အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

မတူညီသော ခေတ်အမျိုးမျိုးတွင် ဘုရားသခင်သည် ခေတ်အပေါ်မူတည်ပြီး သူ၏ နှုတ်ကပတ်တော်များကို ပြောသည်၊ သူ့အလုပ်ကို လုပ်ဆောင်သည်။ ခေတ်အမျိုးမျိုးတွင် ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များသည် မတူပေ။ ဘုရားသခင်သည် စည်းမျဉ်းများအတိုင်း မလုပ်ပေ၊ သို့မဟုတ် လုပ်ပြီးသား အလုပ်ကို နောက်တစ်ခါ ထပ်မလုပ်ပေ သို့မဟုတ် အတိတ်မှ အကြောင်းအရာများကို တသသ လွမ်းဆွတ်မနေပေ။ ဘုရားသခင်သည် အစဉ်ပင် သစ်လွင်သော ဘုရားဖြစ်ပြီး မည်သည့်အခါမျှလည်း မဟောင်းနွမ်းပေ။ နေ့တိုင်း နှုတ်ကပတ်တော်အသစ်များကို ပြောပါသည်။ သင်သည် ယနေ့ လိုက်နာသင့်သည့် စည်းမျဉ်းများကို လိုက်နာသင့်သည်။ ထိုသို့လုပ်ဖို့သည် လူ၏ တာဝန်နှင့် ဝတ္တရားလည်း ဖြစ်သည်။ ထို့အပြင် အလွန်အရေးကြီးသောအချက်မှာ ယနေ့ သင်၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ အလင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဗဟိုပြုသော လုပ်ဆောင်မှု ဖြစ်သင့်သည်။ ဘုရားသခင်သည် စည်းမျဉ်းများအတိုင်း လုပ်ဆောင်တတ်သူ မဟုတ်။ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန်အတွက် ရှုထောင့်မျိုးစုံမှ စကားပြောနိုင်စွမ်း ရှိသူဖြစ်သည်။ ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောသည် ဖြစ်စေ၊ လူ့ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ဘေးလူတစ်ယောက်၏ ရှုထောင့်မှ စကားပြောသည်ဖြစ်စေ ဘုရားသခင်သည် အစဉ်သဖြင့် ဘုရားသခင်ဖြစ်သည်။ လူ့ရှုထောင့်မှ စကားပြောသောကြောင့် သူ့ကို ဘုရားသခင် မဟုတ်ဟု သင်ပြော၍ မရပေ။ ဘုရားသခင်သည် ရှုထောင့်မျိုးစုံမှ စကားပြောသောကြောင့် အချို့လူများ၌ ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိလာကြသည်။ ထိုသို့သော လူများ၌ ဘုရားသခင်၏ အကြောင်းကို သိသော အသိမရှိ၊ သူတို့သည် ဘုရားသခင်၏ အလုပ်ကိုလည်း မသိပေ။ ဘုရားသခင်သည် ရှုထောင့် တစ်ခုတည်းမှ အမြဲစကားပြောလျှင် လူသည် ဘုရားသခင်နှင့် ပတ်သက်သော စည်းမျဉ်းများ ချမှတ်လာကြမည် မဟုတ်လော။ ဘုရားသခင်သည် လူကို ထိုသို့စည်းမျဉ်းများ ချမှတ်နိုင်အောင် အခွင့်ပေးနိုင် ပါသလား။ မည်သည့် ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ဘုရားသခင်၌ တစ်ခုစီအတွက် ရည်ရွယ်ချက် ရှိသည်။ ဘုရားသခင်သည် အမြဲတမ်း ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောနေလျှင် သင်သည် ဘုရားသခင်နှင့် အကျွမ်းဝင်နိုင်မည်ဟု သင်ထင်ပါသလား။ ထို့ကြောင့် သင့်အား သူ၏ နှုတ်ကပတ်တော်ကို ပေးရန် လက်တွေ့အရှိသဘောထဲသို့ သင့်ကိုလမ်းပြရန် ဘုရားသခင်သည် ဘေးလူ တစ်ယောက်၏ ရှုထောင့်မှ သင့်ကို စကားပြောလေ့ရှိသည်။ ဘုရားသခင် လုပ်သမျှသည် လျော်ကန်သည်။ အတိုချုပ် ပြောရလျှင် ဘုရားသခင်လုပ်သမျှသည် လျော်ကန်ပြီး သင်သည် သူလုပ်သောအရာကို သံသယ မဝင်သင့်ပေ။ သူသည် ဘုရားသခင်ဖြစ်သည်ဆိုလျှင် မည်သည့် ရှုထောင့်မှ သူစကားပြောသည်ဖြစ်စေ သူသည် ဘုရားသခင် ဆက်ဖြစ်နေသေးသည်။ ထိုအရာသည် ပြောင်းလဲခြင်းမရှိသော သမ္မာတရားဖြစ်သည်။ သူမည်ကဲ့သို့ အလုပ်လုပ်သည် ဖြစ်စေ၊ သူသည် ဘုရားသခင် ဆက်ဖြစ်နေသေးသည်၊ သူ၏ အနှစ်သာရက ပြောင်းလဲမည်မဟုတ်။ ပေတရုသည် ဘုရားသခင်ကို အလွန်ချစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့်တွေ့သူ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ပေတရုကို သခင်အဖြစ် သို့မဟုတ် ခရစ်တော်အဖြစ် မမြင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်၏ အနှစ်သာရသည် အမြဲတမ်း မူလအတိုင်းဖြစ်ပြီး