၄၁။ မိမိကလေး၏ စိတ်ဝင်စားမှုနှင့် ဝါသနာများအပေါ် အဘယ်သို့ သဘောထားရမည်

တရုတ် ဝဲန်နွန်

ကျွန်မသား ငယ်ငယ်လေးကတည်းက ကိုယ်ခန္ဓာက အားနည်းပြီး ကြီးထွားမှုကလည်း နှေးတယ်။ ကျွန်မတို့အိမ်က ကျောင်းနဲ့နီးတော့ သူ့ကို အားအင်ပြည့်ဖြိုးလာအောင် ကစားကွင်းကို ကျွန်မ ခေါ်သွားပြီး ပြေးခိုင်းလေ့ရှိတယ်။ အဲဒီအချိန်မှာ အားကစားနည်းပြတစ်ယောက်က သူ့ကို သတိထားမိသွားတယ်။ ၂၀၂၀ ခုနှစ်မှာ ကျွန်မသားက မူလတန်း ကျောင်းမှာ တတိယတန်းကို ရောက်တော့ ကျောင်းဘောလုံးအသင်းမှာ ပါဝင်ဖို့ နည်းပြရဲ့ရွေးချယ်တာကိုခံခဲ့ရတယ်။ နေ့တိုင်း ညနေပိုင်း ကျောင်းဆင်းချိန်ပြီးရင် သားက လေ့ကျင့်ဖို့ ကစားကွင်းကို သွားတတ်တယ်။ သားရဲ့ အသားအရေက အရောင်နည်းနည်းထွက်လာပြီး ကိုယ်ခန္ဓာကလည်း ပိုပြီးကြံ့ခိုင်လာတာကို မြင်ရတော့ ကျွန်မ ကျေနပ်ပီတိဖြစ်မိတယ်။ ညတိုင်းဆိုရင်လည်း ဘောလုံးကန်တဲ့အကြောင်း ပျော်စရာလေးတွေ သူပြန်ပြောပြတာကို နားထောင်ဖြစ်တယ်။ ကစားကွင်းမှာ သားလေ့ကျင့်နေတာကို ကြည့်ရင်းနဲ့ နည်းပြတော်တော်များများက သူ့ကို အထူးဂရုစိုက်ပြီးတော့ နောက်ထပ် ကစားကွက်တွေ သင်ပေးနေတာ သတိထားမိတယ်။ နည်းပြတွေက ကျွန်မကို ယဉ်ယဉ်ကျေးကျေးပြောတယ်၊ ကျွန်မသားက သဘောပေါက်တာမြန်တယ်၊ နာခံတတ်တယ်၊ ခံနိုင်ရည်ရှိတယ်ဆိုပြီး ချီးကျူးကြတယ်လေ။ ပြီးတော့ သူ့ကို အသက်ပိုကြီးတဲ့ ကျောင်းသားတွေနဲ့ ခဏခဏ ကစားခိုင်းတယ်။ သူ့ကို အဓိက ကစားသမားတစ်ယောက်အနေနဲ့ ပျိုးထောင်ပေးချင်တယ်ဆိုပြီးတော့ပေါ့။ ကျွန်မစိတ်ထဲမှာတော့ အရမ်းကို ကြည်နူးသွားပြီး တွေးမိတယ်၊ “သူက ငါ့ကို တကယ်ကို ဂုဏ်ယူစရာဖြစ်အောင်လုပ်ပေးတာပဲ။ သူက ဘောလုံးသမားကောင်းတစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာကောင်း ရှိရဲ့လား” အဲဒီအချိန်ကစပြီး ကျွန်မသားရဲ့ ဘောလုံးခရီးကို အနီးကပ်အာရုံစိုက်လာတော့တယ်။ ကျွန်မရဲ့တာဝန်တွေနဲ့ သိပ်အလုပ်များမနေဘူးဆိုရင် သူ့ရဲ့ပြိုင်ပွဲတွေဆို အကြီးအသေးမရွေး ကျွန်မ သွားကြည့်ဖြစ်တယ်။ အသင်းရဲ့ အစီအစဉ်တစ်ခုခုရှိရင်လည်း နည်းပြက ကျွန်မကို ကြိုပြောပြတယ်၊ ကျွန်မ အရမ်း ဂုဏ်ယူမိတယ်။ ကျွန်မ မနေနိုင်ဘဲ စိတ်ကူးယဉ်မိတော့တယ်၊ “ဒီအတွက် သူက တကယ် ဆုကျေးဇူးရှိတဲ့ပုံပဲ။ အခုခေတ် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လူ့အသိုင်းအဝိုင်းမှာ အထူးပြုကျွမ်းကျင်မှုတစ်ခုမရှိရင် အခြေခိုင်ဖို့ခက်တယ်။ ငါ သူ့ကို သေသေချာချာပျိုးထောင်ပြီး နာမည်ကြီးကစားသမားတစ်ယောက်ဖြစ်အောင် လုပ်ပေးရမယ်။ ကျော်ကြားအောင်မြင်မှုကို သူ ရတဲ့အချိန်ကျရင် သူ ငါ့ကို ဂုဏ်ယူစရာဖြစ်အောင်လုပ်ပေးရုံတင်မကဘူး၊ သူ့ရဲ့ စည်းစိမ်ချမ်းသာနဲ့ ဂုဏ်ကျက်သရေကိုပါ ခံစားရမှာ” ပေါ့။ ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူးနေ့မှာ ကျွန်မသားရဲ့အသင်းက ခရိုင်ချန်ပီယံဆုကို ရခဲ့တယ်။ တလက်လက်တောက်ပနေတဲ့ ရွှေဆုဖလားကို ကြည့်ရင်း သားက ကျွန်မကိုဖက်ပြီး ပျော်ပျော်ကြီးရယ်နေတာပေါ့။ ကျွန်မလည်း ပျော်နေရင်းနဲ့ပဲ ကျွန်မသားရဲ့ ဘောလုံးသမားအနာဂတ်အတွက် တိတ်တိတ်လေး အစီအစဉ်ချနေမိတယ်၊ ကိုယ့်ဘာသာ တွေးနေမိတယ်၊ “အခုချိန်ကစပြီး ဒုက္ခခံဖို့သာ ပြင်ထားတော့။ ငါ့ကို ကြမ်းတယ်လို့ အပြစ်မတင်နဲ့နော်၊ ဒါတွေအားလုံးက သားကောင်းဖို့အတွက်ပဲ။ နောင်တစ်ချိန် သားအောင်မြင်လာတဲ့အခါ အမေ့ရဲ့ အပင်ပန်းခံတဲ့စေတနာကို နားလည်လာမှာပါ။ ဒါက သားရဲ့ဝါသနာဖြစ်နေမှတော့ အမေတို့မိဘတွေအနေနဲ့ ကောင်းကောင်းမပျိုးထောင်ပေးရင် တာဝန်မကျေရာကျမှာပေါ့”လို့ပေါ့။

ဒီနောက်ပိုင်းမှာ ကျွန်မက သားကို ကမ္ဘာတစ်ဝှမ်းက နာမည်ကြီးကစားသမားတွေရဲ့ အသားပေးပြထားတဲ့ ဗီဒီယိုအကွက်တွေကို ခဏခဏ ကြည့်ခိုင်းပြီး ပြောလေ့ရှိတယ်၊ “ဒီကြယ်ပွင့် ကစားသမားက ဘယ်လောက် အထင်ကြီးစရာကောင်းလဲ။ သူ့လိုဖြစ်လာရင် ဘယ်လိုခံစားရမလဲလို့ သားထင်လဲ” ပေါ့။ ကျွန်မသားက ဘောလုံးပွဲကြည့်ရတာ ကြိုက်ပြီးသားဆိုတော့ ကျွန်မရဲ့လမ်းညွှန်မှုနဲ့ဆို ပိုပြီးတောင် စိတ်အားထက်သန်လာတယ်။ အိမ်စာလုပ်ပြီးတာနဲ့ ဘောလုံးပွဲတွေကြည့်တယ်၊ နာမည်ကြီးကစားသမားတွေရဲ့ အင်တာဗျူးတွေ ကြည့်တယ်။ မကြာခင်မှာပဲ သူက အကြီးစားဘောလုံးပြိုင်ပွဲတွေနဲ့ နိုင်ငံအသီးသီးက နာမည်ကြီးကစားသမားတွေအကြောင်းကို အရမ်းရင်းနှီးလာပြီး ကျွန်မကိုတောင် ပြန်ရှင်းပြတတ်နေပြီ။ သားက လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဆိုတာ မြင်တော့ ကျွန်မ သူ့ကို ထပ်ပြီး သွန်သင်စကား ပြောပြန်တယ်၊ “ဘယ်သူမှ လွယ်လွယ်နဲ့ မအောင်မြင်နိုင်ဘူး။ သားရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ဆိုရင် ဒုက္ခခံနိုင်ရမယ်”လို့ပေါ့။ ကျွန်မသားကလည်း လုံးဝကိုလက်ခံပြီး ငြီးငွေ့စရာကောင်းတဲ့ အခြေခံကျွမ်းကျင်မှုလေ့ကျင့်ခန်းတွေအတွက် ညည်းညူတာ ရှားသွားတယ်။ ၂၀၂၁ ခုနှစ် နွေရာသီတစ်လျှောက်လုံး ကျွန်မသားက မနက် ၅ နာရီတိုင်း လေ့ကျင့်ဖို့ ကစားကွင်းကိုသွားပြီး မနက် ၉ နာရီကျော်မှ ပြန်လာတယ်၊ လေ့ကျင့်ခန်းတစ်ချိန်တောင် သူ မပျက်ခဲ့ဘူး။ တစ်ခါတော့ သားဖျားနေတာ၊ သူ့ရဲ့ အားနည်းနေတဲ့ပုံစံကိုမြင်တော့ ကျွန်မ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ သူ့ပန်းတိုင်ကို ရောက်အောင်ကူညီပေးချင်လို့ သူ့ကို ကစားကွင်းဆီ ခေါ်သွားခဲ့တုန်းပဲ။ စနေ၊ တနင်္ဂနွေတွေမှာ ကလပ်ကို လေ့ကျင့်ရေးသွားတဲ့အခါ တစ်ခါတလေ သူ အရမ်းပင်ပန်းပြီး ခွင့်ယူချင်ပေမဲ့ ကျွန်မ အမြဲတမ်း ပယ်ချခဲ့တယ်။ တစ်ခါတလေဆို သူ တော်တော်လေး စိတ်မပါတော့ဘူး၊ ပြီးတော့ သူ့စိတ်နေစိတ်ထားကိုပြောင်းလဲအောင်လုပ်ဖို့ ကျွန်မ ဆက်တိုက်ပြောခဲ့တယ်၊ “နည်းပြက သားရဲ့ကြိုးစားမှုကိုမြင်အောင် သားဆက်ကြိုးစားရမယ်။ နည်းပြက သားကို ပြိုင်ပွဲတွေများများခေါ်သွားနိုင်အောင် သားရဲ့ ကျွမ်းကျင်မှုကို တိုးတက်အောင်လုပ်ဖို့လိုတယ်။ သားနာမည်ကြီးလာတဲ့အခါ ပိုကောင်းတဲ့နည်းပြက သားကိုသတိထားမိပြီး ပိုပြီးတော့တောင်ကောင်းတဲ့အသင်းကို ခေါ်သွားလိမ့်မယ်။ အဲဒီအခါကျရင် သားက နာမည်ကြီးကစားသမားတစ်ယောက်ဖြစ်လာဖို့ ခြေတစ်လှမ်း ပိုနီးသွားမှာ မဟုတ်ဘူးလား”လို့ပေါ့။ ကျွန်မသားက ကျွန်မကို ပြန်မပြောနိုင်တော့ မတတ်သာတဲ့အဆုံး အောင့်အီးပြီး လေ့ကျင့်ရေးသွားရတာပေါ့။

