ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၈

ယခင်က သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ကို ရရှိခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုရရှိခြင်းသည် ကွဲပြားခြားနားကြောင်းကို ပြောခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်း၏ သာမန် အခြေအနေသည် ပုံမှန် အတွေးများ၊ ပုံမှန် ဆင်ခြင်တုံတရားနှင့် ပုံမှန် လူ့သဘာဝ ရှိခြင်းတွင် ထင်ရှားပြသခြင်း ခံရသည်။ လူပုဂ္ဂိုလ်တစ်ဦး၏ စရိုက်သည် ယခင်ဖြစ်နေကျအတိုင်းသာ ရှိရစ်နေမည် ဖြစ်သော်လည်း ၎င်းတို့၏ အတွင်းတွင်မူ ငြိမ်သက်ခြင်း ရှိပေလိမ့်မည် ဖြစ်ပြီး အပြင်ပန်းတွင် သန့်ရှင်းသူ တစ်ယောက်၏ ယဉ်ကျေးသိမ်မွေ့သော အမူအကျင့် ရှိပေလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် သည် ၎င်းတို့နှင့်အတူ ရှိနေသည့် အချိန်ပင် ဖြစ်ပေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေသောအခါ လူတို့တွင် ပုံမှန် အတွေးများ ရှိကြသည်။ သူတို့သည် ဆာလောင်သည့် အချိန်တွင် အစာစားချင်သည်၊ ရေဆာသည့် အချိန်တွင် ရေသောက်ချင်သည်...သာမန် လူ့သဘာဝ၏ ဤသို့သော သရုပ်သကန်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်း ပေးခြင်း မဟုတ်၊ ယင်းတို့သည် လူတို့၏ ပုံမှန် အတွေးများဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက် တော် ရှိခြင်း၏ ပုံမှန် အခြေအနေ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရရှိသောသူများသည် ဆာလောင်မွတ်သိပ်ခြင်းကို မသိရ၊ မောပန်းခြင်းကို မခံစားရဘဲ၊ သူတို့သည် မိသားစု အကြောင်းလည်း မစဉ်းစားကြဟန်တူကာ ထိုသူတို့သည် မိမိတို့ကိုယ်မိမိ ဇာတိပကတိမှ လုံးလုံးနီးပါး ခွဲခြားထားပြီး ဖြစ်ကြသည်ဟု အချို့သော လူများက မှားယွင်းစွာ ယုံကြည်ကြသည်။ စင်စစ်အားဖြင့်မူ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့နှင့်အတူ သာ၍ရှိလေလေ၊ ၎င်းတို့သည် သာ၍ပင် ပုံမှန် ဖြစ်လေလေ ဖြစ်သည်။ ၎င်းတို့သည် ဒုက္ခခံရန်နှင့် အမှုအရာများကို ဘုရားသခင်အတွက် စွန့်လွှတ်ရန်၊ မိမိတို့ကိုယ်မိမိ ဘုရားသခင်အတွက် အသုံးခံရန်၊ ဘုရားသခင်ကို သစ္စာရှိရန်၊ ထို့အပြင် ၎င်းတို့သည် စားသုံးရန်နှင့် အဝတ်အစားများ ဝတ်ဆင်ရန်လည်း သိကြပေသည်။ တစ်နည်းဆိုရလျှင် ၎င်းတို့သည် လူတွင်ရှိသင့်သည့် သာမန် လူ့သဘာဝ၏ ဘာတစ်ခုကိုမျှ ဆုံးရှုံးခြင်း မရှိဘဲ ယင်းအစား ဆင်ခြင်တုံတရားကို အထူးသဖြင့် ပိုင်ဆိုင်ကြလေသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ဘုရားသခင်၏အလုပ်ကို ချင့်ချိန်တွေးဆကာ ၎င်းတို့၏ နှလုံးသားများအတွင်း ယုံကြည်ခြင်းရှိလျက် ၎င်းတို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းငှာ လိုလားကြ လေသည်။ ပင်ကိုအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ဤအခြေခံ အုတ်မြစ်ပေါ်တွင် တည်ထားခြင်း ဖြစ်သည်။ အကယ်၍ လူတို့သည် ပုံမှန် အတွေးများ မရှိကြပါက ၎င်းတို့တွင် ဆင်ခြင်တုံတရား ရှိမည်မဟုတ်ဘဲ ယင်းသို့ မရှိခြင်းသည် ပုံမှန် အခြေအနေ မဟုတ်ပေ။ လူတို့သည် ပုံမှန် အတွေးများ ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့် အတူရှိသောအခါ ၎င်းတို့သည် မလွဲဧကန်ပင် ပုံမှန်လူသား တစ်ယောက်၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်၊ ဆိုလိုသည်မှာ ၎င်းတို့၌ ပုံမှန်အခြေအနေရှိခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားရာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အတွက် အချို့သော အချိန်အခါများ ရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်မှာမူ မကြာခဏပင် တစ်ချိန်လုံး၌ ရှိနေတတ်သည်။ လူတို့၏ ဆင်ခြင်တုံတရားနှင့် အတွေးများသည် ပုံမှန်ဖြစ်နေပြီး ၎င်းတို့၏ အခြေအနေများသည် ပုံမှန်ဖြစ်နေသမျှ ကာလပတ်လုံး သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ဧကန်မုချပင် ရှိလိမ့်မည်။ လူတို့၏ ဆင်ခြင်တုံတရားနှင့် အတွေးများ သည် ပုံမှန် မဟုတ်သောအခါတွင်မူ ၎င်းတို့၏ လူ့သဘာဝသည်လည်း ပုံမှန် မဟုတ်တော့ချေ။ အကယ်၍ ဤအခိုက်အတန့်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သင့်အထဲတွင် ရှိနေပါက သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း ဧကန်မုချပင် သင်နှင့်အတူရှိနေလိမ့်မည်။ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သင့် အထဲတွင် သေချာပေါက် ရှိလိမ့်မည် မဟုတ်ချေ၊ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူး အချိန်အခါများတွင် အလုပ်လုပ်သောကြောင့် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်းသည် လူတို့၏ ပုံမှန် အသက်ရှင်ရေးကို