မည်သည့်အခါမျှ မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အလုပ်လုပ်သောအခါ၌ စည်းမျဉ်းများအတိုင်း မလုပ်သော်လည်း သူ့အလုပ် ထိရောက်စေရန်နှင့် သူ့ကိုသိသောအသိ လူသား၌ တိုးပွားလာစေရန် နည်းလမ်းမျိုးစုံကို အသုံးပြုလေ့ရှိသည်။ လူသားက ဘုရားသခင်ကို ပိုမို သိကျွမ်းလာစေရန် ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းတိုင်းက အထောက်အကူပြုသည်။ ထိုနည်းလမ်းများသည် လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်အတွက် ဘုရားသခင် အသုံးပြုသည့် နည်းလမ်းများဖြစ်သည်။ မည်သည့် နည်းလမ်းကို ဘုရားသခင် အသုံးပြုသည်ဖြစ်စေ နည်းလမ်းတစ်ခုစီတိုင်းသည် လူသားကို ပိုပြီး ကြံ့ခိုင်စေရန်နှင့် လူသားကို စုံလင်စေရန် အသုံးပြုသော နည်းလမ်းများ ဖြစ်သည်။ ဘုရားသခင်သည် နည်းလမ်းတစ်ခုကို အချိန် အလွန်ကြာမြင့်စွာ အသုံးပြုကောင်း အသုံးပြုနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင် အပေါ်၌ ထားသော လူသား၏ ယုံကြည်ခြင်းကို ပုံသွင်းဖို့အတွက်ဖြစ်သည်။ သို့ဖြစ်၍ သင်တို့၌ သံသယစိတ် မရှိသင့်ပါ။ အထက်တွင် ဖော်ပြထားသော အရာများ အားလုံးသည် အလုပ်လုပ်သောအခါ၌ ဘုရားသခင် လုပ်ဆောင်သော အဆင့်များဖြစ်ပြီး သင်တို့ နာခံရမည့်အရာများ ဖြစ်သည်။

ယနေ့ ဘုရားသခင်ပြောသော စကားများသည် လက်တွေ့အရှိသဘောသို့ ဝင်ရောက်နိုင်သော စကားများ ဖြစ်သည်။ ကောင်းကင်နိုင်ငံသို့တက်သည့် အကြောင်းကိုလည်း မပြောပါ၊ ရှင်ဘုရင်များအဖြစ် အုပ်ချုပ်သည့် အကြောင်းလည်းမပြောပါ၊ ပြောပြီးသော အရာအားလုံးမှာ လက်တွေ့အရှိသဘောထဲသို့ ဝင်ရောက်မှု၏ ကြိုးပမ်းမှုအကြောင်းသာ ဖြစ်သည်။ ဤကြိုးပမ်းမှုထက် ပို၍လက်တွေ့ကျသော အရာ မရှိပါ၊ ရှင်ဘုရင်များကဲ့သို့ အုပ်ချုပ်ခြင်းအကြောင်း ပြောရန်မှာလည်း လက်တွေ့မကျပါ။ လူသား၌ အလွန် ပြင်းပြသော သိလိုစိတ်ရှိသည်။ လူသားသည် ယနေ့အထိ ဘုရားသခင်၏ အလုပ်ကို မိမိ၏ ဘာသာရေးဆိုင်ရာ အယူအဆများဖြင့် တိုင်းတာနေသေးသည်။ ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းမျိုးစုံကို ကိုယ်တိုင် ကြုံတွေ့ပြီးသည့်တိုင် လူသားသည် ဘုရားသခင်၏ အလုပ်ကို မသိသေးပေ၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဆက်ရှာနေသေးသည်၊ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံပြီလား၊ မပြည့်စုံသေးဘူးလားကို ဆက်ကြည့်နေသေးသည်။ ထိုသို့ပြုမူခြင်းသည် အလွန်အမင်း မမြင်မကန်း ဖြစ်နေခြင်း မဟုတ်လော။ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံခြင်းမရှိလျှင် သူသည် ဘုရားသခင်ဖြစ်သည်ဟု သင်ဆက်ယုံနေမည်လော။ ယနေ့အသင်းတော်၌ ထိုသို့သော လူတော်တော်များများသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဆက်လက် စောင့်စားနေသေးသည်။ သူတို့က သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံလျှင် သူသည် ဘုရားသခင်ဖြစ်သည်ဟု ပြောကြပြီး သူပြောသည့် စကားများ မပြည့်စုံလျှင်တော့ သူသည် ဘုရားသခင် မဟုတ်ဟု ပြောကြသည်။ ထိုသို့ဆိုလျှင် သင်သည် ဘုရားသခင် ပြောသည့်စကားများ ပြည့်စုံသောကြောင့် ဘုရားသခင်ကို ယုံတာလား၊ သို့မဟုတ် ဘုရားသခင်သည် ဘုရားသခင် ဖြစ်သောကြောင့် ယုံတာလား။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သော လူသား၏ အမြင်ကို တည့်မတ်ပေးရမည်။ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံခြင်း မရှိကြောင်းကို တွေ့သောအခါ သင်သည် အဝေးသို့ ထွက်ပြေးသည်။ ယုံကြည်ခြင်းဆိုသည်မှာ ထိုသို့ လုပ်ဆောင်ခြင်းလော။ သင်သည် ဘုရားသခင်ကို ယုံကြည်သောအခါ၌ အရာအားလုံးကို ဘုရားသခင်၏ ကရုဏာထံ အပ်နှံ၍ ဘုရားသခင်၏ အလုပ်အားလုံးကို နာခံရမည်။ ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်သည် စကားများစွာ ပြောခဲ့သည်။ ထိုအရာများထဲမှ မည်သည်တို့ ပြည့်စုံသည်ကို သင်၏မျက်စိနှင့် ကိုယ်တိုင် မြင်ဖူးသလော။ ယေဟောဝါကို သင်မမြင်ဖူးသောကြောင့် ယေဟောဝါသည် ဘုရားမဟုတ်ဟု သင်ပြောလို့ ရပါသလော။ ဘုရားသခင် ပြောသည့်စကားများ မပြည့်စုံကြောင်း မြင်သောအခါ အချို့က ထွက်ပြေးသွား လိုကြသည်။ ထွက်သွားလိုသူတိုင်း ထွက်သွားသင့်သည်၊ သူတို့ကို မည်သူမျှ မတားပါ။ သင်ထွက်ပြေး သွားနိုင်လား၊ မသွားနိုင်ဘူးလား စမ်းကြည့်ပါ။ ထွက်ပြေးသွားပြီးလျှင်တောင်မှ သင်ပြန်လာဦးမည် ဖြစ်သည်။ ဘုရားသခင်က သင့်ကို သူ၏နှုတ်ကပတ်တော်ဖြင့် ထိန်းချုပ်သည်။ သင်သည် အသင်းတော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွန့်လျှင် အသက်ရှင်နိုင်မည် မဟုတ်။ သင်မယုံလျှင် ကိုယ်တိုင် စမ်းကြည့်ပါ၊ ဤအတိုင်း စွန့်ထွက်သွား၍ ရမည်ဟု သင်ထင်ပါသလား။ ဘုရားသခင်၏ ဝိညာဉ်တော်က သင့်ကို ထိန်းချုပ်ထားသည်၊ သင်သည် စွန့်ထွက်သွားနိုင်မည် မဟုတ်။ ယင်းသည် ဘုရားသခင်၏ အုပ်ချုပ်မှုနှင့်ဆိုင်သော အမိန့်ဖြစ်သည်။ စမ်းကြည့်လိုသူ အချို့ရှိပါက စမ်းကြည့်နိုင်ပါသည်။ ဤသူသည် ဘုရားသခင်မဟုတ်ဟု သင်တို့ပြောကြသည်၊ ဤသို့ဆိုလျှင် ထိုသူတစ်ဘက် ဆန့်ကျင်၍ အပြစ်ပြုကြည့်ပါ၊ သူမည်သို့ ပြုမည်ကို ကြည့်ပါ။ သင်၏ ဇာတိခန္ဓာသည် ဆက်ပြီး အသက်ရှင်ကောင်း ရှင်မည်ဖြစ်သည်၊ ထို့အပြင် သင်အစာဆက်စား၊ အဝတ်ဆက်ဝတ်နိုင်စွမ်း ရှိကောင်းရှိမည် ဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာအရ သင်သည် မခံမရပ်နိုင်လောက်အောင် ဖြစ်လိမ့်မည်၊ စိတ်ဖိစီးမှုကို ခံစားရပြီး အလွန်အမင်း စိတ်ဒုက္ခရောက်နေလိမ့်မည်၊ ထို့ထက် ဆိုးသောနာကျင်မှု ရှိမည်မဟုတ်။ စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း စိတ်ဒုက္ခရောက်ခြင်း၊ ဖျက်ဆီးခြင်းကို လူသည်မခံနိုင်ပါ၊ ဇာတိခန္ဓာ၌ ခံစားရသောဒုက္ခကို သင်ခံနိုင်စွမ်း ရှိကောင်းရှိမည် ဖြစ်သော်လည်း စိတ်ဖိစီးမှုနှင့် အချိန်အကြာကြီး စိတ်ဒုက္ခရောက်သည်ကို ခံနိုင်စွမ်း သင့်မှာ လုံးဝမရှိပါ။ ယနေ့တွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မမြင်နိုင်ပေ။ သို့သော် မည်သူ့မှာမှ အဝေးသို့ ထွက်ပြေးသွားနိုင်စွမ်း ရှိသည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားကို ထိန်းချုပ်ရန်အတွက် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသောကြောင့် ဖြစ်သည်။ မထိနိုင်၊ မမြင်နိုင်သော်လည်း၊ အချက်အလက်များ အသုံးပြုခြင်း မရှိသော်လည်း လူသည် ထွက်ပြေးနိုင်စွမ်း ရှိဦးမည် မဟုတ်။ ဤအရာများသည် ဘုရားသခင်၏ လုပ်ရပ်များပင် မဟုတ်လော။ ယနေ့လူသားကို အသက်နှင့် ထောက်ပံ့ပေးရန်အတွက် ဘုရားသခင်သည် လောကသို့ လာခဲ့ပြီးဖြစ်သည်။ လူသားများ တွေးထင်သကဲ့သို့ သင်တို့ကို ဘုရားသခင်က နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများပြပြီး ဘုရားသခင်နှင့် လူသားအကြား ငြိမ်းချမ်းသော ဆက်ဆံရေး ရှိစေရန်အတွက် ချော့မော့တိုက်တွန်းခြင်း မပြုပေ။ အသက်ရဖို့ အာရုံမစိုက်ဘဲ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြအောင် လုပ်ဖို့သာ အာရုံစိုက်နေသောသူ အားလုံးသည် ဖာရိရှဲများ ဖြစ်သည်။ တစ်ချိန်က ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌ သံဖြင့် ရိုက်ခဲ့ကြသူများမှာ ဖာရိရှဲများ ဖြစ်သည်၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ပတ်သက်သော သင်၏အမြင်အပေါ်၌ အခြေခံပြီး