ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၉

အချိန်ကြာမြင့်စွာ၊ ဘုရားသခင်၌ယုံကြည်သည့် လူများအားလုံးသည် လှပသည့် ခရီးဆုံးပန်းတိုင်တစ်ခုအတွက် လေးနက်စွာ မျှော်လင့်နေခဲ့ကြပြီး၊ ဘုရားသခင်၏ ယုံကြည်သူအားလုံးသည် ၎င်းတို့အပေါ် ကောင်းမွန်သည့် ကံသည် ရုတ်တရက် ရောက်လာလိမ့်မည်ကို မျှော်လင့် ကြသည်။ ၎င်းတို့ မသိလိုက်ခင်တွင်၊ ကောင်းကင်ဘုံ၌ တစ်နေရာ သို့မဟုတ် နောက်တစ်နေရာတွင် ငြိမ်းချမ်းစွာ ထိုင်လျက်သား မိမိတို့ကိုယ်ကိုယ် တွေ့ရှိရလိမ့်မည်ဟု ၎င်းတို့အားလုံး မျှော်လင့်ကြလေသည်။ သို့သော် မိမိတို့၏ နှစ်သက်ဖွယ် အတွေးများနှင့်အတူ ဤလူများသည် ၎င်းတို့အနေဖြင့် ကောင်းကင်ဘုံမှ ကျဆင်းလာသည့် ထိုသို့သော ကောင်းမွန်သည့် အခွင့်အလမ်းကို ရရှိဖို့ သို့မဟုတ် ထိုနေရာရှိ ထိုင်ခုံတစ်ခုပေါ် ထိုင်ဖို့ပင် အရည်အချင်း ပြည့်မီခြင်း ရှိ၊ မရှိကို ဘယ်သောအခါမျှ မသိကြလေပြီဟု ငါပြော၏။ လက်ရှိအချိန်တွင် သင်တို့သည် မိမိတို့ကိုယ်တိုင်နှင့် သက်ဆိုင်သည့် ကောင်းမွန်သော အသိပညာရှိသော်လည်း၊ နောက်ဆုံးသောကာလ၏ ကပ်ဘေးများနှင့် ဆိုးသွမ်းသူတို့အား အနန္တတန်ခိုးရှင် ဘုရားသခင်က အပြစ်ပေးသည့် အချိန်တွင် သူ၏ လက်မှ လွတ်မြောက်ဖို့ သင်တို့ မျှော်လင့်ဆဲ ဖြစ်သည်။ ယင်းမှာ ချိုမြိန်သော အိပ်မက်များရှိခြင်းနှင့် ၎င်းတို့ နှစ်သက်သည်အတိုင်းသာ အရာရာကို လိုချင်ခြင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းခံရပြီးဖြစ်သော လူအားလုံးတို့၏ ဘုံအင်္ဂါရပ်တစ်ခုဖြစ်ပြီး၊ တစ်ကိုယ်တည်းဖြစ်သည့် မည်သည့် တစ်ဦးတစ်ယောက်မျှ၏ ထူးထူးကဲကဲ လက်ဖျားခါလောက်သော စိတ်ကူးတစ်ချို့ မဟုတ်ပုံရပေသည်။ ထိုသို့ဖြစ်လျက်ပင်၊ ပြီးလျှင် သင်တို့၏ ဤလွန်ကဲသော စိတ်ဆန္ဒများအပြင် ကောင်းချီးမင်္ဂလာများ ရရှိရန် သင်တို့၏ စိတ်ထက်သန်မှုကို ငါသည် အဆုံးသတ်ပေးရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ သင်တို့၏ ဒုစရိုက်အပြစ်များက အတော်များပြားပြီး၊ သင်တို့၏ မနာခံမှုက အစဉ်ကြီးထွားနေသည့်အချက်ကို ထောက်ဆလျှင်၊ ဤအရာများသည် အနာဂတ်အတွက် သင်တို့၏ နှစ်သက်ဖွယ်ဖြစ်သော စီမံချက်များနှင့် မည်သို့ သင့်တော်နိုင်မည်နည်း။ သင်တို့ကို မည်သည့်အရာကမျှ ထိန်းမထားဘဲ အမှားထဲတွင် ဆက်ရှိနေရင်း၊ သင်နှစ်သက်သည့်အတိုင်း ဆက်လက်လုပ်ဆောင်လိုသော်လည်း၊ တစ်ချိန်တည်းတွင် သင်၏အိပ်မက်များ အမှန်တကယ်ဖြစ်လာဖို့ သင် လိုချင်နေဆဲဖြစ်ပါက၊ သင်၏ မိန်းမောခြင်းတွင် ဆက်ရှိပြီး ဘယ်သောအခါမျှ မနိုးထရန် သင့်အား ငါတိုက်တွန်းသည်- အကြောင်းမှာ သင်၏ အိပ်မက်သည် အနှစ်မဲ့သော အိပ်မက်တစ်ခု ဖြစ်ပြီး၊ ဖြောင့်မတ်သော ဘုရားသခင်၏ မျက်မှောက်တွင်၊ သူသည် သင့်ကို ခြွင်းချက်တစ်ခု ဖြစ်စေမည်မဟုတ်ပေ။ သင်သည် သင်၏ အိပ်မက်များကို အမှန်တကယ် ဖြစ်လာဖို့ သက်သက် လိုချင်ပါက၊ ဘယ်သောအခါမျှ အိပ်မက်မမက်နှင့်။ ယင်းထက်၊ သမ္မာတရားနှင့် အမှန်တရားများကို ထာဝစဉ် ရင်ဆိုင်လော့။ ဤသည်မှာ သင် ကယ်တင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ခိုင်လုံသော သတ်မှတ်ချက်များအရ၊ ဤနည်းလမ်း၏ အဆင့်များသည် မည်သည့်အရာများ ဖြစ်ပါသနည်း။

