ဘုရား၏အမှုကို သိခြင်းအားဖြင့်သာ အဆုံးတိုင် သင်လိုက်လျှောက်နိုင်မည်ကျူး
၁ ဘုရားသခင်နောက်ကို လိုက်ခြင်းသည် အလွန်လွယ်ကူသည်ဟု မထင်လိုက်နှင့်။ အဓိကသော့ချက်မှာ သင်သည် သူ့ကိုသိရမည်ဖြစ်သည်။ သူ၏အမှုကို သိရမည်ဖြစ်သည်။ သူ့အတွက် အခက်အခဲကို ကြံ့ကြံ့ခံမည်ဟူသည့် စိတ်ဆန္ဒရှိရမည်ဖြစ်သည်။ သူ့အတွက် မိမိအသက်ကိုပေးဆပ်မည်ဟူသည့် ဆန္ဒရှိရမည်။ ထို့အပြင် သူ့အားဖြင့် စုံလင်ခြင်းသို့ရောက်လိုသော စိတ်ဆန္ဒရှိရမည်ဖြစ်သည်။ ဤသည်မှာ သင်၌ရှိသင့်သော ရူပါရုံပင်ဖြစ်သည်။ ကျေးဇူးတော်အား မွေ့လျော်ခံစားမှုအကြောင်းကို အစဉ်စဉ်းစားနေပါက အလုပ်ဖြစ်မည်မဟုတ်ပါ။ ဘုရားသခင်သည် လူများ၏ ပျော်ရွှင်မှုအတွက်သာ ရှိနေခြင်းဖြစ်သည်၊ လူတို့အပေါ် ကျေးဇူးတော်သွန်းဖြိုးပေးရန်အတွက်သာ ရှိနေခြင်းဖြစ်သည်ဟု မယူမှတ်လိုက်နှင့်။ သင်သည် အလွဲလွဲအမှားမှား တွေးထင်ခဲ့သည်တကား။ အကယ်၍ တစ်စုံတစ်ဦးသည် လိုက်လျှောက်ရန်အတွက် မိမိအသက်ကို မစတေးနိုင်လျှင်၊ လောကီပိုင်ဆိုင်မှုတိုင်းကို မစွန့်လွှတ်နိုင်လျှင်၊ ထိုသူတို့သည် အဆုံးထိတိုင်အောင် လုံးဝလိုက်လျှောက်နိုင်မည် မဟုတ်ပေ။
၂ သင်၌ ရူပါရုံများသည် အခြေခံအုတ်မြစ်အဖြစ် ရှိရမည်ဖြစ်သည်။ အကယ်၍ ဘေးဒုက္ခနှင့် ကြုံတွေ့ရ သည့်နေ့ရောက်သောအခါ သင်ဘာလုပ်သင့်သနည်း။ လိုက်လျှောက်နိုင်ဦးပါမည်လော။ အဆုံးထိလိုက်လျှောက်နိုင်ပါမည်ဟု လွယ်လင့်တကူ မပြောလိုက်ပါနှင့်။ ဦးစွာ ယနေ့ပစ္စုပ္ပန်ကာလကို မျက်စိဖွင့်နားစွင့်ကာ ကြည့်ရှုသင့်သည်။ ယခုတွင်မူ သင်တို့သည် ဘုရားကျောင်း၏ တိုင်လုံးများကဲ့သို့ ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ သို့သော် ထိုတိုင်လုံးများကို ပိုးကောင်များအစားခံရသည့်ကာလ ရောက်လာပေလိမ့်မည်။ ဘုရားကျောင်းကို ပြိုလဲစေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယခုတွင် သင်တို့၌ ရူပါရုံများစွာ ကင်းမဲ့နေသည်။ သင်တို့သည် သင်တို့၏ကမ္ဘာငယ်လေးများကိုသာ အာရုံစူးစိုက်နေကာ၊ ယုံကြည်စိတ်အချရဆုံး အသင့်တော်ဆုံးသော ရှာဖွေခြင်းနည်းလမ်းကို သင်တို့မသိ။
၃ ယနေ့လုပ်ငန်း၏ ရူပါရုံကို သင်အရေးမစိုက်၊ ထိုအရာများကိုလည်း စိတ်နှလုံးများထဲတွင်မှတ်သားခြင်းမရှိ။ တစ်နေ့နေ့တွင် သင်၏ဘုရားသခင်သည် သင့်အား ရင်းနှီးမှုမရှိဆုံးနေရာတွင် ချထားမည်ဟု သင်တွေးဖူးပါသလား။ တစ်နေ့နေ့တွင် ငါသည် သင်တို့၌ရှိသမျှအရာအားလုံးကို ဆတ်ခနဲဆွဲယူလိုက်လျှင်၊ သင်တို့ဘာဖြစ်သွားမည်ကို စိတ်ကူးကြည့်ပါသလား။ ထိုနေ့တွင် သင်တို့၏ခွန်အားများသည် ယနေ့ကဲ့သို့ ရှိနေပေဦးမည်လော။ သင်တို့၏ ယုံကြည်ခြင်းသည် ပြန်ပေါ်လာပါမည်လော။ ဘုရားသခင်၏ နောက်သို့လိုက်ရာတွင် ""ဘုရားသခင်"" ဟူသည့် အကြီးမားဆုံး ရူပါရုံကို သိရှိရမည်ဖြစ်သည်။ ဤအရာသည် အရေးကြီးဆုံးသောအရာဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် လုပ်ငန်းကိုနားလည်သဘောပေါက်ရမည်။ ရှုပ်ထွေးသည့်စိတ်နှလုံးနှင့် မလိုက်ကြနှင့်။” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။