သင်သည် ဘုရားသခင်ကို တိုင်းတာလျှင် ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံလျှင် ဘုရားသခင်ကို ယုံပြီး ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ မပြည့်စုံသောအခါ၌ သံသယဝင်လာပြီး ဘုရားသခင်ကိုပင် စော်ကားပြောဆိုကြလျှင် သင်သည် သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံနှင့် ရိုက်နေခြင်း မဟုတ်ပါလော။ ထိုသို့သော လူများသည် မိမိတို့၏ တာဝန်များကို လျစ်လျူရှုပြီး သက်သောင့် သက်သာ နေရသည်ကို ပျော်မွေ့နေသူများ ဖြစ်သည်။

တစ်ဖက်မှ ကြည့်လျှင် လူသားနှင့်ပတ်သက်သော အကြီးမားဆုံး ပြဿနာမှာ ဘုရားသခင်၏ အလုပ်ကို မသိခြင်းဖြစ်သည်။ လူသား၌ ငြင်းဆန်တတ်သည့် သဘောထား မရှိသော်လည်း သံသယတော့ ရှိသည်။ လူသားသည် မငြင်းဆန်သော်လည်း အပြည့်အဝတော့ အသိအမှတ်မပြုပေ။ လူတို့သည် ဘုရားသခင်၏ အလုပ်ကို သေသေချာချာ နှံ့နှံ့စပ်စပ်သိလျှင် အဝေးသို့ ထွက်ပြေးသွားလိမ့်မည် မဟုတ်ပေ။ အခြားတစ်ဖက်မှ ကြည့်လျှင်မူ လူသားသည် လက်တွေ့အရှိသဘောကို မသိသောကြောင့် ထိုသို့ပြုခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် အယောက်စီတိုင်း ရင်းနှီးကျွမ်းဝင်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်၊ အနာဂတ်တွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ဖို့ မစဉ်းစားသင့်ပါ။ သင့်ကိုငါ ရှင်းရှင်းလင်းလင်းပြောမည်၊ လက်ရှိလုပ်ငန်းအဆင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ သင်မြင်နိုင်သည်။ အချက်အလက်များ မရှိသော်လည်း ဘုရားသခင်ထံမှ အသက်ကို လူသား၏အထဲသို့ ဝင်နိုင်စေသေးသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အနှစ်တစ်ထောင် နိုင်ငံတော်၏ အဓိက အလုပ်ဖြစ်ပြီး သင်သည် ထိုအလုပ်ကို နားမလည်နိုင်လျှင် အားနည်းလာပြီး လဲလိမ့်မည်၊ စမ်းသပ်မှုများနှင့် ကြုံသောအခါ၌ အနိမ့်သို့ ကျလိမ့်မည်။ ပို၍ ဝမ်းနည်းဖွယ် ကောင်းသည်မှာ သင်သည် စာတန်၏ ဖမ်းဆီး ချုပ်နှောင်မှုကို ခံရလိမ့်မည်။ ဘုရားသခင် လောကသို့ လာသည်မှာ အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဖို့ ဖြစ်သည်။ သင်ကျွမ်းဝင်သောအရာ၊ သင်မြင်သောအရာ၊ သင်ကြားသောအရာ၊ သင်လိုက်နာ စောင့်ရှောက်သော အရာနှင့် သင်ကိုယ်တိုင် ကြုံတွေ့ခံစားသော အရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ လူ့ဇာတိခံယူထားသော ထိုဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်အတွက် နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပါ၊ အထူးသဖြင့် ယေရှုအတိတ်က လုပ်ခဲ့သည့် အလုပ်ကို ပြန်မလုပ်ပါ။ ထိုသူတို့ နှစ်ဦးစလုံးသည် ဘုရားသခင် ဖြစ်သော်လည်း၊ လူ့ဇာတိ ဖြစ်သော်လည်း သူတို့၏ သာသနာအလုပ်ချင်း မတူပေ။ ယေရှု လောကသို့ လာသောအခါ၌ သူသည် ဘုရားသခင် အလုပ်၏ တစ်စိတ်တစ်ပိုင်းကို လုပ်ခဲ့သည်၊ နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်၊ သို့သော် သူအထမြောက်အောင် လုပ်ခဲ့သည့် အဓိကအလုပ်မှာ မည်သည့်အလုပ် ဖြစ်သနည်း။ သူအထမြောက်အောင် လုပ်ခဲ့သည့် အဓိကအလုပ်မှာ လက်ဝါးကပ်တိုင်၌ အသေခံခြင်းဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်၌ အသေခံသည့်အလုပ်ကို ပြီးမြောက်အောင် လုပ်ရန်နှင့် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ဖို့ရန်အတွက် အပြစ်ရှိသော ဇာတိပကတိလူ ဖြစ်လာခဲ့သည်။ ထိုသို့ ဖြစ်သည်မှာ လူသားမျိုးနွယ် အားလုံး၏ အပြစ်အတွက်ဖြစ်ပြီး အပြစ်ဖြေရာယဇ်အဖြစ် ထမ်းဆောင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ယေရှု အထမြောက်အောင် လုပ်ဆောင်ခဲ့သည့် အဓိက