၄၈၉ သင့်အခြေအနေများနှင့် စပ်လျဉ်း၍ ဘုရား၏နှုတ်ကပတ်တော်များကို ဖတ်ရှုလော့ကျူး

၁ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်သည့်အခါ၊ ၎င်းတို့နှင့်ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားကို သင် တိုင်းတာရမည်။ ယင်းမှာ၊ သင်၏ စစ်မှန်သော အတွေ့အကြုံ လမ်းကြောင်းတွင် သင်၏ အားနည်းချက်များကို တွေ့ရှိသည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင် ရှာဖွေနိုင်စွမ်းရှိရမည်၊ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များနှင့် အယူအဆများကို ကျောခိုင်းနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအတွက် သင် အမြဲကြိုးပမ်းပြီး၊ ၎င်းတို့ကို ရရှိရန် မိမိစိတ်နှလုံးကို ပုံအပ်ပါက၊ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု သင်ရှိလိမ့်မည်၊ သင်သည် အနှစ်မဲ့သကဲ့သို့ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ ထိုအကြောင်းကြောင့် သင်သည် ပုံမှန် အခြေအနေတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ပိုင် အသက်တာထဲတွင် ဝန်ထုပ်တစ်ခု သယ်ဆောင်သူ၊ ယုံကြည်ခြင်း ရှိသူတစ်ဦး ဖြစ်ပေလိမ့်မည်။

၂ လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့ကို အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ အသက်တာကို ၎င်းတို့ အလေးအနက် မထားကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အရေးကြီးသော အရာများကို ၎င်းတို့ သဘောမပေါက်နိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြခြင်း အကြောင်းရင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုကြသည့်အခါ၊ ထိုနှုတ်ကပတ်တော်များကို မိမိတို့၏ ကိုယ်ပိုင်အခြေအနေများနှင့် မဆက်စပ်နိုင်ကြသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင် အခြေအနေများကို မပိုင်နိုင်ကြသောကြောင့် ဖြစ်သည်။ သင် မသိသည့် စစ်မှန်သော အရာများစွာ ရှိ၏- ဇာတိပကတိ၏ မွေ့လျော်မှုများကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ထင်မြင်ချက်ကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် မည်သို့ ပြောင်းလဲရမည်၊ ဤအရာများထဲသို့ မည်သို့ ဝင်ရောက်ရမည်၊ သင်၏ အရည်အချင်းကို မည်သို့ တိုးတက်စေရမည် ဆိုသည်နှင့် မည်သည့် ရှုထောင့်မှ စတင်ရမည်ဆိုသည်တို့ ဖြစ်သည်။ ယင်းက သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း ရှာမတွေ့သေးသည်ကို သက်သေပြလေသည်။

၃ မိမိကိုယ်ကိုယ် ဤသို့ လေ့ကျင့်ဖို့ စတင်လော့- ပထမဦးစွာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလော့။ ၎င်းတို့အတွင်းရှိ ဝိညာဉ်ရေးရာ ဝေါဟာရများကို ကောင်းကောင်း သိလာလော့။ ၎င်းတို့အတွင်းရှိ အဓိကကျသည့် ရူပါရုံများကို ရှာလော့။ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်စပ်သည့် အပိုင်းများကို ပိုင်းခြားသိမြင်လော့။ ဤအခြေခံသဘောတရားများကို တစ်ခုပြီးတစ်ခု ပေါင်းစည်းလော့။ သင်၏ အတွေ့အကြုံအတွင်းရှိ ၎င်းတို့ထဲသို့ ဝင်ရောက်လော့။ ဤအရာများသည် သင် သဘောပေါက်ရမည့် အရေးကြီးသော အရာများဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အချိန်တွင် အရေးကြီးဆုံးသော လက်တွေ့လုပ်ဆောင်ခြင်းမှာ ဤသို့ဖြစ်သည်- ဘုရားသခင်၏ နှုတ်ကပတ်တော် အခန်းကြီးတစ်ခုကို ဖတ်ရှုပြီးနောက်၊ ရူပါရုံများနှင့် စပ်လျဉ်းသည့် အဓိကအပိုင်းများကို သင် ရှာနိုင်ရမည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်သည့် အဓိက အပိုင်းများကိုလည်း သင် ရှာနိုင်ရမည်။ ရူပါရုံများကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး လက်တွေ့လုပ်ဆောင်ခြင်းကို အသက်တာတွင် သင်၏ လမ်းပြအဖြစ် အသုံးပြုလော့။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၈၈ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နည်းကျူး

နောက်တစ်ခုသို့- ၄၉၀ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးရာ၌ လုံ့လစိုက်ထုတ်လော့ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။