ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၆

သင်တို့၏ ယုံကြည်ခြင်းသည် လွန်စွာစစ်မှန်သော်လည်း သင်တို့အကြား မည်သူတစ်ဦးမျှ ငါမည်သူ ဆိုသည်ကို စေ့စပ်သေချာစွာ ရှင်းပြနိုင်စွမ်းမရှိ၊ ထို့အပြင် သင်တို့အကြား မည်သူတစ်ဦးမျှ သင်တို့မြင်သမျှ တကယ့်ဖြစ်ရပ်များကို အပြည့်အဝ သက်သေခံနိုင်စွမ်းမရှိပါ။ စဉ်းစားကြည့်ပါ။ ယခု သင်တို့အများစုသည် တာဝန်ဝတ္တရားများ ပျက်ကွက်နေကြ၏။ တာဝန်များ ထမ်းဆောင်မည့်အစား ဇာတိပကတိ၏ အမှုအရာများ နောက်လိုက်၍ ဇာတိပကတိကို အာသာဖြေလျက် ဇာတိပကတိကို လောဘတကြီး ခံစားနေကြ၏။ သင်တို့တွင် သမ္မာတရား နည်း၏။ သို့ဖြစ်လျှင် သင်တို့တွေ့ခဲ့သမျှ ခပ်သိမ်းကို မည်သို့ သက်သေခံနိုင်မည်နည်း။ သင်တို့သည် ငါ၏သက်သေ ဖြစ်နိုင်မည်ဟူသည့်အပေါ် မိမိကိုယ်ကိုယ် ယုံကြည်စိတ် အကယ်ပင်ရှိသလား။ တစ်နေ့ သင်သည် ယနေ့တွေ့ခဲ့သမျှ အရာခပ်သိမ်းကို သက်သေမခံနိုင်ပါက သင်သည် ဖန်ဆင်းခံရသူ တစ်ဦး၏ အသုံးဝင်မှု ဆုံးရှုံးခဲ့ပြီ ဖြစ်လိမ့်မည်။ သင်တည်ရှိနေမှုမှာ လုံးဝအဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ သင်သည် လူသားတစ်ဦး ဖြစ်ထိုက်မည် မဟုတ်ပေ။ သင်သည် လူသားတစ်ဦး မဟုတ်ဟုပင် ပြောနိုင်သည်။ ငါသည် သင့်အပေါ် ဆောင်ရွက်ခဲ့သည်မှာ အတိုင်းအတာမရှိသည့် ပမာဏဖြစ်သည်။ သို့ရာတွင် ပစ္စုပ္ပန်၌ သင်သည် မည်သည့်အရာမျှ သင်ယူခြင်းမရှိ၊ မည်သည့်အရာမျှ မသိ၊ ထို့အပြင် သင်လုပ်ကိုင်သည်မှာ အချည်းနှီးသာဖြစ် သောကြောင့် ငါ၏အမှုကို တိုးချဲ့ရန် လိုသည့်အခါ သင်၏မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိဘဲ ငေးစိုက်နေမည်၊ ဘာမျှမပြောနိုင်ဘဲ လုံးဝအသုံးမကျဖြစ်မည်။ ထိုသို့ဖြစ်လျှင် သင်သည် တုနှိုင်းရန်မရှိသော အပြစ်သားတစ်ဦး ဖြစ်မနေဘူးလား။ ထိုအချိန်ရောက်သည့်အခါ သင်သည် ကြီးစွာသော နောင်တ မရပေဘူးလား။ စိတ်ဓာတ်မကျ ပေဘူးလား။ ဤအရာခပ်သိမ်းကို ငါပျင်း၍ လုပ်နေခြင်းမဟုတ်ဘဲ ငါ၏ အနာဂတ်အမှုအတွက် အခြေခံ အုတ်မြစ်ချရန် လုပ်နေခြင်းဖြစ်သည်။ ငါသည် ထွက်ပေါက်မရှိသော အခြေအနေ ရောက်နေသဖြင့် အရာအသစ်တစ်ခုခု အားထုတ်ကြံစည်ရန် လိုနေသည်မဟုတ်။ ငါဆောင်ရွက်သည့် အမှုတော်သည် ကလေးကစားစရာ မဟုတ်ဘဲ ငါ့အဖကို ကိုယ်စားပြုနေခြင်း ဆိုသည်ကို သင်နားလည်သင့်သည်။ ဤအရာခပ်သိမ်းကို ငါကိုယ်တိုင် တစ်ယောက်တည်း လုပ်နေခြင်း မဟုတ်ကြောင်းကို သင်တို့သိသင့်သည်။ အကယ်စင်စစ်မူ ငါသည် ငါ့အဖကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။ ဤအတောအတွင်း သင်၏ အခန်းကဏ္ဍသည် လိုက်နာရန်၊ နာခံရန်၊ ပြောင်းလဲရန်နှင့် သက်သေခံရန်သာ ဖြစ်သည်။ သင်နားလည်ရမည်မှာ သင်ငါ့ကို အဘယ်အကြောင်းကြောင့် ယုံကြည်ရမည်ဟူသည့် အချက်ပင် ဖြစ်သည်။ ဤသည်မှာ သင်တို့တစ်ဦးစီ နားလည်ရမည့် အရေးကြီးဆုံး