အလုပ်ဖြစ်သည်။ အဆုံးတွင် ယေရှုသည် သူ့ထံသို့ နောက်မှလာကြသူများကို လမ်းပြရန်အတွက် ကားတိုင်လမ်းကို ထောက်ပံ့ပေးခဲ့သည်။ ယေရှုလောကသို့ လာသောအခါ၌ ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်အောင် အဓိကလုပ်ဆောင်ရန် ဖြစ်ခဲ့သည်။ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံ အကြောင်း သတင်းကောင်းကို လူထံ ယူဆောင်လာရုံသာမက ကောင်းကင်နိုင်ငံကိုလည်း ယူဆောင်လာခဲ့သည်။ ရလဒ်အနေနှင့် ထင်မထားသော်လည်း ရောက်လာကြသူများက "ငါတို့ ကားတိုင်လမ်းကို လျှောက်ပြီး ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်သင့်တယ်"ဟု ပြောကြသည်။ မှန်ပါသည်၊ အစတွင် ယေရှုသည် တခြားအလုပ် အချို့ကိုလည်း လုပ်ခဲ့သည်၊ လူသားကို နောင်တရစေရန်၊ အပြစ်များကို ဝန်ခံစေရန် စကားအချို့ကိုလည်း ပြောခဲ့ပါသည်။ သို့သော် သူ၏ သာသနာလုပ်ငန်းမှာ လက်ဝါးကပ်တိုင်၌ အသေခံဖို့ပင်ဖြစ်ခဲ့ပြီး လမ်းခရီးအကြောင်း သုံးနှစ်ခွဲ တရားဟောခဲ့သည်မှာလည်း နောက်ပိုင်းတွင် ကြုံရမည့် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကိုခံဖို့ ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ ယေရှု ဆုတောင်းခဲ့သည့် အကြိမ် တော်တော် များများသည်လည်း လက်ဝါးကပ်တိုင်၌ အသေခံခြင်းအတွက် ဖြစ်သည်။ သူရှင်သန် နေထိုင်ခဲ့သည့် သာမန်လူတစ်ယောက်၏ အသက်တာနှင့် လောက၌နေခဲ့သည် သုံးဆယ့်သုံးနှစ်ခွဲ ကာလသည် အဓိကအားဖြင့် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ဖြစ်သည်။ ထိုသို့ အသက်ရှင်ခြင်းက ယေရှုကို ခွန်အားပေးရန်၊ လက်ဝါးကပ်တိုင်၌ အသေခံသည့်အလုပ်ကို လုပ်နိုင်စွမ်း ရှိစေရန် ဖြစ်ပြီး၊ အကျိုးဆက်အနေနှင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ယေရှု၌ အပ်နှံခဲ့သည်။ ယနေ့ လူ့ဇာတိခံထားသော ဘုရားသခင်သည် မည်သည့်အလုပ်ကို အထမြောက်အောင် လုပ်ဆောင်မည်နည်း။ ယနေ့ခေတ်တွင် ဘုရားသခင်သည် လူ့ဇာတိခံသည်မှာ အဓိကအားဖြင့် "လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း"၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်၊ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်နှင့် နှုတ်ကပတ်တော်၏ ဆုံးမမှုနှင့် စစ်ဆေးမှုကို လူလက်ခံအောင် ပြုလုပ်ရန်ဖြစ်သည်။ သူပြောသည့် နှုတ်ကပတ်တော်များဖြင့် သူ့ထံမှ ထောက်ပံ့မှုနှင့် အသက်ကို သင့်အား ရစေခဲ့သည်။ သူ၏ နှုတ်ကပတ်တော်များအားဖြင့် သင်သည် သူ၏အလုပ်နှင့် သူ၏လုပ်ရပ်ကို မြင်တွေ့သည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် သန့်စင်ရန်အတွက် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သင်အခက်အခဲနှင့် ကြုံလျှင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်သည် အချက်အလက်များကို အသုံးပြုပြီး အလုပ်မလုပ်ပါ၊ သူ၏ နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး အလုပ်လုပ်သည်။ သူ၏ နှုတ်ကပတ်တော် သင့်အပေါ်၌တည်မှသာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အထဲ၌ အလုပ်လုပ်နိုင်သည်၊ ဝေဒနာ သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် သင့်အား လက်တွေ့အရှိသဘောထဲသို့ ခေါ်ဆောင်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မှသာလျှင် သင့်ကို စုံလင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်သည့် အလုပ်သည် မူအားဖြင့် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူတိုင်းကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်သည်၊ လူကို လမ်းပြဖို့ ဖြစ်သည်ဟူသည့် အချက်ကိုတော့ အနည်းဆုံး သင်နားလည်ရမည်။ ဘုရားသခင်လုပ်သမျှ အလုပ် အားလုံးသည် နှုတ်ကပတ်တော်အားဖြင့် လုပ်သော အလုပ်များဖြစ်သည်။ သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပါ။ အချို့လူများက ဘုရားသခင်ကို မနာခံသည့် အချိန်များရှိသည်။ ဘုရားသခင်က သင့်ကို အလွန်အမင်း စိတ်ဆင်းရဲအောင်မလုပ်ပေ။ သင်၏ ဇာတိခန္ဓာသည်လည်း ပြစ်တင်ဆုံးမခြင်းမခံရ၊ သင်သည်လည်း ဆင်းရဲဒုက္ခ မရောက်ပေ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် သင့်အပေါ်၌ တည်စေပြီး သင့်ကို သန့်စင်သည်နှင့် တစ်ပြိုင်နက် သင်လုံးဝ ခံနိုင်မည် မဟုတ်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ အစေကျွန်ခံသူတို့၏ ခေတ်အချိန်အခါက ဘုရားသခင်သည် လူသားကို အောက်ခြေ မရှိသော တွင်းနက်ထဲသို့ ပစ်ချဖို့ ပြောခဲ့သည်။ လူသားသည် အမှန်တကယ်ပင် အောက်ခြေမရှိသော တွင်းနက်ထဲသို့ ရောက်နေသလော။ ဘုရားသခင်သည် လူသားကို စစ်ဆေးဖို့အတွက် ရိုးရိုးလေးပင် နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်။ အကျိုးဆက်အနေနှင့် လူသည် အောက်ခြေမရှိသော တွင်းနက်ထဲသို့ ရောက်သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူ့ဇာတိ ခံသောအခါ အရာအားလုံးကို အထမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းအောင် ပြုလုပ်ဖို့အတွက် နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။ သူမည်သူနည်း ဆိုသည်ကို သူ၏ နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ သူသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကို သူ၏နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လောကသို့လာသောအခါ တစ်ခြားအလုပ်ကို မလုပ်၊ နှုတ်ကပတ်တော်များသာ ပြောသည်။ ထို့ကြောင့် အချက်အလက်များ အသုံးပြုဖို့ မလိုပါ၊ သူပြောသည့် နှုတ်ကပတ်တော်များက လုံလောက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လောကသို့လာသည်မှာ အဓိကအားဖြင့် ထိုသို့လုပ်ဆောင်ဖို့၊ သူ၏နှုတ်ကပတ်တော်အတွင်း သူ၏တန်ခိုးနှင့် သာလွန်မှုကို လူသားအား မြင်ခွင့်ပေးဖို့၊ သူသည် နှိမ့်ချစွာဖြင့် ကိုယ့်ကိုယ်ကိုယ် မည်သို့ ကွယ်ဝှက် ထားကြောင်းကို သူ့နှုတ်ကပတ်တော်များအားဖြင့် လူသားအား သိခွင့်ပေးဖို့၊ သူနှင့်ပတ်သက်သော အကြောင်းအရာ အလုံးစုံကို သူ့နှုတ်ကပတ်တော်အားဖြင့် လူသားအား သိခွင့်ပေးဖို့အတွက်ဖြစ်သည်။ သူ၏ အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အလုံးစုံသည် သူ့စကားများထဲတွင်ရှိပြီး သူ့ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ်ကောင်းမှုသည်လည်း သူ၏ နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤသို့အားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များ ပြောသည့် နည်းလမ်းမျိုးစုံကို သင်မြင်နိုင်အောင် လုပ်ပေးထားသည်။ ဤကာလ၌ ဘုရားသခင် လုပ်ဆောင်သော အလုပ်အများစုသည် ပံ့ပိုးကူညီခြင်း၊ ဗျာဒိတ်ပေးခြင်းနှင့် ဆုံးမခြင်းတို့ဖြစ်သည်။ ဘုရားသခင်သည် လူတစ်ယောက်ကို အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ မကျိန်ပေ၊ ကျိန်ခဲ့လျှင်ပင် နှုတ်ကပတ်တော်ကို သုံးပြီးကျိန်သည်။ ထို့ကြောင့် ဘုရားသခင် လူဇာတိခံသည့် ဤခေတ်ကာလ၌ မကျန်းမာသူများကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို ဘုရားသခင် ထပ်လုပ်သည်ကို မြင်ရဖို့ မကြိုးစားပါနှင့်၊ နိမိတ်လက္ခဏာများ မြင်ရဖို့လည်း အမြဲတမ်း ကြိုးစား မနေပါနှင့်၊ ထိုသို့ ကြိုးစားခြင်းသည် အဓိပ္ပါယ်မရှိပေ။ နိမိတ်လက္ခဏာများသည် လူသားကို စုံလင်အောင် ပြုလုပ်မပေးနိုင်ပေ။ ရှင်းရှင်းပြောရလျှင် ဘုရားသခင် ကိုယ်တိုင်ဖြစ်သော လူဇာတိကိုခံထားသည့် ဘုရားသခင်အစစ်သည် ယနေ့ခေတ်တွင် နှုတ်ကပတ်တော် ပြောဆိုခြင်းကိုသာ လုပ်သည်၊ ထိုသို့သော အရာများကို မလုပ်ပေ။ ထိုအချက်သည် အမှန်တရား ဖြစ်သည်။ သူသည် သင့်ကို စုံလင်စေရန်အတွက်၊ သင့်ကို ကျွေးမွေးရန်၊ ရေလောင်းပေးရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ အလုပ်လုပ်ရန်အတွက်လည်း သူသည် နှုတ်ကပတ်တော်များကို အသုံးပြုသည့်အပြင်၊ သူ၏ လက်တွေ့အရှိသဘောကို သင်သိစေဖို့ရန် အတွက် အချက်အလက်များအစား နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဘုရားသခင် အလုပ်၏ ဤရှုထောင့်ကို သင်နားလည်နိုင်စွမ်းရှိလျှင် မလှုပ်မယှက်နှင့် ဘာကိုမှ စမလုပ်ဘဲနေဖို့ သင့်အတွက် ခက်ပေလိမ့်မည်။ အပျက်သဘောဆောင်သည့် အရာများအပေါ်၌ အာရုံမစိုက်ဘဲ သင်တို့သည် အပြုသဘောဆောင်သော အရာများအပေါ်၌သာ အာရုံစိုက်သင့်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ သို့မဟုတ် အချက်အလက်များကို အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားကို သူ၏ စကားများမှ အသက်ကိုရစေသည်၊ ထိုသို့ ရစေခြင်းသည် ရှိရှိသမျှ နိမိတ်လက္ခဏာ အားလုံးထက် ကောင်းမွန်သည့်အပြင် ထိုအချက်သည် အငြင်းပွားစရာ အကြောင်းမရှိသော အချက်ဖြစ်သည်။ ဤအချက်သည် ဘုရားသခင်ကိုသိသော အသိကို ရဖို့အတွက် အကောင်းဆုံးသက်သေ ဖြစ်ပြီး နိမိတ်လက္ခဏာများ ထက်ပင် သာ၍ကောင်းသော နိမိတ် လက္ခဏာ ဖြစ်သည်။ ဘုရားသခင်ပြောသည့် စကားများသာလျှင် လူကို စုံလင်စေနိုင်သည်။

နိုင်ငံတော်ခေတ် အစပြုသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို စပြောခဲ့သည်။ အနာဂတ်တွင် ထိုနှုတ်ကပတ်တော်များ တဖြည်းဖြည်း ပြည့်စုံလာမည်ဖြစ်ပြီး ထိုအချိန်၌ လူသားသည် အသက်ထဲသို့ ကြီးထွားလိမ့်မည်။ နှုတ်ကပတ်တော်ကို အသုံးပြု၍ လူသား၏ အကျင့်ပျက်သော စိတ်သဘောထားကို ဘုရားသခင် ထုတ်ဖော်ခြင်းသည် သာ၍ စစ်မှန်ပြီး၊ သာ၍ လိုအပ်သောအရာဖြစ်သည်။ ဘုရားသခင်သည် လူ၏ ယုံကြည်ခြင်းအား စုံလင်အောင် ပြုလုပ်ပေးသည့် အလုပ်ကို လုပ်ဖို့ရန်အတွက် သူ၏ နှုတ်ကပတ်တော်မှလွဲ၍ တခြားဘာကိုမျှ အသုံးမပြုပေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်သည် နှုတ်ကပတ်တော် ခေတ်ဖြစ်ပြီး လူ၏ယုံကြည်ခြင်း၊ ဆုံးဖြတ်ချက်နှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ လိုသောခေတ် ဖြစ်သောကြောင့် ဖြစ်သည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံသော ဘုရားသခင်၏ အလုပ်သည် အစေခံရန်နှင့် ပံ့ပိုးကူညီရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုခြင်းဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် နှုတ်ကပတ်တော်များ ပြောပြီးမှသာ ၎င်းတို့ စပြည့်စုံလာမည်ဖြစ်သည်။ ဘုရားသခင် ပြောနေသော အချိန်၌ သူ၏ နှုတ်ကပတ်တော်များ မပြည့်စုံသေးပေ။ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိအဆင့်၌ သူပြောသည့် နှုတ်ကပတ်တော်များ မပြည့်စုံနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်သည်မှာလည်း ဘုရားသခင်သည် လူ့ဇာတိ ဖြစ်ပြီး၊ နာမ်ဝိညာဉ်မဟုတ်ဟူသည့် အချက်ကို လူသားမြင်နိုင်စေရန် အတွက်ဖြစ်သည်၊ ဘုရားသခင်၏ လက်တွေ့အရှိသဘောကို မျက်စိနှင့် ကိုယ်တိုင် မြင်နိုင်စေရန်အတွက် ဖြစ်သည်။ တစ်နေ့ ဘုရားသခင်၏ အလုပ် ပြီးမြောက်သောအခါ၊ လောက၌ ပြောသင့်သည့် နှုတ်ကပတ်တော် အားလုံးကို ပြောပြီးသောအခါ၊ ထိုနှုတ်ကပတ်တော်များ စတင်ပြည့်စုံလာမည် ဖြစ်သည်။ ယခုအချိန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံသည့်ခေတ် မဟုတ်ပါ၊ အကြောင်းမှာ ဘုရားသခင် ပြောဆို၍ မပြီးသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လောက၌ ဘုရားသခင်သည် နှုတ်ကပတ်တော်များ ဆက်ပြောနေသည်ကို သင်တွေ့သောအခါ သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံလာမည့် အချိန်ကို မစောင့်နှင့်။ ဘုရားသခင် နှုတ်ကပတ်တော် ပြောကြားခြင်းကို ရပ်လိုက်သည့်အချိန်နှင့် လောက၌ သူ၏ အလုပ်ပြီးသွားသော အချိန်သည် သူပြောသည့် နှုတ်ကပတ်တော်များ စတင်ပြည့်စုံမည့် အချိန်ဖြစ်သည်။ လောက၌ ဘုရားသခင် ပြောသော စကားများတွင် တစ်ဖက်ကကြည့်လျှင် အသက်အား ထောက်ပံ့ခြင်းရှိပြီး၊ တစ်ဖက်မှ ကြည့်လျှင် ပရောဖက်ပြုချက် ဆိုသည်မှာ ဖြစ်လာမည့် အရာများ၊ လုပ်ဆောင်မည့် အရာများ၊ အထမြောက်ရန် လိုသေးသည့် အရာများကို ဆိုလိုသည်။ ယေရှုပြောခဲ့သော စကားများတွင်လည်း ပရောဖက်ပြုချက်ရှိသည်။ တစ်ဖက်တွင် ယေရှုသည် အသက်ကို ထောက်ပံ့ပေးခဲ့သည်၊ အခြား တစ်ဖက်တွင်တော့ ပရောဖက်ပြုချက်ကို ဟောခဲ့သည်။ ယနေ့ခေတ်တွင် မည်သူကမျှ ဘုရားသခင်၏ စကားများနှင့် အချက်အလက်များကို တစ်ချိန်တည်းတွင် အကောင်အထည်ဖော်သည့် အကြောင်းကို မပြောဆိုကြ၊ အဘယ်ကြောင့်ဆိုသော် လူ့မျက်စိနှင့် မြင်နိုင်သောအရာနှင့် ဘုရားသခင် လုပ်ဆောင်ပြီး အရာတို့အကြားရှိ ခြားနားချက်သည် အလွန်ပင် ကြီးမားလှသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏အလုပ် ပြီးမြောက်သည့် နောက်ပိုင်းတွင် ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံမည် ဖြစ်ပြီး၊ နှုတ်ကပတ်တော်များ နောက်တွင်မှ အချက်အလက်များ လာမည်ဖြစ်သည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိ ခံယူထားသော ဘုရားသခင်သည် လောက၌ နှုတ်ကပတ်တော်၏ သာသနာကို လုပ်နေပြီး၊ ထိုသို့ နှုတ်ကပတ်တော်၏ သာသနာကို လုပ်ဆောင်နေသောအခါ၌ သူသည် နှုတ်ကပတ်တော်များသာ ပြောသည်၊ အခြားအရာများကို ဂရုမစိုက်ပေ။ ဘုရားသခင်လုပ်သည့် အလုပ် စပြောင်းလျှင် သူပြောသည့် နှုတ်ကပတ်တော်များ စတင် ပြည့်စုံလာမည် ဖြစ်သည်။ ယနေ့ခေတ်တွင် ဘုရားသခင်သည် သင့်ကို စုံလင်စေရန်အတွက် အရင်ဦးဆုံး နှုတ်ကပတ်တော်များကို အသုံးပြုသည်။ စကြဝဠာတစ်ခုလုံး၌ ဘုရားသခင်၏ ဘုန်းထင်ရှားသော အချိန်သည် သူ၏အလုပ် ပြီးမြောက်သည့်အချိန်၊ ပြောသင့်သည့် နှုတ်ကပတ်တော်များအားလုံး ပြောပြီးသည့်အချိန်၊ ပြောခဲ့သော နှုတ်ကပတ်တော်များအားလုံး အချက်အလက်များ ဖြစ်လာမည့် အချိန်ဖြစ်သည်။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သော သာသနာကို လုပ်ဆောင်ရန်အတွက် လောကသို့ လာခဲ့သည်။ ထိုသို့ လုပ်ဆောင်သည်မှာ လူသားက သူ့ကို သိနိုင်စေဖို့၊ သူ၏ ဖြစ်ခြင်းကို လူမြင်နိုင်စေဖို့၊ သူ၏ ဉာဏ်ပညာနှင့် သူ၏နှုတ်ကပတ်တော်မှ အံ့သြဖွယ်လုပ်ရပ်များ အားလုံးကို လူသားမြင်နိုင်စေဖို့ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် လူအားလုံးကို သိမ်းပိုက်ဖို့ရန်အတွက် အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ အနာဂတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘာသာတရားတိုင်း၊ အုပ်စုတိုင်း၊ နိုင်ငံတိုင်း၊ ဂိုဏ်းဂဏတိုင်း ထံသို့လည်း လာလိမ့်မည်။ သိမ်းပိုက်ဖို့နှင့် သူ၏ နှုတ်ကပတ်တော်၌ အာဏာနှင့် တန်ခိုးရှိကြောင်းကို လူတို့မြင်စေဖို့အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်သာ ကြုံခြင်း ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း ပညတ်တော်ခေတ်မှ အမှုတော် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၇

0ရှာဖွေခြင်း ရလဒ်များ