၅၉၁ ဘုရားအိမ်တော်တွင် သင့်သစ္စာစောင့်သိမှုကို ဆက်ကပ်လော့ကျူး
၁ ကမ္ဘာမြေကြီးပေါ်တွင် နတ်ဆိုး အမျိုးမျိုးတို့သည် နားခိုရန်နေရာကို အစဉ်ရှာဖွေ ချောင်းမြောင်းလျက် ရှိကြပြီး စားနိုင်သော လူသေအလောင်းများကို အတောမသတ် ရှာဖွေနေကြသည်။ ငါ၏လူများတို့၊ သင်တို့သည် ငါ၏ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် ရှိနေရပေမည်။ မည်သည့်အခါမျှ အသောက်အစား အပျော်အပါး၌ မွေ့လျော်သော အသက်တာ၌ အသက်မရှင်ကြနှင့်။ မည်သည့်အခါမျှ အဆင်အခြင်မဲ့စွာ မပြုမူကြနှင့်။ ယင်းအစား သင်၏သစ္စာစောင့်သိခြင်းကို ငါ၏အိမ်တော်တွင် ပေးလှူလော့၊ သင်၏သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် မာရ်နတ်၏ ကောက်ကျစ်မှုကို တန်ပြန်တွန်းလှန်နိုင်မည် ဖြစ်သည်။ မည်သည့် အခြေအနေမျိုးတွင်မျှ သင်သည် အတိတ်ကကဲ့သို့ ငါ၏မျက်မှောက်တွင်တစ်မျိုး ငါ၏နောက်ကွယ်တွင်တစ်မျိုး လုပ်ဆောင်ခြင်းမျိုး မပြုမူရ၊ ထိုသို့လုပ်ဆောင်ပါက သင့်ကို ရွေးနုတ်၍မရ ဖြစ်နေနှင့်ပြီးဖြစ်သည်။ ငါသည် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို လုံလောက်သည်ထက် ပိုလျှံစွာပင် မိန့်မြွက်ဆိုခဲ့ပြီး မဟုတ်သလော။
၂ တိတိကျကျ ဆိုပါက လူ၏သဘာဝအဟောင်းသည် ပြုပြင်၍ မရသောကြောင့် ငါသည် ကြိမ်ဖန်တလဲလဲ သူ့ကို သတိပေးနေခဲ့ရခြင်း ဖြစ်သည်။ ငါပြောသမျှမှာ သင်တို့၏ကံကြမ္မာ သေချာရေရာမှု ရှိစေရန်အတွက် ဖြစ်သည်။ ဆိုးရွား၍ ညစ်ညူးသော အရပ်မှာ စာတန်လိုအပ်သည့်အရာ အတိအကျ ဖြစ်သည်။ သင်တို့သည် ကန့်သတ်ချက်ကို ကျိုးနွံနာခံရန် ငြင်းဆန်လျက်၊ မျှော်လင့်ချက်ကင်းမဲ့စွာနှင့် ရွေးနုတ်၍မရနိုင်အောင်ဖြစ်လေလေ ဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးလေလေ၊ မသန့်ရှင်းသော ထိုဝိညာဉ်များသည် ထိုးဖောက်ဝင်ရောက်ရန် ၎င်းတို့ရနိုင်သော မည်သည့်အခွင့်အရေးကိုမဆို အသုံးချလေလေပင် ဖြစ်မည်။ သင်တို့သည် ဤအခြေအနေအထိ ရောက်ပြီဆိုပါက သင်တို့၏သစ္စာစောင့်သိမှုသည် စစ်မှန်ခြင်း လုံးဝမရှိသည့် အကျိုးမရှိသော အမျှင်မပြတ်ပြောသော စကားသက်သက်မျှသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မသန့်ရှင်းသော ဝိညာဉ်များသည် သင်တို့၏ သန္နိဌာန်ကို ဝါးမျိုကာ ငါ၏အမှုကို နှောင့်ယှက်ရေးအတွက် အသုံးပြုရန် ၎င်းသန္နိဌာန်ကို မနာခံခြင်းနှင့် စာတန်၏လှည့်ကွက်များ အသွင်သို့ ပြောင်းလဲပစ်လိမ့်မည်။ ထိုအခါ သင်သည် အချိန်မရွေး ငါ၏ရိုက်နှက်ခြင်းကို ခံရနိုင်သည်။
၃ ဤအခြေအနေ၏ လေးနက်မှုကို မည်သူမျှ နားမလည်ကြ၊ လူအားလုံးသည် သူတို့ကြားသော အရာကို ဂရုမစိုက်ဘဲသာနေကြပြီး စိုးစဉ်းမျှပင် သတိမမူကြ။ အတိတ်တွင် ပြုခဲ့ပြီးသောအရာကို ငါသည် မှတ်မိသည်မဟုတ်။ ငါသည် နောက်ထပ်တစ်ဖန် သင့်ကို သက်ညှာပေးရန် သင်စောင့်မျှော်နေဆဲလော။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်ခဲ့သော်လည်း ငါသည် သူ့တို့အပေါ် အာဃာတထားမည် မဟုတ်၊ အကြောင်းမှာ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်ပင် သေးနုပ်လွန်းလှသောကြောင့် ငါသည် သူတို့ထံမှ လွန်ကဲစွာ ကြီးမားသော တောင်းဆိုမှုများကို မပြုခဲ့ပေ။ ငါတောင်းဆိုသမျှမှာ ၎င်းတို့သည် အသောက်အစား အပျော်အပါး၌ မွေ့လျော်ခြင်း မပြုရန်နှင့် ကန့်သတ်ချက်ကို ကျိုးနွံနာခံရန်သာ ဖြစ်သည်။ ဤသတ်မှတ်ပြဋ္ဌာန်းချက်တစ်ခုကို ဖြည့်စွမ်းရန် သင်တို့၌ တတ်နိုင်စွမ်းရှိသည် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်