ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ- အခန်း ၁၀၀” | ကောက်နုတ်ချက် ၂၃၇

ငါမိန့်မြွက်သမျှ ဝါကျတိုင်း၌ သြဇာအာဏာနှင့် တရားစီရင်မှုတို့ ပါဝင်ပြီး၊ ငါ၏နှုတ်ကပတ်တော်များကို အဘယ်သူမျှ မပြောင်းလဲနိုင်ပေ။ ငါ၏နှုတ်ကပတ်တော်များကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် ငါ၏နှုတ်ကပတ်တော်များနှင့်အညီ အမှုအရာများ ပြီးမြောက်ဖို့ သေချာပေသည်။ ဤသည်ကား ငါ၏စိတ်သဘောထား ဖြစ်၏။ ငါ၏နှုတ်ကပတ်တော်များသည် သြဇာအာဏာဖြစ်ပြီး ၎င်းတို့ကို ပြင်ဆင်သူ မည်သူမဆိုသည် ငါ၏ပြစ်တင်ဆုံးမခြင်းကို ပုန်ကန်ပြစ်မှားသောကြောင့် ၎င်းတို့ကို ငါဒဏ်ခတ်ရမည်။ ပြင်းထန်သည့်အခြေအနေများ၌ ၎င်းတို့သည် မိမိတို့၏ အသက်တာများပေါ် ပျက်စီးယိုယွင်းခြင်း ကျရောက်စေကြပြီး မရဏနိုင်ငံသို့ဖြစ်စေ၊ အနက်ဆုံးသော တွင်းထဲသို့ဖြစ်စေ သွားကြလေသည်။ ဤသည်ကား လူသားမျိုးနွယ်ကို ငါကိုင်တွယ်ဖြေရှင်းသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ ယင်းကို ပြောင်းလဲရန် လူသား၌ နည်းလမ်းတစ်ခုမျှ မရှိပေ— ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ ဤအရာကို သတိရလော့။ ငါ၏အမိန့်ကို အဘယ်သူမျှ ပုန်ကန်ပြစ်မှားခွင့်မရှိ။ အမှုအရာတို့ကို ငါ၏အလိုအတော်အတိုင်း လုပ်ဆောင်ရမည်။ ယခင်က ငါသည် သင်တို့အပေါ် သက်ညှာလွန်းခဲ့ပြီး ငါ၏နှုတ်ကပတ်တော်များကိုသာ သင်တို့တွေ့ကြုံခဲ့ကြသည်။ လူများကို ဒဏ်ခတ်ခြင်းနှင့်ပတ်သက်၍ ငါမိန့်မြွက်ခဲ့သော နှုတ်ကပတ်တော်များမှာ ဖြစ်မလာသေးပေ။ သို့သော် ယနေ့မှစ၍ ငါ၏အလိုတော်နှင့် မကိုက်ညီသူ အားလုံးကို အပြစ်ဒဏ်ပေးရန်အတွက် (ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဆက်နွှယ်သော) ကပ်ဘေးများအားလုံးသည် တစ်ခုပြီးတစ်ခု ကျရောက်လာလိမ့်မည်။ ဖြစ်ရပ်မှန်များ ပေါ်ထွန်းလာရမည်- သို့မဟုတ်လျှင် လူတို့သည် ငါ၏အမျက်ဒေါသကို မြင်နိုင်ကြမည်မဟုတ်ဘဲ ကိုယ်ကျင့်တရားများ အကြိမ်ကြိမ် ပျက်ပြားကြလိမ့်မည်။ ဤသည်ကား ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆင့်တစ်ခုဖြစ်ပြီး၊ ငါ့အမှု၏နောက်တစ်ဆင့်ကို ငါလုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ သင်တို့အနေဖြင့် ပြစ်မှားမှုကျူးလွန်ခြင်းနှင့် ထာဝရပြစ်ဒဏ်ပေးခံရခြင်းကို ရှောင်ရှားနိုင်ရန်အလို့ငှာ ဤအရာကို ငါကြိုတင်ပြောဆိုထားခြင်းဖြစ်၏။ ဆိုလိုသည်မှာ၊ ယနေ့မှစကာ ငါ၏သားဦးများမှလွဲ၍ ခပ်သိမ်းသောလူတို့အား ငါ၏အလိုတော်နှင့်အညီ သင့်တော်သောနေရာများကို ယူစေမည်ဖြစ်ပြီး ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် ငါပြစ်တင်ဆုံးမမည်။ ငါသည် ၎င်းတို့ တစ်ယောက်တလေကိုမျှ လွတ်ငြိမ်းခွင့်ပေးမည်မဟုတ်။ သင်တို့အနေဖြင့် ကိုယ်ကျင့်တရား ထပ်မံပျက်ပြားဝံ့ကြသေးပါက ပျက်ကြည့်ကြလော့။ ပုန်ကန်ဝံ့ကြသေးပါက ထပ်မံပုန်ကန်ကြည့်ကြလော့။ ငါသည် အားလုံးအပေါ် ဖြောင့်မတ်သည်၊ ငါ၌ စိတ်ခံစားချက် တစိုးတစိမျှမရှိဟု ယခင်က ငါပြောဆိုပြီးဖြစ်ကာ၊ ငါ၏စိတ်သဘောထားအား မပြစ်မှားသင့်ကြောင်းကို ဤအရာက ပြသ၏။ ဤသည်မှာ ငါ၏ဇာတိအဖြစ်တော်ဖြစ်၏။ ဤအရာကို အဘယ်သူမျှ မပြောင်းလဲနိုင်။ ခပ်သိမ်းသောသူတို့သည် ငါ၏နှုတ်ကပတ်တော်များကို ကြားကြပြီး၊ ငါ၏ဘုန်းကြီးသော မျက်နှာထားကိုမြင်ကြ၏။ ခပ်သိမ်းသောသူတို့သည် ငါ့အား လုံးဝအကြွင်းမဲ့နာခံကြရမည်— ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ ငါသည် အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည့်အတွက်၊ ငါသည် ဘုရားသခင်၏ ဇာတိအဖြစ်တော် ဖြစ်သည့်အတွက် စကြဝဠာအနှံ့နှင့် မြေကြီးစွန်းရှိ ခပ်သိမ်းသောသူတို့သည် ငါ့အား ချီးမွမ်းပြီး ဘုန်းထင်ရှားစေသင့်ကြ၏။ ငါ၏နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များ၊ ငါ၏စကားနှင့် အပြုအမူများသည် ငါတစ်ပါးတည်းနှင့်သာဆိုင်သည့် ကိစ္စရပ်များဖြစ်ပြီး ရှေးအကျဆုံးသော အချိန်ကာလများမှ ငါပိုင်ဆိုင်ထားသည့် အရာများဖြစ်ကာ ထာဝရတည်ရှိနေမည့် အရာများဖြစ်သောကြောင့် ၎င်းတို့ကို မည်သူမျှ မပြောင်းလဲနိုင်ပေ။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” | ကောက်နုတ်ချက် ၂၄၆