နောက်ပိုင်းမှာ ကပ်ရောဂါဆိုးရွားလာလို့ အကြီးစားပြိုင်ပွဲတွေ နှစ်နှစ်ဆက်တိုက် ရပ်နားခဲ့ရတယ်။ သားက ဘာဂုဏ်ပြုဆုမှ မရခဲ့တော့ ကျွန်မတို့နှစ်ယောက်လုံး စိတ်မကောင်းဖြစ်ခဲ့ရတယ်၊ ဒါပေမဲ့ သားကတော့ လေ့ကျင့်တာကို ဘယ်တော့မှ မရပ်ခဲ့ဘူး။ အရိုးကွဲမတတ် အေးစက်နေတဲ့ ရာသီဥတုမှာတောင် ကစားကွင်းထဲမှာ လူနည်းနည်းလေးပဲရှိတဲ့အထဲမှာ သူ့ပုံရိပ်ကို မြင်နေရတုန်းပဲ။ ဒါပေမဲ့ ကျွန်မနဲ့သားရဲ့ ဆက်ဆံရေးက ဘယ်အချိန်ကစပြီး အတိအကျ ပြောင်းလဲသွားမှန်း ကျွန်မမသိခဲ့ဘူး။ ကျွန်မသားဆီကနေ ရလဒ်တွေမြင်ရဖို့ ကျွန်မရဲ့ စိတ်အားထက်သန်မှုကြောင့် သူ အိမ်ပြန်ရောက်တိုင်း လေ့ကျင့်ချိန်က စိတ်ဝင်စားစရာအခိုက်အတန့်တွေကို ဝေမျှချင်တဲ့အခါတိုင်း ကျွန်မက စိတ်မရှည်စွာနဲ့ စကားဖြတ်ပြောလိုက်တယ်၊ “အမေ အဲဒါတွေ မသိချင်ဘူး။ အမေသိချင်တာက မင်းတို့ပွဲ နိုင်ခဲ့လား။ ဂိုးဘယ်နှစ်ဂိုးသွင်းခဲ့လဲ။ နည်းပြကရော သားကို ချီးကျူးရဲ့လား။ အသင်းမှာ မင်းက အတော်ဆုံးပဲလား။” ကျွန်မရဲ့မေးခွန်းတွေကြောင့် သားက ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပြီး အရင်လောက် ကျွန်မနဲ့ ရင်းနှီးတဲ့ခံစားချက် မရှိတော့ဘူး။ သူ့အသင်းနိုင်ခဲ့ရင်တော့ ကျွန်မကို ကြွားတတ်ပေမဲ့ ရှုံးသွားရင်တော့ အမှားတစ်ခုခုလုပ်မိသလိုမျိုး ခေါင်းငိုက်စိုက်ကျသွားရော။

၂၀၂၃ ခုနှစ်မှာ ကပ်ရောဂါကန့်သတ်ချက်တွေအားလုံး ရုပ်သိမ်းလိုက်တော့ ပြိုင်ပွဲအမျိုးမျိုးကို အချိန်ဇယားအတိုင်း ကျင်းပခဲ့တယ်။ စနေ၊ တနင်္ဂနွေတွေမှာ နည်းပြက ကလေးတွေကို ပြိုင်ပွဲတွေအတွက် တခြားမြို့တွေဆီ ခေါ်သွားလေ့ရှိပြီး အားလပ်ရက်တွေဆိုရင်တော့ ပိုဝေးတဲ့မြို့တွေက အကြီးစားပြိုင်ပွဲတွေကို သွားတယ်၊ တခြားနိုင်ငံက ရွယ်တူအသင်းတွေနဲ့တောင် လေ့ကျင့်ကစားခဲ့ကြတယ်။ ဘယ်လောက်ပဲကုန်ကျပါစေ အဲဒီအတွက် သားကို ကျွန်မ တက်တက်ကြွကြွ စာရင်းသွင်းပေးခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း အမြော်အမြင်ရှိပြီး တာဝန်ယူတတ်တဲ့ မိဘတစ်ယောက်လို့ ထင်နေခဲ့တာပေါ့။ သားရတဲ့ဆုတွေ များလာလေ ကျွန်မ ပိုဂုဏ်ယူလေပဲ၊ နည်းပြတွေ၊ တခြားမိဘတွေနဲ့ မိတ်ဆွေ၊ ဆွေမျိုးတွေရှေ့မှာ ကျွန်မရဲ့ မာနက အကြီးအကျယ် ကျေနပ်သွားတယ်။ ဒီနှစ်မှာ ကျွန်မရဲ့ တာဝန်တွေကြောင့် ကျွန်မ အရမ်းအလုပ်များတယ်။ ဒါပေမဲ့ သားလေ့ကျင့်တာကို အဖော်လုပ်ပေးနိုင်ဖို့ ကျွန်မကားကို ကစားကွင်းဘေးမှာ မကြာခဏရပ်ပြီး သူပြီးတဲ့အထိ ကားထဲမှာ ကွန်ပျူတာနဲ့ အလုပ်လုပ်ရင်း စောင့်နေခဲ့တယ်။ သားရဲ့လေ့ကျင့်မှုအခြေအနေကို ကြည့်ဖို့ ကားပေါ်က မကြာခဏ ဆင်းရတာကြောင့် ကျွန်မ တာဝန်ရဲ့ ထိရောက်မှုက အရမ်းနည်းသွားတယ်။ တစ်ခါတော့ သားက မြို့အဆင့်ပြိုင်ပွဲတစ်ခု ဝင်ပြိုင်တာက လူသစ်တစ်ယောက်နဲ့ စုဝေးဖို့အချိန်နဲ့ တိုက်ဆိုင်နေတယ်။ ကျွန်မက သားရဲ့ပွဲကို တကယ်သွားကြည့်ချင်ပေမဲ့ ကျွန်မရဲ့ တာဝန်ကိုလည်း ပစ်ပယ်လို့မဖြစ်ဘူးလေ၊ ဒါနဲ့ စုဝေးပွဲကို သွားခဲ့ရတယ်။ ဒါပေမဲ့ လမ်းတစ်လျှောက်လုံး ကျွန်မစိတ်ထဲမှာ ပြိုင်ပွဲအကြောင်းချည်းပဲ။ “ငါ့သား ပွဲချိန်အပြည့်ကစားနိုင်ပါ့မလား၊ သူ့အသင်းရော နိုင်ပွဲရပါ့မလား မသိဘူး”လို့ တွေးနေမိတယ်။ ဧည့်ခံအိမ်ကိုရောက်တော့ လူသစ်က ရောက်မလာသေးတာကို တွေ့တယ်။ ပုံမှန်ဆို ကျွန်မစိတ်ပူပြီး လူသစ်ကို ဆက်သွယ်ဖို့ နည်းလမ်းရှာမှာပဲ၊ ဒါပေမဲ့ အဲဒီနေ့ကျတော့ လူသစ်မလာတာက အတော်ပဲလို့တောင် ခံစားလိုက်ရတယ်၊ ဒါက သားရဲ့ပွဲကို ကျွန်မ သွားကြည့်လို့ရပြီဆိုတဲ့ သဘောပဲလေ။ ခဏလောက်စောင့်ပြီးတာနဲ့ လူသစ်က ရောက်မလာသေးတော့ ကျွန်မလည်း စိတ်မရှည်နိုင်ဘဲ ကစားပွဲဆီကို အမြန်သွားလိုက်တယ်။ ဒုတိယပိုင်းစခါနီးလေးတင် အချိန်မီရောက်သွားတာပေါ့။ ကျွန်မသားအသင်း ပွဲနိုင်သွားတာကိုမြင်တော့ အရမ်းစိတ်လှုပ်ရှားပြီး လူသစ်ကို ဆက်သွယ်ရမယ့်ကိစ္စကို လုံးလုံးကို မေ့သွားတော့တယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ကျွန်မသားရဲ့အသင်းက မြို့လုံးကျွတ်ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ခဲ့ပေမဲ့ ဆုဖလားမရခဲ့ဘူး။ ကျွန်မ ဒေါသတွေ ပေါက်ကွဲခဲ့တယ်။ အထူးသဖြင့် ကျွန်မသားထက် တစ်နှစ်ငယ်တဲ့အသင်းက ဆုရသွားပြီး အဲဒီမိဘတွေနဲ့ ကလေးတွေက WeChat အဖွဲ့ထဲမှာ အောင်ပွဲခံနေကြတာကို မြင်လိုက်ရတဲ့အခါ ကျွန်မ ရူးလုနီးပါးပါပဲ။ အရင်တုန်းကဆို သူတို့က ကျွန်မတို့ကို အားကျရတဲ့သူတွေချည်းပဲ၊ အခုတော့ သူတို့က ဆုရပြီး ကျွန်မသားက လက်ဗလာနဲ့ ပြန်လာရတယ်။ ဒီအရှက်တွေကို ဘယ်နား သွားထားရမှန်းတောင် မသိတော့ဘူး။ အိမ်ပြန်ရောက်တော့ ညစာတောင် မစားနိုင်ဘူး။ ကျွန်မသားကိုပဲ မကျေနပ်တာတွေ ပေါက်ကွဲနေမိတယ်၊ “ကပ်ရောဂါကြောင့် ပြိုင်ပွဲတွေ နှစ်နှစ်လောက် နောက်ကျခဲ့ရတယ်၊ ဒီတစ်ခါလည်း ဘာရလဒ်မှ ထွက်မလာဘူးလို့တော့ မထင်ထားခဲ့ဘူး။ ဒါတွေအားလုံး မင်းတို့နည်းပြက ပြိုင်ပွဲမတိုင်ခင် သေချာမလေ့ကျင့်ပေးလို့ဖြစ်ရတာ။ မင်းတို့အသင်းဖော်တစ်ယောက်ကလည်း အရေးကြီးတဲ့အချိန်ကျမှ ပေါ့လျော့သွားပြီး အားလုံးကို နောက်ကနေ ဆွဲထားသလို ဖြစ်သွားတယ်။ ပြီးတော့ မင်းရောပဲ၊ ငါ့အထင်တော့ မင်းလည်း အဲဒီလောက် မတော်ပါဘူး။ မင်းသာ တကယ်တော်ရင် အသင်းကို အဆုံးထိ ဦးဆောင်သွားနိုင်မှာပဲ”လို့ပေါ့။ သူက ပွဲရှုံးလို့ အတော်လေး ဝမ်းနည်းနေပြီးသား၊ ဒါပေမဲ့ ကျွန်မ ဒေါသထွက်ပြီး ပေါက်ကွဲနေတာကို မြင်တော့ သူက ကျွန်မကိုတောင် ပြန်နှစ်သိမ့်တယ်၊ “မေမေ၊ စိတ်မဆိုးပါနဲ့တော့။ ပြိုင်ပွဲဆိုတာ နိုင်တဲ့လူ၊ ရှုံးတဲ့လူ ရှိတာပဲလေ။ သားတို့က သူတို့လောက် မတော်ခဲ့လို့ပါ”တဲ့။ သားရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကိုကြည့်ပြီး ကျွန်မစိတ်ထဲ နည်းနည်းလှုပ်ရှားသွားတယ်၊ “ဒါက ကစားပွဲတစ်ခုလေးပဲကို၊ ငါ ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ”လို့ပေါ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး သားကို အားပေးစကားနှစ်ခွန်းသုံးခွန်း ပြောလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ရှုပ်ယှက်ခတ်နေတုန်းပဲ၊ မနက် ၁ နာရီထိုးတဲ့အထိ အိပ်လို့မပျော်ခဲ့ဘူး။ ကျွန်မရဲ့အခြေအနေ မှားနေပြီလို့ ခံစားမိတာနဲ့ စိတ်ထဲမှာ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ သမီးရဲ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘူး။ သမ္မာတရားကို စံသတ်မှတ်ချက်အနေနဲ့ ထားပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်အတိုင်း လူတွေ၊ အမှုအရာတွေကို အမြဲတမ်း ရှုမြင်ဖို့နဲ့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ဖို့ သမီးတို့ကို ကိုယ်တော် စေခိုင်းတယ်။ သမီးရဲ့ကလေးကို ပျိုးထောင်တဲ့ကိစ္စမှာ သမ္မာတရားရဲ့ ဘယ်ကဏ္ဍကို သမီး ဝင်ရောက်သင့်ပါသလဲ။ ကျေးဇူးပြုပြီး သမီးကို ဉာဏ်အလင်းပေး လမ်းညွှန်တော်မူပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ မိဘတွေအနေနဲ့ သားသမီးတွေအပေါ် ဘာတာဝန်တွေ ဖြည့်ဆည်းသင့်တယ်ဆိုတဲ့အကြောင်း ဘုရားသခင် ပြောခဲ့တာကို