘူး၊ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတွေကို နိုင်ငံရေး ရာဇဝတ်သားတွေလို့ သတ်မှတ်ထားတယ်။ ယုံကြည်ခြင်းအတွက် ပါတီဖမ်းတာကို မင်းခံရရင်၊ မင်းရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးရုံမက၊ အသက်အန္တရာယ်လည်း ရှိမယ်။ မင်းမိသားစုလည်း အမှုပတ်သွားမှာ”တဲ့။ ကျွန်မယောက်ျားကို ပြောလိုက်တယ်။ “ပါတီက ဘုရားကို ဆန့်ကျင်တာ ရှင်ကောင်းကောင်း သိပေမဲ့၊ ကျွန်မကို တားဆီးရင်းနဲ့ သူတို့ဘက်မှာ ရှင်နေတယ်။ အပြစ်ပေးခံရမှာ မကြောက်ဘူးလား” ပေါ့။ သူက ချိုးချိုးဖဲ့ဖဲ့ ပြောတယ်။ “အပြစ်ပေးတာက အရေးမကြီးဘူး။ အခြေအနေအချိန်အခါကို နားလည်ဖို့ အရေးကြီးတယ်။ ကွန်မြူနစ်ပါတီက အခု အာဏာရနေတာ။ ဒါကြောင့် သူတို့ အုပ်စိုးမှုအောက်မှာ အသက်ရှင်ကျန်ချင်ရင်၊ သူတို့ ပြောတာကို လုပ်ရမယ်မဟုတ်လား။ ငါက ငွေကို ပါတီဆီကနေ ရနေတာဖြစ်လို့၊ သူတို့ကိုယ်စား ပြောဆို၊ ဆောင်ရွက်ရမှာပဲ။ မင်းလည်း ပါတီအောက်မှာ အလုပ်လုပ်ပြီး လစာရနေတာဆိုတော့ ပါတီအစား ဘုရားနောက်ကိုလိုက်ရင် ဘာလို့ သူတို့က မင်းကို သက်ညှာပေးမှာလဲ။ ဘာက အန္တရာယ်ရှိတယ်ဆိုတာကို မင်း သိရမယ်။ ပါတီနဲ့ သွားမလား၊ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သွားမလား။ ဒီနေ့ မင်း ရွေးရမယ်”တဲ့။ အဲဒီတုန်းက တကယ်ကို ဒွိဟဖြစ်နေခဲ့တာ။ ယုံကြည်ခြင်းကို ထိန်းသိမ်းဖို့ ဆုံးဖြတ်လိုက်ရင်၊ အချိန်မရွေး အထက်လူကြီးက သိသွားနိုင်တယ်။ အဲဒါဆိုရင် ကိုယ့်ရာထူး ဆုံးရှုံးပြီး၊ ရဲတွေဖမ်းတာ ခံရနိုင်တယ်။ ကျွန်မရဲ့အလုပ်ရှိခဲ့တာ ဆယ်စုနှစ်တစ်စု ကျော်ပြီလေ။ အဲဒီအချိန်ထိ အလုပ်ကြိုးစားခဲ့ပြီး အလယ်တန်းပြ ကျောင်းဆရာမအနေနဲ့ ရာထူးတိုးခဲ့တယ်။ ကျောင်းသားတွေရဲ့ လေးစားတာ၊ သူတို့ မိဘတွေရဲ့ ရိုသေမှု၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အားကျမှုနဲ့ အထက်လူကြီးရဲ့ အသိအမှတ်ပြု၊ လက်ခံတာတွေကို ရခဲ့တယ်။ သွားတဲ့နေရာတိုင်းမှာ၊ အမျိုးတွေ၊ မိတ်ဆွေတွေက ကောင်းကောင်း ဆက်ဆံကြတယ်။ ကျွန်မရဲ့ အလုပ်ဆုံးရှုံးသွားရင်၊ မိသားစုကနေ ပစ်ပယ်မှု၊ တခြားလူတွေရဲ့ လှောင်ပြောင်မှုနဲ့ လုပ်ဖော်ကိုင်ဖက်တွေက အထင်သေးတာတွေကို ရင်ဆိုင်ရမှာ။ အဲဒီလိုဖြစ်ရင် ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်း ပျက်စီးမှာကို ကြောက်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်မတွေးမိတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့အမှုရဲ့ နောက်ဆုံးအဆင့်ပဲ။ ဖောက်ပြန်ပျက်စီးခြင်းက လွတ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဘုရားရဲ့ တရားစီရင်၊ သန့်စင်ပေးခြင်းကို ကြုံဖို့ပဲ။ အဲဒါဆိုရင် ဘုရားရဲ့ ကွယ်ကာမှုအောက်မှာ ကပ်ဘေးတွေကို ရှင်သန်နိုင်ပြီး လှပတဲ့ ခရီးပန်းတိုင်ဆီ ခေါ်သွားခံရနိုင်တယ်။ အဲဒီအခွင့်အရေးကို လွဲတာက ရာသက်ပန် နောင်တဖြစ်သွားလိမ့်မယ်”ပေါ့။ ဘုရားပြောတဲ့ အရာတစ်ခုကို တွေးမိတယ်။ “အကယ်၍ သင်သည် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိပါက၊ ဂုဏ်ယူစရာ နာမည်ဂုဏ်သတင်း ရှိပါက၊ အလျှံပယ်သော အသိပညာ ပိုင်ဆိုင်ပါက၊ ပေါများသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ ဖြစ်ပြီး၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသော်လည်း၊ ဤအရာများက ဘုရားသခင်၏ ခေါ်ခြင်းနှင့် သူ၏တာဝန်ပေး စေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ သင့်ကို မတားဆီးပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ အဖြောင့်မတ်ဆုံး တာဝန် ဖြစ်လိမ့်မည်။ သင်သည် အဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဘုရားသခင်၏ ခေါ်ခြင်းကို ငြင်းပယ်ပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားနှုတ်ကပတ်တော်ကို တွေးမိတော့ စိတ်နှလုံး အားတက်သွားတယ်။ ယုံကြည်ခြင်းရှိတာ၊ သမ္မာတရား လိုက်စားပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်တာက တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိတဲ့ တစ်ခုတည်းသော အရာပဲ။ ဒါပေမဲ့ ယုံကြည်ခြင်းနဲ့ အလုပ်ကြား ရွေးချယ်မှုနဲ့ ရင်ဆိုင်ရတော့၊ ကျွန်မက နာမည်နဲ့ အဆင့်အတန်းရဲ့ ကန့်သတ်တာ ခံရတယ်။ ယုံကြည်ခြင်းကြောင့် ကွန်မြူနစ်ပါတီက ကျွန်မအလုပ်ကို သိမ်းသွားမှာ စိုးခဲ့တယ်။ အဲဒါက