၇၇၂ ဘုရားကို သင်စိတ်ကျေနပ်စေလေ၊ သင်ကောင်းချီးခံစားရလေကျူး
၁ သင်သည် ဘုရားသခင်ကို ကျေနပ်မှုပေးလေ၊ ဘုရားသခင်သည် သင့်ကို ပို၍ကောင်းချီး ပေးလေဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်သည့် သင်၏ပြင်းအားလည်း ပိုကြီးမားလာလေဖြစ်သည်။ ထို့နည်းတူ သင်၌ ယုံကြည်ခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့ ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ခြင်းဖြင့် အသက်တာကို ကုန်ဆုံးစေခြင်းထက် မည်သည့်အရာကမျှ ပို၍မထိုက်တန်၊ သို့မဟုတ် ပို၍အရေးမပါဟု သင်ခံစားလာရလိမ့်မည်။ လူသားသည် ဘုရားသခင်ကို ချစ်နေလျှင် သောကကင်းမည်ဟု ဆိုနိုင်သည်။ သင်၏ဇာတိပကတိက အားနည်းပြီး သင်သည် များစွာသော ဒုက္ခပြဿနာစစ်စစ်တို့၏ ဝန်းရံခြင်းကို ခံရသည့်အချိန်များ ရှိသော်လည်း၊ ယင်းအချိန်ကာလများတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် အားကိုးလိမ့်မည်၊ ထို့ပြင် သင့်ဝိညာဉ် အတွင်း၌ သင်သည် နှစ်သိမ့်ခြင်းကို ခံရ၍ စိတ်ချသေချာမှုကို ခံစားရလိမ့်မည်၊ သင်၌ အားကိုးမှီခိုစရာ ရှိသည်ဟုလည်း ခံစားရလိမ့်မည်။ ဤနည်းလမ်းဖြင့် သင်သည် ပတ်ဝန်းကျင်အခြေအနေများစွာကို အောင်မြင်ကျော်လွှားနိုင်လိမ့်မည် ဖြစ်သောကြောင့် သင်ခံစားရသည့် ပြင်းထန်သောဝေဒနာအတွက် ဘုရားသခင်ကို သင် ညည်းညူတော့မည် မဟုတ်ပေ။ ထိုအစား သင်သည် သီဆိုကခုန်ပြီး ဆုတောင်းပတ္ထနာပြုရန်၊ စုဝေးပြီး ပြောဆိုဆွေးနွေးရန်၊ ဘုရားသခင်အကြောင်း ဆင်ခြင်ရန် ဆန္ဒရှိလာ၍ သင့်ပတ်လည်၌ ဘုရားသခင် စီစဉ်ပေးထားသည့် လူများ၊ ကိစ္စများနှင့် အမှုအရာများ အားလုံးသည် အံကိုက်ဖြစ်နေကြောင်းကို သင်ခံစားရလိမ့်မည်။
၂ ဘုရားသခင်ကို သင်မချစ်လျှင်၊ သင်ကြည့်သမျှ အရာအားလုံးမှာ သင့်အတွက် ဒေါသထွက်စရာ ဖြစ်နေမည်ဖြစ်ပြီး သင့်အမြင်တွင် မည်သည့်အရာကမျှ နှစ်လိုဖွယ်ရာမရှိ ဖြစ်နေလိမ့်မည်။ သင့်ဝိညာဉ်အတွင်း၌ သင်သည် လွတ်လပ်မှုမရှိဘဲ ဖိနှိပ်ခံနေရလိမ့်မည်၊ သင့်စိတ်နှလုံးသည် ဘုရားသခင်နှင့်ပတ်သက်၍ အမြဲ ညည်းညူလိမ့်မည်ဖြစ်ကာ သင်သည် ညှဉ်းပန်းနှိပ်စက်မှုများစွာကို ခံနေရပြီး ၎င်းမှာ အလွန်တရားမမျှတဟု သင်အမြဲခံစားရလိမ့်မည်။ သင်သည် ပျော်ရွှင်မှုအတွက် မလိုက်စားဘဲ၊ ဘုရားသခင်ကို ကျေနပ်မှုပေးရန်နှင့် စာတန်၏ စွပ်စွဲမှုကို မခံရရန် လိုက်စားသည်ဆိုပါက ထိုကဲ့သို့သော လိုက်စားမှုသည် သင့်ကို ဘုရားသခင်အား ချစ်ရန်အတွက် ကြီးမားသည့်ခွန်အားပေးလိမ့်မည်။ လူသားသည် ဘုရားသခင် မြွက်ကြားခဲ့သမျှကို လုပ်ဆောင်နိုင်စွမ်းရှိပြီး သူလုပ်ဆောင်သမျှသည် ဘုရားသခင်ကို ကျေနပ်မှုပေးနိုင်သည်- စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းဟူသည်မှာ ဤအရာကို ဆိုလိုသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်