ခရစ်တော်အပေါ် စစ်မှန်သောယုံကြည်ခြင်း လူသား၌မရှိ
၁
သင် အားကျသောအရာမှာ ခရစ်တော်၏နှိမ့်ချခြင်း မဟုတ်ဘဲ၊
ထင်ရှားသောသိုးထိန်းအတုယောင်များပင် ဖြစ်၏။
သင်သည် ခရစ်တော်၏ နှစ်လိုဖွယ်ကောင်းခြင်း သို့မဟုတ် ဉာဏ်ပညာတို့ကို နှစ်သက်ခြင်းမရှိဘဲ၊
ဆိုးယုတ်သောလောကကြီးမှ ရွံ့နွံထဲတွင် ပျော်မြူးနေသူများကိုသာ နှစ်သက်၏။
ယခုပင်လျှင် သင်၏စိတ်နှလုံးသည် ၎င်းတို့ထံ၊
၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ရာထူးထံ လှည့်လျက်နေသေး၍
၎င်းတို့၏သြဇာလွှမ်းမိုးမှုထံ လှည့်လျက်ရှိ၏။
သင်သည် ခရစ်တော်၏အလုပ်ကို အတိုက်အခံပြု၍ ငြင်းပယ်၏။
ဘုရားသခင်က သင်၌ ခရစ်တော်ကို အသိအမှတ်ပြုလက်ခံသည့် ယုံကြည်ခြင်း ကင်းမဲ့ကြောင်းဆို၏။
၂
နားခိုရန်နေရာမရှိသော ခရစ်တော်၏နာကျင်ခြင်းကို သင် ရယ်မော၏၊
သို့သော်လည်း အလှူငွေများကို ခိုးယူပြီး မကောင်းမှုများထဲ၌ နေသော အသေကောင်များကိုမူ အားကျ၏။
သင်သည် ခရစ်တော်နှင့်အတူ ဒုက္ခဆင်းရဲခံစားရန် အလိုမရှိပေ၊
သို့သော်လည်း အန္တီခရစ်များ၊ မဆင်မခြင်ပြုသောသူများ၏
ရင်ခွင်သို့ ဝမ်းမြောက်စွာ သွားလေမည်၊
၎င်းတို့ သင့်ကို ပေးသမျှမှာ ဇာတိကပတိ၊ စာလုံးများနှင့် ထိန်းချုပ်မှုပင် ဖြစ်လေ၏။
ယခုပင်လျှင် သင်၏စိတ်နှလုံးသည် ၎င်းတို့ထံ၊
၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ရာထူးထံ လှည့်လျက်နေသေး၍
၎င်းတို့၏သြဇာလွှမ်းမိုးမှုထံ လှည့်လျက်ရှိ၏။
သင်သည် ခရစ်တော်၏အလုပ်ကို အတိုက်အခံပြု၍ ငြင်းပယ်၏။
ဘုရားသခင်က သင်၌ ခရစ်တော်ကို အသိအမှတ်ပြုလက်ခံသည့် ယုံကြည်ခြင်း ကင်းမဲ့ကြောင်းဆို၏။
၃
ကိုယ်တော့်နောက်သို့ သင် လိုက်လျှောက်ခဲ့ခြင်းမှာ အတင်းအကျပ် စေခိုင်းခံရခြင်းကြောင့် ဖြစ်၏၊
သင်၏စိတ်နှလုံးသည် ထောင်လွှားသောသဏ္ဌာန်များ၊
၎င်းတို့၏ သြဇာလွှမ်းမိုးသောစကားလုံးများနှင့် လက်များဖြင့် ပြည့်လျက်ရှိ၏။
သင်၏စိတ်နှလုံးထဲတွင် ၎င်းတို့သည် အစဉ်ကြီးမြတ်သော သူရဲကောင်းများပင် ဖြစ်၏။
သို့သော်လည်း ဤအရာမှာ ယနေ့၏ ခရစ်တော်အတွက် မဟုတ်ပေ။
ယခုပင်လျှင် သင်၏စိတ်နှလုံးသည် ၎င်းတို့ထံ၊
၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ရာထူးထံ လှည့်လျက်နေသေး၍
၎င်းတို့၏သြဇာလွှမ်းမိုးမှုထံ လှည့်လျက်ရှိ၏။
သင်သည် ခရစ်တော်၏အလုပ်ကို အတိုက်အခံပြု၍ ငြင်းပယ်၏။
ဘုရားသခင်က သင်၌ ခရစ်တော်ကို အသိအမှတ်ပြုလက်ခံသည့် ယုံကြည်ခြင်း ကင်းမဲ့ကြောင်းဆို၏။
၄
သင်၏စိတ်နှလုံးထဲ၌ အစဉ်အရေးမပါသောသူမှာ ခရစ်တော်ပင် ဖြစ်၏၊
ကြည်ညိုလေးစားခြင်းနှင့် အစဉ်မထိုက်တန်ပေ၊
အကြောင်းမှာ သူသည် အလွန်သာမန်ဖြစ်၍၊ သြဇာလွှမ်းမိုးမှု အလွန်အနည်းငယ် ရှိခြင်းကြောင့်၊
သူသည် မောက်မာခြင်းနှင့် အလွန်ဝေးကွာလွန်းခြင်းကြောင့် ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်က သင်၌ ခရစ်တော်ကို အသိအမှတ်ပြုလက်ခံသည့် ယုံကြည်ခြင်း ကင်းမဲ့ကြောင်းဆိုခြင်း ဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။