၆၅ ဘုရား၏တရားစီရင်ခြင်းအမှုဆိုင်ရာ ရည်ရွယ်ချက်ကျူး

၁ ယခု လုပ်ဆောင်နေသော အမှုမှာ လူတို့အား ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းဖြစ်သော စာတန်ကို စွန့်လွှတ်စေရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်မှု အလုံးစုံသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်တာ၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်သည်။ ထပ်တလဲလဲဖြစ်သော ဤတရားစီရင်မှုများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ၊ ထိုသို့ဖြင့် အသက်တာကို သိနိုင်ဖို့၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိနိုင်ဖို့၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကို သိနိုင်ဖို့နှင့် စာတန်၏ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ်အကြောင်းကိုလည်း သိနိုင်ဖို့အလို့ငှာ၊ တရားစီရင်မှု တစ်ခုချင်းစီသည် ၎င်းတို့၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်စေရန် ရည်ရွယ်သည်။ လူသားသည် ဤကဲ့သို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုမျိုးကို သာ၍ လက်ခံရရှိလေလေ၊ လူသား၏ စိတ်နှလုံးအား ပို၍ ထိခိုက်ဒဏ်ရာရစေနိုင်လေဖြစ်ပြီး သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။

၂ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး နက်နဲစွာ အလှည့်ဖြားခံရဆုံးသော ဤလူတို့၏ ဝိညာဉ်များကို နိုးထပေးရန်မှာ ဤတရားစီရင်မှုမျိုး၏ ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။ လူသား၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ သူ၏ဝိညာဉ်သည် ကြာမြင့်သော အချိန်ကတည်းက သေဆုံးခဲ့ပြီး သူသည် ကောင်းကင်ဘုံ ရှိကြောင်းကို မသိ၊ ဘုရားသခင် တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူ သေချာပေါက် မသိပေ။ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဤဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း သူ မည်သို့သိနိုင်မည်နည်း။ သူ၏ပုပ်စပ်သော ဤအလောင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှတစ်ဆင့် သေမင်း၏ မရဏနိုင်ငံထဲသို့ ကျရောက်ပြီးဖြစ်ကြောင်း သူ မည်သို့များ သိနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ကြာမြင့်သော အချိန်ကတည်းက ပြုပြင်၍ မရနိုင်လောက်အောင် လူသားမျိုးနွယ်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးသည်ကို သူ မည်သို့ သိနိုင်မည်နည်း။ ပြီးလျှင် ဖန်ဆင်းရှင်သည် မြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူ မည်သို့သိနိုင်မည်နည်း။

၃ လူသားသည် ဖြစ်နိုင်သမျှသော စစ်ဆေးခြင်းနှင့် တရားစီရင်မှု အားလုံးကို ကြုံရသည့်နောက်တွင်ပင်၊ သူ၏ လေးလံထုံထိုင်းသော အသိစိတ်သည် နိုးကြားရုံမျှသာရှိနေဆဲဖြစ်ပြီး စင်စစ်တွင် တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန် ကျဆင်းယိုယွင်းနေပါတကား။ ဤ တရားစီရင်မှုမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက၊ ရလဒ်ရှိမည် မဟုတ်ဘဲ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအမှုကြောင့်သာ မဟုတ်လျှင် လူတို့၏ စိတ်နှလုံးများသည် ရှေးမဆွကတည်းက သေဆုံးခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည် စာတန်၏ နင်းခြေမှုကို ရှေးမဆွကတည်းက ခံခဲ့ရသောကြောင့်၊ လူတို့သည် သေမင်း၏ မရဏနိုင်ငံမှ လွတ်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ဆုတ်ယုတ်ခြင်း၏ အနက်ဆုံးအတိုင်းအတာအထိ နစ်မြုပ်ပြီးဖြစ်သော သင်တို့ကို ကယ်တင်ခြင်းသည် သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ခြင်းနှင့် သင်တို့ကို အစွမ်းကုန် တရားစီရင်ခြင်းတို့လိုအပ်သည်၊ သို့မှသာလျှင် သင်တို့၏ အေးခဲနေသော စိတ်နှလုံးကို နိုးထစေနိုင်လိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၄ သိမ်းပိုက်ခြင်းအမှု၏ အတွင်းအဓိပ္ပာယ်ကျူး

နောက်တစ်ခုသို့- ၆၆ နောက်ဆုံးသောကာလရှိ သိမ်းပိုက်ခြင်းအမှု၏ သမ္မာတရား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။