ဘုရား၏အမှုကို မည်သူမျှဉာဏ်မမီနိုင်ကျူး
၁ ဘုရားသခင်နှင့် လူတို့ကို တန်းတူပြော၍မရပါ။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အမှုသည် အလွန်နက်နဲပြီး လူတို့နားမလည်နိုင်ပါ။ အကယ်၍ ဘုရားသခင်သည် လူ့လောကတွင် သူ၏အမှုကို ကိုယ်တိုင်မဆောင်ရွက်ဘဲ သူ၏နှုတ်ကပတ်တော်တို့ကိုလည်း မပြောကြားပါက လူတို့သည် ဘုရားသခင်၏ အလိုကို ဘယ်သောအခါမျှ နားလည်နိုင်လိမ့်မည်မဟုတ်ပါ၊ ထို့ကြောင့် ဘုရားသခင်ကို ဘဝတစ်လျှောက်လုံး ဆက်ကပ်အပ်နှံခဲ့ကြသည့် သူတို့သည်ပင်လျှင် ဘုရားသခင်၏ အတည်ပြုခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ လူသားတို့၏ ဆောင်ရွက်ချက်သည် မည်မျှပင် ကောင်းမွန်စေကာမူ ဘုရားသခင်၏အမှု မပါဝင်ပါက အရာမရောက်ပါ။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်များသည် လူတို့၏ စိတ်ကူးအကြံများထက် အမြဲမြင့်မားနေမည်ဖြစ်ပြီး ဘုရားသခင်၏ ဉာဏ်ပညာကို လူတို့ နားမလည်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် ဘုရားသခင်၏အမှုကို “ရှင်းလင်းစွာသိသည်” ဆိုသူများမှာ အရည်အချင်းမရှိ၊ သူတို့အားလုံးသည် စိတ်ကြီးဝင်၍ ပညာမဲ့သူများဖြစ်သည်ဟု ငါဆိုသည်။
၂ လူသားတို့သည် ဘုရားသခင်၏ အမှုကို ကောက်ချက်မချသင့်ပါ၊ ထို့အပြင် လူသားတို့သည် ဘုရားသခင်၏ အမှုကို ကောက်ချက်ချနိုင်စွမ်းမရှိပါ။ ဘုရားသခင်၏အမြင်တွင် လူသားတို့သည် ပုရွက်ဆိတ်ထက်ပင် သေးငယ်ပေသေးသည်။ သို့ဖြစ်လျှင် လူသားတို့သည် ဘုရားသခင်၏အမှုကို မည်သို့ နားလည်သဘောပေါက်နိုင်မည်နည်း။ “ဘုရားသခင်က ဒီလိုမလုပ်ဘူး ဒါမှမဟုတ် ဟိုလိုမလုပ်ဘူး” သို့မဟုတ် “ဘုရားသခင်က ဒီလိုပဲ ဒါမှမဟုတ် ဟိုလိုပဲ” ဟု စဉ်ဆက်မပြတ် ပြောဆိုနေကြသူများ ရှိသည်။ သူတို့အားလုံး စိတ်ကြီးဝင်နေကြခြင်း မဟုတ်ပါလော။ အသွေးအသားဖြင့် တည်ဆောက်ထားသော လူများအားလုံးကို စာတန်ဖျက်ဆီးထားကြောင်း ငါတို့အားလုံး သိသင့်သည်။ ဘုရားသခင်ကို ဆန့်ကျင်ရန်မှာ သူတို့၏သဘာဝဖြစ်ပြီး သူတို့သည် ဘုရားသခင်နှင့် တန်းတူရည်တူ မဟုတ်ရုံမျှမက ဘုရားသခင်၏ အမှုအား သူတို့က လမ်းညွှန်အကြံပြုနိုင်ရန် ပို၍ပင် မဖြစ်နိုင်ပါ။ လူသားတို့ကို ဘုရားသခင်က မည်သို့ဦးဆောင်လမ်းပြသည် ဆိုသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ဖြစ်ပါသည်။ လူသားဆိုသည်မှာ ဖုန်မှုန့်သာ ဖြစ်သည့်အတွက် လူသားတို့သည် ထိုကဲ့သို့သောအမြင်ကို ကိုင်စွဲမထားသင့်ဘဲ ကျိုးနွံနာခံသင့်ပါသည်။
၃ ဘုရားသခင်ကို ရှာဖွေရန် ငါတို့ကြိုးစားသောကြောင့် ဘုရားသခင်၏ ဆင်ခြင်သုံးသပ်မှုအတွက် ဘုရားသခင်၏ အမှုအပေါ် ငါတို့၏ အယူအဆများကို ထည့်သွင်းခြင်း မပြုသင့်ပါ။ အနည်းဆုံး ဘုရားသခင်၏အမှုကို ဆန့်ကျင်ရန် ရည်ရွယ်ကြိုးစားသည့် ငါတို့၏ ဖောက်ပြန်သော စိတ်သဘောထားကို ငါတို့ အသုံးမပြုသင့်ပါ။ ယင်းက ငါတို့ကို အန္တိခရစ်များ မဖြစ်စေဘူးလား။ ထိုသို့သောသူများက ဘုရားသခင်ကို ယုံကြည်ပါသည်ဟု အဘယ်ကဲ့သို့များ ပြောနိုင်ပါလိမ့်။ ဘုရားသခင်တစ်ပါးရှိသည်ဟု ငါတို့ယုံကြည်ပြီး ဘုရားသခင်၏အလိုကို ဖြည့်ဆည်းလျက် ဘုရားသခင်ကို တွေ့မြင်လိုသည့်အတွက် ငါတို့သည် သမ္မာတရားလမ်းကို ရှာဖွေသင့်ပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်မည့် နည်းလမ်းတစ်ခုကို ရှာဖွေသင့်သည်။ ငါတို့သည် ဘုရားသခင်ကို ခေါင်းမာစွာဖြင့် မဆန့်ကျင်သင့်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် မည်သည့်ကောင်းကျိုးများ ရရှိနိုင်မည်နည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။