ပထမဦးစွာ၊ သင်၏ ဒုစရိုက်အပြစ်များ အားလုံးကို ကြည့်ရှုပြီး၊ သမ္မာတရားနှင့် မကိုက်ညီသော သင်၌ရှိသည့် မည်သည့် အပြုအမူနှင့် အတွေးများကိုမဆို ဆန်းစစ်လော့။

ဤသည်မှာ သင်တို့ အလွယ်တကူ လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး၊ ဉာဏ်စွမ်းဉာဏ်စရှိသည့် လူအားလုံးက ဤအရာကို လုပ်ဆောင်နိုင်သည်ဟု ငါယုံကြည်သည်။ သို့သော်၊ ဒုစရိုက်အပြစ်များနှင့် သမ္မာတရားဆိုသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို လုံးဝ မသိရှိသည့် ထိုလူများသည် ခြွင်းချက်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် အခြေခံကျသော အဆင့်အရ၊ ၎င်းတို့သည် ဉာဏ်စွမ်းဉာဏ်စရှိသူများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လက်ခံခြင်းခံရပြီးသော လူများ၊ ရိုးသားသော သူများ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြင်းထန်စွာ ကျူးလွန်ခြင်း မရှိသော လူများနှင့် မိမိတို့၏ ဒုစရိုက်အပြစ်များကို အလွယ်တကူ သိမြင်နိုင်သည့် လူများကို ငါပြောနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့နှင့်သက်ဆိုင်၍ ငါတောင်းဆိုသည့် အရာတစ်ခုနှင့် သင်တို့အတွက် ပြီးမြောက်ရန် လွယ်ကူသောအရာတစ်ခု ဖြစ်သော်လည်း၊ ယင်းသည် သင်တို့နှင့် ပတ်သက်၍ ငါ တောင်းဆိုသည့် တစ်ခုတည်းသော အရာမဟုတ်ပေ။ မည်သို့ပင် ဖြစ်စေ၊ သင်တို့သည် ဤသတ်မှတ်ချက်များအား သီးသန့် ရယ်သွမ်းသွေးကြလိမ့်မည် မဟုတ်သကဲ့သို့၊ အထူးသဖြင့် ယင်းအပေါ် အထင်သေးလိမ့်မည်မဟုတ် သို့မဟုတ် ပေါ့ပေါ့တန်တန် သဘောထားမည်မဟုတ်ဟု ငါမျှော်လင့်သည်။ သင်တို့အနေဖြင့်၊ ယင်းကို လေးနက်စွာ သဘောထားပြီး မလွဲချော်သင့်ပေ။

