၂၃၀ ဘုရားသခင်၏ နှုတ်ကပတ်တော်များထံမှ ဘယ်နေရာကိုမှထွက်မသွား
၁ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် တွေးဆကာ မိမိကိုယ်ကိုယ် လေးလေးနက်နက် သုံးသပ်ဆင်ခြင်မိ။ ကျွန်ုပ်ကို လေ့ကျင့်ပေးဖို့ရန်အလို့ငှာ တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ ဘုရားသခင်က ကျွန်ုပ်ကို မြှင့်တင်ပေးပြီ။ သို့သော် ဤအခွင့်အရေးကို ကြွားဝါဖို့ ကျွန်ုပ် အသုံးပြုခဲ့။ ကျွန်ုပ်၏ အလုပ်က အကျိုးအမြတ်အနည်းငယ် ရရှိသောအခါ၊ ကျွန်ုပ် လမ်းလျှောက်ပုံ၊ ပြောဆိုပုံတို့ကိုပင် ကျွန်ုပ် ပြောင်းလဲသည်။ ဘုရားသခင်ကို ဘုန်းအသရေအားလုံး ပေးဖို့ ကြေငြာထားသော်လည်း ကျွန်ုပ် ကိုယ်ပိုင် ပါဝင်ဆောင်ရွက်မှုတွေကို ကျွန်ုပ်ရေတွက်မိခဲ့။ ကျွန်ုပ်၏ ဆုကျေးဇူးများကို ကျွန်ုပ် အမြဲယုံကြည်သော်လည်း ဘုရားသခင်ကို စစ်မှန်စွာ ဆုမတောင်းပေ။ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေခြင်းမရှိဘဲ၊ အဖန်ဖန် ကျွန်ုပ် အားအင်ကုန်ဆုံးရ။ အမှောင်ထဲသို့ ကျရောက်ပြီးနောက်တွင်သာ ကျွန်ုပ်မည်မျှ သနားစဖွယ်ဖြစ်ကာ လိုအပ်မှုရှိသည်ကို မြင်ရပေ။ အို ဘုရားရှင်။ ကိုယ်တော် မပါဘဲ ကျွန်ုပ် ဘာမျှ မလုပ်နိုင်သည်ကို နောက်ဆုံးတွင် ကျွန်ုပ် သိရလေပြီ။
၂ ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ကိုယ်ကျင့်တရားများ၏ အရေးပါမှုကို ကျွန်ုပ် ဘယ်သောအခါမျှ မသိခဲ့။ အရာခပ်သိမ်းတို့ကို ဆုကျေးဇူးများမှတဆင့် လုပ်ဆောင်နိုင်သည်ဟု ကျွန်ုပ် အမြဲ ခံစားခဲ့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ် ဘယ်နေရာမျှ မသွားသည်ကို ယခု ကျွန်ုပ် တွေ့ကြုံရပြီ။ သမ္မာတရားကို ရှာဖွေခြင်းမရှိဘဲ အလုပ်တွင် ဆုကျေးဇူးများကို မှီခိုခြင်းက ကျရှုံးဖို့ သေချာပေ။ ဘုရားသခင်အတွက် ကျိုးနွံနာခံခြင်းနှင့် ချစ်ခြင်းမရှိဘဲ၊ ကျွန်ုပ်၏ တာဝန်ကို ဆောင်ရွက်ခြင်းက အချည်းနှီးဖြစ်ပေ။ ကျွန်ုပ်၏ အသိစိတ်ကို ကျွန်ုပ် အရှက်မရှိ ဆန့်ကျင်ကာ ဘုရားသခင်ထံမှ ဘုန်းအသရေကို ခိုးယူမိခဲ့၊ ကျွန်ုပ် ကြွားဝါကာ မိမိကိုယ်ကိုယ် ဂုဏ်ဖော်ခြင်းပင် ပြုမိခဲ့သည်။ ယင်းသည် ဘုရားသခင်ကို ကြည်ညိုခြင်း စိတ်နှလုံး အဘယ်သို့ ဖြစ်နိုင်မည်နည်း။သမ္မာတရားကို လိုက်စားခြင်းမရှိ၊ ကျွန်ုပ်၏ ကိုယ်ပိုင်လမ်းခရီးအပေါ် မရမက လျှောက်ခြင်းဖြင့်၊ ကျွန်ုပ် အဘယ်သို့ ခလုတ်မတိုက်ဘဲ ရှိနိုင်မည်နည်း။ အို ဘုရားရှင်။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိရှိဖို့ ကျွန်ုပ်ကို ခွင့်ပြုလေပြီ။
၃ ကျွန်ုပ် အလွန် ပုန်ကန်တတ်သော်လည်း ဘုရားသခငုက ကျွန်ုပ်ကို ဉာဏ်အလင်းပေးကာ လမ်းပြဆဲ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော်တို့ကို တွေ့မြင်ရင်း၊ ပိုကြီးမားသော ဝမ်းနည်းမှုနှင့် အကြွေးတင်ရှိမှုတို့ကို ကျွန်ုပ် ခံစားရ။ ကျွန်ုပ် အလွန် သေးနုပ်ကာ နှိမ့်ကျသည်၊ ဖုန်မှုန့်တစ်ခုသာ ဖြစ်ပေ။ အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ဆောင်ရွက်နိုင်သည့်အခါ ဘုရားသခင်ကို ကျွန်ုပ် ပြန်ပေးဆပ်သင့်ပေ။ အတိတ်တွင် သမ္မာတရားကို ရှာဖွေခြင်းမရှိဘဲ ကျွန်ုပ်၏ တာဝန်ကို ဆောင်ရွက်မိခဲ့သည်ကို ကျွန်ုပ် မုန်းမိသည်။ စုံလင်ခံရဖို့ အခွင့်အရေးများစွာ ဆုံးရှုံးခြင်းက ဘုရားသခင်၏ စိတ်နှလုံးကို အမှန်တကယ် ထိခိုက်ပေ။ ခါးသီးမှုထဲတွင် လုံးဝ ထိုးကျသည့်နောက်မှသာ၊ သမ္မာတရားက မည်သည့်ရတနာတစ်ပါးဖြစ်သည်ကို ကျွန်ုပ် သိခဲ့ရ။ ဘုရားသခင်အားဖြင့် ပြုပြင်ခံရကာ ကိုင်တွယ်ဖြေရှင်းခံရပြီးသည့်နောက်မှသာ၊ ကျွန်ုပ် မည်မျှ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးရသည်ကို သိခဲ့ရ။ သမ္မာတရားကို လိုက်စားဖို့၊ ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံဖို့နှင့် သန့်စင်ခံရဖို့ ကျွန်ုပ်၏ အရာအားလုံးကို စွန့်လွှတ်ရန် ကျွန်ုပ် ဆန္ဒရှိနေသည်။ ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ဖို့ ကျွန်ုပ်၏တာဝန်ကို ဖြည့်ဆည်းရန် ကျွန်ုပ် မိမိကိုယ်ကိုယ် အားလုံး ဆက်ကပ်မည်။