ပြန်သတိရသွားတယ်၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် စိတ်ထဲပေါ်လာတယ်။ “တစ်ဖက်တွင် မိဘ၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် မိမိတို့၏သားသမီးကို ဂရုစိုက်ခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် မိမိတို့၏သားသမီးကို လမ်းညွှန်အကြံပြုခြင်းနှင့် ပြုပြင်ပေးခြင်း၊ မှန်ကန်သော အတွေးများ၊ အမြင်များနှင့်ပတ်သက်ပြီး ၎င်းတို့အား လမ်းပြပေးခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) ကျွန်မတို့ရဲ့ ငယ်ရွယ်တဲ့ ကလေးတွေမှာ အစွန်းရောက်တဲ့ အတွေးအခေါ်တွေ၊ အမြင်တွေရှိလာတဲ့အခါ မိဘတွေအနေနဲ့ ကျွန်မတို့က သူတို့ရဲ့ အတွေးအခေါ်တွေနဲ့ပတ်သက်လို့ ချက်ချင်း တိုင်ပင်ဆွေးနွေးပေးသင့်တယ်လို့ ဘုရားက စေခိုင်းတယ်။ ဒါက မိဘတစ်ယောက်ရဲ့ တာဝန်ပဲ။ အဲဒီနေ့က ကျွန်မသား ပြိုင်ပွဲရှုံးပြီး အိမ်ပြန်ရောက်လာတော့ ဒါက သူ စိတ်ခံစားချက်တွေကို ထုတ်ဖော်ပြီး သူ့အတွေးတွေကို ပြောပြရမဲ့အချိန် ဖြစ်သင့်တယ်။ ကျွန်မက သူ့အတွေးတွေကို နားထောင်ပေးပြီး တိုင်ပင်ဆွေးနွေးပြီးသူ့ရဲ့မှားယွင်းတဲ့အမြင်တွေကို ကူညီပြုပြင်ပေးသင့်တယ်။ ကျွန်မက သူ့ကို ဘာအကြံမှမပေးတဲ့အပြင် သူ့ကို အခြေအနေပိုဆိုးအောင်တောင် လုပ်ခဲ့တယ်။ ကျွန်မ အရမ်း ဆင်ခြင်တုံတရား ကင်းမဲ့လိုက်တာ။ ကျွန်မက မိခင်တစ်ယောက်အနေနဲ့ စံနှုန်းတောင် မပြည့်မီခဲ့ဘူး။ ကျွန်မ အရမ်းဆိုးဝါးလိုက်တာ။ ဒါတွေကိုတွေးမိတော့ ကျွန်မစိတ်တွေ တဖြည်းဖြည်း တည်ငြိမ်လာပြီး ပြိုင်ပွဲရလဒ်ကို စွဲလန်းမနေတော့ဘူး။

အဲဒီနောက်မှာတော့ ကျွန်မ ဘာလို့ ကျွန်မကလေးအပေါ်မှာ တောင်းဆိုချက်တွေ အများကြီး ထားနေရတာလဲလို့ သုံးသပ်မိတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်တယ်။ “မိဘများ၏ ခံစားချက်အရ အသိစိတ်အတွင်းတွင် ၎င်းတို့သည် ၎င်းတို့သားသမီးများ၏ အနာဂတ်နှင့်ပတ်သက်ပြီး အမျိုးမျိုးသော အမှုကိစ္စများကို မှန်းကြည့်ကာ စီစဉ်ပြီး အဆုံးအဖြတ်ပေးသည်။ ပြီးလျှင် ရလဒ်အနေဖြင့် ၎င်းတို့တွင် ဤမျှော်မှန်းချက်များကို ဖြစ်ပေါ်လာသည်။ ဤမျှော်မှန်းချက်များ၏ လှုံ့ဆော်မှုအောက်တွင် မိဘများသည် ၎င်းတို့သားသမီးများအား ကျွမ်းကျင်မှု အမျိုးမျိုးကို လေ့လာရန်၊ ပြဇာတ်ရေးသားထုတ်လုပ်မှုနှင့် အက၊ သို့မဟုတ် အနုပညာ စသည်တို့ကို လေ့လာရန် တောင်းဆိုသည်။ ၎င်းတို့သည် ၎င်းတို့၏ သားသမီးများကို ပါရမီရှိသောပုဂ္ဂိုလ်များဖြစ်ရန်၊ ထို့နောက်တွင် ၎င်းတို့ကို အထက်လူကြီးများဖြစ်ရန်၊ လက်အောက်ငယ်သားများမဖြစ်ရန် တောင်းဆိုသည်။ ၎င်းတို့သားသမီးများကို ရာထူးကြီးသော အရာရှိများဖြစ်ရန်၊ ခြေလျင်တပ်သားများမဖြစ်ရန် တောင်းဆိုကြသည်။ ၎င်းတို့၏ သားသမီးများကို တစ်ကမ္ဘာလုံးတွင် ထိပ်တန်းဖြစ်သော ကုမ္ပဏီ ၅၀၀ ၌ အလုပ်လုပ်နေသည့် မန်နေဂျာ၊ စီအီးအို၊ အလုပ်အမှုဆောင်များစသည်တို့ ဖြစ်လာရန် တောင်းဆိုသည်။ ဤသည်တို့အားလုံးမှာ မိဘများ၏ စိတ်ခံစားချက်အရ ဖြစ်သော စိတ်ကူးများဖြစ်သည်။...ဤမိဘ၏ မျှော်မှန်းချက်များသည် မည်သည့်အရာကို အခြေခံသနည်း။ မည်သည့်နေရာမှ လာသနည်း။ လူ့အဖွဲ့အစည်းနှင့် လောကထံမှ လာသည်။ ဤမိဘတို့၏ မျှော်မှန်းချက်များအားလုံး၏ ရည်ရွယ်ချက်သည် သားသမီးများအား ဤကမ္ဘာလောကနှင့် လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေရှိနိုင်စေရန်၊ ကမ္ဘာလောက၊ သို့မဟုတ် လူ့အဖွဲ့အစည်း၏ ဖယ်ရှားရှင်းလင်းခြင်းကို ရှောင်နိုင်ရန်၊ လူ့အဖွဲ့အစည်းတွင် အခြေခိုင်ရန်၊ လုံခြုံစိတ်ချရသော အလုပ်၊ တည်ငြိမ်သော မိသားစု၊ တည်ငြိမ်သော အနာဂတ်ကို ရရှိရန် ထောက်ကူပေးဖို့ဖြစ်သည်။ ထို့ကြောင့် မိဘများ၌ ၎င်းတို့၏ သားသမီးများအတွက် စိတ်ခံစားချက်အရ ဖြစ်သော မျှော်မှန်းချက်အမျိုးမျိုး ရှိကြသည်။ ဥပမာ ယခုအချိန်တွင် ကွန်ပြူတာအင်ဂျင်နီယာဖြစ်ခြင်းသည် အလွန်ခေတ်မီသည်။ လူအချို့က ‘ကျွန်ုပ်၏ ကလေးသည် နောင်တွင် ကွန်ပြူတာအင်ဂျင်နီယာ လုပ်မည် ဖြစ်သည်။ ဤနယ်ပယ်တွင် ၎င်းတို့သည် တစ်နေကုန် ကွန်ပြူတာကို သယ်သွားပြီး ကွန်ပြူတာအင်ဂျင်နီယာ အလုပ်လုပ်ရင်း ငွေများစွာ ရနိုင်သည်။ သို့ဖြစ်၍ ကျွန်ုပ်လည်း ဂုဏ်တက်ရမည်ဖြစ်သည်’ ဟု ဆိုကြသည်။ ဤအခြေအနေမျိုးတွင် သားသမီးများက မည်သည့်အရာအပေါ်မျှ လုံးဝ အမြင်သဘောထားမရှိသည့် အခြေအနေတွင် ၎င်းတို့မိဘများက ၎င်းတို့၏ အနာဂတ်ကို ချပြသည်။ ဤသည်မှာ မမှားယွင်းသလော။ (မှားယွင်းပါသည်။) မိဘများသည် လူကြီးများ၏ အမှုအရာများအပေါ် ရှုမြင်သည့် နည်းလမ်းအပြင် ကမ္ဘာလောက၏ အမှုကိစ္စများနှင့်ပတ်သက်ပြီး လူကြီးတစ်ဦး၏ အမြင်၊ ရှုထောင့်၊ နှစ်သက်မှုတို့ကိုသာ လုံးလုံး အခြေခံပြီး သားသမီးများအပေါ် မျှော်လင့်ချက်များ ပုံအောထားသည်။ ဤသည်မှာ ခံစားချက်အရဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်က ယင်းကို ကောင်းစွာဖွင့်ဆိုရလျှင် ယင်းသည် ခံစားချက်အရဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် အမှန်တကယ်တွင် အဘယ်သို့ ဖြစ်သနည်း။ ဤခံစားချက်အရဖြစ်ခြင်း၏ အခြားအနက်ဖွင့်ဆိုမှုမှာ အဘယ်နည်း။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်သလော။ အကျပ်ကိုင်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် လူ့အဖွဲ့အစည်းတွင် ဤအလုပ်၊ ထိုအလုပ်ကို၊ ထိုထိုသော အသက်မွေးမှုအလုပ်ကို နှစ်သက်သည်။ လူ့အဖွဲ့အစည်းတွင် အခြေခိုင်ခြင်း၊ မက်မောဖွယ်ဘဝကို နေထိုင်ရခြင်း၊ အရာရှိအဖြစ် အမှုထမ်းရခြင်း၊ သို့မဟုတ် ချမ်းသာခြင်းတို့ကို သင်နှစ်သက်သည်။ ထို့ကြောင့် သင့်သားသမီးများကိုလည်း ထိုအရာများအား သင် လုပ်ဆောင်စေသည်။ ထိုသို့သောသူမျိုး ဖြစ်စေသည်။ ပြီးလျှင် ထိုလမ်းကြောင်းမျိုးကို လျှောက်စေသည်။ သို့သော် ၎င်းတို့သည် အနာဂတ်တွင် ထိုပတ်ဝန်းကျင်၌ နေထိုင်ရခြင်းနှင့် ထိုအလုပ်ကို ထိတွေ့လုပ်ဆောင်ရခြင်းကို နှစ်သက်မည်လော။ ၎င်းတို့သည် ယင်းနှင့် သင့်တော်သလော။ ၎င်းတို့၏ ခရီးပန်းတိုင်များက အဘယ်နည်း။ ၎င်းတို့နှင့်ပတ်သက်ပြီး ဘုရားသခင်၏ အစီအစဉ်များနှင့် ပြဋ္ဌာန်းချက်များက အဘယ်နည်း။ ဤအရာများကို သင်သိသလော။ လူအချို့က ‘ထိုအရာများကို ကျွန်ုပ် ဂရုမစိုက်ပါ။ အရေးကြီးသည်မှာ သူတို့၏မိဘဖြစ်သည့် ကျွန်ုပ်နှစ်သက်သည့်အရာများသာ ဖြစ်သည်။ ကျွန်ုပ်နှစ်သက်သည့် အရာများကို အခြေခံ၍သာ သူတို့အပေါ် မျှော်လင့်ချက်များထားမည်’ ဟု ဆိုသည်။ ဤသည်မှာ အလွန် တစ်ကိုယ်ကောင်းမဆန်သလော။ (ဆန်ပါသည်။) ယင်းသည် အလွန်တစ်ကိုယ်ကောင်းဆန်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) မိဘတွေက သူတို့ရဲ့ အကြိုက်တွေ၊ လူ့အသိုင်းအဝိုင်းအပေါ် သူတို့ရဲ့နားလည်မှုတွေကိုအခြေခံပြီး ကလေးတွေအပေါ် တောင်းဆိုချက်အမျိုးမျိုး