ငါတို့အသက်တာမှာ အဆုံးမရှိသော ဝမ်းမြောက်ခြင်းပေ
၁
ညီအစ်ကို မောင်နှမများ အသင်းတော်၌ စုရုံးကြကာ သီဆိုကခုန် ဘုရားရှင်ကို ချီးမွမ်းကြကုန်။
လူ့ဇာတိခံကာ လောကသို့ ကြွလာ၊
ကယ်တင်စိမ့်ငှာ သမ္မာတရား သူပြောကြား။
ဘုရားသံတော် ငါတို့ကြားရ၊ ချီဆောင်ခံ၍ လွန်ဝမ်းမြောက်ကြ။
ပလ္လင်တော်ရှေ့ ပွဲတော်တက်ကြပေ။
နှုတ်ကပတ်တော်၌ တို့ မွေ့လျော်၊ ရှေ့တော်မှောက်၌ နေကြပေ။
သီဆိုရယ်မော ငါတို့မှာ ဝမ်းမြောက်ခြင်း မဆုံးသွား။
ဝမ်းမြောက်ခြင်းက မဆုံးသွား။
၂
ညီအစ်ကို မောင်နှမများ တွေ့ဆုံသော် ရင်းနှီးမှုကို ခံစားရလေ။
ငါတို့ဝမ်းမြောက်ခြင်းများ နှုတ်မြွက်မမီ၊ အတူရှိချိန် ငါတို့ပျော်ရွှင်သည်။
နှုတ်ကပတ်တော်ကို မိတ်ဖွဲ့ကာ အတွေ့အကြုံ ဝေမျှကြ။
သမ္မာတရား သိနားလည်၍ ကျွန်ုပ်တို့ဝိညာဉ် ဝမ်းမြောက်လာ။
ထုံးတမ်း စည်းမျဉ်း မရှိလေတော့ အားလုံးလွတ်လပ် ချုပ်ချယ်မှုကင်း။
နှုတ်ကပတ်တော်၌ တို့ မွေ့လျော်၊ ရှေ့တော်မှောက်၌ နေကြပေ။
သီဆိုရယ်မော ငါတို့မှာ ဝမ်းမြောက်ခြင်း မဆုံးသွား။
သိုးသငယ်မင်္ဂလာဆောင်ပွဲ ငါတို့တက်ရပေ။
နိုင်ငံတော်အသက်တာမှာ ထည်ဝါလှ။
နှုတ်ကပတ်တော်သည် ငါတို့ကို နှုတ်ကပတ်တော် တရားစီရင် သန့်စင်စေပြီ။
အသစ်ပြုပြင်ခြင်း ခံရလေပြီ။
ဘုရားအလိုတော်ပြည့်ရန် တာဝန်ထမ်းကာ ငါတို့ကြိုးစား။
ငြိမ်သက်ဝမ်းမြောက်ခြင်းနှင့် ပြည့်ပေ။
နှုတ်ကပတ်တော်၌ တို့ မွေ့လျော်၊ ရှေ့တော်မှောက်၌ နေကြပေ။
သီဆိုရယ်မော ငါတို့မှာ ဝမ်းမြောက်ခြင်း မဆုံးသွား။
ဝမ်းမြောက်ခြင်းမဆုံးသွား။
၃
ညီအစ်ကို မောင်နှမတို့ ထကြလော့၊
ငါတို့တာဝန်များကို တစ်စိတ်တည်း ထမ်းကြစို့။
ဘုရားကို ချီးမြောက် သက်သေခံကြစို့၊ ကိုယ်တော်ဘုန်းကြီးစေသတည်း။
အသံလွင့်၍ ဝမ်းမြောက်စွာ ချီးမွမ်းသီဆိုကုန်။
ညီအစ်ကိုယ် မောင်နှမတို့ အသံလွင့်၍ ချီးမွမ်းသီဆိုကြကုန်စို့။
နှုတ်ကပတ်တော်၌ တို့ မွေ့လျော်၊ ရှေ့တော်မှောက်၌ နေကြပေ။
သီဆိုရယ်မော ငါတို့မှာ ဝမ်းမြောက်ခြင်း မဆုံးသွား။
နှုတ်ကပတ်တော်၌ တို့ မွေ့လျော်၊ ရှေ့တော်မှောက်၌ နေကြပေ။
သီဆိုရယ်မော ငါတို့မှာ ဝမ်းမြောက်ခြင်း မဆုံးသွား။
ဝမ်းမြောက်ခြင်း မဆုံးသွား၊ ဝမ်းမြောက်ခြင်း မဆုံးသွား။