သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင် ပိုင်ဆိုင်ရမည့်အရာ
၁ ရေစီးကြောင်းကို ဆန့်ကျင်၍ လှေတစ်စင်းကို သင် လှော်ခတ်နေရသကဲ့သို့၊ ရှေ့သို့ လှော်ခတ်ခြင်းရပ်လျှင် သင် နောက်ပြန်လွှင့်ပါသွားမည်ကဲ့သို့၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းက သင့်အတွက် အဘယ်ကြောင့် အလွန်ခက်ခဲရပါသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ သဘာဝက ဘုရားသခင်ကို သစ္စာဖောက်ရန် ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်၏ သဘာဝက လူသားများအတွင်း၌ အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်ကာ ဤသည်မှာ ဖောက်ပြန်ရေးဝါဒီ အင်အားစုဖြစ်သည်။ မှန်ပေ၏၊ ဘုရားသခင်ကို သစ္စာဖောက်သည့် သဘာဝတစ်ခုနှင့် လူသားများသည် ဘုရားသခင်ကို သစ္စာဖောက်သည့် အရာများကို အလွယ်တကူ လုပ်ဆောင်နိုင်ပြီး၊ အပြုသဘောဆောင်သော လုပ်ဆောင်ချက်များက သူတို့အတွက် လုပ်ဆောင်ရန် ပင်ကိုအားဖြင့် ခက်ခဲလေသည်။ ဤအရာကို လူသားမျိုးနွယ်၏ သဘာဝနှင့် အနှစ်သာရတို့အားဖြင့် လုံးဝ ဆုံးဖြတ်ခြင်းဖြစ်သည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီး သင်ကိုယ်တိုင်၏ စိတ်တွင်းမှ သမ္မာတရားကို စတင် ချစ်မြတ်နိုးသည့်အခါ၊ သမ္မာတရားနှင့် ကိုက်ညီသည့် ထိုအရာများကို လုပ်ဆောင်ရာတွင် သင် အားရှိလာလိမ့်မည် ဖြစ်သည်။ လွယ်ကူပြီး ပျော်ရွှင်သည့် နည်းလမ်းဖြင့် သင် ထိုသို့လုပ်ဆောင်နိုင်ပြီး အပျက်သဘောဆောင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက ကြီးမားသည့် အားထုတ်မှုပမာဏ လိုအပ်သည်ဟု သင်ခံစားရသည်အထိ ဤအရာက ပုံမှန်ဖြစ်လာပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားက သင်၏ စိတ်နှလုံးထဲတွင် အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်သောကြောင့် ဖြစ်သည်။
၂ လူသားအသက်တာအကြောင်း သမ္မာတရားကို သင် အမှန်တကယ် နားလည်လျှင်၊ မည်သည့် လူစားမျိုးသင်ဖြစ်ရမည်၊ ပွင့်လင်းသူ၊ ဖြောင့်မတ်သောလူ၊ ရိုးသားသော လူတစ်ဦး မည်သို့ဖြစ်ရမည် နှင့် ဘုရားသခင်အတွက် သက်သေခံပြီး သူ့ကို အစေခံသော သူတစ်ဦး မည်သို့ဖြစ်ရမည်နှင့် ပတ်သက်သော သမ္မာတရားကို သင် နားလည်လျှင်၊ ဘုရားသခင်ကို အာခံသည့် ဆိုးယုတ်သော လုပ်ရပ်များကို သင် နောက်တစ်ဖန် ဘယ်သောအခါမျှ ကျူးလွန်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ခေါင်းဆောင်အတုအယောင်၊ အမှုတော်ဆောင်အတုအယောင် သို့မဟုတ် အန္တိခရစ်၏ အခန်းကဏ္ဍက သင် ပါ၀င်လိမ့်မည်မဟုတ်ပေ။ စာတန်က သင့်ကို လှည့်ဖြားခဲ့လျှင်ပင်၊ သို့မဟုတ် ဆိုးညစ်သော သူတစ်ဦးက သင့်ကို သွေးဆောင်ဖြားယောင်းသော်လည်း၊ သင် မလိုက်လျောနိုင်သေး။ သင့်ကို မည်သူက အကျပ်ကိုင်ဖို့ ကြိုးစားပါစေ၊ ထိုသို့ သင် မဆောင်ရွက်နိုင်သေးပေ။ သမ္မာတရားကို လူတို့ ရရှိပြီးသည့်အခါနှင့် သမ္မာတရားက ၎င်းတို့၏ အသက်ဖြစ်လာသည့်အခါ၊ မကောင်းမှုကို ၎င်းတို့ ထို့ကြောင့် စက်ဆုပ်နိုင်ကြပြီး အပျက်သဘောဆောင်သော အရာများနှင့်ပတ်သက်၍ အတွင်း၌ စက်ဆုပ်မှုကို ခံစားနိုင်ကြကာ၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်ပြီး ဘုရားသခင်အားဖြင့် ၎င်းတို့ စုံလင်ခံရပြီးဖြစ်သောကြောင့် မကောင်းမှုကို ကျူးလွန်ဖို့ ၎င်းတို့အတွက် ခက်ခဲပေလိမ့်မည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်သည် သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းအားဖြင့်သာ သင်၏စိတ်နေသဘောထား၌ ပြောင်းလဲမှုများကို ရရှိနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။