ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၂

စကြဝဠာတစ်လျှောက်လုံးမှ လူများသည် ငါ၏နေ့ရက်ရောက်လာခြင်းအပေါ် ပွဲလမ်းသဘင် ကျင်းပကြပြီး၊ ကောင်းကင်တမန်များသည် လူထုအလယ်တွင် လျှောက်သွားကြသည်။ စာတန်သည် ဒုက္ခပေးသောအခါ၊ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံရှိ ၎င်းတို့၏ အစေခံမှုကြောင့် ငါ၏လူများကို အမြဲတစေပင် ကူညီကြသည်။ သူတို့သည် လူသား၏ အားနည်းချက်ကြောင့် မာရ်နတ်၏ လှည့်ဖြားခြင်းကို မခံရသော်လည်း၊ အမှောင်စွမ်းအားများ၏ အပြင်းအထန်တိုက်ခိုက်မှု၏အကျိုးဆက်အနေဖြင့် မြူထူကို ဖောက်ထွင်း၍ လူသား၏အသက်တာကို ရင်ဆိုင်ရန် သာ၍ပင် ကြိုးစားကြ၏။ လူများအားလုံးသည် ငါ၏နာမအောက်တွင် ဆက်ကပ်အပ်နှံကြပြီး၊ မည်သည့်အခါမျှပင် မည်သူတစ်ဦးတစ်ယောက်ကမျှ ငါ့ကို ပွင့်လင်းစွာ ဆန့်ကျင်ရန် ထကြွခြင်း မရှိကြ။ ကောင်းကင်တမန်များ၏ ကြိုးစားလုပ်ဆောင်မှုကြောင့်၊ လူသားသည် ငါ၏နာမကို လက်ခံပြီး အားလုံးတို့မှာ ငါ့အလုပ်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်။ ကမ္ဘာကြီးသည် ဆုတ်ယုတ်လာလေပြီတကား။ ဗာဗုလုန်သည် မလှုပ်မယှက်နိုင် ဖြစ်နေပြီတကား။ ဘာသာရေး လောက၊ အဘယ်သို့လျှင် ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်းကို မခံရဘဲနေနိုင်သနည်း။ မည်သူသည် ငါ့ကို မနာခံ၍ ဆန့်ကျင်ရန် ဝံ့ရဲသေးသနည်း။ ကျမ်းတတ် ပုဂ္ဂိုလ်များလော။ ဘာသာရေး အာဏာပိုင်များလော။ ကမ္ဘာမြေကြီးပေါ်ရှိ အုပ်ချုပ်သူများနှင့် အခွင့်အာဏာရှိသူများလော။ ကောင်းကင်တမန်များလော။ မည်သူသည် ငါ့ခန္ဓာကိုယ်၏ ပြည့်ဝခြင်းနှင့် ပြီးပြည့်စုံခြင်းကို ချီးကျူးဂုဏ်ပြုခြင်း မပြုသနည်း။ လူများအားလုံးအကြားတွင်၊ မည်သူသည် မရပ်မနား ငါ့ကို ချီးမွမ်းထောမနာသီချင်း မဆိုသနည်း၊ မည်သူသည် အစဉ်မပျော်ရွှင်သနည်း။ ငါသည် အဆင်းနီသော နဂါးကြီး၏ သားရဲတွင်းဖြစ်သည့် နိုင်ငံတွင်နေထိုင်သည်၊ သို့သော်ငြားလည်း ဤအရာသည် ငါ့ကို ကြောက်ရွံ့ခြင်းနှင့် ဖိမ့်ဖိမ့်တုန်ခြင်း မဖြစ်စေ၊ သို့မဟုတ် အဝေးသို့ ထွက်ပြေးသွားခြင်းလည်း မဖြစ်စေပါ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏လူတို့အားလုံးသည် ၎င်းကို စတင်၍ မုန်းတီးကြပြီဖြစ်သောကြောင့် ဖြစ်သည်။ မည်သည့်အခါမျှပင် တစ်စုံတစ်ရာ၏ “တာဝန်” ကို နဂါး၏ရှေ့တွင် မထမ်းဆောင်ခဲ့ဖူးပေ။ ထိုအစား၊ အရာခပ်သိမ်းသည် သူတို့၏ ကိုယ်ပိုင်ကိစ္စရပ်ကို လုပ်ဆောင်ကြပြီး၊ သူတို့နှင့် အလိုက်ဖက်ဆုံးဖြစ်မည့် လမ်းကြောင်းကို ရွေးချယ်ကြသည်။ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့လျှင် မပျက်စီးနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့လျှင် မကျဆင်းနိုင်မည်နည်း။ အဘယ်သို့လျှင် ငါ၏လူများသည် အားမတက်ဘဲ နေနိုင်ကြသနည်း။ အဘယ်သို့လျှင် သူတို့သည် ရွှင်လန်းခြင်းနှင့် မကျူးဧနိုင်ရသနည်း။ ဤသည်မှာ လူသား၏အလုပ်လော။ ဤသည်မှာ လူသား၏လက်များ၏ လုပ်ဆောင်ချက်ပင်လော။ ငါသည် လူသားအား သူ့တည်ရှိမှု၏ ရင်းမြစ်ကို ပေးခဲ့ပြီး၊ သူ့ကို ရုပ်ဝတ္ထုပစ္စည်းများနှင့် ထောက်ပံ့ပေးခဲ့သည်၊ သို့သော်ငြားလည်း လူသားသည် သူ၏လက်ရှိအခြေအနေများနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်လျက် ငါ၏နိုင်ငံတော်သို့ သူဝင်ရောက်ခြင်းငှာ တောင်းဆို၏။ သို့သော်လည်း အဖိုးအခပေးဆပ်ခြင်း မရှိဘဲနှင့်၊ သူ၏ ကိုယ်ကျိုးမငဲ့သော ဆည်းကပ်ခြင်းကို ဆက်သရန် ဆန္ဒမရှိဘဲနှင့်၊ အဘယ်သို့လျှင် သူသည် ငါ၏နိုင်ငံတော်ထဲသို့ အလွန်လွယ်ကူစွာ ဝင်ရောက်နိုင်မည်နည်း။ လူသားထံမှ တစ်စုံတစ်ရာကို ကြီးစွာတောင်းဆိုမည့်အစား၊ ငါသည် သူ့အပေါ် သတ်မှတ်ချက်များကို ပြုလုပ်သည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏နိုင်ငံတော်သည် ဘုန်းကျက်သရေနှင့် ပြည့်ဝမည်ဖြစ်သည်။ လူသားသည် လက်ရှိခေတ်ထဲသို့ ငါ့အားဖြင့် လမ်းပြခြင်းကို ခံခဲ့ရသည်၊ သူသည် ဤအခြေအနေ၌ တည်ရှိနေပြီး၊ သူသည် ငါ့အလင်း၏ လမ်းပြမှုအလယ်တွင် နေထိုင်၏။ အကယ်၍ ယင်းသည် ထိုကဲ့သို့မဖြစ်ခဲ့ပါက၊ ကမ္ဘာမြေကြီးပေါ်ရှိ လူသားများထဲမှ မည်သူသည် ၎င်းတို့၏ အလားအလာများကို သိလိမ့်မည်နည်း။ မည်သူသည် ငါ၏အလိုကို နားလည်လိမ့်မည်နည်း။ လူသားအပေါ် သတ်မှတ်ချက်များသို့ ငါ၏ထောက်ပံ့မှုများကို ငါပေါင်းထည့်သည်၊ ဤသည်မှာ သဘာဝနိယာမများနှင့် ကိုက်ညီသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၈

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် နားလည်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်ကိုသိကျွမ်းခြင်းအား စွမ်းဆောင်ရရှိရမည်။ လူအချို့က-...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၁

အသက်တာအတွက် သင့်ကိုယ်သင် ပြင်ဆင်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင် အာရုံစိုက်ရမည်၊ ဘုရားသခင်နှင့်ဆိုင်သော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၉

ဘုရားသခင် အပေါ်၌ ထားသော လူအများစု၏ ယုံကြည်ခြင်းသည် ဘာသာရေးဆိုင်ရာ ခံယူချက်တစ်ခုသာ ဖြစ်သည်- သူတို့သည် ဘုရားသခင်ကို ချစ်နိုင်စွမ်း မရှိကြပေ။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၁

ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း လူသားအပေါ် ကျေးဇူးတော် နှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။