ခရစ်တော်ကို အလေးအနက် အစေခံသူများကိုသာ ဘုရားချီးမွမ်း၏ကျူး
၁ သင်တို့၌ ဘုရားသခင် ဝမ်းမြောက်စေဖို့ သင်တို့ အလွန်လိုလား ကြသည်။ သို့သော် သင်တို့သည် ဘုရားသခင်နှင့် အလွန်ဝေးလျက်ရှိသည်။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်နည်း။ သင်တို့သည် သူ၏ စကားများကိုသာ လက်ခံကြပြီး သူ၏ ပြုပြင်မှုနှင့် ကိုင်းသင်မှုကိုတော့ လက်မခံကြခြင်း ဖြစ်သည်။ ဤမျှမဆိုနှင့် သူ့ကိုအပြည့်အဝယုံကြည်စေရန်အတွက် သူလုပ်ဆောင်သော အစီအစဉ်တိုင်းကိုပင် သင်တို့ သာ၍လက်မခံနိုင်ကြပေ။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်နည်း။ နောက်ဆုံး သုံးသပ်ချက်အရ သင်တို့၏ ယုံကြည်ခြင်းသည်အထဲမှာ ဘာမျှမရှိ၊ အကောင်ဘယ်တော့မှ မပေါက်နိုင်သော ကြက်ဥခွံလိုဖြစ်သည်။ အကြောင်းမှာ သင်တို့၏ ယုံကြည်ခြင်းသည် သင်တို့ထံသို့ သမ္မာတရား မယူဆောင်လာပေး၊ အသက်ကို မရေစေဘဲ ဆက်လက်အသက်ရှင်နိုင်သည်ဟူသည့် လွဲမှားသော ခံစားချက်နှင့် မျှော်လင့်ခြင်းကို ယူဆောင်လာပေးခဲ့သည်။
၂ သင်တို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက် မှာ ထိုသို့သော လွဲမှားသည့် ခံစားချက်နှင့် မျှော်လင့်ခြင်းကြောင့် ဖြစ်သည်၊ သမ္မာတရားနှင့် အသက်ကို ရလိုသောကြောင့် ယုံခြင်း မဟုတ်ပေ။ ထို့အတွက်ကြောင့် ဘုရားသခင် အပေါ်၌ထားသော သင်တို့၏ယုံကြည်ခြင်းသည် အလွန်ဖားချင်သောစိတ်နှင့် အရှက်အကြောက်မရှိ ဘုရားသခင်ထံမှ မျက်နှာရအောင် ကြိုးစား လုပ်ဆောင်လိုခြင်း သက်သက် ဖြစ်၍ စစ်မှန်သော ယုံကြည်ခြင်းဟု မည်သည့်နည်းနှင့်မျှ မသတ်မှတ်နိုင်သော ယုံကြည်ခြင်းမျိုးဟု ငါပြောခြင်းဖြစ်၏။ ဤသို့သော ယုံကြည်ခြင်းမျိုးမှ မည်သို့ ကြက်အကောင် ပေါက်နိုင်သနည်း။ တစ်နည်းအားဖြင့် ဤသို့သော ယုံကြည်ခြင်းမျိုးမှ မည်သည့်အသီး သီးနိုင်သနည်း။ သင်တို့ ဘုရားသခင်ကို ယုံကြည်သည်မှာ သင်တို့၏ ရည်ရွယ်ချက်များ ပြည့်စုံစေရန် ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောကို သင်တို့က စော်ကားခြင်း အကြောင်း နောက်ထပ်အချက်အလက် မဟုတ်လော။
၃ သင်တို့သည် ကောင်းကင်ဘုံ၌ ဘုရားသခင် ရှိသည်ဟု ယုံသော်လည်း မြေကြီးပေါ်၌ ဘုရားသခင်ရှိသည် ဟူသည့် အချက်ကိုတော့ လက်မခံကြ။ သို့ရာတွင် သင်တို့၏ အမြင်များကို ငါလက်မခံ။ လက်တွေ့ကျကာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို အစေခံသော သူများကိုသာ ငါလက်ခံသည်။ မြေကြီးပေါ်၌ရှိသော ခရစ်တော်ကို တစ်ကြိမ်တစ်ခါမျှ အသိအမှတ် မပြုသူများကို ငါတစ်ခါမျှ လက်မခံဖူးပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ထိုသို့သော သူများ မည်မျှ သစ္စာရှိသည်ဖြစ်စေ အဆုံး၌ သူတို့သည် ကောက်ကျစ်သော သူများကို အပြစ်ပေးသည့် ငါ့လက်မှ လွတ်မြောက်မည် မဟုတ်။ ထိုသူတို့သည် ကောက်ကျစ်သူများ ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး ခရစ်တော်ကို တကြိမ်တခါမျှဝမ်းမြောက်ဝမ်းသာမနာခံဖူးသော ကောက်ကျစ်သူများဖြစ်သည်။ မှန်ပါသည်၊ ထိုသူတို့အထဲတွင် ခရစ်တော်ကိုမသိသူများ၊ ခရစ်တော်ကိုအသိအမှတ် မပြုသူများ ပါဝင်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကမ္ဘာမြေကြီးရှိဘုရားသခင်ကို သိရှိနိုင်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။