၆၃ လူကို ဘုရားစုံလင်စေရာ၌ အဓိကနည်းမှာ တရားစီရင်ခြင်းတည်းကျူး
၁ လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေခြင်းဖြစ်သည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းအားဖြင့်သာ လူသားကိုစုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ “အကယ်၍ ဘုရားသခင်သည် လူသားကိုကျိန်ဆိုခဲ့မည်ဆိုလျှင်၊ လူသား သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကိုတရားစီရင်မည်ဆိုလျှင်၊ လူသားသည် အစီရင်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ၎င်းတို့က ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများ ပြောသောစကားများ ဖြစ်သည်။
၂ ဘုရားသခင် ကျိန်ဆိုသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူ တရားစီရင်သည့်အရာမှာ လူသား၏အပြစ်များ ဖြစ်သည်။ ကိုယ်တော်သည် သနားညှာတာခြင်းမရှိပဲ ပြင်းထန်စွာ ပြောဆိုသော်လည်း၊ သူသည် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်ပြီး၊ ဤခက်ထန်သော နှုတ်ကပတ်တော်များအားဖြင့် လူသားအတွင်း၌ မည်သည့်အရာက အရေးကြီးကြောင်းကို သူဖော်ထုတ်လေ၏။ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့်၊ သူသည် လူသားအား လူ့ဇာတိ အနှစ်သာရ၏ လေးနက်သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် နာခံခြင်းကို ဆက်ကပ်ခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး၊ စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် မနာခံခြင်းဖြစ်၍၊ ဘုရားသခင် ပြစ်တင်ဆုံးမသည့် အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်စေကာ စစ်ဆေးခြင်းအမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုမှသာလျှင်၊ ဘုရားသခင်၏အမှု ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။