ကျွန်မရဲ့နာမည်ဂုဏ်သတင်းကို ဖျက်ဆီးမှာလေ။ ကျွန်မအတွက် အရေးကြီးတာက အလုပ်နဲ့ နာမည်ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီအရာတွေက ကျွန်မကို ဘာလုပ်ပေးနိုင်လဲ။ ကျွန်မရဲ့ မာနအတွက် ခဏတာ အားရကျေနပ်မှုကိုပဲ ယူပေးနိုင်တယ်။ သမ္မာတရားရဖို့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားဖို့ လုံးဝ မကူညီပေးဘူး။ တခြားလူတွေရဲ့ လေးစားမှုခံရတာ ဘာအဓိပ္ပာယ်ရှိလို့လဲ။ ပြီးတော့ ကွန်မြူနစ်ပါတီက ဘုရားအတွက် ရန်သူဖြစ်မှန်း ကျွန်မ သိခဲ့တယ်။ ကိုယ့်အလုပ်ကို ဖက်တွယ်ပြီး အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်း ကောင်းကို မွေ့လျော်ဖို့၊ ပါတီရဲ့ အုပ်စိုးမှုအောက်မှာ ယုတ်ညံ့တဲ့ ဖြစ်တည်မှုနဲ့ အသက်ရှင်ရင်း ကိုယ့်ယုံကြည်ခြင်းကို စွန့်လိုက်ရင်၊ အဲဒါ ဘုရားကို သစ္စာဖောက်တာ ဖြစ်မှာ မဟုတ်လား။ ကျွန်မ အဲဒီလိုလူစားမျိုး ဖြစ်လို့မဖြစ်ဘူး။ ဒါကြောင့် အရမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ ယောက်ျားကို ပြောလိုက်တယ်။ “ယုံကြည်ခြင်းကို ကျွန်မလုံးဝ စွန့်မှာမဟုတ်ဘူး”ပေါ့။ သူက ကျွန်မကို တည့်တည့်ကြည့်ပြီး မျက်နှာတင်းတင်းနဲ့ ပြောတယ်။ “ယုံကြည်ခြင်းကို မင်းဆက်ထိန်းရင်၊ မင်းကို ငါ ရဲဆီတိုင်ပြီး ဖမ်းခိုင်းမယ်”တဲ့။ ပြောရင်းနဲ့ သူစပြီး ဖုန်းဆက်တယ်။ အဲဒီအချိန်မှာ ကျွန်မ လုံးဝ မှင်တက်သွားတယ်။ ကွန်မြူနစ်ပါတီက ယုံကြည်သူတွေကို ဖိနှိပ်တာ သူသိပေမဲ့၊ ကျွန်မကို သူတို့ဆီ အပ်ဖို့ လုပ်နေတုန်းပဲ။ ဒါက ကျွန်မကို ဝံပုလွေတွေဆီ ပစ်လိုက်တာပဲ မဟုတ်လား။ သူ့အကျိုးကို ဖြည့်ဆည်းဖို့၊ ကျွန်မတို့ရဲ့ လင်နဲ့ မယား မေတ္တာကို သူက အလေးမထားဘဲ ကျွန်မကို ယုံကြည်ခြင်း စွန့်အောင်လို့ ရဲတွေဆီ တိုင်ချင်ခဲ့တယ်။ သူ့ကို ကျွန်မ အရှုံးပေးလို့ မဖြစ်ဘူး။ အဲဒီအချိန်မှာ သူက အကြိမ်ကြိမ် မေးတယ်။ “ဆုံးဖြတ်ပြီးပြီလား”တဲ့။ “ကျွန်မ အဖမ်းခံရပြီး ထောင်ကျရင်တောင်၊ ယုံကြည်ခြင်းကို ထိန်းသိမ်းမှာ”လို့ ကျွန်မ ပြောလိုက်တယ်။ ကျွန်မယောက်ျား မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ဒေါသနဲ့ ဖုန်းကို မြေပေါ် ပစ်ချလိုက်တယ်။
ကျွန်မ မှတ်မိသေးတယ်။ တစ်ညမှာ ဘုရားနှုတ်ကပတ်တော်တွေ ကျွန်မ ဖတ်နေတာကို မြင်တော့ သူ့မျက်နှာထား ချက်ချင်း ပြောင်းသွားပြီး ပြောတယ်။ “မင်းကို ငါ ဘယ်နှစ်ကြိမ် ပြောပြီးပြီလဲ။ တရုတ်နိုင်ငံမှာ ငါတို့ ယုံကြည်ခြင်း လမ်းကြောင်း လျှောက်လို့မရဘူးလို့။ ဗဟိုအစိုးရကနေ ဒေသအာဏာပိုင်တွေအထိ၊ စီမံအုပ်ချုပ်သူကနေ ဝန်ထမ်းတစ်ဦးချင်းအထိ၊ အဆင့်အားလုံးမှာစောင့်ကြည့်ခံရပြီး အလုပ်လုပ်ရတယ်။ ဘုရားကို ဆက်ယုံကြည်နေရင်၊ မင်းကို ပါတီက မိသွားမှာပဲ”တဲ့။ အဲဒါကို ကျွန်မယောက်ျားက တစ်ချိန်လုံး ပြောတာ ကြားရပြီး၊ ပါတီရဲ့ နိုင်ငံမှာ ယုံကြည်သူအနေနဲ့ အဖမ်းခံရမဲ့ အတောမသတ်တဲ့ အန္တရာယ်ကို တွေးမိတော့လည်း ကျွန်မအတွက် လန့်စရာပဲလေ။ တစ်နေ့နေ့မှာ ကျွန်မအဖမ်းခံရရင် ညှဉ်းဆဲတာကို ခံနိုင်မလားလို့ တွေးမိတယ်။ သေတဲ့အထိ၊ ဒုက္ခိတဖြစ်တဲ့အထိ ကျွန်မကို သူတို့ ရိုက်နှက်ရင်ရော။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲယုဒဖြစ်လာပြီး ဘုရားကို သစ္စာဖောက်ရင် ကျွန်မဘဝရဲ့ အဆုံးသတ် ဖြစ်သွားမှာ မဟုတ်လား။ ကျွန်မ အခြေအနေကောင်းမှာ မရှိတာကို သိလို့၊ စိတ်နှလုံးထဲမှာ ဘုရားဆီ အမြန် ဆုတောင်းလိုက်ပြီး အဲဒီဖိနှိပ်မှုနဲ့ အခက်အခဲတစ်လျှောက် သက်သေခံချက် မဆုံးရှုံးဖို့အတွက် ယုံကြည်ခြင်းပေးဖို့ တောင်းလျှောက်လိုက်တယ် ဒါကို ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာသည် အသေးအဖွဲ ဖြစ်လာပြီး မည်သူမျှ ၎င်းတို့ကို အနိုင်မယူနိုင်တော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) ဘုရားနှုတ်ကပတ်တော်တွေ ရေးထားတာ သိပ်ကောင်းတယ်။ ကျွန်မတို့အသက်တွေကို စွန့်စားဖို့ အသင့်ဖြစ်ပြီး၊ သေခြင်းနဲ့ ကန့်သတ်မခံရတဲ့အခါ၊ စာတန်က ဘာမှမတတ်နိုင်တော့ဘူး။ အဓိကကတော့ ယုံကြည်ခြင်းမရှိလို့ ရဲတွေက သေတဲ့အထိ အရိုက်ခံရမှာကို ကျွန်မကြောက်ခဲ့တာပဲ။ ကျွန်မက ကိုယ့်အသက်ကို အရမ်းတန်ဖိုး ထားလွန်းခဲ့တာ။ အရာရာက ဘုရားအမိန့်အောက်မှာ ရှိတယ်။ ကျွန်မတို့ရဲ့ ရှင်ခြင်းနဲ့ သေခြင်း အပါအဝင်ပေါ့။ ကျွန်မအသက်ကို ဘုရားဆီ လွှဲအပ်ပြီး