၂၁၈ အဆုံးထိတိုင်လိုက်လျှောက်ဖို့ ဝိညာဉ်တော်၏ အမှုတော်ကို နာခံပါ
၁
သန့်ရှင်းသောဝိညာဉ်၏အလုပ်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲ
တစ်ဆင့်ချင်း ပိုမြင့်မား မဟာဖွင့်ပြခြင်းများနှင့်
ဤသို့ဖြင့် လူသားစုံလင်စေဖို့ ဘုရားအလုပ်လုပ်
လူသည် မလိုက်နိုင်လျှင် နောက်ကျန်ရစ်နိုင်ပေသည်
နာခံသော နှလုံးသား မရှိဘဲနဲ့ အဆုံးတိုင် သူ မလိုက်လျှောက်နိုင်ဘူး
ပင်ကို အတိုင်း မနာခံ၊ ဆန္ဒအလျောက် ဆန့်ကျင်သူများသည်
ဘုရား အလုပ် အလျှင်လို သည့်အတွက် သူတို့နောက်ကျ ကျန်လိမ့်မည်
မိမိကိုယ်ကို ဝမ်းမြောက်စွာ နှိမ့်ချသောသူ၊ နာခံသောသူ များသာ
အဆုံးတိုင် ရှေ့ဆက်နိုင်မည်၊ လမ်းခရီးအဆုံးထိ တိုင်အောင်
၂
ရှေးကာလလွန်ပြီ၊ ဒါ ခေတ်သစ် တစ်ခုပါ
ခေတ်သစ်ရောက်ချိန် အမှုသစ်သည် ပြီးမြောက် မည်
လူကို ဘုရားစုံလင်စေချိန် နောက်ဆုံးသောကာလ တွင်
ဘုရားသည် အမှုသစ်ကို လျှင်မြန်စွာ ဆောင်ရွက်မည်
နာခံခြင်းမရှိသော နှလုံးသားအတွက်
ဘုရားခြေလှမ်းကိုလိုက်ရန် အလွန်ခက်ခဲမည်
ပင်ကို အတိုင်း မနာခံ၊ ဆန္ဒအလျောက် ဆန့်ကျင်သူများသည်
ဘုရား အလုပ် အလျှင်လို သည့်အတွက် သူတို့နောက်ကျ ကျန်လိမ့်မည်
မိမိကိုယ်ကို ဝမ်းမြောက်စွာ နှိမ့်ချသောသူ၊ နာခံသော သူများသာ
အဆုံးတိုင် ရှေ့ဆက်နိုင်မည်၊ လမ်းခရီးအဆုံးထိ တိုင်အောင်
၃
ဘုရား၏အလုပ်သည် မပြောင်းလဲတာမဟုတ်၊
စည်းမျဉ်းများအောက်တွင် ရှိတာ မဟုတ်သော်လည်း
အစဉ်မြဲ ဆန်းသစ်ကာ အစဉ် ပို၍မြင့်မားသည်
အဆင့်တစ်ခုတိုင်း သူ့အလုပ်သည် ပို၍လက်တွေ့ ကျလာပြီး
လူသားမျိုးနွယ်၏ လိုအပ်ချက်အမှန်နှင့် ပို၍ကိုက်ညီသည်
လူသည် ဤအမှု မျိုးကို တွေ့ကြုံပြီးမှသာ
နောက်ဆုံး သူ့စိတ်သဘောထား ပြောင်းလဲနိုင်မည်။
ပင်ကို အတိုင်း မနာခံ၊ ဆန္ဒအလျောက် ဆန့်ကျင်သူများသည်
ဘုရား အလုပ် အလျှင်လို သည့်အတွက် သူတို့နောက်ကျ ကျန်လိမ့်မည်
မိမိကိုယ်ကို ဝမ်းမြောက်စွာ နှိမ့်ချသောသူ၊ နာခံသောသူ များသာ
အဆုံးတိုင် ရှေ့ဆက်နိုင်မည်၊ လမ်းခရီးအဆုံးထိ တိုင်အောင်
၄
ဘဝအကြောင်း လူ၏နားလည်မှု တိုးသည့်တိုင်း
ဘုရား၏ အမှုတော်သည်လည်း တိုးမြင့်လာ၏
ဤသို့ဖြင့် ဘုရားလူကိုစုံလင်စေ၊ သင့်လျော်သော အသုံးခံဖြစ်စေသည်
သူ့အလိုတော်ပြီးမြောက် ဖို့ရန်
လူ၏အယူဆကို တွန်းလှန်၊ မှန်ကန်စေကာ
စစ်မှန်သောအခြေနေ၊ ပို၍မြင့်သောအရပ်၊
အကြီးမားဆုံးသောယုံကြည်ခြင်းသို့ ဦးဆောင်
ပင်ကို အတိုင်း မနာခံ၊ ဆန္ဒအလျောက် ဆန့်ကျင်သူများသည်
ဘုရား အလုပ် အလျှင်လို သည့်အတွက် သူတို့နောက်ကျ ကျန်လိမ့်မည်
မိမိကိုယ်ကို ဝမ်းမြောက်စွာ နှိမ့်ချသောသူ၊ နာခံသောသူ များသာ
အဆုံးတိုင် ရှေ့ဆက်နိုင်မည်၊ လမ်းခရီးအဆုံးထိ တိုင်အောင်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်