ဒုတိယအနေဖြင့်၊ သင်၏ ဒုစရိုက်အပြစ်များနှင့် မနာခံခြင်း အသီးသီးအတွက်၊ လိုက်လျောညီထွေသော သမ္မာတရားကို သင်တို့ ရှာဖွေသင့်ပြီး၊ ထို့နောက် ထိုပြဿနာများကို ဖြေရှင်းဖို့ ဤသမ္မာတရားများကို အသုံးပြုသင့်ပေသည်။ ယင်းနောက်တွင်၊ သင်၏ ဒုစရိုက်လွန်ကျူးသော လုပ်ရပ်များနှင့် မနာခံသော အတွေးများနှင့် လုပ်ရပ်များကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။

တတိယအနေဖြင့်၊ သင်တို့သည် အမြဲ လိမ္မာပါးနပ်ပြီး စဉ်ဆက်မပြတ် လှည့်ဖြားတတ်သောသူ မဟုတ်ဘဲ၊ ရိုးသားသောသူတစ်ယောက် ဖြစ်သင့်သည်။ (ဤတွင် ငါသည် သင့်တို့အား ရိုးသားသောသူ တစ်ယောက်ဖြစ်ရန် တစ်ဖန် တောင်းဆိုနေခြင်း ဖြစ်သည်။)

သင်သည် ဤအရာသုံးခုလုံးကို ပြီးမြောက်နိုင်ပါက၊ သင်သည် ကံကောင်းထောက်မသောသူများထဲမှ တစ်ဦး- မိမိ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာပြီး ကောင်းမွန်သော အခွင့်အလမ်းကို ရရှိသည့် လူတစ်ဦး ဖြစ်သည်။ သင်တို့သည် စိတ်မပါသော သတ်မှတ်ချက်များကို လေးလေးနက်နက် သဘောထားကောင်း သဘောထားမည် သို့မဟုတ် ယင်းတို့ကို တာဝန်မဲ့စွာ သဘောထားကောင်း သဘောထားပေမည်။ မည်သို့ပင်ဖြစ်စေ၊ ငါ၏ ရည်ရွယ်ချက်သည် သင်တို့၏ အိပ်မက်များကို ဖြည့်ဆည်းပေးရန်နှင့် သင်၏ စံများကို လက်တွေ့လုပ်ဆောင်စေရန်ဖြစ်ပြီး၊ သင်တို့ကို လှောင်ဖို့ သို့မဟုတ် သင်တို့ကို အရူးလုပ်ဖို့ မဟုတ်ပေ။