သူ့ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံရမယ်။ သေတဲ့အထိ အရိုက်ခံရရင်တောင်၊ ဖြောင့်မတ်ခြင်းအတွက် နှိပ်စက်ခံရခြင်း ဖြစ်မှာပဲ။ ဒါက တန်ဖိုးရှိပါတယ်။ ဘုရားနှုတ်ကပတ်တော်ကနေရတဲ့ စိတ်ချယုံကြည်မှုနဲ့ ကျွန်မယောက်ျားကို တချို့ဖတ်ပြလိုက်တယ်။ “ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သူ့ကို ကျွန်မ သက်သေခံတယ်။ ယုံကြည်သူတွေကို ကွန်မြူနစ်ပါတီက ဖမ်းဆီး၊ နှိပ်စက်တာဟာ မကောင်းမှုလုပ်တာ၊ ဘုရားကို အာခံတာဖြစ်ပြီး၊ ဘုရားရဲ့ အပြစ်ပေးတာ ခံရမှာပဲ။ ပါတီနဲ့ ရပ်တည်ပြီး ကျွန်မရဲ့ ယုံကြည်ခြင်းကို တားဆီးတာဟာ သူက သူတို့နဲ့အတူ မကောင်းမှု လုပ်နေတာပဲ ပေါ့။ သူက နားထောင်ပြီးတော့ကူမယ့်သူမရှိတဲ့ပုံစံနဲ့ ပြောတယ်။ “ငါဒီလိုဖြစ်ချင်တယ်လို့ ထင်လား။ ကွန်မြူနစ်ပါတီ ဖြစ်ခိုင်းနေတာ။ ဘုရားကို မင်း ယုံကြည်နေတာကို ငါ မတားရင်၊ ငါ့ဝမ်းစာလည်း ဆုံးရှုံးသွားနိုင်တယ်။ ငါ့ကို ဘာလို့ မစဉ်းစားပေးနိုင်တာလဲ။ ယုံကြည်သူဖြစ်လို့ မင်း အဖမ်းခံရပြီး ထောင်ချခံရရင်၊ မင်းကို မသတ်ရင် အနည်းဆုံးတော့ အသာတွေကို ဆုတ်ဖြဲပစ်မှာ။ မင်း ဒုက္ခခံရတာကို ငါ ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေနိုင်မှာလဲ။ မင်းရဲ့ ယုံကြည်ခြင်းကိုစွန့်ဖို့ ငါ ဘာလုပ်ပေးရမလဲ”တဲ့။ ကျွန်မ ပြောလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားဖြစ်ပြီး ယုံကြည်ခြင်းကို ကျွန်မလုံးဝ စွန့်မှာ မဟုတ်ဘူး”လို့။ အံ့ဩဖို့ကောင်းတယ်။ ကျွန်မ အလျှော့မပေးတာကို မြင်တော့ သူ ကျွန်မကိုလက်ပါလာတယ်။ သူက ကျွန်မကို ဒေါသနဲ့ ပြောတယ်။ “မင်းရဲ့ ယုံကြည်ခြင်းကြောင့် မင်း အဖမ်းခံရရင်၊ လမ်းဆုံးပြီပဲ။ သူတို့လက်ထဲကို မင်းကိုယ်မင်း အတင်းအပ်နေတာ။ ဒါပေမဲ့ ပြောပါဦး၊ မင်း သေသွားရင် ဘာကို ယုံကြည်မှာလဲ”တဲ့။ အဲဒီနောက် သူက အရူးလို ကျွန်မကို ကုတင်ပေါ်မှာ မလှုပ်သာအောင် ချုပ်ထားပြီး လည်ပင်းကို တင်းတင်း ဆုပ်ကိုင်ထားလိုက်တယ်။ ပြီးတော့၊ “မင်းကို လည်ညှစ်သတ်ပြီးရင် မင်း ယုံကြည်နိုင်လား ကြည့်တာပေါ့”တဲ့။ ကျွန်မက လည်ပင်းညှစ်ခံရပြီး အသက်မရှူနိုင်ဘူး။ တတ်နိုင်သမျှ တိုက်ခိုက်ပေမဲ့ အသုံးမဝင်ဘူး။ ကျွန်မ သတိလစ်သွားတယ်။ တဖြည်းဖြည်း သတိလည်လာတော့ အိမ်ထောင်သက် နှစ်တွေတစ်လျှောက် ကျွန်မကို လုံးဝ မရိုက်ဖူးတဲ့ ကျွန်မယောက်ျားက သူ့အဆင့်အတန်းနဲ့ အလုပ်ကို ကာကွယ်ဖို့ ကျွန်မအပေါ် သေလုနီးပါး လည်ပင်းညှစ်ရင်ပြီး ဘယ်လိုလုပ် ရက်စက်လာခဲ့ရတာလဲလို့ တွေးမိတယ်။ ကျွန်မ ဝမ်းနည်းပက်လက်ဖြစ်သွားတယ်။ ကွန်မြူနစ်ပါတီကိုလည်း ပိုလို့တောင် မုန်းမိတယ်။ သူတို့ရဲ့ ခြိမ်းခြောက်မှုတွေမှာ ကျွန်မမိသားစုဝင်ရဲ့ အလုပ်နဲ့ အနာဂတ်ကို အသုံးမပြုခဲ့ရင်၊ ကျွန်မယောက်ျားက လုံးဝ အရမ်းအကြင်နာမဲ့မှာ မဟုတ်ဘူး။
ကျွန်မယောက်ျားရဲ့ အလုပ်က ပိုဖိအားပေးခံရတဲ့ အခါတိုင်း၊ သူက ကျွန်မအပေါ် သူ့ရဲ့ ဖိနှိပ်မှုကို တိုးတယ်။ တစ်နေ့ အစည်းအဝေးကနေ သူ အိမ်ပြန်လာတော့၊ ကျွန်မကိုအတွေးအမြင်ဆိုင်ရာ ဩဝါဒ ပေးပြီး၊ တရုတ်မှာ စီစီပီရဲ့ အုပ်စိုးမှုအောက်မှာ၊ လူတစ်ယောက် ယုံကြည်သူဖြစ်ရင် တစ်မိသားစုလုံးက ဆင်းရဲဒုက္ခခံရလို့၊ ယုံကြည်ခြင်းကို ဆက်ထားလို့မရဘူး၊ မဟုတ်ရင် နှစ်ယောက်လုံး အလုပ် ပြုတ်ပြီး၊ ကျွန်မတို့ သမီးလေးရဲ့ ပညာရေးနဲ့ အလုပ်အကိုင် ထိခိုက်မယ်လို့ ပြောတယ်။ ယုံကြည်ခြင်းအတွက် ကျွန်မထောင်ကျရင် ကျွန်မတို့ သမီးလေး ဘယ်လိုလုပ် ခေါင်းမော့နိုင်တော့မလဲလို့ မေးပြီး ကျွန်မတို့ နှစ်ယောက်ကို မစဉ်းစားပေးရင်တောင် သမီးလေးကို စဉ်းစားပေးသင့်တယ်လို့ ပြောတယ်။ ကျွန်မတွေးနေမိတယ်။ ကွန်မြူနစ်ပါတီက ကျွန်မရဲ့ ယုံကြည်ခြင်းကြောင့် ကျွန်မယောက်ျားအလုပ်ကို ယူဆောင်သွားပြီး သမီးလေးရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်ရင်၊ သူတို့နှစ်ယောက်လုံးက ကျွန်မကို အမြဲ မုန်းသွားကြမှာ မဟုတ်လား။ အဲဒီတုန်းက အရမ်းစိတ်ဆင်းရဲခဲ့လို့ ဘုရားဆီ တိတ်တဆိတ် ဟစ်အော်ခဲ့ပြီး လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ထဲကနေ ဒါကို သတိရမိတယ်။ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။ ငါပြောသည့်အရာအတိုင်းသည် ဆောင်ရွက်ပြီးကြပြီး၊ လူသားများထဲမှ မည်သူသည် ငါ၏ စိတ်ကို ပြောင်းလဲစေနိုင်သနည်း။...