ပြုလုပ်ကြပြီးတော့ အဲဒီတောင်းဆိုချက်တွေကို လိုက်စားအားထုတ်ဖို့ ကလေးတွေကို တောင်းဆိုကြတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မတွေ့ခဲ့ရတယ်။ ဒီအရာနဲ့ ကိုယ့်ကိုယ်ကိုယ် တိုက်ဆိုင်စစ်ဆေးကြည့်တော့ ကျွန်မက အထင်ကြီးခံရတာကို သဘောကျပြီးတော့ နာမည်မရှိဘဲ မနေချင်တဲ့အတွက် ကျွန်မသားကိုလည်း အဲဒီအတိုင်း လိုက်စားအားထုတ်ဖို့ မျှော်လင့်ခဲ့မိတယ်။ လူမှုရေးပြိုင်ဆိုင်မှုရဲ့ဖိအားက အရမ်းကြီးမားပြီး၊ ကျွန်မသားကလည်း အားကစားဘက်မှာ ဆုကျေးဇူးရှိနေတာကို ကျွန်မ သိတော့ ဘောလုံးကစားခြင်းအားဖြင့် ရွယ်တူတွေကြားထဲမှာ ထူးချွန်ပြောင်မြောက်ပြီး နာမည်ကြီးတစ်ယောက်ဖြစ်လာမယ်၊ ငွေအများကြီးရှာနိုင်မယ်၊ သာမန်လူတွေထက် မြင့်တဲ့ဘဝမျိုးနဲ့ နေထိုင်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပေါ့။ ဒီလိုနည်းနဲ့ ကျွန်မလည်း သူ့ရဲ့အောင်မြင်မှုကနေ အကျိုးအမြတ်ရနိုင်မှာလေ။ ဒီပန်းတိုင်ကိုရဖို့ ဘောလုံးကစားရတဲ့ ပျော်ရွှင်မှုကို ကျွန်မရဲ့သား မခံစားရအောင် ကျွန်မလုပ်ခဲ့မိတယ်။ ပြီးတော့ ကျွန်မရဲ့ဆန္ဒအတိုင်း နာမည်ကြီးကစားသမားတစ်ယောက်ဖြစ်လာရမယ်ဆိုတဲ့ ရည်မှန်းချက်ကို လိုက်စားဖို့ သူ့ကို ဖိအားပေးခဲ့တယ်။ ပူလွန်းတာပဲဖြစ်ဖြစ်၊ အေးလွန်းတာပဲဖြစ်ဖြစ်၊ သူ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမရှိဆိုတာကို မစဉ်းစားဘဲ လေ့ကျင့်မှုဆက်လုပ်ဖို့ သူ့ကို ဖိအားပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မသားက အနိုင်အရှုံးနဲ့ ဂုဏ်သိက္ခာကို အရမ်း အာရုံစိုက်လာခဲ့ပြီး သူ့ရဲ့အောင်မြင်မှုတွေကြောင့် မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတတ်လာတယ်။ အပေါ်ယံကြည့်ရင် ဒါတွေအားလုံးကို သားကောင်းဖို့အတွက် ကျွန်မလုပ်နေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ဆန္ဒတွေကို ဖြည့်ဆည်းဖို့၊ လူအများရဲ့လေးစားမှုကိုခံရပြီး စည်းစိမ်နဲ့ဂုဏ်ကျက်သရေကို ခံစားလိုတဲ့ ကိုယ့်ရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ သူ့ရဲ့ဘောလုံးအောင်မြင်မှုကို အသုံးချချင်ခဲ့တာပါ။ ပိုအရေးကြီးတာက သားအပေါ်ထားတဲ့ ကျွန်မရဲ့မျှော်လင့်ချက်တွေ၊ တောင်းဆိုချက်တွေအားလုံးက ကျွန်မရဲ့ တစ်ကိုယ်ရေခံစားချက်အရဖြစ်တဲ့ ဆန္ဒတွေကနေ လုံးလုံးလျားလျား လာတာဖြစ်တယ်။ သားက ငယ်သေးတယ်၊ နာမည်ကြီးတာ၊ ငွေအများကြီးရှာတာတွေကို နားလည်မှာတောင်မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်မက ဒီအရာတွေကို သူ့အပေါ် ချမှတ်ပြီး ကျွန်မရဲ့အစီအစဉ်ကို အတင်းလုပ်ဆောင်စေခဲ့တယ်။ ကျွန်မ အရမ်း တစ်ကိုယ်ကောင်းဆန်လိုက်တာ။ အနာဂတ်မှာ သားက ဘာအလုပ်လုပ်မလဲ၊ ဘယ်လိုလူစားမျိုးဖြစ်လာမလဲဆိုတာအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်အောက်မှာရှိတယ်။ ကိုယ့်ဆန္ဒအတိုင်း သားရဲ့ဘဝကို အစီအစဉ်ချတာက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကနေ ရုန်းထွက်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။

နောက်ပိုင်းမှာ ကျွန်မ ရှာဖွေမိတယ်၊ “ငါ ဘာလို့ ငါ့သားကို ငါ့ရဲ့တောင်းဆိုချက်တွေ ဖြည့်ဆည်းဖို့ အမြဲတမ်း မျှော်လင့်နေရတာလဲ”လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုက်တော့ ကျွန်မစိတ်ထဲ နည်းနည်းလင်းသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမှန်တွင် လူသား၏ ရည်သန်မျှော်မှန်းချက်များသည် မည်မျှကြီးကျယ်ခမ်းနားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ဖြစ်မြောက်စေလိုသည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်းအတွက် ၎င်းတို့၏ အသက်တာတွင် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ မိမိတို့၏ အသက်တာ ရည်သန်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လူတို့၏ သရုပ်ဖော်ချက်များက မည်မျှကြီးကျယ်ခမ်းနားပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ အစဉ်သဖြင့် ဗဟိုပြုထားသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင် အဆုံးမရှိ လိုက်စားနိုင်သောအရာများဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုက်တဲ့အခါ ကျွန်မကလေးအတွက် အဲဒီလိုမျှော်လင့်ချက်တွေရှိခဲ့တဲ့ အကြောင်းရင်းက ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားတာကို ဘဝရဲ့ပန်းတိုင်အနေနဲ့ ထားခဲ့တာကြောင့်ပဲ ဆိုတာကို နားလည်သွားတယ်။ ငယ်ငယ်ကတည်းက “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သင်၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” ဆိုတာတွေနဲ့ “လူတို့ထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အခက်အခဲများကို ခါးစည်းခံရမည”ဆိုတဲ့ စာတန်ဆန်တဲ့ ဆိုရိုးတွေကို လိုက်နာနေထိုင်ရမဲ့ အယူဝါဒတွေအဖြစ် သဘောထားခဲ့တယ်။ စာလေ့လာပြီး စာမေးပွဲအောင်ဖို့ကိုပဲ လုံးလုံး အာရုံစိုက်ခဲ့တယ်။ ရည်မှန်းချက်တစ်ခုရပြီး တခြားလူတွေရဲ့ ချီးကျူးတာ ခံရတိုင်းမှာ ကျွန်မရဲ့အောင်မြင်မှုတွေကြောင့် မိဘတွေကလည်း ဆွေမျိုး၊ မိတ်ဆွေ၊ အိမ်နီးချင်းတွေရဲ့ အားကျခြင်းကို ခံရပြီး ဘယ်လောက်ပဲ ဒုက္ခခံရပါစေ တန်တယ်လို့ ကျွန် မ ခံစားခဲ့ရတယ်။ အလုပ်စဝင်ပြီးနောက် ရာထူးတိုးဖို့၊ လစာတိုးဖို့နဲ့ လူအများကြားမှာ ထင်ပေါ်ကျော်ကြားဖို့အတွက် အထက်လူကြီးတွေကို ကျိုးနွံခဲ့ရတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အခါ ကျွန်မ ဟန်ဆောင်မျက်နှာဖုံးတပ်ပြီး ခံစားချက်အမှန် မဟုတ်တဲ့အရာတွေကို ပြောခဲ့တယ်။ ကျွန်မ မြို့ကြီးမှာ အလုပ်လုပ်ပြီး အိမ်ကို လတိုင်း ပိုက်ဆံပို့ပေးတာကိုမြင်တော့ မိသားစုက အရမ်းပျော်ကြတယ်၊ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် အရမ်းဂုဏ်ယူမိတယ်။ ဒါပေမဲ့ တကယ်တော့ အဲဒီလိုဘဝမျိုးကို ကျွန်မ အတော်ပဲ ငြီးငွေ့နေခဲ့တာ ကြာပြီ။ နာမည်နဲ့အကျိုးအမြတ်လောကထဲမှာ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ တည်ကြည်မှုကို ဆုံးရှုံးခဲ့ရတယ်၊ စိတ်ထဲမှာ အထီးကျန်ပြီး ဗလာဖြစ်နေခဲ့တယ်၊ ကျွန်မရဲ့ ခံစားချက်အမှန်တွေကို ဝေမျှရမဲ့သူ ကျွန်မမှာ ဘယ်သူမှ မရှိခဲ့ဘူး။ အလုပ်ထွက်ပြီးနောက်ပိုင်း နှစ်ပေါင်းများစွာအထိ အဲဒီအချိန်တွေကို ပြန်မတွေးချင်ခဲ့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးနောက်မှာတော့ အသင်းတော်မှာ တာဝန်ထမ်းဆောင်ရင်း စိတ်ထဲမှာ ငြိမ်သက်ခြင်းနဲ့ လုံခြုံမှုကို ခံစားခဲ့ရတယ်၊ နာမည်နဲ့အကျိုးအမြတ်အတွက် အချင်းချင်းပြိုင်ဆိုင်လုယက်ကြတဲ့ ကောက်ကျစ်စဉ်းလဲတဲ့လောကကို ရှောင်ခွာနိုင်ခဲ့တယ်။ ကျွန်မက နာမည်နဲ့အကျိုးအမြတ် လိုက်စားတာကို စွန့်လွှတ်ပြီးပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ ကျွန်မရဲ့ကလေး ဘောလုံးကစားတာနဲ့ ပတ်သက်လာတဲ့အခါ ကျော်ကြားမှုနဲ့အကျိုးအမြတ်ကို ပြန်လိုက်စားနေမိတယ်။ ကျွန်မလည်း ဂုဏ်ရှိနိုင်အောင်လို့ သားကို နာမည်ကြီးကစားသမားတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးချင်ခဲ့တယ်။ ကျွန်မရဲ့မျှော်လင့်ချက်ရဲ့ အနှစ်သာရကတော့ ကျွန်မလိုပဲ သားကိုလည်း ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုက်စားစေချင်ခဲ့တာပဲ။ ကစားကွင်းထဲမှာတော့ ကျွန်မသားက ပြိုင်ဘက်တွေနဲ့ ပြိုင်ဆိုင်နေရတယ်၊ ကစားကွင်းအပြင်မှာတော့ ကျွန်မက တခြားမိဘတွေနဲ့ ပြိုင်ဆိုင်နေခဲ့တာ။ ဘယ်သူက ကိုယ့်ကလေးကို ပိုကောင်းအောင် ပျိုးထောင်နိုင်မလဲ၊ ဘယ်သူ့ကလေးက ကိုယ့်ကို ပိုဂုဏ်ဆောင်ပေးနိုင်မလဲဆိုပြီး ပြိုင်နေခဲ့ကြတာပေါ့။ သားနာမည်ကြီးလာရင် သူ့နဲ့အတူ စည်းစိမ်၊ အဆင့်အတန်းနဲ့ ဂုဏ်ကျက်သရေတွေကို ခံစားရမယ်လို့တောင် စိတ်ကူးယဉ်ခဲ့မိသေးတယ်။ ကျွန်မ လိုက်စားနေတဲ့ပန်းတိုင်က လုံးဝမပြောင်းလဲသေးဘူးဆိုတာ ကျွန်မတွေ့လိုက်ရတယ်။ သားနဲ့အတူ ဘောလုံးပွဲတွေလိုက်ကြည့်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အားကစားလောကဆိုတာ နာမည်နဲ့အကျိုးအမြတ်အတွက်ပဲဆိုတာ ကျွန်မတွေ့ခဲ့ရတယ်။ ဆုကျေးဇူးရှိတဲ့ကစားသမားတွေက အားထုတ်မှုကြောင့် ရလဒ်ကောင်းတွေရခဲ့ရင်တောင် အဲဒီဖြစ်စဉ်မှာ သူတို့ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခဝေဒနာတွေက သာမန်လူတွေ မခံနိုင်တဲ့အရာတွေပဲ။ ဒါ့အပြင် ဒီခဏတာအောင်မြင်မှုတွေက လျင်မြန်စွာပဲ မှေးမှိန်သွားပြီး ဘာအဓိပ္ပာယ်မှမရှိဘူး။ ကျော်ကြားမှုနဲ့အကျိုးအမြတ် နှစ်မျိုးလုံးရှိတဲ့ ကြယ်ပွင့်ကစားသမားတွေတောင် အိုခြင်း၊ နာခြင်း၊ သေခြင်းကနေ မလွတ်မြောက်နိုင်သလို ဘဝမှာ အခက်အခဲတွေကို ရင်ဆိုင်ကြရတုန်းပဲ။ နာမည်နဲ့အကျိုးအမြတ်က အိုမင်းတာ ဖျားနာတာကို မတားဆီးနိုင်သလို လူ့သက်တမ်းကိုလည်း မဆွဲဆန့်နိုင်ဘူး။ ကျွန်မသားကို နာမည်ကြီးကစားသမားတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးခဲ့ရင်တောင် ဘာအဓိပ္ပာယ်ရှိမှာလဲ။ သူလည်း ကျွန်မလိုပဲ စာတန်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရဦးမှာ မဟုတ်ဘူးလား။ အဲဒီတော့မှ ကျွန်မကလေးကို ကျော်ကြားမှုနဲ့အကျိုးအမြတ် လိုက်စားတဲ့လမ်းပေါ် ခေါ်သွားတာက သူ့ကို မီးတွင်းထဲ တွန်းချနေသလိုပဲဆိုတာ ကျွန်မတွေ့လိုက်ရတယ်။ ကျွန်မသားက ဘောလုံးကစားရတာကို နှစ်သက်တဲ့ သာမန်ကလေးတစ်ယောက်ပဲဆိုတာ သိသာနေခဲ့တာပဲလေ။ ကျွန်မက နာမည်နဲ့အကျိုးအမြတ်ကြောင့် မျက်စိကန်းနေခဲ့တာ။ ကျွန်မကိုယ်တိုင်ပဲ ကျော်ကြားမှုနဲ့အကျိုးအမြတ်ဆိုတဲ့ သံခြေကျင်းကို ကျွန်မသားပေါ်မှာ စွပ်ပေးခဲ့တာပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ရင်းနဲ့ ဒီပြဿနာကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိဘများသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းလိုလျှင် လောကီ၊ ဂုဏ်သိက္ခာ၊ အကျိုးအမြတ်တို့နှင့်သက်ဆိုင်သည့် ၎င်းတို့ကိုယ်တိုင်၏ အရွယ်ရောက်ပြီးသူများ၏ လိုက်စားမှုများကို မိမိတို့၏သားသမီးများအပေါ် မျှော်မှန်းချက်များအဖြစ် ပြောင်းလဲခြင်း၊ လူ့အဖွဲ့အစည်းမှလာသော ဤဂုဏ်သိက္ခာ၊ အကျိုးအမြတ်၊ လောကီတို့နှင့်သက်ဆိုင်သော အရာများကို သားသမီးများအပေါ်သို့ ချမှတ်ခြင်းအစား မိမိတို့သားသမီးများ၏ ပင်ကိုစရိုက်များ၊ စိတ်သဘောထားများ၊ စိတ်ဝင်စားမှုများ၊ အစွမ်းအစနှင့် သားသမီးများ၏ လူ့သဘာဝလိုအပ်ချက်တို့ကို နားလည်ဖို့ ကြိုးစားသင့်သည်။ မိဘများသည် ဤအရာများကို ‘မိမိတို့၏သားသမီးများအပေါ် မျှော်မှန်းချက်များ’ ဟူသည့် ချိုသာသောစကားအပေါ် ယိုးမယ်ဖွဲ့လေသည်။ သို့သော် လက်တွေ့တွင် ထိုအရာများသည် ထိုသို့ မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏သားသမီးများကို မီးတွင်းထဲသို့ တွန်းပို့ပြီး နတ်ဆိုးများ၏ လက်ထဲသို့ ပို့ဖို့ ကြိုးစားနေသည်မှာ ရှင်းသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈))မိမိတို့၏ သားသမီးများ လျှောက်မည့် အနာဂတ်လမ်းကြောင်းများနှင့် ၎င်းတို့လိုက်စားမည့် အသက်မွေးအလုပ်များနှင့် ပတ်သက်ပြီး မိဘများသည် ‘သူ့ကို ကြည့်စမ်းပါ၊ သူသည် လေးငါးနှစ်အရွယ်တွင် စတင်၍ စန္ဒရားတီးသော စန္ဒရားပညာရှင်တစ်ဦးဖြစ်သည်။ သူသည် ကစားချိန်တွင် စိတ်အလိုမလိုက်ခဲ့ပါ၊ သူ့တွင် သူငယ်ချင်းများဖြစ်စေ၊ ကစားစရာအရုပ်များဖြစ်စေ မရှိ။ ပြီးလျှင် သူသည် နေ့စဉ် စန္ဒရားလေ့ကျင့်သည်။ သူ၏ မိဘများသည် စန္ဒရားတီးသင်တန်းချိန်များတွင် အဖော်ပြုလိုက်ပေးခဲ့သည်။ ဆရာအမျိုးမျိုးဖြင့် တိုင်ပင်ဆွေးနွေးခဲ့ပြီး စန္ဒရားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ယခုနာမည်ကြီးနေသည့် သူ့ကို ကြည့်စမ်းပါ။ ကောင်းစွာ စားသောက်ရသည်။ ကောင်းစွာ ဝတ်စားရသည်။ မည်သည့်နေရာသွားသွား မျက်နှာပွင့်လန်းပြီး လေးစားခြင်းခံရသည်’ ဟူသကဲသို့သော အရာများကို မသွတ်သွင်းသင့်ပေ။ ဤသည်မှာ ကလေးတစ်ယောက်၏ စိတ် သင့်တင့်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးသည့် သင်ကြားလေ့ကျင့်ပေးမှုမျိုး ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့် သင်ကြားလေ့ကျင့်ပေးမှုမျိုး ဖြစ်သနည်း။ ယင်းမှာ နတ်ဆိုး၏ သင်ကြားလေ့ကျင့်ပေးမှု ဖြစ်သည်။ ဤသင်ကြားလေ့ကျင့်ပေးမှုမျိုးသည် ငယ်ရွယ်သော မည်သည့်စိတ်ကိုမဆို ထိခိုက်စေသည်။ ယင်းက ၎င်းတို့အား ကျော်ကြားမှုကို ဆန္ဒပြင်းပြရန်၊ အမျိုးမျိုးသော မျက်နှာပွင့်ခြင်းများ၊ ဂုဏ်များ၊ ရာထူးနေရာများနှင့် ပျော်မွေ့ဖွယ်ရာများကို တပ်မက်ရန် အားပေးသည်။ ယင်းသည် ၎င်းတို့အား ငယ်ရွယ်စဉ်ကတည်းက ဤအရာများကို တောင့်တပြီး လိုက်စားစေကာ ၎င်းတို့အား စိတ်သောက ရောက်စေသည်။ အလွန်အမင်း စိုးရိမ်စေပြီး ပူပင်စေသည်။ ပြီးလျှင် ၎င်းတို့၏ အိမ်စာကို ကြည့်ရှုစစ်ဆေးပြီး ပညာရပ်အမျိုးမျိုးကို လေ့လာရန်အတွက် စောစောထကာ နောက်ကျသည်အထိ အလုပ်လုပ်ပြီး ၎င်းတို့၏ ကလေးဘဝ နှစ်ကာလများကို ဆုံးရှုံးလျက်၊ ဤအရာများကို ထိုတန်ဖိုးရှိသောနှစ်များနှင့် အလဲအလှယ်ပြုလျက် ဤအရာများကိုရရှိရန် အဖိုးအခမျိုးစုံကိုပင် ပေးဆပ်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေအရ မိဘတွေက သူတို့ရဲ့ နာမည်နဲ့အကျိုးအမြတ်လိုက်စားမှုကို ကလေးတွေအပေါ်မှာ တင်ထားပြီး ကလေးတွေကို ပြုစုပျိုးထောင်ခြင်း၊ ပညာပေးခြင်း ဖြစ်စဉ်တစ်လျှောက်လုံးမှာ ဒါက ပါနေတယ်ဆိုတာ ကျွန်မတွေ့ခဲ့ရတယ်။ ဒါက