ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၄

20.06.2020

မတူညီသော ခေတ်အမျိုးမျိုးတွင် ဘုရားသခင်သည် ခေတ်အပေါ်မူတည်ပြီး သူ၏ နှုတ်ကပတ်တော်များကို ပြောသည်၊ သူ့အလုပ်ကို လုပ်ဆောင်သည်။ ခေတ်အမျိုးမျိုးတွင် ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များသည် မတူပေ။ ဘုရားသခင်သည် စည်းမျဉ်းများအတိုင်း မလုပ်ပေ၊ သို့မဟုတ် လုပ်ပြီးသား အလုပ်ကို နောက်တစ်ခါ ထပ်မလုပ်ပေ သို့မဟုတ် အတိတ်မှ အကြောင်းအရာများကို တသသ လွမ်းဆွတ်မနေပေ။ ဘုရားသခင်သည် အစဉ်ပင် သစ်လွင်သော ဘုရားဖြစ်ပြီး မည်သည့်အခါမျှလည်း မဟောင်းနွမ်းပေ။ နေ့တိုင်း နှုတ်ကပတ်တော်အသစ်များကို ပြောပါသည်။ သင်သည် ယနေ့ လိုက်နာသင့်သည့် စည်းမျဉ်းများကို လိုက်နာသင့်သည်။ ထိုသို့လုပ်ဖို့သည် လူ၏ တာဝန်နှင့် ဝတ္တရားလည်း ဖြစ်သည်။ ထို့အပြင် အလွန်အရေးကြီးသောအချက်မှာ ယနေ့ သင်၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ အလင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဗဟိုပြုသော လုပ်ဆောင်မှု ဖြစ်သင့်သည်။ ဘုရားသခင်သည် စည်းမျဉ်းများအတိုင်း လုပ်ဆောင်တတ်သူ မဟုတ်။ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန်အတွက် ရှုထောင့်မျိုးစုံမှ စကားပြောနိုင်စွမ်း ရှိသူဖြစ်သည်။ ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောသည် ဖြစ်စေ၊ လူ့ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ဘေးလူတစ်ယောက်၏ ရှုထောင့်မှ စကားပြောသည်ဖြစ်စေ ဘုရားသခင်သည် အစဉ်သဖြင့် ဘုရားသခင်ဖြစ်သည်။ လူ့ရှုထောင့်မှ စကားပြောသောကြောင့် သူ့ကို ဘုရားသခင် မဟုတ်ဟု သင်ပြော၍ မရပေ။ ဘုရားသခင်သည် ရှုထောင့်မျိုးစုံမှ စကားပြောသောကြောင့် အချို့လူများ၌ ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိလာကြသည်။ ထိုသို့သော လူများ၌ ဘုရားသခင်၏ အကြောင်းကို သိသော အသိမရှိ၊ သူတို့သည် ဘုရားသခင်၏ အလုပ်ကိုလည်း မသိပေ။ ဘုရားသခင်သည် ရှုထောင့် တစ်ခုတည်းမှ အမြဲစကားပြောလျှင် လူသည် ဘုရားသခင်နှင့် ပတ်သက်သော စည်းမျဉ်းများ ချမှတ်လာကြမည် မဟုတ်လော။ ဘုရားသခင်သည် လူကို ထိုသို့စည်းမျဉ်းများ ချမှတ်နိုင်အောင် အခွင့်ပေးနိုင် ပါသလား။ မည်သည့် ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ဘုရားသခင်၌ တစ်ခုစီအတွက် ရည်ရွယ်ချက် ရှိသည်။ ဘုရားသခင်သည် အမြဲတမ်း ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောနေလျှင် သင်သည် ဘုရားသခင်နှင့် အကျွမ်းဝင်နိုင်မည်ဟု သင်ထင်ပါသလား။ ထို့ကြောင့် သင့်အား သူ၏ နှုတ်ကပတ်တော်ကို ပေးရန် လက်တွေ့အရှိသဘောထဲသို့ သင့်ကိုလမ်းပြရန် ဘုရားသခင်သည် ဘေးလူ တစ်ယောက်၏ ရှုထောင့်မှ သင့်ကို စကားပြောလေ့ရှိသည်။ ဘုရားသခင် လုပ်သမျှသည် လျော်ကန်သည်။ အတိုချုပ် ပြောရလျှင် ဘုရားသခင်လုပ်သမျှသည် လျော်ကန်ပြီး သင်သည် သူလုပ်သောအရာကို သံသယ မဝင်သင့်ပေ။ သူသည် ဘုရားသခင်ဖြစ်သည်ဆိုလျှင် မည်သည့် ရှုထောင့်မှ သူစကားပြောသည်ဖြစ်စေ သူသည် ဘုရားသခင် ဆက်ဖြစ်နေသေးသည်။ ထိုအရာသည် ပြောင်းလဲခြင်းမရှိသော သမ္မာတရားဖြစ်သည်။ သူမည်ကဲ့သို့ အလုပ်လုပ်သည် ဖြစ်စေ၊ သူသည် ဘုရားသခင် ဆက်ဖြစ်နေသေးသည်၊ သူ၏ အနှစ်သာရက ပြောင်းလဲမည်မဟုတ်။ ပေတရုသည် ဘုရားသခင်ကို အလွန်ချစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့်တွေ့သူ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ပေတရုကို သခင်အဖြစ် သို့မဟုတ် ခရစ်တော်အဖြစ် မမြင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်၏ အနှစ်သာရသည် အမြဲတမ်း မူလအတိုင်းဖြစ်ပြီး မည်သည့်အခါမျှ မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အလုပ်လုပ်သောအခါ၌ စည်းမျဉ်းများအတိုင်း မလုပ်သော်လည်း သူ့အလုပ် ထိရောက်စေရန်နှင့် သူ့ကိုသိသောအသိ လူသား၌ တိုးပွားလာစေရန် နည်းလမ်းမျိုးစုံကို အသုံးပြုလေ့ရှိသည်။ လူသားက ဘုရားသခင်ကို ပိုမို သိကျွမ်းလာစေရန် ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းတိုင်းက အထောက်အကူပြုသည်။ ထိုနည်းလမ်းများသည် လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်အတွက် ဘုရားသခင် အသုံးပြုသည့် နည်းလမ်းများဖြစ်သည်။ မည်သည့် နည်းလမ်းကို ဘုရားသခင် အသုံးပြုသည်ဖြစ်စေ နည်းလမ်းတစ်ခုစီတိုင်းသည် လူသားကို ပိုပြီး ကြံ့ခိုင်စေရန်နှင့် လူသားကို စုံလင်စေရန် အသုံးပြုသော နည်းလမ်းများ ဖြစ်သည်။ ဘုရားသခင်သည် နည်းလမ်းတစ်ခုကို အချိန် အလွန်ကြာမြင့်စွာ အသုံးပြုကောင်း အသုံးပြုနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင် အပေါ်၌ ထားသော လူသား၏ ယုံကြည်ခြင်းကို ပုံသွင်းဖို့အတွက်ဖြစ်သည်။ သို့ဖြစ်၍ သင်တို့၌ သံသယစိတ် မရှိသင့်ပါ။ အထက်တွင် ဖော်ပြထားသော အရာများ အားလုံးသည် အလုပ်လုပ်သောအခါ၌ ဘုရားသခင် လုပ်ဆောင်သော အဆင့်များဖြစ်ပြီး သင်တို့ နာခံရမည့်အရာများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။