ဤအစီအစဉ်များကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့သူမှာ ငါ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) အရာခပ်သိမ်းက ဘုရားလက်ထဲမှာပဲ။ ကျွန်မယောက်ျားနဲ့ ကျွန်မက အလုပ်တွေ ဆုံးရှုံးခြင်းရှိမရှိ၊ ကျွန်မသမီးလေးရဲ့ ပညာရေး ထိခိုက်ခြင်း ရှိမရှိနဲ့ သူ အလုပ်ရခြင်း ရှိမရှိဆိုတာက အားလုံး ဘုရားစီစဉ်ထားတာပါ။ ကွန်မြူနစ်ပါတီမဟုတ်ဘဲ၊ ဘုရားကပဲ အရာခပ်သိမ်းကို ဆုံးဖြတ်နိုင်တယ်။ ဒီအတွေးနဲ့ ကျွန်မယောက်ျားကို ကျွန်မ ပြောလိုက်တယ်။ “လူတွေရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာ၊ သူ့အုပ်စိုးမှုအောက်မှာ ရှိတယ်။ ရှင်က ကွန်မြူနစ်ပါတီကို နာခံရင် ရှင့်အလုပ် အာမခံချက်ရှိတယ်လို့ ထင်တာလား။ ပါတီက သူ့ကိုယ်ပိုင် ကံကြမ္မာကိုတောင် ကိုင်တွယ်လို့မှ မရတာ၊ ဘယ်လိုလုပ် တခြားလူတွေရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်မှာလဲ”ပေါ့။ အဲဒီနောက် သူက ဒေါသနဲ့ တုန့်ပြန်ပြောတယ်။ “ယုံကြည်သူဖြစ်ဖို့ မင်း ပိုင်းဖြတ်ထားရင်၊ ပါတီက မင်းကို ဖမ်းမိမှာပဲ။ သူတို့က သူတို့မိတဲ့ ယုံကြည်သူတွေကို အသေသတ်တာ။ မင်း ငါ့လက်မှာ သေတာ ပိုကောင်းမယ်”တဲ့။ ကျွန်မ မတုံ့ပြန်နိုင်ခင်မှာ၊ သူက စိတ်လွတ်သွားသလိုမျိုး မီးဖိုချောင်ထဲ ပြေးဝင်၊ ဓားတစ်ချောင်း ကိုင်ပြီး ကျွန်မရှေ့ ရပ်ပြီးတော့၊ ဓါးကို မြှောက်ကိုင်ထားပြီး မျက်နှာထားတင်းတင်းနဲ့ ပြောတယ်။ “မင်း ယုံကြည်သူ ဖြစ်မှာလား၊ အဆင်ပြေတဲ့ ဘဝကို ခံစားမှာလား။ ယုံကြည်သူ မရမက ဖြစ်ချင်နေရင်တော့၊ မင်းလည်ကို ငါ လှီးလိုက်မှာနော်”တဲ့။ ဒေါသလည်းဖြစ်၊ ကြောက်လည်း ကြောက်ရင်းနဲ့ စိတ်နှလုံးထဲမှာ ဘုရားကို ကျွန်မ အရေးပေါ် အော်ခေါ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ၊ ကျွန်မတို့ သမီးလေးက သူ့အခန်းကနေ ရုတ်တရက် ပြေးထွက်လာတယ်။ သူ့ကိုယ်သူ ကျွန်မရှေ့မှာ ထားပြီး အော်တယ်။ “အဖေ။ အမေ့ကို သတ်မယ်ဆိုရင် သမီးကို အရင်သတ်မှ ဖြစ်မယ်”တဲ့။ သမီးလုပ်တဲ့အရာကြောင့် သူ တုန်လှုပ်သွားပြီး၊ သူ့မျက်လုံးတွေက သမီးလေးကို စိုက်ကြည့်ရင်းနဲ့ သူ့မျက်နှာ ကြွက်သားတွေကရပ်သွားတယ်။ ဓားကိုင်ထားတဲ့ လက်ကို သူ တဖြည်းဖြည်း ချလိုက်တယ်။ ဝမ်းနည်းမှုနဲ့ နာကြည်းမှု မျက်ရည်တွေ စီးကျလာရင်းနဲ့ ကျွန်မ ရင်ထဲမှာ ရှင်းပြလို့မရတဲ့ ဆုံးရှုံးမှုနဲ့ နာကျင်မှုကို ခံစားရတယ်။ ဘုရားကို ယုံကြည်လို့ ကျွန်မယောက်ျားက ကျွန်မအသက်ကို ခြိမ်းခြောက်မယ်လို့ ကျွန်မ လုံးဝ စိတ်မကူးမိခဲ့ဘူး။ ဒါ ကျွန်မ လက်ထပ်ခဲ့တဲ့လူ မဟုတ်ဘူး။ မကောင်းဆိုးဝါးဆိုတာ သိသာနေတာပဲ။
တစ်နေ့တော့ ဝတ်ပြုဆုတောင်းချိန်မှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ဖတ်ခဲ့ရတယ်။ “လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှန်တကယ် ပြုမူဖို့ ရည်ရွယ်ပါသလော။ ဘုရားသခင်၏ အမှုအတွက် ၎င်းတို့ အမှန်တကယ် ဆောင်ရွက်နေခြင်း ဖြစ်သလော။ ၎င်းတို့၏ အကြံမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) “ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည်- ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ ကျွန်မစိတ်ထဲမှာ ကျွန်မယောက်ျားက ကျွန်မကို ဖိနှိပ်တဲ့ မြင်ကွင်းတွေ တစ်ခုပြီးတစ်ခု ရုပ်ရှင်လို ပေါ်လာတယ်။ ကျွန်မကို တစ်ခါမှ မအော်၊ မရိုက်ဖူးတဲ့ ကျွန်မယောက်ျားက ကျွန်မ ယုံကြည်သူ ဖြစ်လာကတည်းက ဘာလို့ ကျွန်မကို နှိပ်စက်ဖို့ သူတတ်နိုင်သမျှ အစွမ်းကုန် လုပ်နေတာလဲ။ ကိုယ့်အကျိုးအမြတ်နဲ့ တွေ့တဲ့အခါမှာ ဘာလို့ အိမ်ထောင်သက်နှစ်တွေ အကုန်လုံး တစ်စစီ ပြိုလဲသွားရတာလဲ။ လူသားတွေကြားမှာ စစ်မှန်တဲ့ မေတ္တာ မရှိဘူး။ လူတိုင်းက အချင်းချင်း အသုံးချနေကြတာပဲ။ ကျွန်မ အလုပ်သွားနိုင်လို့၊ ငွေရှာနိုင်ပြီး သူ့ကလေးတွေကို မွေးပေးနိုင်ခဲ့လို့ ကျွန်မယောက်ျားက ကျွန်မကို အရင်က ကောင်းခဲ့တာပဲ။ သူ့အမြင်မှာ ကျွန်မက အသုံးဝင်တယ်လေ။ ဒါပေမဲ့ အခု ယုံကြည်ခြင်းကို ကျွန်မ ရွေးလိုက်တော့ ဒါက သူ့ရဲ့ အကျိုးစီးပွားကို ထိခိုက်တယ်။ ကျွန်မတို့ကြားက ခံစားချက်တွေကို သူ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မကို ဘုရားကို ယုံကြည်ခြင်းမရှိအောင် တားဖို့၊ ရဲဆီ တိုင်ချင်ခဲ့တယ်။ ကျွန်မကို သတိမေ့တဲ့အထိ လည်ပင်းညှစ်ခဲ့ပြီး၊ ဓားနဲ့တောင် ခြိမ်းခြောက်ခဲ့တယ်။ ကျွန်မကို