ကလေးတွေရဲ့ ကိုယ်ခန္ဓာနဲ့စိတ်ကို ပျက်စီးစေပြီး အနှစ်သာရအားဖြင့် ကလေးတွေကို မာရ်နတ်ရဲ့လက်ထဲကို တွန်းပို့နေတာပဲ။ ကျွန်မသားက ပူပင်သောကကင်းတဲ့ ကလေးဘဝမှာ ရှိခဲ့ပေမဲ့ ကျွန်မက သူ့ကို အသက် ခြောက်၊ ခုနစ်နှစ်အရွယ်ကတည်းက နာမည်ကြီးကစားသမားတစ်ယောက်ဖြစ်ဖို့၊ နာမည်ဂုဏ်သတင်းနဲ့ စည်းစိမ်ဥစ္စာကို လိုက်ခိုင်းခဲ့တယ်။ ဒါတွေက သူ့အသက်အရွယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ထက် ကျော်လွန်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဒီအတွေးအခေါ်တွေကို သူ့ထဲကို အတင်းသွတ်သွင်းခဲ့ပြီး သူပင်ပန်းနေချိန်၊ ဖျားနေချိန်မှာတောင် လေ့ကျင့်မှုဆက်လုပ်ဖို့ တောင်းဆိုခဲ့တယ်။ သားအတွက် ဘောလုံးဆိုတာက စိတ်ဝင်စားမှု၊ ဝါသနာဆိုတာထက် ပိုသွားခဲ့ပြီ၊ သူက ကျွန်မရဲ့ များလွန်းတဲ့ ဖိအားတွေအောက်မှာ ရှိနေခဲ့ရတယ်။ ကျွန်မက ကလေးကို အနိုင်အရှုံး၊ အောင်မြင်မှု၊ ကျရှုံးမှုကို ဂရုစိုက်ဖို့ ဖိအားပေးတယ်၊ ရွယ်တူတွေနဲ့ ယှဉ်ပြိုင်ဖို့ ဖိအားပေးတယ်၊ နည်းပြတွေများများ သတိထားမိအောင် ကြိုးစားလေ့ကျင့်ဖို့ ဖိအားပေးခဲ့တယ်။ အခုဆိုရင် ကျွန်မသားက ကစားပွဲနိုင်တဲ့အခါ ဒါမှမဟုတ် ဂုဏ်ပြုဆုတစ်ခုခုရတဲ့အခါတိုင်းမှာ ဘဝင်မြင့်တဲ့စိတ် ဖြစ်လာပြီး တခြားသူတွေ ပိုကောင်းအောင်လုပ်ဆောင်နိုင်တာ၊ အာရုံစိုက်ခံရတာတွေ့ရင် စိတ်ဓာတ်ကျပြီး မနာလိုဖြစ်တတ်လာတယ်။ ကျွန်မသားက အဲဒီအရွယ်မှာ ရှိသင့်တဲ့ အပြစ်ကင်းစင်မှုကို ဆုံးရှုံးသွားခဲ့ရတယ်၊ ဒါတွေအားလုံးက ကျွန်မရဲ့ဆန္ဒတွေကို သူ့အပေါ်မှာ တင်ပေးခဲ့တဲ့ အကျိုးဆက်တွေပဲ။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးတာတောင် နာမည်နဲ့အကျိုးအမြတ်က လူတွေကို ဘယ်လိုဒုက္ခပေးတယ်ဆိုတာ ကျွန်မ မမြင်နိုင်ခဲ့ဘူး။ ကျွန်မကလေးကိုတောင် နာမည်နဲ့အကျိုးအမြတ်ကို လိုက်စားဖို့ သင်ပေးခဲ့ပြီး အဲဒီဖြစ်စဉ်မှာ ကိုယ့်တာဝန်တွေကိုတောင် နှောင့်နှေးစေခဲ့တယ်။ ကျွန်မ ကိုယ့်ရဲ့ လုပ်သင့်တဲ့အလုပ်ကို တကယ် လျစ်လျူရှုခဲ့တာပဲ။ ကျွန်မ အရမ်းနောင်တရပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး သမ္မာတရားကို နားမလည်ပါဘူး။ မိဘတစ်ယောက်အနေနဲ့လည်း စံနှုန်း မပြည့်မီပါဘူး။ သမီးရဲ့ကလေးကို ဘယ်လို သွန်သင်ပေးပြီး သူ့ရဲ့ စိတ်ဝင်စားမှုနဲ့ ဝါသနာတွေကို ဘယ်လို သဘောထားရမလဲ။ ကျေးဇူးပြုပြီး သမီးကို ဉာဏ်အလင်းပေး လမ်းညွှန်တော်မူပါ”လို့ပေါ့။

နောက်ပိုင်း ဘုရားနှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းကို ကျွန်မတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိဘများသည် မိမိတို့၏ သားသမီးများအပေါ် မျှော်လင့်ချက်များနှင့် တောင်းဆိုချက်အမျိုးမျိုးကို အတင်းအကျပ် သက်ရောက်စေသည့်အခါ ၎င်းတို့အပေါ် အလွန်အမင်း ပိုလျှံသော ဖိအားတစ်ခုကို သက်ရောက်စေခြင်းဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်း မဟုတ်ပေ။ သို့ဆိုလျှင် မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများမှာ အဘယ်နည်း။ အနည်းဆုံးတော့ ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ရိုးသားသောသူများဖြစ်ရန်၊ ရိုးသားသောစကားကို ပြောဆိုရန်နှင့် အမှုအရာများကို ရိုးသားစွာ လုပ်ဆောင်ရန် သင်ကြားပေးသင့်သည့်အပြင် ၎င်းတို့ကို ကြင်နာတတ်သောစိတ်နှလုံးရှိသူများ ဖြစ်လာစေရန်နှင့် မကောင်းမှုများကို မပြုလုပ်ရန် သင်ကြားပေးကာ အပြုသဘောဆောင်သော လမ်းကြောင်းတစ်ခု၌ လမ်းညွှန်ပေးသင့်သည်။ ဤသည်တို့မှာ ၎င်းတို့၏ အခြေခံအကျဆုံးသော တာဝန်ဝတ္တရားများ ဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ၎င်းတို့၏ အစွမ်းအစနှင့် အခြေအနေများပေါ်မူတည်၍ လက်တွေ့ကျသော အသိပညာနှင့် ကျွမ်းကျင်မှုများကို လေ့လာရန် စသည်ဖြင့် လမ်းညွှန်ပေးသင့်သည်။ အကယ်၍ မိဘများသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို နားလည်ပါက ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရှုစေပြီး သမ္မာတရားကို လက်ခံစေသင့်သည်၊ သို့မှသာ ၎င်းတို့သည် ဖန်ဆင်းရှင်ကို သိရှိလာမည်ဖြစ်ပြီး လူသားများကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်းနှင့် ဤစကြဝဠာတွင် ဘုရားသခင် တည်ရှိတော်မူကြောင်းကို နားလည်လာမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ဘုရားသခင်ထံ ဆုတောင်းရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်သင့်သည်၊ သို့မှသာ ၎င်းတို့သည် အချို့သော သမ္မာတရားများကို နားလည်နိုင်မည်ဖြစ်ပြီး ကြီးပြင်းလာပြီးနောက်တွင် ဘုရားသခင်ကို ယုံကြည်နိုင်မည်ဖြစ်ကာ ဘုရားသခင်နောက်လိုက်နိုင်မည်ဖြစ်ပြီး လောကီရေးရာ ခေတ်ရေစီးကြောင်းများနောက် လိုက်ခြင်း၊ အမျိုးမျိုးသော ရှုပ်ထွေးသည့် လူအချင်းချင်း ဆက်ဆံရေးများအတွင်း ပိတ်မိနေခြင်းနှင့် ဤလောက၏ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများ၏ သွေးဆောင်ဖြားယောင်းခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် နင်းခြေဖျက်ဆီးခြင်းတို့ကို ခံရမည့်အစား ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ဤသည်တို့မှာ မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများ အမှန်တကယ်ပင် ဖြစ်ကြသည်။ ၎င်းတို့ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများမှာ မိဘများ၏ အခန်းကဏ္ဍ၌ မိမိတို့၏ သားသမီးများ အရွယ်မရောက်မီ ၎င်းတို့အား အပြုသဘောဆောင်သော လမ်းညွှန်မှုနှင့် သင့်လျော်သော အကူအညီများ ပေးရန်အပြင် နေ့စဉ်သုံးလိုအပ်ချက်များနှင့်ပတ်သက်၍ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာများတွင် ၎င်းတို့ကို အချိန်မီ ဂရုစိုက်စောင့်ရှောက်ရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့၏ သားသမီးများ ဖျားနာပါက မိဘများသည် လိုအပ်သည့်အခါတိုင်း ၎င်းတို့ကို ဆေးကုသမှု ခံယူစေသင့်သည်၊ ၎င်းတို့သည် မိမိတို့၏ သားသမီးများ၏ ကျောင်းစာများ နောက်ကျမည်ကို စိုးရိမ်သည့်အတွက် ၎င်းတို့ကို ကျောင်းဆက်တက်စေပြီး ဆေးကုသမှုကို လျစ်လျူရှုခြင်း မပြုသင့်ပေ။ ၎င်းတို့၏ သားသမီးများ ပြန်လည်ကျန်းမာလာစေရန် အနားယူရန် လိုအပ်သည့်အခါ ၎င်းတို့ကို အနားယူခွင့်ပြုရမည်ဖြစ်ပြီး အနားယူရန် လိုအပ်သည့်အခါ အနားယူခွင့်ပြုရမည် ဖြစ်သည်။ ၎င်းတို့၏ သားသမီးများ၏ ကျန်းမာရေးကို သေချာစေခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည့်အရာ ဖြစ်သည်၊ အကယ်၍ သားသမီးများသည် ၎င်းတို့၏ ကျောင်းစာများတွင် နောက်ကျကျန်ရစ်ပါက မိဘများသည် နောက်ပိုင်းတွင် ယင်းကို ပြန်လည်ကာမိစေရန် နည်းလမ်းတစ်ခု