သင့်စိတ်နှလုံးထဲရှိ ချစ်ခြင်းကို ဘုရားကိုပေးရန် သင်လိုလားသလောကျူး
၁ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း လိုက်နာလုပ်ဆောင်ခြင်း အကောင်အထည်မရှိလျှင် ထိုသူ၏ အသက်တာ အချည်းနှီးဖြစ်၍ ၎င်းတို့၏ အသက်တာကုန်ဆုံးချိန်တွင် မျှော်ကြည့်စရာဟူ၍ ကောင်းကင်ပြာနှင့် ဖုန်မှုန့်ရောင်မြေကြီးသာ ရှိမည်။ ၎င်းသည် အဓိပ္ပာယ်ရှိသော အသက်တာ ဟုတ်မည်လော။ သင်အသက်ရှင်စဉ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ခြင်းသည် လှပတင့်တယ်ခြင်းတစ်မျိုး မဟုတ်လော။ သင်တို့သည် အဘယ်ကြောင့် အမြဲတမ်းဒုက္ခရှာကာ စိတ်ပျက်အားငယ်နေရသနည်း။ ငါသည် ဘုရားသခင်နှင့် ကတိသစ္စာပြုထားသည့် ဘောင်အတွင်း ငါ၏ နှလုံးသားကို သူ့ထံ ရိုးရှင်းစွာအပ်နှံသည်၊ ကောင်းကင်ဘုံမှ သူ၏ဝိညာဉ်တော် စိတ်ချမ်းသာစေရန် ငါ၏နှလုံးသားဖြင့်ချစ်သော ဘုရားသခင်ကို နှစ်သိမ့်ရန်သာ ငါအလိုရှိသည်။ နှလုံးသားသည် တန်ဖိုးရှိကောင်းရှိမည် ဖြစ်သော်လည်း ချစ်ခြင်းမေတ္တာသည် ပို၍ အဖိုးထိုက်တန်သည်။ ဘုရားသခင် နှစ်ခြိုက်ပျော်မွေ့သောအရာသည် ငါ၌ရှိသည့် အလှပ အတင့်တယ်ဆုံးသောအရာ ဖြစ်စေမည့် အကြောင်းနှင့် ငါဆက်သသောမေတ္တာ သူ့၌ ပြည့်၀စေရန်အတွက် ငါ၏ နှလုံးသားမှ အဖိုးအထိုက်တန်ဆုံးအရာကို ဘုရားသခင်အား ပေးလိုသောဆန္ဒ ရှိသည်။
၂ ဘုရားသခင် နှစ်ခြိုက်ပျော်မွေ့စေရန် သင့်မေတ္တာကို သူ့အား အပ်နှံလိုသောစိတ် သင့်တွင်ရှိသလော။ ၎င်းကို သင်ဆက်လက်ရှင်သန်ရန်အတွက် ရင်းနှီးမြှပ်နှံမှု ဖြစ်စေလိုသလော။ ငါ၏အတွေ့အကြုံမှ ငါမြင်သောအရာမှာ ဘုရားသခင်ကို မေတ္တာပေးဆပ်လေလေ ငါသည် ပျော်ရွှင်မှုနှင့် အသက်ရှင်နေရသည်ဟု ခံစားရလေလေ ဖြစ်ကာ အတိုင်းအဆမရှိသော ခွန်အားကိုရရှိ၍ ကိုယ်စိတ်နှစ်ပါး လုံးလုံးလျားလျား ဆက်ကပ်လိုသော ဆန္ဒရှိလာကာ ဘုရားသခင်ကို ငါသည် လုံလောက်စွာ မချစ်နိုင်ဟု အမြဲတမ်း ခံစားရသည်။ သင်သည် ဘုရားသခင်ကို ဧကန်အမှန် ချစ်လိုလျှင် သင့်တွင် ပို၍များသော ပေးဆပ်စရာမေတ္တာ အမြဲတမ်း ရှိနေလိမ့်မည်။ ထိုသို့မှန်သည်ရှိသော် ဘုရားသခင်ကိုချစ်သော သင့်မေတ္တာလမ်းကြောင်းတွင် မည်သူနှင့် မည်သည့်အရာ ကြားခံနေနိုင်မည်နည်း။ ဘုရားသခင်သည် လူတို့၏ မေတ္တာဟူသမျှကို အဖိုးထိုက်တန်သောအရာအဖြစ် မြင်သည်။ သူ့အား ချစ်သောသူများအပေါ်တွင် ကောင်းချီးမင်္ဂလာ ထပ်ဆင့်၍ပင် ပုံပေးသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ လူ့မေတ္တာသည် ရခဲ၍ နည်းလွန်းကာ မမြင်နိုင်လောက်အောင် သေးငယ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း… (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။