စဉ်းစားပေးလို့၊ ကျွန်မ အဖမ်းခံရမှာစိုးလို့ ကျွန်မကို ယုံကြည်ခြင်း မရှိစေချင်ဘူးလို့ သူ မလျှော့တမ်းပြောပေမဲ့၊ အားလုံးက သူကိုယ်တိုင်အတွက်ပဲ။ သူ့အလုပ်အကိုင်နဲ့ နာမည်ဂုဏ်သတင်းကို အားလုံးထက် ဦးစားပေးခဲ့တယ်။ သူ့ကိုယ်ပိုင်ဝမ်းစာကို ကာကွယ်ဖို့၊ ကွန်မြူနစ်ပါတီရဲ့ ပြေးလွှားနေရတဲ့ ခွေးဖြစ်ဖို့၊ လက်ပါးစေ ဖြစ်ဖို့ ဆန္ဒရှိနေခဲ့ပြီး ကျွန်မကို တစ်ဖက်ပိတ် လမ်းပေါ် အတင်းပို့ခဲ့တယ်။ ဘုရားကို မယုံကြည်အောင် ကျွန်မကို တားဖို့ မသတီစရာ၊ ဆိုးယုတ်နဲ့ နည်းစနစ်မျိုးစုံကိုတောင် သုံးခဲ့တယ်။ အနှစ်သာရအနေနဲ့၊ သူက ဘုရားကို မုန်းပြီး အာခံတဲ့ မကောင်းဆိုးဝါးပဲ။ နောက်တော့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်မိတယ်။ “ပုံမှန်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ဖို့ အားထုတ်သည့် သူတစ်ဦးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်ပြီး၊ အဆုံးစွန်သော တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသည့် အသက်တာ တစ်ခု ဖြစ်သည်။ မည်သူမျှ သင်တို့ထက် သာ၍ကောင်းချီးမခံစားရပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုကို လုပ်ဆောင်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အဓိပ္ပာယ်ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသော ဤလူအုပ်စုသည်သာ အဆုံးစွန်အဓိပ္ပာယ်ရှိသည့် အသက်တာကို ရှင်သန်နိုင်သည်။ ကမ္ဘာမြေပေါ်ရှိ အခြားမည်သူမျှ ထိုသို့သော တန်ဖိုးနှင့် အဓိပ္ပာယ် ရှိသည့် အသက်တာတစ်ခုကို အသက်မရှင်နိုင်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) ဘုရားနှုတ်ကပတ်တော်တွေက တကယ်ကို စိတ်တက်ကြွစရာဖြစ်ပြီး၊ ဘဝအဓိပ္ပာယ်ကို မြင်အောင် ကူညီပေးခဲ့တယ်။ ယုံကြည်ခြင်းရှိတာ၊ သမ္မာတရား လိုက်စားပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်တာက အဓိပ္ပာယ်နဲ့ တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ လောကမှာ ကျွန်မ အလုပ်အရမ်းကြိုးစားခဲ့ပြီး၊ ကိုယ်တိုင်အတွက် နာမည်နည်းနည်း ရအောင် ဖန်တီးခဲ့ပေမဲ့၊ စိတ်ထဲမှာ အနှစ်မဲ့ပြီး စိတ်မချမ်းမြေ့ဖြစ်ခဲ့တယ်။ ပင်ပန်းရာကနေ နေမကောင်းဖြစ်လာပြီး၊ ကျွန်မရဲ့ လုံးဝ ကောင်းတဲ့အသံက ပြာလာတာ စကားမပြောနိုင်သလောက် ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ဂုဏ်ပြုလက်မှတ် ဘယ်လောက်ရပါစေ၊ လေးစားခံရခြင်း ဘယ်လောက် ရှိပါစေ၊ အဲဒါက ကျွန်မရဲ့ နာမကျန်းဖြစ်တာ၊ ဝိညာဉ်ရေးရာ အနှစ်မဲ့တာကို လုံးဝ ဖြေရှင်းပေးမှာ မဟုတ်ဘူးဆိုတာကို တကယ်ခံစားမိခဲ့တယ်။ အဲဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ လိုက်စားပြီး ရခဲ့တဲ့ နာမည်ဂုဏ်သတင်းက သမ္မာတရားရအောင် မကူညီနိုင်ဘူး၊ စာတန်ရဲ့ ဖောက်ပြန်ဖျက်ဆီးခြင်းနဲ့ ထိခိုက်မှုကနေ မကယ်တင်နိုင်ဘူး။ အဲဒါအပြင်၊ စာသင်ကြားခဲ့တဲ့နှစ်တွေ အတောအတွင်း၊ ဘုရားကို ငြင်းပယ်တဲ့ အရာမျိုးစုံကို ကျောင်းသားတွေ စွဲမှတ်အောင် ကျွန်မ သွန်သင်ခဲ့တယ်။ တစ်ချိန်လုံး ကွန်မြူနစ်ပါတီကောင်းကြောင်းတွေ ပြောနေခဲ့တယ်။ အဲဒီလိုဆက်ဖြစ်ခဲ့ရင်၊ ရလဒ်ကောင်းရဖို့ မဖြစ်နိုင်ဘူး။ ပါတီကို အလုပ်အကျွေးပြုတာ ရပ်ရမယ်။ စိတ်နှလုံးထဲမှာ ဘုရားဆီ ဆုတောင်းခဲ့ပြီး ထွက်ပေါက်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျန်းမာရေး စစ်ဆေးဖို့ သွားတော့၊ ဆရာဝန်က ပြောတယ်၊ “အစ်မရဲ့ လည်ချောင်းက တော်တော် အခြေအနေဆိုးနေတယ်။ လည်ချောင်းတစ်ခုလုံး အရောင်ပြောင်းပြီး တကယ်ကို သွေးတွေနဲ့ ရောနေတယ်။ ရောင်ပြီး ကြီးလာနေလို့ အစ်မရဲ့ အသံကြိုးတွေကို ထိခိုက်နေတယ်။ အစ်မရဲ့ အလုပ်အကိုင်ကို ထည့်တွက်ရရင်၊ အစ်မအနေနဲ့ လည်ချောင်းသုံးတာ မရပ်ရင်၊ စကားပြောနိုင်စွမ်း လုံးဝ ဆုံးရှုံးသွားနိုင်တယ်”တဲ့။ အဲဒီနောက် ကျွန်မအတွက် ခြောက်လ ဆေးခွင့်ယူဖို့ အကြံပေးတယ်။ ဘုရားကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ကျွန်မအနေနဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်ပြီး ကိုယ့်တာဝန်လုပ်ဖို့ အချိန်ပိုရမှာပဲလို့ တွေးခဲ့ပေမဲ့၊ ကျွန်မကိုတားဖို့ ကျွန်မယောက်ျားက ပိုလို့တောင် ဆိုးယုတ်တဲ့ နည်းစနစ်ကို စသုံးခဲ့တယ်။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ရက်တစ်ရက်မှာ၊ သူက ကျွန်မရဲ့ အတန်းဖော်နှစ်ယောက်နဲ့ ကျွန်မမောင်ကို လာခိုင်းတယ်။ ကျွန်မကို ကားတစ်စီးထဲ အတင်းထည့်ပြီး စိတ်ကျန်းမာရေး ဆေးရုံဆီ ခေါ်သွားတယ်။ ဒါပေမဲ့ ကျွန်မ ဘာချွတ်ယွင်းချက်မှ မရှိလို့ ဆေးရုံက ကျွန်မကို လက်မခံဘူး။ ကျွန်မယောက်ျားက ပြောတယ်။ “ပါတီက ယုံကြည်သူတွေကို ဖမ်းတယ်၊အဲဒါ သေမိန့်ပဲဆိုတာ မင်းသိပေမဲ့၊ ယုံကြည်သူဆက်လုပ်တယ်။ စိတ်ကျန်းမာရေး ပြဿနာ ရှိတဲ့သူမှပဲ သေဖို့ကို မကြောက်တာ။ ဒီဆေးရုံမှာ သူတို့ လုပ်လို့ရတဲ့ စစ်ဆေးချက်တွေက နည်းတယ်။ ပြည်နယ်စိတ်ကျန်းမာရေးဆေးရုံမှာ ပိုကောင်းတဲ့ အထောက်အကူ ပစ္စည်းတွေနဲ့ ပိုအရည်အချင်းပြည့်မီတဲ့ ဆရာဝန်တွေရှိတယ်။ မင်း စိတ်မကျန်းမာတာလားဆိုတာ သိအောင် ဆေးစစ်ဖို့အတွက် အဲဒီကို ငါ ခေါ်သွားမယ်”တဲ့။ ကျွန်မ ဒေါသတကြီးနဲ့ ပြန်ပြောလိုက်တယ်။ “စိတ်ရောဂါရှိတာ ရှင်ဖြစ်မယ်ထင်တယ်။ ကျွန်မ သေဖို့ မကြောက်တာ မဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကယ်တင်ရှင် ကြွလာခြင်းဖြစ်မှန်းသိလို့ သေရမယ်ဆိုရင်တောင် ယုံကြည်ဖို့ ရွေးချယ်တာ။ သူက သမ္မာတရားတွေ အများကြီး ဖော်ပြပြီး အပြစ်နဲ့ ကပ်ဘေးတွေကနေ လူကို ကယ်တင်နိုင်တယ်။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်စေခြင်းကို လက်မခံတဲ့ မယုံကြည်သူတွေအားလုံး ကပ်ဘေးတွေထဲမှာ သေကြမှာပဲ”ပေါ့။ ဒါပေမဲ့ သူက နားမထောင်ဘူး။ နောက်နေ့ မနက်စောစောမှာ ကျွန်မကို ပြည်နယ် စိတ်ကျန်းမာရေး ဆေးရုံကိုသွားခိုင်းတယ်။ ဒုတိယထပ်ကို ကျွန်မတို့ တက်ခဲ့ကြပြီး လျှောက်လမ်းရဲ့ ကြမ်းပြင်မှာ တော်တော် လေးတဲ့ သံကြိုးနဲ့ ခတ်ခံထားရတဲ့ စိတ်မနှံ့တဲ့ အမျိုးသမီးတစ်ယောက် ဘောလုံးလို ကွေးကောက်နေတာ တွေ့ရတယ်။ လူလတ်ပိုင်း အမျိုးသားတစ်ယောက်က သံကြိုး အဆုံးတစ်ဖက်ကို ခပ်တင်းတင်း ဆွဲထားရင်းနဲ့ အမျိုးသမီးကို ကြမ်းပြင်တစ်လျှောက် တရွက်တိုက်ဆွဲသွားတယ်။ အဲဒီအမျိုးသမီးက ကြောက်လန့်တကြားနဲ့ လက်နှစ်ဖက်လုံး ဆန့်ထုတ်ထားပြီး သံကြိုးကို ကိုင်ထားတယ်။ အားကုန် ရုန်းကန်ပြီး အကျယ်ကြီး အော်နေတာပေါ့။ ကောက်ရိုးလိုဖြစ်နေတဲ့ သူ့ဆံပင်နဲ့ ကြောက်လန့်နေတဲ့ အမူအရာကို မြင်ပြီး၊ နှလုံးကြေကွဲစရာ သူ့အော်သံတွေကို ကြားရတာ အသည်းတုန်စရာ အတွေ့အကြုံတစ်ခုပါပဲ။ အဲဒီအခိုက်မှာ နာကျင်မှုနဲ့ မတရားခံရတဲ့ ခံစားချက်က ကျွန်မကို လွှမ်းမိုးသွားတယ်။ ဒါက ကျွန်မရဲ့ သိက္ခာကို ကြီးမားတဲ့ စော်ကားမှုပဲလို့ ခံစားရပြီး၊ ချက်ချင်း ပြန်လှည့်၊ အောက်ထပ်ကို သွားပြီး အဲဒီကျိန်စာသင့်တဲ့ နေရာကနေ ထွက်သွားချင်ခဲ့ပေမဲ့ မတတ်နိုင်ခဲ့ဘူး။ ကျွန်မနောက်ကို ကျွန်မယောက်ျားက ထပ်ချပ်မခွာ လိုက်နေတယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကနေ တစ်ခုကို ကျွန်မ သတိရခဲ့တယ်။ “လူသား၏အလုပ်အတွက် ဘုရားသခင် ကြံ့ကြံ့ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ ကိုယ်တော်သည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန်၊ လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ ကိုယ်တော်သည် လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ ထို့အပြင် လူသားအား ၎င်း၏နာခံမှု မရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိဘဲ၊ သူ၏အမှုကို သူကိုယ်တိုင် ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံတော်မူ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့ သက်ဆိုင်နိုင်အံ့နည်း။ ကိုယ်တော်သည် ကိုယ်တော်၏ အသက်တာကို ငရဲ၌ အဘယ်သို့ ကုန်ဆုံးနိုင်အံ့သနည်း။ သို့သော် လူသားမျိုးနွယ် တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ ချမ်းသာခြင်းသို့ ရောက်ရန် ကိုယ်တော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့ လာရန် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင်၊ လူသားကို ကယ်တင်ရန် သူကိုယ်တိုင် ‘ငရဲ’ နှင့် ‘မရဏနိုင်ငံ’ အတွင်း၊ ကျားအောင်းဂူအတွင်းသို့ ဝင်ရောက်ခဲ့၏။ လူသားသည် ဘုရားသခင်အား ဆန့်ကျင်ရန် အဘယ်သို့ အရည်အချင်း မီသနည်း။ ဘုရားသခင်အကြောင်း မကျေမနပ်ပြောရန် ၎င်းတွင် မည်သည့်အကြောင်းရင်း ရှိသနည်း။ ဘုရားသခင်ကို ကြည့်ရန် သူသည် အဘယ်သို့ ရဲတင်း၍ အရှက်မရှိ မျက်နှာပြောင်တိုက်နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)) လူသားမျိုးနွယ်ကို ကယ်တင်ဖို့၊ ဘုရားက ဒီအဆိုးယုတ်ဆုံး၊ ဘုရားကို အဆန့်ကျင်ဆုံး နေရာမှာ ပေါ်ထွန်း၊ အမှုပြုရင်းနဲ့၊ ကွန်မြူနစ်ပါတီနဲ့ ဘာသာရေးလောကရဲ့ ဖိနှိပ်မှုနဲ့ ရှုတ်ချမှုကို ခံစားပြီး၊ ကြီးမားတဲ့ အရှက်ရခြင်းကို သည်းခံရင်းနဲ့ နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံပြီး၊ ဘုရားမဲ့ အုပ်စိုးတဲ့ တရုတ်နိုင်ငံမှာ ကြွလာခဲ့ပေမဲ့၊ ဘုရားက စကားတစ်ခွန်းမဟဘဲ အားလုံးကို ခံယူခဲ့တယ်။ သူဟာ ဖန်ဆင်းခြင်း အရှင်ဖြစ်သလို အရမ်းသာလွန်ကြီးမြတ်ပြီး ဂုဏ်အသရေရှိပေမဲ့၊ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကြားမှာ အသက်ရှင်ဖို့ ကြွလာခဲ့ပြီး အလွန်ကြီးမားတဲ့ အရှက်ရခြင်းကို ခံတယ်။ လူသားအလယ်မှာ သမ္မာတရားတွေကို ဖော်ပြပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုကို တိတ်တိတ်လေး လုပ်ဆောင်တယ်။ ဒါပေမဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားဖြစ်တဲ့ ကျွန်မကတော့၊ စိတ်မကျန်းမာသူတွေနဲ့ ပတ်သက်ရမှာကို မြင်တော့၊ ကျွန်မ သိက္ခာ ထိခိုက်ပြီး ကျွန်မအတွက် အရှက်ရစရာလိုမျိုး ခံစားခဲ့တယ်။ လွတ်မြောက်ချင်ခဲ့တယ်။ သမ္မာတရားအတွက် ဆင်းရဲဒုက္ခခံဖို့ ဆုံးဖြတ်ချက် နည်းနည်းမှ မရှိခဲ့ဘူး။ အဲဒီအတွေးနဲ့ ကျွန်မ ရှက်မိပြီး၊ ဘုရားဆီ တိတ်တိတ်လေး ဆုတောင်းခဲ့တယ်။ နောက်ထပ် ကျွန်မ ဘာကို ရင်ဆိုင်ရပါစေ၊ ဘယ်လိုအရှက်ရမှုမျိုးကို ခံစားရပါစေ၊ စာတန်ကို လုံးဝ အလျှော့မပေးဘူးလို့ ကျိန်ဆိုခဲ့ပါတယ်။ ဆရာဝန်က ဒီအတိုင်း ကျွန်မကို ဆေးနှစ်အိတ် လက်တန်းပေးပြီး အိမ်ကို ပို့လိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မယောက်ျားက ကျွန်မကို ယုံကြည်ခြင်းကနေ မတားနိုင်တာ မြင်တော့ ဒီအတိုင်း လျစ်လျူရှုလိုက်ပြီး၊ ကျွန်မလည်း တာဝန်ပြန်ယူနိုင်ခဲ့တယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ် အောက်တိုဘာမှာ၊ ယုဒတစ်ယောက်က ကျွန်မတို့ကို ဖော်တော့၊ ကျွန်မ အသင်းတော် ခေါင်းဆောင်ဖြစ်နိုင်တာ ရဲတွေက သိသွားပြီး၊ အရပ်ဝတ်ရဲတွေကို နောက်ယောင်ခံလိုက်ခိုင်းတယ်။ အဖမ်းမခံရအောင်လို့ ကိုယ့်တာဝန်ကို လုပ်ဖို့ အိမ်ကို စွန့်ပြီး တခြားဒေသကို ကျွန်မ သွားခဲ့ရတယ်။ နောက်ပိုင်းမှာ သိလိုက်ရတာက အိမ်ကနေ ကျွန်မ ထွက်တဲ့နေ့မှာ၊ ရဲတွေက ကျွန်မကို ဖမ်းဖို့ အိမ်ကို သွားခဲ့ကြတယ်ဆိုတာပဲ။ ကျွန်မ ဘယ်မှာရှိတယ်ဆိုတာ သိဖို့ တခြား ညီအစ်ကို မောင်နှမ သုံးယောက်ကိုလည်း သူတို့ဖမ်းပြီး ကျွန်မဓာတ်ပုံကို သုံးပြီး ကျွန်မကို စံပြီးရှာကြတယ်။ နှစ်လကြာပြီးတဲ့နောက်မှာ အမျိုးသား လုံခြုံရေး တပ်ဖွဲ့က ကျွန်မအိမ်ကို ရှာပြီး ဘုရားနှုတ်ကပတ်တော် နှစ်အုပ်ကို သိမ်းသွားကြတယ်။ ပြီးတော့ ကျွန်မကမ္ဘာအဆုံးထိ ပြေးရင်တောင် သူတို့ ကျွန်မကို မိမှာပဲလို့ ကျွန်မယောက်ျားကို ပြောတယ်။ ပညာရေး ဌာနကလည်း နေ့တိုင်းနီးပါ ကျွန်မ အိမ်ကိုသွားပြီး ကျွန်မကို ရှာဖို့ ကျွန်မယောက်ျားကို ဖိအားပေးနေခဲ့တယ်။ အဲဒီတုန်းက ကျွန်မက ကွန်မြူနစ်ပါတီ အလိုချင်ဆုံး စာရင်းရဲ့ ထိပ်ပိုင်းနားလောက်မှာ ရှိခဲ့တယ်။
ကျွန်မကို အိမ်ကို ပြန်ဆွဲဆောင်ဖို့ ကျွန်မကလေးကိုတောင် သုံးခဲ့ကြတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်း တစ်နေ့လည်ခင်းမှာ၊ ကျွန်မသမီးဆီကနေ မမျှော်လင့်ဘဲ ဖုန်းဝင်လာတယ်။ “အမေ၊ အမေ့ကို သမီးခေါ်ဖို့ ကြောက်နေတာ။ အမေ့ကို ရဲတွေက နေရာတိုင်းမှာ ရှာနေကြပြီး သမီးတို့အိမ်ကိုလည်း သူတို့ ရှာပြီးပြီ။ ပညာရေး ဌာနနဲ့ အမေ့ရဲ့ ကျောင်းက ခေါင်းဆောင်တွေက အမေ့ရဲ့ ယုံကြည်ခြင်းကို စွန့်ပြီး အိမ်ပြန်လာစေချင်တယ်၊ အမေ့ကို သူတို့ ဗွေမယူဘူးလို့ ကတိပေးတယ်ဆိုတာ အဖေနဲ့ သမီးကို အမေ့ဆီ ပြောခိုင်းလို့ အခု ပြောပြဖို့ အမေ့ကို သမီးဖုန်းဆက်လိုက်တာပါ။ အမေ အိမ်ကို လာတဲ့ကာလပတ်လုံး အလုပ်ကို တစ်ခါမှ မသွားရင်တောင်၊ အမေ့ကို လစာအပြည့်ပေးဦးမယ်လို့လည်း သူတို့ ပြောကြတယ်”တဲ့။ အဲဒါကို ကြားတော့ ကျွန်မ မခံမရပ်နိုင်ဖြစ်မိတယ်။ ကွန်မြူနစ်ပါတီက ကျွန်မရဲ့ ယုံကြည်ခြင်းကို ကျွန်မ စွန့်အောင် ကြိုးပမ်းဖို့ အဆင့်အတန်းနဲ့ ငွေကို အသုံးပြုနေတာပဲ။ စက်ဆုပ်စရာ ကောင်းလိုက်တာ။ ကျွန်မကို တကယ်စိတ်မကောင်း ဖြစ်စေတာက ကျွန်မသမီးလေးက အစိုးရနဲ့ ကျောင်းခေါင်းဆောင်တွေ ပြောတာကို အရမ်းယုံကြည်နေတဲ့ပုံပဲ။ ဒီကနေ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်လိုက်တယ်။ ကျွန်မယောက်ျားနဲ့ သမီးလေး နှစ်ယောက်လုံး ကွန်မြူနစ်ပါတီက လှည့်စား၊ အသုံးချတာ ခံရပြီဆိုတာပေါ့။ ကျွန်မသမီးကို ကျွန်မ ပြတ်ပြတ်သားသား ပြောလိုက်တယ်။ “ချစ်လေး၊ ဒါကို သမီးက အရမ်းနုံနုံအအနဲ့ ကြည့်နေတာပဲ။ အမေ အိမ်ရောက်လာရင် ဘာဖြစ်မယ်ဆိုတာ သမီးသိလား။ ဝံပုလွေတွေဆီ အပစ်ခံရတဲ့ သိုးလို အမေ ဖြစ်သွားမှာ။ အမေ အိမ်ပြန်လာလို့ မဖြစ်ဘူး”ပေါ့။ သူက စိုးရိမ်တကြီး ပြန်ပြောတယ်၊ “အမေ အိမ်ပြန်မလာရင်၊ အမေ့ရဲ့ပင်စင်သက်တမ်း အနှစ် ၂၀ကျော်လုံးကို ရုပ်သိမ်းမယ်တဲ့။ အမေ၊ ပြန်လာပါ။ ပြန်မလာရင်၊ အဖေ့ကို အမေနဲ့ သူတို့ ကွာရှင်းခိုင်းပြီး၊ သမီးကို အမေနဲ့ အဆက်ဖြတ်ခိုင်းမှာ။ အမေ အိမ်ရောက်မလာရင်၊ သမီးရဲ့ အမေ ဖြစ်မှာ မဟုတ်တော့ဘူး”တဲ့။ အဲဒီအချိန်မှာ ကျွန်မ ကြက်သေသေသွားတယ်။ ကွန်မြူနစ်ပါတီက ကျွန်မရဲ့ အသက်မွေးမှုကို ယူသွားရုံမက၊ ကျွန်မယောက်ျားကို ကျွန်မနဲ့ ကွာရှင်းပြီး သမီးကို ကျွန်မနဲ့ အဆက်ဖြတ်ဖို့တောင် အကျပ်ကိုင်နေခဲ့တယ်။ ဆိုးယုတ်ပြီး ယုတ်မာတာပဲ။ ပါတီကို စိတ်နှလုံးအကြွင်းမဲ့ မုန်းမိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။ ဘုရားသခင်၏ အမှုကို မည်သူ လက်ခံယုံကြည်ပြီနည်း။ ဘုရားသခင်၏ အမှုအတွက် မည်သူသည် ၎င်းတို့၏ အသက်ကို စွန့်လွှတ်ပြီနည်း သို့မဟုတ် အသွေးသွန်းပြီးပြီနည်း။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကြာ၊ မိဘများမှသည် သားသမီးများအထိ၊ ကျွန်ပြုခံရသော လူသားသည် ဘုရားသခင်အား မပြောမဆို ကျွန်ပြုကြပြီး ဖြစ်သည်— အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊အာဏာရှင်တစ်ယောက်ကဲ့သို့ အုပ်စိုးခွင့်မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ကွန်မြူနစ်ပါတီက ဘာသာရေး လွတ်လွပ်ခွင့်အကြောင်း အော်နေပေမဲ့၊ ယုံကြည်သူတွေကို ဖိနှိပ်ဖို့ ဆိုးယုတ်တဲ့ နည်းစနစ်မျိုးစုံ တိတ်တဆိတ် သုံးနေတယ်။ ဒါက သမ္မာတရားကို မုန်းပြီး ဘုရားကို ဆန့်ကျင်တဲ့ သူ့ရဲ့ ဆိုးယုတ်တဲ့ သဘာဝကို ရှင်းရှင်း ပြလိုက်တာပဲ။ ပါတီက ကျွန်မကို ယုံကြည်ခြင်းမရှိအောင် တားဆီးဖို့ အနုနည်းရော အကြမ်းနည်းပါ ကြိုးစားနေတာ။ ပထမဆုံး လစာတွေအများကြီးကို ငါးစာလို သုံးတယ်၊ ကျွန်မကို ဖမ်းလို့ရအောင်လို့ အိမ်ပြန်လာဖို့ ငွေကိုသုံးပြီး ဆွဲဆောင်ဖို့ ကြိုးစားတယ်။ အဲဒါကို ကျွန်မ အမိမခံတော့၊ ကျွန်မရဲ့ဝင်ငွေအားလုံးကို ဖြတ်တောက်ပြီး၊ အိမ်ကနေ ကျွန်မကို နှင်ထုတ်ရင်းနဲ့ ကျွန်မရဲ့ အလုပ်နဲ့ လစာကို သူတို့ သိမ်းယူတော့မှာ။ ဒါက ပါတီဟာ အပြင်ပန်းမှာ အကျင့်သိက္ခာနဲ့ တရားမျှတမှု ရှိပုံရပေမဲ့ စိတ်နှလုံးမှာတော့ လူမဆန်သလို ဆိုးယုတ်မှန်း ရှင်းရှင်း ပြနေခဲ့တယ်။ သူက အချိန်တိုင်းမှာ ဘုရားကို ဆန့်ကျင်တဲ့ မလျော်ကန်တဲ့ မကောင်းဆိုးဝါး တစ်သိုက်ပဲ။ ကျွန်မ သူ့ကို စိတ်နှလုံးကနေ မုန်းပြီး ငြင်းပယ်မိတယ်။ ကျွန်မ အသက်စွန့်ရမယ်ဆိုရင်တောင် အဲဒီကနေ ခွဲထွက်မယ်လို့ ကျိန်ဆိုလိုက်တယ်။ ကျွန်မ အိမ်ပြန်မသွားခဲ့ဘူး။ ကျွန်မယောက်ျားက ကျွန်မနဲ့ ကွာရှင်းဖို့ ဖိအားပေးခံရပြီး သမီးလေးကလည်း ကျွန်မနဲ့ အဆက်ဖြတ်ခဲ့ရတယ်။
ပါတီစနစ်ထဲမှာ အရင်က ကျွန်မအလုပ်လုပ်ခဲ့တုန်းက ပါတီရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကို မမြင်နိုင်ခဲ့ဘူး။ တချိန်လုံး ပါတီကို ချီးမွမ်းပြီး သစ္စာရှိရှိ အလုပ်အကျွေးပြုခဲ့တယ်။ သူ့ရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို တွေ့ကြုံပြီးတဲ့နောက်မှာ၊ သမ္မာတရားကို မုန်းပြီး ဘုရားကို ဆန့်ကျင် အလုပ်လုပ်တဲ့ သူ့ရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကို နောက်ဆုံးမှာ မြင်ခဲ့သလို၊ သူ့နောက် ထပ်မလိုက်ဖို့ ကျိန်ဆိုရင်းနဲ့ အပြည့်အဝ မုန်းပြီး စွန့်လွှတ်ခဲ့တယ်။ ဘုရားရဲ့ မေတ္တာကိုလည်း မြင်ခဲ့တယ်။ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးခဲ့ပြီး နှိပ်စက်ညှဉ်းပန်းမှုနဲ့ အခက်အခဲတစ်လျှောက် အကြိမ်ကြိမ် ခိုင်ခိုင်မာမာ ရပ်တည်ခွင့်ပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါ။ ဘုရားကို အရမ်းကျေးဇူးတင်မိပါတယ်။ ကျွန်မရှေ့ကလမ်း ဘယ်လောက် ခက်ခဲပါစေ၊ နောက်ဆုံးထိ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် မဆုတ်မနှစ် လိုက်မယ်။