၇၁၄ စိတ်သဘောထားပြောင်းလဲသူတို့သည် လူသားတစ်ဦးကဲ့သို့ အသက်ရှင်နိုင်ကြ၏ကျူး

၁ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်း ကြုံပြီးသောသူများသည် လူသား ပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်ကြလေသည်။ ၎င်းတို့သည် အမြဲတစေ သမ္မာတရားနှင့်အညီ အမှုအရာများကို ပြောဆိုနိုင်ပြီး၊ မြင်တွေ့နိုင်သည်၊ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ အကြောင်းအရာများ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး၊ သမ္မာတရား အခြေခံသဘောတရားများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ၊ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ အမှန်တကယ် ပြောင်းလဲပြီးသော သူများသည် အပေါ်ယံအဆင့်တစ်ခုတွင် ၎င်းတို့ကိုယ်ကိုယ် အခြေအနေ ကောင်းပုံရစေရန် မည်သည့်အရာများကို လုပ်မည့်အပေါ် အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်ကြီးမားသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း၊ ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။

၂ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား အမြောက်အမြား ရှိသည်မှာ သေချာပြီး၊ အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ ကိုယ်ကျင့်တရားကောင်းသော လုပ်ဆောင်ချက်များဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရား မပိုင်ဆိုင်သောသူများသည် စိတ်သဘောထား၌ မည်သည့် ပြောင်းလဲမှုမျှ လုံးဝ စွမ်းဆောင်မရရှိသေးပေ။ စိတ်သဘောထားထဲက အသွင်ပြောင်းလဲမှုများတွင် ထိုသို့သော အခြေအနေများနှင့် ဖော်ပြချက်များ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ အရေးအပါဆုံးသော ပါဝင်သည့်အရာမှာ အတွင်းကျကျ ၎င်းတို့၏အသက်တာ ပြောင်းလဲပြီးခြင်း ဖြစ်သည်။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် ၎င်းတို့၏အသက် ဖြစ်လာ၍ အတွင်းမှ စာတန်နှင့်ဆိုင်သော အဆိပ်အတောက်များ ဖယ်ရှင်းခြင်း ခံရပြီး၊ ၎င်းတို့၏ ရှုထောင့်အမြင်များ လုံးလုံးလျားလျား ပြောင်းလဲပြီးဖြစ်ကာ ၎င်းထဲမှ တစ်ခုမျှ လောကအရာနှင့် မကိုက်ညီပေ။ ဤလူများသည် အဆင်းနီသောနဂါးကြီး၏ အကြံအစည်များနှင့် အဆိပ်အတောက်များကို ၎င်းတို့ ဖြစ်သည့်အတိုင်း ရှင်းလင်းစွာ မြင်နိုင်ကြသည်၊ ၎င်းတို့သည် ဘဝ၏ စစ်မှန်သောအနှစ်သာရကို နားလည်သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့၏ ဘဝတန်ဖိုးများ ပြောင်းလဲကြပြီး ဖြစ်ကာ၊ ဤသည်မှာ အခြေခံအကျဆုံး အသွင်ပြောင်းလဲခြင်းမျိုး ဖြစ်သည့်အပြင်၊ စိတ်သဘောထား၌ ပြောင်းလဲခြင်း၏ အနှစ်သာရ ဖြစ်သည်။

၃ သို့ရာတွင် စိတ်သဘောထား ပြောင်းလဲသူများကမူ ကွဲပြား၏။ ဘဝကို အဘယ်သို့ အဓိပ္ပါယ်ရှိရှိ အသက်ရှင်သင့်သည်၊ လူသားဟု ခေါ်ဆိုထိုက်ရန် လူတစ်ဦး၏ တာဝန်များကို မည်သို့ ဖြည့်ဆည်းသင့်သည်၊ ဘုရားသခင်ကို မည်သို့ ကိုးကွယ်သင့်သည်၊ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့ မည်သို့ နာခံပြီး စိတ်ကျေနပ်စေသင့်သည်- ဤသည်မှာ လူတစ်ဦးဖြစ်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ မပြောင်းလဲနိုင်သော နိယာမများနှင့် ကိုက်ညီသည့် ၎င်းတို့၏ တာဝန်ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ သို့မဟုတ်ပါက၊ ၎င်းတို့သည် လူသားဟု ခေါ်ဆိုထိုက်မည်မဟုတ်ချေ။ ၎င်းတို့၏ ဘဝများက အနှစ်သာရကင်းမဲ့ကာ အဓိပ္ပါယ်မဲ့ပေလိမ့်မည်။ လူတို့သည် ၎င်းတို့သေဆုံးသောအခါ၌ပင် အားရကျေနပ်မှုရှိပြီး စိုးစဉ်းမျှပင် နောင်တမရစေရေးအတွက်၊ အချည်းနှီးအသက်ရှင်ခဲ့ခြင်း မရှိစေရေးအတွက်၊ ဘုရားသခင်ကျေနပ်စေဖို့ရန်၊ ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို နေထိုင်ရန် အသက်ရှင်သင့်သည်ဟု သူတို့ခံစားရသည်။ လူတစ်ဦး၏ အသက်တာစိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ်အတွက် အဓိကအကြောင်းရင်းမှာ အတွင်း၌ သမ္မာတရားရှိခြင်းနှင့် ဘုရားသခင်အား သိနားလည်မှုရှိခြင်းဖြစ်၏၊ လူတစ်ဦး၏ ဘဝအပေါ်အမြင်ပြောင်းလဲပြီး တန်ဖိုးများသည် ယခင်နှင့် ကွာခြားကြ၏။ ပြောင်းလဲမှုသည် အတွင်းမှစတင်၍ လူတစ်ဦး၏ အသက်တာမှ စတင်၏၊ ယင်းသည် အပြင်ပန်းပြောင်းလဲမှုသာ မဟုတ်သည်ကား သေချာ၏။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၁၃ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၏ အင်္ဂါရပ်များ

နောက်တစ်ခုသို့- ၇၁၅ ဤသည်မှာ စစ်မှန်သော လူတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။