ရှာဖွေနိုင်သည်။ ဤသည်တို့မှာ မိဘများ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများ ဖြစ်ကြသည်။ တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ခိုင်မာသော အသိပညာများ ရရှိစေရန် ကူညီရမည်၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို လမ်းမှန်ပေါ် လျှောက်လှမ်းနိုင်စေရန် လမ်းညွှန်ပြီး ပညာပေးရမည်ဖြစ်ကာ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ မကောင်းသော လားရာများနှင့် ဆိုးယုတ်သော အလေ့အကျင့်များ၏ လွှမ်းမိုးခြင်းကို မခံရစေရန် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာစေရမည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ သားသမီးများကို ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာစေရန်အလို့ငှာ သင့်လျော်သော လေ့ကျင့်ခန်းများကို အလေးထားလုပ်ဆောင်စေရမည်။ ဤသည်တို့မှာ မိဘများက မိမိတို့၏ သားသမီးများအပေါ် မည်သည့် လက်တွေ့မကျသော မျှော်လင့်ချက်များ သို့မဟုတ် တောင်းဆိုချက်များကိုမဆို အတင်းအကျပ် သက်ရောက်စေမည့်အစား လုပ်ဆောင်သင့်သော အမှုအရာများ ဖြစ်ကြသည်။ မိဘများသည် မိမိတို့၏ သားသမီးများ ၎င်းတို့၏ ဝိညာဉ်အတွက် လိုအပ်သော အမှုအရာများနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာများတွင် လိုအပ်သော အမှုအရာများ နှစ်မျိုးစလုံးနှင့်ပတ်သက်၍ မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရမည်။ ၎င်းတို့သည် အနွေးဓာတ်ရှိသော အစားအစာများကို စားသင့်ပြီး အအေးစာများကို မစားသင့်ကြောင်း၊ ရာသီဥတု အေးသည့်အခါ အအေးမိခြင်း သို့မဟုတ် တုပ်ကွေးမိခြင်းကို ရှောင်ရှားရန် အနွေးထည်များ ဝတ်ဆင်သင့်ကြောင်းကဲ့သို့သော အချို့သော သာမန်အသိပညာများကို ၎င်းတို့အား ပြောပြသင့်ပြီး မိမိတို့၏ ကိုယ်ပိုင်ကျန်းမာရေးကို ဂရုစိုက်တတ်စေရန် ကူညီပေးသင့်သည်။ ထို့အပြင် ၎င်းတို့၏ သားသမီးများ၏ နုနယ်သောစိတ်ထဲတွင် ၎င်းတို့၏ အနာဂတ်များနှင့်ပတ်သက်၍ ကလေးဆန်ပြီး မရင့်ကျက်သော အတွေးအခေါ်အချို့ သို့မဟုတ် အစွန်းရောက်သော အတွေးအခေါ်အချို့ ပေါ်ပေါက်လာသည့်အခါ မိဘများသည် ဤအရာကို ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အား မှန်ကန်သော လမ်းညွှန်မှု ပေးရမည်ဖြစ်ပြီး ထိုကလေးဆန်သော စိတ်ကူးယဉ်မှုများနှင့် အစွန်းရောက်သော အမှုအရာများကို ပြုပြင်ပေးရမည်၊ သို့မှသာ ၎င်းတို့၏ သားသမီးများသည် ဘဝ၏ လမ်းမှန်ပေါ်သို့ စတင်လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ ဤသည်မှာ မိဘများ၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ တစ်ဖက်တွင် မိဘ၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် မိမိတို့၏သားသမီးကို ဂရုစိုက်ခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် မိမိတို့၏သားသမီးကို လမ်းညွှန်အကြံပြုခြင်းနှင့် ပြုပြင်ပေးခြင်း၊ မှန်ကန်သော အတွေးများ၊ အမြင်များနှင့်ပတ်သက်ပြီး ၎င်းတို့အား လမ်းပြပေးခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) မိဘတွေက သူတို့ရဲ့ ငယ်ရွယ်တဲ့ ကလေးတွေအပေါ် မှာရှိတဲ့ တာဝန်က တစ်ဖက်မှာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဂရုစိုက်ပေးပြီး သူတို့ ကျန်းကျန်းမာမာ ကြီးပြင်းဖို့ သေချာအောင်လုပ်တာဖြစ်ပြီး နောက်တစ်ဖက်မှာတော့ ကလေးတွေနဲ့ ပိုပြီးပြောဆိုဆက်ဆံပေးတာ၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အချိန်မီ တိုင်ပင်ဆွေးနွေးပြီး ဖြေရှင်းပေးတာတွေ ပါဝင်မှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်ခဲ့ရတယ်။ ဒီထက်ပိုကောင်းတာကတော့ ကလေးတွေကို ဘုရားသခင်ရှေ့မှောက်ကို ခေါ်ဆောင်လာဖို့ပဲ။ ဘုရားနှုတ်ကပတ်တော်တွေက လူတွေတကယ်လိုအပ်တဲ့အရာတွေပဲ။ ကိုယ်တော်က ကျွန်မတို့ကို လူ့ကျင့်ဝတ်ကို ဘယ်လိုကျင့်သုံးရမလဲ၊ ကိုယ့်သားသမီးတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ လက်တွေ့ကျကျ သင်ပေးနေတယ်။ ကျွန်မ မိဘတစ်ယောက်ဖြစ်လာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ၊ ကျွန်မကလေးအတွက် အကောင်းဆုံးကို လုပ်ပေးဖို့ဆိုတာ တကယ်တမ်း ဘာကိုဆိုလိုမှန်း ကျွန်မ မသိခဲ့ဘူး။ အခုချိန်မှာတော့ ဘုရားနှုတ်ကပတ်တော်အတိုင်း လိုက်နာမှသာ မိဘတစ်ယောက်ရဲ့တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်မယ်၊ ပြီးတော့ ဒါက ကလေးကို ကျန်းကျန်းမာမာ ကြီးပြင်းစေနိုင်တယ်ဆိုတာ ကျွန်မ သဘောပေါက်ခ့တယ်။ ဒီအရာတွေကို သဘောပေါက်သွားတဲ့အခါ၊ ကျွန်မကလေးကို လေ့ကျင့်ခန်းတွေနဲ့ ပြိုင်ပွဲအမျိုးမျိုးမှာ ပါဝင်ဖို့ အတင်းအကျပ်မခိုင်းတော့ဘဲ သူ့ရဲ့ဆန္ဒကိုပဲ လေးစားပေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ကို စကားပြောခဲ့တယ်၊ “သားကို နာမည်ကြီးကစားသမားဖြစ်အောင်လုပ်ဖို့ အမေတို့ မကြိုးစားတော့ဘူး။ သား ဘောလုံးကစားရတာကြိုက်တယ်ဆိုရင် ပျော်အောင်ကစားဖို့ကိုပဲ အာရုံစိုက်ပါ”လို့ပေါ့။ သူ ဒီလိုကြားလိုက်ရတော့ အံ့ဩသွားသလို ပျော်လည်းပျော်သွားတယ်။ ကျွန်မလည်း အများကြီး စိတ်အေးလက်အေးဖြစ်သွားတယ်။ အဲဒီနောက်ပိုင်း သားက လေ့ကျင့်ရေး ဒါမှမဟုတ် ပြိုင်ပွဲတွေသွားတဲ့အခါ ကျွန်မ သူ့ဘာသာသူ ရင်ဆိုင်စေခဲ့တယ်။ ကျွန်မကတော့ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ကိုယ့်တာဝန်ကိုပဲ အာရုံစိုက်ခဲ့တယ်၊ အဲဒီကိစ္စတွေကို စိတ်ပူမနေတော့ဘူး။ ၂၀၂၄ ခုနှစ်၊ မေလမှာ သား မူလတန်းကျောင်းပြီးခါနီးအချိန်မှာ ပြိုင်ပွဲတစ်ခုရှိခဲ့တယ်။ ပြိုင်ဘက်အသင်းတွေက အားကောင်းတာကိုတွေ့တော့ ပြိုင်ဆိုင်မှုပြင်းထန်မှာစိုးလို့ သူ့ကို မပါဝင်ဖို့ ကျွန်မ အကြံပြုခဲ့တယ်။ ဒါပေမဲ့ သားက သွားဖို့ကိုပဲ တင်းခံနေခဲ့တယ်။ နောက်ဆုံးတော့ သူ့အသင်းဖော်တွေရဲ့ အမှားကြောင့် နှစ်ဂိုးရှုံးသွားပြီး နောက်ဆုံး ပင်နယ်တီကန်သွင်းတဲ့အပိုင်းမှာလည်း သားက စိတ်လှုပ်ရှားလို့ ဂိုးပေါက်လွဲသွားခဲ့တယ်။ သူ နည်းနည်းစိတ်မကောင်းဖြစ်ပြီး နောင်တရနေခဲ့ပေမဲ့ ကျွန်မက သူ့ကို စိတ်ရှည်ရှည်နဲ့ အကြံပေးလမ်းညွှန်ခဲ့ပြီး ဒီကိစ္စကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖို့ အားပေးခဲ့တယ်။ ဒါကိုကြားပြီးနောက်မှာ သားက အများကြီး စိတ်သက်သာရာရသွားတယ်။ ပုံမှန်အားဖြင့်လည်း ကျွန်မသားကို ဘုရားသခင်ရဲ့ အမှုတော်အကြောင်း ကျွန်မ သက်သေခံလေ့ရှိတယ်။ လူကို ဘုရားသခင်က ဘယ်လိုဖန်ဆင်းခဲ့တယ်၊ စာတန်က လူတွေကို ဘယ်လိုဖောက်ပြန်ပျက်စီးစေတယ်ဆိုတာကို ပြောပြတယ်။ သားက အရမ်းစိတ်ဝင်စားပြီး နားလည်နိုင်ခဲ့တယ်။ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ဘုရားကို အားကိုးဖို့၊ ပြီးတော့ သူ့ရဲ့ စကားနဲ့ လုပ်ရပ်တွေမှာ ရိုးသားပြီး မလိမ်ဖို့၊ မလှည့်ဖြားဖို့၊ မကောင်းတာတွေ မလုပ်ဖို့ဆိုတာတွေကိုလည်း ကျွန်မကလေးကို ကျွန်မ မကြာခဏ သွန်သင်ပေးခဲ့တယ်။

