လူတို့ ပြောသမျှ လုပ်သမျှ ဘုရားသခင်၏ စောင့်ကြပ်မှုမှ မလွတ်ပါ
၁
သင့်ယုံကြည်မှုက အလွန်လှပကြောင်း၊
ဘုရားအမှုမှာ သင့်ဘဝကို မြှုပ်နှံထားထားလိုကြောင်း၊
ယင်းအတွက် သင်လုပ်နိုင်သမျှအားလုံး လုပ်လိုကြောင်း သင်ပြောသည်။
သင့်စိတ်သဘောထားသည်သာ ပြောင်းလဲရခက်သည်။
မာနထောင်လွှားသော စကားများ၊ ဤသည်မှာ သင်ပြောခဲ့ပြီးသော စကားများဖြစ်ပေ၏၊
သို့သော် သင်တကယ်လုပ်တော့ နုံချာချာပါ။
ယင်းက သင့်လျှာ၊ နှုတ်ခမ်းတို့က ကောင်းကင်ဘုံမှာ ရှိသော်လည်း၊
ခြေတို့ကမူ ဝေးလွန်းတဲ့ ကမ္ဘာမြေပေါ်မှာ လိုပင်။
ထို့ကြောင့် သင့်စကားများ၊ အပြုအမူများနှင့် ဂုဏ်သတင်းက အခြေအနေဆိုးနေဆဲ။
သင့်စကားများနှင့် အပြုအမူများ အားလုံးကို ဘုရားသခင် မစစ်ဆေးဘဲ
ကိုယ်တော့်အမှုနှင့် နှုတ်ကပတ်တော်၏ သန့်ရှင်းသောမြေသို့
သင်ဝင်ရောက်ခွင့် ရနိုင်သည်ဟု ယုံပါသလား။
ကိုယ်တော်၏ မျက်စိနှစ်လုံးကို အရူးလုပ်နိုင်သူ ရှိပါသလား။
သင်၏ နိမ့်ကျသောအပြုအမူနှင့် အဆင့်အတန်းမရှိသော စကားများက ဘုရားသခင်၏အမြင်အာရုံမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။
၂
ယခု သင့်ဂုဏ်သတင်း ပျက်စီးပြီ၊
သင့်ခံနိုင်ရည် ကျဆင်းပြီ၊ သင့်စကားတို့ ပေါ့ပျက်သည်။
သင့်ဘဝက ရွံရှာဖွယ်၊ သင်၏ လူ့သဘာဝက ညံ့ဖျင်းပေသည်။
လူတွေအပေါ်မှာ သဘောထား ကျဉ်းမြောင်းလွန်းလှသည်။
အသေးစိတ်တိုင်းမှာ သင်ကတ်သတ်ပြောဆိုသည်။
ဂုဏ်၊ နာမည်တို့အပေါ် သင်အငြင်းပွားသည်၊
ငရဲလမ်းနက်ထဲ သင်အလွန် ဆင်းသက်လိုသည်၊
မီးအိုင်ထဲသို့ သင်တည့်တည့် ခုန်ဆင်းလိုသည်။
သင့်လက်ရှိ စကားများနှင့် အပြုအမူများက
သင်အပြစ်ရှိကြောင်း ဘုရားသခင်ပြောရန် လုံလောက်ပေသည်။
သင့်စကားများနှင့် အပြုအမူများ အားလုံးကို ဘုရားသခင် မစစ်ဆေးဘဲ
ကိုယ်တော့်အမှုနှင့် နှုတ်ကပတ်တော်၏ သန့်ရှင်းသောမြေသို့
သင်ဝင်ရောက်ခွင့် ရနိုင်သည်ဟု ယုံပါသလား။
ကိုယ်တော်၏ မျက်စိနှစ်လုံးကို အရူးလုပ်နိုင်သူ ရှိပါသလား။
သင်၏ နိမ့်ကျသောအပြုအမူနှင့် အဆင့်အတန်းမရှိသော စကားများက ဘုရားသခင်၏အမြင်အာရုံမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။
၃
ဘုရားသခင်၏အမှုတော်အပေါ် သင်တို့သဘောထားက
သင်တို့သည် မဖြောင့်မတ်သူများဖြစ်ကြောင်း ကိုယ်တော်ဆုံးဖြတ်ရန် လုံလောက်ပေသည်။
သင့်စိတ်သဘောထားများအားလုံးက သင်တို့သည်
ဂုဏ်သရေမဲ့ ဆိုးညစ်သော ဝိညာဉ်များဖြစ်ကြောင်း ပြောရန် လုံလောက်ပေသည်။
သင်ပြုမူပြသသည့်အရာက တစ်ခုကို ဆိုလိုနိုင်သည်-
ညစ်ညူးသောဝိညာဉ်များ၏ အသွေးကို သင်အလွန်သောက်ခဲ့ပြီ။
ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခြင်းကို ဖော်ပြသောအခါ၊
သင့်ခံစားချက်များကို စိတ်ထဲမှာသာထားရန် သင်ကြိုးစားသည်။
သင့်လမ်းများသည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ လျှောက်လှမ်းရန် သင့်အတွက် လုံလောက်ပါသလား။
သင့်စကားများနှင့် အပြုအမူများ အားလုံးကို ဘုရားသခင် မစစ်ဆေးဘဲ
ကိုယ်တော့်အမှုနှင့် နှုတ်ကပတ်တော်၏ သန့်ရှင်းသောမြေသို့
သင်ဝင်ရောက်ခွင့် ရနိုင်သည်ဟု ယုံပါသလား။
ကိုယ်တော်၏ မျက်စိနှစ်လုံးကို အရူးလုပ်နိုင်သူ ရှိပါသလား။
သင်၏ နိမ့်ကျသောအပြုအမူနှင့် အဆင့်အတန်းမရှိသော စကားများက ဘုရားသခင်၏အမြင်အာရုံမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။
နိဂုံး
ဘုရားသခင်သည် လူအားလုံး၏ စိတ်နှလုံးများအပေါ် သူ၏မျက်စိနှစ်လုံးဖြင့် ဆက်လက် စောင့်ကြည့်နေသည်
ရှေးယခင်က လူသားကို ကိုယ်တော် ဖန်ဆင်းခဲ့ခြင်းကြောင့်ပင်၊
သူတို့၏ နှလုံးသားများကို ကိုယ်တော့်လက်ထဲ ဆုပ်ကိုင်ထားသည်။
ရှေးကတည်းက လူ့စိတ်နှလုံးကို ကိုယ်တော် မြင်ခဲ့ပြီးဖြစ်သည်၊
ထို့ကြောင့် လူ့စိတ်နှလုံးထဲမှ အတွေးတို့ ကိုယ်တော့်မျက်စိများမှ လွတ်မြောက်နိုင်မည်နည်း။
ကိုယ်တော့်ဝိညာဉ်လောင်မြိုက်ခြင်းမှ သူတို့သည် အဘယ်သို့ အချိန်မီ လွတ်မြောက်နိုင်မည်နည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏စရိုက်မှာ အလွန်အောက်တန်းကျလေစွ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။