ထိန်းသိမ်းပေးနိုင်ရုံသာ ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်မှာမူ အချို့သော အချိန်အခါများတွင်သာ အလုပ်လုပ်သည်။ သာဓက အနေဖြင့် အကယ်၍ သင်သည် ခေါင်းဆောင်တစ်ယောက် သို့မဟုတ် လုပ်ဆောင်သူတစ်ယောက်ဖြစ်လျှင်၊ သင်သည် အသင်းတော်ကို ရေလောင်းပြီး အာဟာရကျွေးမွေးသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသူများကို စိတ်ဓာတ်မြှင့်တင်ပေးတတ်ပြီး အချို့သော သင့်ညီအစ်ကိုမောင်နှမများ၏ လက်တွေ့ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် နှုတ်ကပတ်တော်အချို့ကို သင့်အား ဉာဏ်အလင်းရစေလိမ့်မည်၊ ယင်းအချိန်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေသည့် အချိန်ပင် ဖြစ်သည်။ တစ်ခါတစ်ရံ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် စာလုံးအချို့နှင့် သင့်ကို ဉာဏ်အလင်းပေးသောအခါ ယင်းအရာများကို သင်သည် မိမိကိုယ်တိုင်၏ အတွေ့အကြုံများနှင့် အထူးသဖြင့် တိုက်ဆိုင် စစ်ဆေး၍ ရနိုင်သည်ကို သိလေပြီး မိမိကိုယ်တိုင်၏ အခြေအနေနှင့် ပတ်သက်သော သာ၍ကြီးမားသည့် အသိပညာကို သင့်အား ပေးလေသည်၊ ဤသည်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ပင် ဖြစ်သည်။ တစ်ခါတစ်ရံ ငါပြောကြားသောအခါ သင်တို့နားထောင်ကြပြီးလျှင် သင်တို့ကိုယ်တိုင်၏ အခြေအနေများကို ငါ၏နှုတ်ကပတ်တော်များနှင့်ယှဉ်၍ သင်တို့ တိုင်းထွာချင့်ချိန် နိုင်ကြသည်၊ ထို့ပြင် တစ်ခါတစ်ရံ သင်သည် တို့ထိခံရသည် သို့မဟုတ် လှုံဆော်ခံရသည်၊ ဤအရာအားလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ အချိန်တိုင်းတွင် အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်မှာ ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ပြသနေပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေသည်ဟု သူတို့ပြောပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရသည်ဟု သူတို့ပြောကာ၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောမည်ဆိုပါက၊ ဤသည်မှာ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ အလွန့်အလွန် သဘာဝလွန်သောအရာဖြစ်သည်။ ယင်းသို့သော လူများသည် ဆိုးညစ်သော ဝိညာဉ်များ ဖြစ်ကြသည်မှာ သံသယဖြစ်စရာ မလိုချေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည်ပင်လျှင် လူ့ဇာတိထဲသို့ ဆင်းကြွလာသောအခါတွင် သူစားသောက်ရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားကို မဆိုနှင့်ဦးတော့။ နတ်ဆိုးစွဲသောသူများသည် ဇာတိပကတိ၏ အားနည်းချက် မရှိသည့်ပုံပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်ကာ စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် စိတ်ခံစားချက်များ ကင်းမဲ့ကြသည်၊ ၎င်းတို့သည် ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်စွမ်းနိုင်ပြီးလျှင်၊ မောပန်းနွမ်းနယ်ခြင်းကို စိုးစဉ်းမျှပင် မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက်သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန်မှပင် သဘာဝလွန်သောအရာ ဖြစ်သည်မဟုတ်လော။ နတ်ဆိုး၏ အလုပ်သည် သဘာဝလွန်ဖြစ်ပြီး ဤအရာများကို လူသားမှ ကြိုးပမ်းရရှိနိုင်ခြင်း မရှိချေ။ ထိုးထွင်းသိမြင်မှုကင်းမဲ့သောသူများကမူ ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြကာ၊ ထိုသူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်း၌ ထိုသို့သောအားမာန်ရှိပြီး သူတို့တွင် ကြီးမားသောယုံကြည်မှုရှိသဖြင့် သူတို့သည် မည်သည့်အခါမျှ အားနည်းခြင်းမရှိကြပါဟု ပြောဆိုကြသည်။ စင်စစ်တွင်မူ ဤသည်မှာ နတ်ဆိုးအလုပ်၏ သရုပ်သကန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၂

ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သင်၏ သန္နိဋ္ဌာန်ကို ကိုင်လှုပ်နိုင်သည့်အရာများ၊ သင်၏ စိတ်နှလုံး၌ နေရာယူနိုင်သည့်အရာများ၊ သို့မဟုတ် သင်၏တာဝန်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၄

လူသည် လေးနက်စွာ ရှင်သန်နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိ အခြေ အနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၇

သင်တို့အားလုံးသည် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့အလယ်တွင် ရှိကြ၏။ စစ်ဆေးခြင်းအတွင်းတွင် သင်သည် ဘုရားသခင်ကို အဘယ်သို့ ချစ်သင့်သနည်း။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၉

လူအများအပြားသည် ဘုရားသခင်အမှုအမျိုးမျိုးနှင့် ကွဲပြားမှုများကို မသိသောကြောင့်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိဉာဏ်နှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။