ကျော်ကြားမှုနဲ့အကျိုးအမြတ်ကို လိုချင်တဲ့စိတ်က ကျွန်မစိတ်နှလုံးထဲမှာ ရံဖန်ရံခါ လှုံ့ဆော်နေတုန်းပဲ၊ အထူးသဖြင့် တခြားသူတွေရဲ့ကလေးတွေက သူတို့ရဲ့ စိတ်ဝင်စားမှု၊ ဝါသနာတစ်ခုခုမှာ အောင်မြင်မှုရနေတာကို မြင်ရတဲ့အခါ ကိုယ်ဘာသာ နေမထိထိုင်မထိဖြစ်တာကို တွေ့ရတယ်။ ဒါပေမဲ့ ကျွန်မရဲ့ဆန္ဒတွေကိုတော့ ကလေးအပေါ်မှာ အတင်းအကျပ် မတင်ပေးတော့ဘူး။ တစ်ညနေမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်မထင် ကျွန်မတွေ့လိုက်တယ်။ အဲဒါက ကျွန်မနဲ့သားနှစ်ယောက်လုံးအတွက် လိုအပ်တဲ့အရာဖြစ်လို့ သူ့ကိုခေါ်ပြီး ဒီနှုတ်ကပတ်တော်ကို အတူတူဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်က သင့်အား စိတ်ဝင်စားမှု၊ ဝါသနာ သို့မဟုတ် အားသာချက်တစ်ခုခုကို ပေးအပ်ခြင်းက ဘုရားသခင်သည် သင့်အား သင်၏ စိတ်ဝင်စားမှု၊ ဝါသနာ သို့မဟုတ် အားသာချက်နှင့်ဆက်စပ်သော တာဝန် သို့မဟုတ် အလုပ်တစ်ခုခုကို လုပ်ဆောင်စေရမည်ဟု မဆိုလိုပေ။ အချို့သောလူများက ‘ကျွန်ုပ်သည် ဤနယ်ပယ်တွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် သို့မဟုတ် ဤအရာနှင့် ဆက်စပ်သည့်အလုပ်တွင် ပါဝင်ရန် စေခိုင်းခြင်း မခံရသည့်အတွက်၊ ကျွန်ုပ်အား အဘယ်ကြောင့် ထိုသို့သော စိတ်ဝင်စားမှု၊ ဝါသနာ သို့မဟုတ် အစွမ်းအစကို ပေးအပ်ထားခဲ့သနည်း’ဟု ဆိုကြသည်။ ဘုရားသခင်သည် လူတစ်ဦးစီ၏ အမျိုးမျိုးသော အခြေအနေများကို အခြေခံ၍ လူအများစုအား အချို့သော စိတ်ဝင်စားမှုများနှင့် ဝါသနာများကို ပေးအပ်ပြီးဖြစ်သည်။ ထည့်သွင်းစဉ်းစားထားသည့် များစွာသောအရာများ ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ တစ်ချက်အနေဖြင့်၊ ယင်းမှာ လူတို့၏ စားဝတ်နေရေးနှင့် ရှင်သန်မှုအတွက် ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့်၊ ယင်းမှာ လူတို့၏ ဘဝများကို တန်ဖိုးတက်စေရန် ဖြစ်သည်။ တစ်ခါတစ်ရံတွင်၊ လူတစ်ဦး၏ ဘဝသည် ဖျော်ဖြေရေးနှင့် အပျော်အပျက်အတွက်ဖြစ်စေ သို့မဟုတ် အချို့သော သင့်တော်သည့် အလုပ်တာဝန်များတွင် ပါဝင်ပြီး ထိုသို့ဖြင့် ၎င်းတို့၏ လူ့ဘဝကို စိတ်ချမ်းသာစေရန်ဖြစ်စေ အချို့သော စိတ်ဝင်စားမှုများနှင့် ဝါသနာများကို လိုအပ်ပေသည်။ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ဘုရားသခင်၏ ပေးအပ်ခြင်းနောက်ကွယ်တွင် အကြောင်းပြချက် ရှိသည်မှာ အမှန်ပင်ဖြစ်ပြီး ဘုရားသခင်၌ မပေးအပ်ခြင်းအတွက် သူ၏ အကြောင်းပြချက်များနှင့် အခြေခံအကြောင်းရင်းများလည်း ရှိပေသည်။ သင်၏ လူသားဘဝ သို့မဟုတ် သင်၏ ရှင်သန်မှုသည် ဘုရားသခင်က သင့်အား စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များကို ပေးအပ်ရန် မလိုအပ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည့်အပြင် သင်၏ အသက်မွေးဝမ်းကျောင်းမှုကို သင် ထိန်းသိမ်းနိုင်ခြင်း သို့မဟုတ် သင်၏ လူသားဘဝကို တန်ဖိုးတက်စေပြီး အခြားသောနည်းလမ်းမှတစ်ဆင့် စိတ်ချမ်းသာစေနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ တိုတိုပြောရလျှင် ဘုရားသခင်သည် လူတို့အား စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များကို ပေးအပ်ပြီးသည်ဖြစ်စေ မပေးအပ်သေးသည်ဖြစ်စေ၊ ဤသည်မှာ လူတို့ကိုယ်တိုင်နှင့်ပတ်သက်သည့် ပြဿနာတစ်ခု မဟုတ်ပေ။ တစ်စုံတစ်ဦးတွင် အားသာချက်များ မရှိလျှင်ပင် ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ ချွတ်ယွင်းချက်တစ်ခု မဟုတ်ပေ။ လူတို့သည် ဤအရာကို မှန်ကန်စွာ သဘောပေါက်နားလည်သင့်ပြီး မှန်ကန်စွာ သဘောထားသင့်သည်။ အကယ်၍ လူတစ်ဦးသည် အချို့သော စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များကို ပိုင်ဆိုင်ပါက ၎င်းတို့သည် ယင်းတို့ကို တန်ဖိုးထားသင့်ပြီး မှန်ကန်စွာ အသုံးချသင့်သည်။ အကယ်၍ ၎င်းတို့၌ ထိုအရာများ မရှိပါက ညည်းညူခြင်း မပြုသင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်ထဲမှာ ဘုရားသခင်က လူတွေကို စိတ်ဝင်စားမှုနဲ့ ဝါသနာတွေပေးထားတယ်၊ တစ်ဖက်မှာတော့ ဒါက လူ့ဘဝကို ပိုပြီးပြည့်စုံစေတယ်၊ နောက်တစ်ဖက်မှာတော့ လူတွေက ဒါကိုအသုံးပြုပြီး အသက်မွေးဝမ်းကျောင်းပြုခွင့်ပေးဖို့ ဖြစ်တယ်ဆိုတာ ကျွန်မတွေ့ခဲ့ရတယ်။ ဒါပေမဲ့ အဆုံးမှာ ကိုယ့်ရဲ့စိတ်ဝင်စားမှု၊ ဝါသနာနဲ့ဆိုင်တဲ့နယ်ပယ်မှာ အလုပ်လုပ်နိုင်မလားဆိုတာကတော့ ဘုရားသခင်ရဲ့ ကြိုတင်ခွဲခန့်မှတ်သားမှုအပေါ်မှာ မူတည်တယ်။ စိတ်ဝင်စားမှုနဲ့ ဝါသနာတွေကို ဘယ်လိုသဘောထားရမယ်ဆိုတာနဲ့ပတ်သက်လို့ ကျွန်မရဲ့နားလည်မှုကို သားနဲ့အတူ မိတ်သဟာယဖွဲ့ခဲ့တယ်။ သားက “ဘုရားသခင်က သားကို ဘောလုံးကစားတာကို နှစ်သက်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘောလုံးက သားကို ပျော်ရွှင်မှုတွေအများကြီးပေးတယ်၊ ဒါပေမဲ့ အနာဂတ်မှာ ဘောလုံးနဲ့ပတ်သက်တဲ့အလုပ်ကို လုပ်နိုင်မလား၊ ဘာနဲ့အသက်မွေးဝမ်းကျောင်းပြုမလဲဆိုတာကတော့ ဘုရားသခင်ရဲ့ အမိန့်နဲ့ ပြဋ္ဌာန်းမှုအပေါ် မှာပဲ မူတည်တာပဲ”လို့ ပြောတယ်။ ကျွန်မက “ဒါမှန်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကပဲ သမ္မာတရားဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး အမေတို့ ဒီလိုပဲ နားလည်သဘောပေါက်သင့်တယ်”လို့ ပြောလိုက်တယ်။ ဘုရားသခင်ကို ယုံကြည်ရတာ တကယ်ကို ကောင်းမြတ်တယ်လို့ ကျွန်မ ခံစားမိတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပြီး အရာအားလုံးမှာ လက်တွေ့လုပ်ဆောင်ရမဲ့ စည်းမျဉ်းတွေကို ပေးတယ်။ ကျွန်မတို့ကို လိုက်လျှောက်ရမဲ့ လမ်းကြောင်းတစ်ခု ပေးတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ စိတ်နှလုံးတွေကို လွတ်လပ်ခြင်းနဲ့ လွတ်မြောက်ခြင်းကို ပေးသနားတယ်။

အရှေ့သို့- ၄၀။ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ မဖြေဆိုခဲ့တာကို ကျွန်မ နောင်တမရပါ

နောက်တစ်ခုသို့- ၄၂။ ကျွန်တော် ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် သဘောထားတတ်လာပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၁၂။ သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

ဂျင်းမို၊ မလေးရှား၁၉၉၇ ခုနှစ်တွင် ကျွန်မ သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံဖို့ အခွင့်ရခဲ့ပြီး၊ ကျွန်မ နှစ်ခြင်းခံသည့်အချိန်တွင် သင်းအုပ်ဆရာက...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။