၇၇၄ ပေတရု၏ဘုရားအပေါ် ထားရှိသော ချစ်မေတ္တာကို ဖော်ပပုံများ
၁ ပေတရု အသက်တာထဲတွင် ဘုရားသခင်၏ စိတ်ဆန္ဒကို မကျေနပ်စေသည့် မည်သည့်အရာမဆိုသည် သူ့ကို မသက်မသာ ခံစားရစေသည်။ အကယ်၍ ယင်းသည် ဘုရားသခင်၏ စိတ်ဆန္ဒကို မကျေနပ်စေပါက၊ သူသည် နောင်တခံစားရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေရန် သူကြိုးပမ်းနိုင်မည့် သင့်လျော်သော နည်းလမ်းတစ်ခုကို ရှာမည် ဖြစ်သည်။ သူ့ အသက်တာ၏ အသေးငယ်ဆုံးနှင့် အရေးမပါဆုံးသော ရှုထောင့်များ၌ပင်လျှင် သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ကျေနပ်စေရန် မိမိကိုယ်ကိုယ် တောင်းဆိုဆဲဖြစ်ခဲ့သည်။ သူ၏ ဟောင်းသော စိတ်သဘောထားနှင့် ပတ်သက်လာသည့်အခါ သူသည် စိုးစဉ်းမျှ အမှားမခံခဲ့ဘဲ၊ သမ္မာတရားထဲသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားရန် မိမိကိုယ်ကိုယ် မိမိ သတ်မှတ်ချက်များတွင် သူသည် ယခင်ထက် တင်းကျပ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်အား အတိုင်းအတာ တစ်ခုအထိ ချစ်ခဲ့ပြီး၊ ယင်းကို ဘုရားသခင်က တောင်းဆိုခဲ့ပေသည်။ ဤကဲ့သို့သော သူများသာ သက်သေခံချက် ရှိသည်။
၂ သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်လော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ ဖြစ်စေ၊ သို့မဟုတ် အတိဒုက္ခ၌ ဖြစ်စေ၊ သင်သည် သေသည်အထိ နာခံခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း ရှိပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးက စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ စင်ကြယ်မှု ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်