ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၇

ကမ္ဘာပေါ်ရှိအရာအားလုံး ငါ့အာဏာအောက်တွင် ပျပ်ဝပ်ကြစေရန်အလို့ငှာ ငါသည် အမြင့်ဆုံး ကောင်းကင်ဘုံကို ငါ့လုပ်ဆောင်ပုံ သရုပ်သကန်များနှင့်အတူ ဖြည့်ဆည်းမည်၊ “ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု” အတွက် ငါ့အစီအစဉ်ကို အကောင်ထည်ဖော်ပြီး ငါ၏ ဤဆန္ဒတစ်ခုကို အသီးအပွင့် ဖြစ်ထွန်းစေမည်ဖြစ်ပြီး ထိုသို့အားဖြင့် လူသားတို့သည် ကမ္ဘာမြေပေါ်တွင် “ခြေဦးတည့်ရာ သဝေထိုးခြင်း” ထပ်မရှိတော့ဘဲ သင့်လျော်သော ပန်းတိုင်တစ်ခုကို ဆိုင်းငံ့ခြင်းမရှိ ရှာတွေ့ရန်ဖြစ်သည်။ ငါသည် လူသားမျိုးနွယ်အတွက် နည်းလမ်းမျိုးစုံ စဉ်းစားတွေးတော ပေးပြီး ၎င်းကို ပြုလုပ်ရခြင်းမှာ လူသားအားလုံး ငြိမ်းချမ်း ပျော်ရွှင်ရာ နယ်မြေတွင် မကြာခင် နေလာစေနိုင်ရန်၊ ထိုသူတို့၏ အသက်တာ နေ့ရက်များတွင် ဝမ်းနည်းခြင်းနှင့် ညှိုးငယ်ခြင်းများ မရှိတော့စေရန်နှင့် ငါ့အစီအစဉ်သည် ကမ္ဘာမြေပေါ်တွင် အချည်းနှီးသက်သက် ဖြစ်မလာစေရန် အလို့ငှာဖြစ်သည်။ လူသည် ထိုနေရာတွင် တည်ရှိသောကြောင့် ငါသည် ငါ၏နိုင်ငံကို ကမ္ဘာမြေပေါ်တွင် တည်ဆောက်မည်။ အကြောင်းမှာ ငါ့ဘုန်း၏ သရုပ်သကန် အစိတ်ပိုင်းတစ်ခုသည် ကမ္ဘာမြေပေါ်တွင် ရှိသောကြောင့်ဖြစ်သည်။ အထက်ကောင်းကင်တွင် ငါသည် ငါ၏ မြို့များကို တည့်မတ်စေမည်ဖြစ်ပြီး အထက်နှင့် အောက်အရပ် နှစ်မျိုးလုံးရှိ အရာအားလုံးကို အသစ်ဖြစ်စေသည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ကောင်းကင်ပေါ်ရှိ အရာအားလုံးနှင့် တစ်စုတစ်စည်းတည်း ဖြစ်စေရန်အလို့ငှာ ငါသည် ကောင်းကင် နှင့် ကောင်းကင်အောက်တွင် ရှိသော အရာအားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေလိမ့်မည်။ ဤသည်မှာ ငါ၏ အစီအစဉ်ဖြစ်ပြီး ၎င်းသည် နောက်ဆုံးခေတ်တွင် ငါပြီးမြောက်စေမည့် အရာဖြစ်သည်။ မည်သူမျှ ငါ့အလုပ်၏ ဤအပိုင်းကို ဝင်မစွက်ဖက်စေနှင့်။ တစ်ပါးအမျိုးသားများ၏ နိုင်ငံများဆီသို့ ငါ့အလုပ်ကို ချဲ့ထွင်ခြင်းသည် ကမ္ဘာပေါ်ရှိ ငါ့အလုပ်၏ နောက်ဆုံးသော အပိုင်းဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်မျှ ငါလုပ်ဆောင်မည့် အလုပ်ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိနိုင်သောကြောင့် လူတို့သည် လုံးဝ စိတ်ရှုပ်ထွေးကြသည်။ ထို့ပြင် ငါသည် ကမ္ဘာပေါ်ရှိ ငါ့အလုပ်ဖြင့် အလုပ်ရှုပ်ပြီး မအားလပ် သောကြောင့် လူတို့သည် “ပြက်တီးပြက်ချော်လုပ်ရန်” အခွင့်အရေး ယူကြသည်။ လွန်စွာထိန်းမနိုင်သိမ်းမရ ဖြစ်ခြင်းမှ ၎င်းတို့ကို ထိန်းရန် ငါသည် ၎င်းတို့အား မီးအိုင်၏ ဆုံးမပဲ့ပြင်ခြင်းကို ကြံ့ကြံ့ခံနိုင်ရန် အတွက် ငါ၏ ပြစ်တင်ဆုံးမခြင်းအောက်တွင် ဦးစွာ နေရာချထားသည်။ ဤသည်မှာ ငါ့အလုပ်ရှိ အဆင့်တစ်ခုဖြစ်ပြီး ငါသည် မီးအိုင်ကို ငါ၏ အလုပ်ကို ပြီးမြောက်စေရန် အသုံးချမည်။ ထိုသို့မဟုတ်လျှင် ငါ့အလုပ်ကို လုပ်ဆောင်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ငါသည် စကြဝဠာတစ်ဝန်းရှိ လူသတ္တဝါတို့ကို ငါ့ပလ္လင်ရှေ့မှောက်တွင် နာခံစေမည်။ ငါ၏ တရားစီရင်ခြင်းအရ သူတို့ကို မတူညီသော အမျိုးအစားများအဖြစ် ခွဲခြားပြီး ၎င်းတို့ကို ထိုအမျိုးအစားများအရ အဆင့်သတ်မှတ်ကာ ထို့နောက်တွင် ၎င်းတို့ကို မိသားစုများအဖြစ် အမျိုးတူစုမည်။ ထိုသို့အားဖြင့် လူသားအားလုံးတို့သည် ငါ့အား မနာခံခြင်းကို ရပ်တန့်စေရန်အလို့ငှာဖြစ်သည်။ ငါအမည်ပေးထားသော အမျိုးအစားများအရ သေသပ်ပြီး စနစ်တကျဖြစ်သော အစီအစဉ်ထဲသို့ ကျရောက်ကြလိမ့်မည်။ မည်သူမျှ ကြုံသလို လှုပ်ရှားခြင်း မရှိစေရ။ စကြဝဠာအနှံ့အပြားတွင် ငါသည် အသစ်သော အလုပ်ကို ပြုခဲ့သည်။ စကြဝဠာအနှံ့အပြားတွင် လူသားအားလုံးသည် ငါ၏ ရုတ်တရက် ပေါ်ထွန်းခြင်းကြောင့် မိန်းမော ဆွံ့အကြသည်။ ငါ၏ မြင်သာစွာ ပေါ်ထွန်းခြင်းကြောင့် သူတို့၏ မိုးကုတ်စက်ဝိုင်းများသည် တစ်ခါမျှ မကြုံစဖူး ပေါက်ကွဲသည်။ ယနေ့အချိန်သည် ထိုကဲ့သို့ တိကျစွာ တူညီနေသည် မဟုတ်ပါလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၄၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၇

အကယ်၍ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်ကို ရန်လိုပါက သူသည် ဘုရားသခင်ကို အဘယ်သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်မည်နည်း ယနေ့ခေတ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၄

ဘုရားသခင် ဧဝကို ဖန်ဆင်းသည် ကမ္ဘာဦးကျမ်း ၂:၁၈-၂၀ ထိုအခါ ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၂

ပေတရုနှင့် ပေါလုတို့၏ အနှစ်သာရများထဲက ကွဲပြားခြားနားမှုမာ အသက်အား မလိုက်စားသောသူများ အားလုံးသည် အချည်းနှီး အားထုတ်ကြသည်ကို သင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၅

ရှင်မဿဲ ၄:၅-၇ ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ ဆောင်သွား၍ ဗိမာန်တော်၏ အထွတ်၌ တင်ထားပြီးလျှင်၊ ကျမ်းစာလာသည်ကား၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။