ငါ၏ တောင်းဆိုချက်များသည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း၊ သင်တို့ကို ငါပြောနေသည့်အရာသည် တစ် အပေါင်း တစ်သည် နှစ်ဖြစ်သည်ဆိုသကဲ့သို့ သိပ်မရိုးရှင်းပေ။ သင်တို့ လုပ်ဆောင်သမျှ အားလုံးသည် ဤအရာနှင့်ပတ်သက်၍ သာမန်ကာလျှံကာ ပြောဆိုဖို့ သို့မဟုတ် အနှစ်မဲ့၊ ကြီးကျယ်သည့် ပြောဆိုချက်များနှင့်ပတ်သက်၍ စကားအူပေါက်ပြောဖို့ ဖြစ်ပါက၊ သင်တို့၏ စီမံချက်များနှင့် သင်တို့၏ဆန္ဒများသည် အစဉ်အမြဲ ဗလာစာရွက်တစ်ရွက်သာ ဖြစ်ပေလိမ့်မည်။ သင်တို့အထဲမှ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံပြီး အလွန်ကြိုးစား အလုပ်လုပ်သော်လည်း၊ ယင်းအတွက် ပြသစရာ မည်သည့်အရာမျှ မရှိသူများအတွက် ငါသည် သနားသောစိတ် ရှိမည်မဟုတ်။ ဆန့်ကျင်ဖက် အနေဖြင့်၊ ငါ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းမပေးလေသော သူများကို စာနာသနားခြင်းတစ်ခုတစ်လေဖြင့် မဆိုထားနှင့်၊ ဆုလာဘ်များမရှိဘဲ အပြစ်ပေးခြင်းဖြင့် ငါ ဆက်ဆံမည်ဖြစ်သည်။ သင်တို့အနေဖြင့် နှစ်ပေါင်းများလှစွာ နောက်လိုက်တစ်ဦးဖြစ်ရင်း၊ သင်တို့သည် မည်သို့ပင်ဖြစ်စေ အလုပ်ကြိုးစားပြီးဖြစ်ကာ၊ အစေခံသူတစ်ဦး ဖြစ်ခြင်းမျှ အတွက် ဘုရားသခင်၏ အိမ်တော်ထဲတွင် ထမင်း တစ်ပန်းကန် ရရှိသင့်သည်ဟု တွေးကောင်း တွေးကြပေမည်။ သင်တို့သည် အမှုအရာများထဲမှ မည်သို့ အခွင့်အရေးယူရမည်ဆိုသည်နှင့် မည်သို့ အခွင့်အရေးယူမခံရအောင်ပြုရမည်ဆိုသည်နှင့်သက်ဆိုင်သော အခြေခံ သဘောတရားကို အမြဲ လိုက်စားကြပြီးဖြစ်သည့်အတွက်၊ သင်တို့ထဲမှ အများစုသည် ထိုသို့ တွေးကြသည်ဟု ငါပြောမည်။ ထို့ကြောင့် ယခုတွင် ငါသည် သင်တို့ကို လေးနက်မှုအလုံးစုံဖြင့် ပြောမည်- သင်၏ ကြိုးစားလုပ်ဆောင်မှု မည်မျှပင် ချီးမွမ်းထိုက်သည်၊ သင်၏ အရည်အချင်းများ မည်မျှ အထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှ ကျော်ကြားသည်၊ သို့မဟုတ် သင်၏ သဘောထားကို သင် မည်မျှတိုးတက်စေပြီးဖြစ်သည်တို့ကို ငါဂရုမစိုက်ပေ။ သင်သည် ငါ၏တောင်းဆိုချက်များကို မဖြည့်ဆည်း သေးသရွေ့၊ ငါ၏ချီးမွမ်းခြင်းကို သင် လုံးဝ ရရှိနိုင်မည် မဟုတ်။ သင်တို့၏ ထိုစိတ်ကူးများနှင့် တွက်ချက်မှုများအားလုံးကို အမြန်ဆုံး ပယ်ဖျက်ပြီး ငါ၏ သတ်မှတ်ချက်များကို လေးလေးနက်နက် စတင် သဘောထားလော့။ သို့မဟုတ်လျှင်၊ ငါ၏အမှုကို အဆုံးသတ်သို့ ရောက်စေရန်အလို့ငှာ အယောက်တိုင်းကို ပြာအဖြစ်သို့ ငါပြောင်းလဲပစ်မည် ဖြစ်ပြီး၊ ငါ၏ နိုင်ငံတော်ထဲသို့ ငါ၏ ရန်သူများနှင့် ဆိုးယုတ်မှု အနံ့ထွက်ကာ စာတန်၏ သွင်ပြင်ရှိသော လူတို့ကို ငါ မခေါ်ဆောင်နိုင်သည့်အတွက် သို့မဟုတ် ၎င်းတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်မသွားနိုင်သည့်အတွက်၊ အညှာတာဆုံး ဆိုရလျှင် ငါ၏နှစ်ပေါင်းများစွာ လုပ်ဆောင်ချက်နှင့် ဆင်းရဲဒုက္ခခံစားခြင်းကို အချည်းနှီးအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၆

အလုပ်များစွာနှင့် စကားပေါင်းများစွာသည် သင့်အပေါ်သို့ မသက်ရောက်လျှင် ဘုရားသခင်၏ အလုပ်ကို ဖြန့်ဝေရန် အချိန်ကျသောအခါ သင့်တာဝန်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၀

ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၉

ဘုရားသခင်ကို သိခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၇

သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်ပင်မုန်းပါသလား။ သင်တို့သည် အမှန်စင်စစ် မုန်းပါသလား။ ငါသည် အဘယ်ကြောင့် သင်တို့ကို ကြိမ်ဖန်များစွာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။