ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၈
လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က သိပ္ပံပညာကို အသုံးပြုပုံ သိပ္ပံပညာဆိုသည်မှာ အဘယ်နည်း။ လူသား အယောက်စီတိုင်း၏ စိတ်ထဲတွင် သိပ္ပံပညာသည်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ယိုယွင်းပျက်စီးပြီး ညစ်ညူးနေသည့် ဤလူသားများကြားတွင် လုပ်ဆောင်စရာရှိသည့် အရာများကို လုပ်ဆောင်ရန်အလို့ငှာနှင့် သူ၏လူနည်းစုတစ်စုကို ပြီးပြည့်စုံစေရန် အလို့ငှာ ဘုရားသခင်သည် မိမိကိုယ်မိမိ အတိုင်းအတာတစ်ခုအထိ နှိမ့်ချခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် လူသားများကြားတွင် နေထိုင်စားသောက်ရန်၊ လူသားများကို ထိန်းကျောင်းဖို့ရန်နှင့် လူသားများ၏ လိုအပ်မှု များကို ဖြည့်ဆည်းပေးဖို့ရန် အလို့ငှာသာ လူ့ဇာတိခံယူခဲ့သည် မဟုတ်ချေ။ သာ၍ အရေးအကြီးသည့် အချက်မှာ သူ၏ကြီးမားသော ကယ်တင်ခြင်း အလုပ်နှင့် အဆမတန် ယိုယွင်းပျက်စီးနေသည့် လူသားများကို သိမ်းပိုက်ရန်ဖြစ်သည်။ သူသည် အယိုယွင်း အပျက်စီးဆုံး လူသားများကို ကယ်တင်ရန်နှင့် လူသားများ အားလုံးအားပြောင်းလဲကာ အသစ်ပြုပြင်ရန်အလို့ငှာ အဆင်းနီသည့် နဂါးကြီး၏ နှလုံးထဲသို့ လာခဲ့ပြီ ဖြစ်သည်။ ဘုရားသခင် ကြုံတွေ့ရသည့် ကြီးမားသော အခက်အခဲသည် လူ့ဇာတိခံယူသည့် ဘုရားသခင် ကြုံတွေ့ရသည့် အခက်အခဲမျှသာ မဟုတ်၊ အဓိကအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အဆုံးစွန်သော အရှက်ကွဲခြင်းနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။ ဘုရားသခင်သည် မိမိကိုယ်ကို နှိမ့်ချလွန်းပြီး သိုဝှက်လွန်းသည့် အတွက် သူသည် သာမန်လူတစ်ယောက် ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် လူသားများသည် သူ့အား သာမန်လူကဲ့သို့ မြင်စေရန်အလို့ငှာ၊ သာမန်လူတို့လိုအပ်သည့် အရာများကို သူလည်းလိုအပ်ကြောင်း မြင်စေရန်အလို့ငှာ လူ့ဇာတိကိုခံယူခဲ့ပြီး ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်ခဲ့သည်။ ဘုရားသခင်သည် အတိုင်းအတာတစ်ခုအထိ နှိမ့်ချမှုရှိကြောင်းကို သက်သေပြရန် ဤအရာက လုံလောက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိတွင် သဏ္ဌာန်ပေါ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလွန်တရာ မြင့်မြတ်ကာ ကြီးမြတ်သည့်အရာဖြစ်စေကာမူ သူသည် ဝိညာဉ်တော်၏ လုပ်ဆောင်စရာရှိသည့် အရာများကို လုပ်ဆောင်ရန်အလို့ငှာ သာမန်လူတစ်ယောက်၏ သဏ္ဌာန်ကို ခံယူခဲ့သည်။ သင်တို့အသီးသီး၏ အရည် အချင်း၊ ထိုးထွင်းဉာဏ်၊ အာရုံခံစားမှု၊ လူ့သဘောသဘာဝနှင့် အသက်တာများတို့သည် ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များနှင့် မထိုက်တန်ကြောင်းကို ပြနေသည်။ သင်တို့အတွက် ဘုရားသခင်ကို ထိုကဲ့သို့ အခက်အခဲများ ကြုံတွေ့စေရန်မှာ သင်တို့နှင့် လုံး၀မထိုက်တန်ပေ။ ဘုရားသခင်သည် ကြီးမြတ်လွန်းလှသည်။ သူသည် အလွန်ကြီးမြတ်ပြီး လူသားများမူကား အလွန်နိမ့်ကျကာ သဘောထား သေးသိမ်သော်လည်း ဘုရားသခင်သည် လူသားများအတွက် လုပ်ဆောင်ပေးမြဲဖြစ်သည်။ သူသည် လူ့ဇာတိခံယူရာတွင် လူသား များအတွက် ထောက်ပံ့ပေးရုံသာမဟုတ်၊ စကားပြောရုံသာလည်းမဟုတ်၊ လူသားများနှင့် အတူတကွ နေထိုင်ခဲ့သည်။ ဘုရားသခင်သည် အလွန်ပင်နှိမ့်ချသော ဘုရားဖြစ်သည်။ အလွန်နှစ်သက်ဖွယ်သော ဘုရား ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်
လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က သိပ္ပံပညာကို အသုံးပြုပုံ သိပ္ပံပညာဆိုသည်မှာ အဘယ်နည်း။ လူသား အယောက်စီတိုင်း၏ စိတ်ထဲတွင် သိပ္ပံပညာသည်...
ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှလာသည်။ ငါတို့နှစ်ဦးသည် ဇာတိခန္ဓာအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်များမှာမူ...
“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမတော်သည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည်...
စမ်းသပ်မှုများ နောက်ပိုင်းမှ ယောဘ ယောဘ ၄၂:၇-၉ ထိုသို့ ယေဟောဝါက ယောဘကို ဤစကားများ မိန့်တော်မူပြီးလျှင်၊ တေမန်လူမျိုး ဧလိဖတ်အား ယေဟောဝါက၊...