သင်၌ ခရစ်တော်ကို မယုံကြည်သည့် အရိပ်လက္ခဏာများစွာ ရှိ၏ကျူး
၁ ယခု သင်တို့ထဲတွင် မယုံကြည်မှုများစွာ ရှိနေဆဲဖြစ်သည်။ သင်တို့၏အတွင်းသို့ ဝီရိယရှိရှိဖြင့် ကြည့်ကြည့်လျှင် သင်တို့၏အဖြေကို သင်တို့ အမှန်တကယ် တွေ့ရှိလိမ့်မည်။ စစ်မှန်သော အဖြေကို သင်တွေ့ရှိသောအခါ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး မဟုတ်ဘဲ၊ ဘုရားသခင်ကို လှည့်ဖြားသူ၊ စော်ကားပြောဆိုသူ၊ သစ္စာဖောက်သောသူ၊ ဘုရားသခင်အပေါ် သစ္စာမစောင့်သိသောသူ တစ်ယောက်ဖြစ်နေသည်ဟု ဝန်ခံလိမ့်မည်ဖြစ်သည်။ ထို့နောက် ခရစ်တော်သည် လူမဟုတ် ဘုရားဖြစ်သည်ကို သင်သိရှိလာလိမ့်မည်။ ထိုနေ့ရက်အချိန်ရောက်လျှင် သင်သည် ခရစ်တော်ကို ရိုသေလေးမြတ်ကာ ကြောက်ရွံ့ပြီး စစ်မှန်စွာ ချစ်လာလိမ့်မည်။
၂ လက်ရှိတွင် သင်တို့နှလုံးသား၏ သုံးဆယ်ရာခိုင်နှုန်း၌သာလျှင် ယုံကြည်ခြင်းနှင့်ပြည့်နေပြီး၊ ကျန်ခုနစ်ဆယ်ရာခိုင်နှုန်း၌မူ သံသယနှင့် ပြည့်နေသည်။ ခရစ်တော် လုပ်ဆောင်ခဲ့သည့်အရာနှင့် ပြောဆိုခဲ့သည့်ဝါကျတိုင်းသည် သင်တို့၏အထဲ၌ ခရစ်တော်နှင့်ပတ်သက်၍ အယူအဆများနှင့် ထင်မြင်ချက်များကို ဖြစ်ပေါ်လာစေနိုင်သည်။ ထိုအယူအဆများနှင့် ထင်မြင်ချက်များသည် သူ့အပေါ်တွင်ထားသော သင်တို့၏ လုံးလုံးလျားလျား မယုံကြည်မှုမှ အရင်းခံသည်။ သင်သည် ကောင်းကင်ဘုံရှိ မတွေ့ရသော ဘုရားသခင်ကိုသာ နှစ်သက်မြတ်နိုး၍ ကြောက်ရွံ့ပြီး၊ မြေကြီးပေါ်တွင် အသက်ရှင်လျက်ရှိသော ခရစ်တော်ကိုမူ လုံးဝအလေးမထားပေ။ ဤအရာသည်လည်း သင်တို့၏ မယုံကြည်မှုပင် မဟုတ်လော။ သင်တို့သည် အတိတ်တွင် အလုပ်လုပ်ခဲ့သော ဘုရားသခင်ကိုသာ တောင့်တပြီး၊ ယနေ့ကာလ၏ ခရစ်တော်ကိုမူ မရင်ဆိုင်ကြ။ ဤအရာများအားလုံးမှာ ယနေ့ကာလ၏ ခရစ်တော်ကို ယုံကြည်မှု ကင်းမဲ့နေသော သင်တို့၏နှလုံးသားထဲတွင် အစဉ်အမြဲ ရောနှောနေသည့် “ယုံကြည်ခြင်း” ပင်ဖြစ်သည်။
၃ ငါသည် သင်တို့ကို အထင်သေးခြင်း လုံးဝမဟုတ်။ အကြောင်းမှာ သင်တို့ထဲတွင် မယုံကြည်မှု များလွန်းနေပြီး၊ သင်တို့အထဲ၌ မစင်ကြယ်သည့်အရာနှင့် စိတ်ဖြာဆန်းစစ်မှုပြုရမည့်အရာ များစွာရှိနေသည်။ ဤမစင်ကြယ်မှုများသည် သင်တို့ထံတွင် ယုံကြည်ခြင်း လုံးဝမရှိကြောင်းကိုပြသော သင်္ကေတဖြစ်သည်။ ထိုမစင်ကြယ်မှုများသည် ခရစ်တော်ကို သင်တို့စွန့်လွှတ်ကြောင်းကို ဖော်ပြသည့် အမှတ်အသားဖြစ်ပြီး ခရစ်တော်ကို သစ္စာဖောက်သူအဖြစ် သင်တို့ကို တံဆိပ်ခတ်သည်။ ယင်းတို့သည် ခရစ်တော်နှင့် ပတ်သက်သော သင်တို့၏အသိဉာဏ်ကို ဖုံးအုပ်ထားသည့် မျက်နှာဖုံးပဝါ တစ်ခုဖြစ်ပြီး၊ ခရစ်တော်၏ရယူခြင်းကို သင်တို့မခံရအောင် တားဆီးထားသည့် အတားအဆီးတစ်ခုဖြစ်ကာ၊ သင်တို့နှင့်ခရစ်တော် သဟဇာတမဖြစ်အောင် တားဆီးထားသော အတားအဆီးတစ်ခုဖြစ်ပြီး၊ ခရစ်တော်က သင်တို့ကို သဘောမကျကြောင်းကို ဖော်ပြသည့် သက်သေသက္ကာယလည်းဖြစ်သည်။ ယခုအချိန်သည် သင်တို့အသက်တာ၏ အစိတ်အပိုင်းအားလုံးကို စစ်ဆေးရမည့် အချိန်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်တို့ကို ဘက်ပေါင်းစုံမှ အကျိုးပြုမည်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။