ငါပြောဆိုခဲ့သည့် ဝါကျတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါ၏။ ငါ၏ နှုတ်ကပတ်တော်တို့ကို သေချာစွာ တွေးဆပါက သင်တို့သည် ၎င်းတို့မှ ကြီးစွာသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)” | ကောက်နုတ်ချက် ၁၁၁

မိမိ၏အလုပ်ကို မိမိကိုယ်တိုင်လုပ်ဆောင်နေချိန် ဤကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့နောက်ကို လိုက်သောသူများအဖွဲ့ထံသို့သာ မိမိကိုယ်မိမိ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း” | ကောက်နုတ်ချက် ၅၃၆

ဘုရားသခင်၏ နှုတ်ထွက်စကားတိုင်းက ငါတို့၏ သေကွင်းသေကွက်များကို ထိုးနှက်ပြီး ငါတို့အား ကြောက်ရွံ့စိတ်နှင့် ပြည့်စေပြီး နာကျင်စူးရှစေသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်” | ကောက်နုတ်ချက် ၅၇၅

သင်ဖြည့်ဆည်းသည့် တာဝန်မှန်သမျှတွင် အသက်တာ ဝင်ရောက်ခြင်း ပါဝင်သည်။ သင်၏ တာဝန်သည် ပုံမှန်ဖြစ်စေ သို့မဟုတ် တစ်သမတ်တည်း မဟုတ်သည်ဖြစ်စေ၊...