မေးခွန်းဖြစ်သည်။ ငါ့အဖ၏ ဘုန်းတော်အတွက် ငါ့အဖသည် ဤလောကကို ဖန်ဆင်းသည့် အချိန်ကပင် ငါ့အတွက် သင်တို့အားလုံးကို ရှေးမဆွက ခွဲခန့်မှတ်သားပြီးဖြစ်၏။ ငါ၏အမှုအတွက်နှင့် သူ၏ ဘုန်းတန်ခိုးအတွက်မှလွဲ၍ အခြား မည်သည့် အရာအတွက်မျှ ကိုယ်တော်ရှင်သည် သင်တို့ကို ရှေးမဆွက ခွဲခန့်မှတ်သားခဲ့ခြင်း မဟုတ်ပါ။ ငါ့အဖကြောင့် သင်ငါ့ကို ယုံကြည်ခြင်း ဖြစ်သည်။ ငါ့အဖမှ သင်တို့ကို ရှေးမဆွက ခွဲခန့်မှတ်သားခြင်းကြောင့်သာ သင်ငါ့နောက်သို့ လိုက်ခြင်းဖြစ်သည်။ ဤအရာတစ်ခုမျှ သင်တို့ကိုယ်တိုင်၏ ရွေးချယ်ချက် မဟုတ်ပါ။ သာ၍ အရေးကြီးသည်မှာ ငါ့အတွက် သက်သေခံရန် ရည်ရွယ်ချက်ဖြင့် ငါ့အဖ ငါ့ကိုအပ်နှင်းပေးသည်မှာ သင်တို့ ဖြစ်ကြောင်း သင်တို့ နားလည်ရန် ဖြစ်သည်။ သင်တို့ကို ငါ့အတွက် အပ်နှင်းပေးသဖြင့် သင်တို့သည် ငါချမှတ်ပေးသော လမ်းခရီးများကို လိုက်နာ၍ ငါသင်ပေးသော နှုတ်ကပတ်တော်များကို လိုက်နာရမည်။ အဘယ်ကြောင့်ဆိုသော် ငါ၏ လမ်းခရီးများအတိုင်း လိုက်နာရန်မှာ သင်တို့၏ တာဝန်ဖြစ်၍ ဖြစ်သည်။ ဤသည်မှာ ငါ့အပေါ် သင်တို့ ယုံကြည်ခြင်း၏ မူလရည်ရွယ်ချက်ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ငါ၏ လမ်းခရီးများကို လိုက်နာရန် ငါ့အဖက ငါ့ကိုအပ်နှင်းပေးလိုက်သော သူများသာလျှင် ဖြစ်သည်ဟု ငါသင်တို့ကို ပြောမည်။ သို့ရာတွင် သင်တို့သည် ငါ့ကို ယုံကြည်ရုံသာ ယုံကြည်ကြ၏။ သင်တို့သည် ဣသရေလ မိသားစုမှ မဟုတ်သဖြင့် သင်တို့သည် ငါနှင့်မသက်ဆိုင်။ ထိုအစား ရှေးဟောင်းမြွေဆိုးနှင့် သက်ဆိုင်သော အမျိုးဖြစ်၏။ ငါသင်တို့ကို ဆောင်ရွက်ရန် တောင်းဆိုသည်မှာ ငါ့အတွက် သက်သေခံရန်သာ ဖြစ်သော်လည်း ယနေ့ သင်တို့သည် ငါ၏ လမ်းခရီးများအတိုင်း လျှောက်ရမည်။ ဤအရာခပ်သိမ်းသည် အနာဂတ် သက်သေ ခံချက်များအတွက် ဖြစ်၏။ ငါ၏ လမ်းခရီးများကို နားထောင်သူများအဖြစ်သာ သင်တို့ လုပ်ဆောင်ပါက သင်တို့သည် တန်ဖိုးလုံးဝမရှိဘဲ သင်တို့ကို ငါ့အဖ ငါ့အား အပ်နှင်းပေးရခြင်း၏ ရည်ရွယ်ချက်သည်လည်း ပျောက်ဆုံးလိမ့်မည်။ သင်တို့ကို ငါအခိုင်အမာ ပြောသည်မှာ “သင်တို့သည် ငါ၏ လမ်းခရီးများအတိုင်း လျှောက်ရမည်” ဟူ၍ ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၂

ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၇၈

“တရားစီရင်ခြင်း” ဟူသော စကားလုံးကို ဖော်ပြသည်နှင့်၊ နေရာဒေသအားလုံးရှိလူများကို လမ်းပြဖို့ ယေဟောဝါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၆

နောက်တစ်ခုမှာ အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာဖြစ်၏။ အစေခံသူများ၏ ဇာစ်မြစ်များအကြောင်းကို ငါတို့ပြောဆိုခဲ့ကြပြီ၊ ဆိုလိုသည်မှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၅

ယနေ့ ဘုရားသခင်ကို သင်မည်မျှချစ်သနည်း။ ထို့ပြင် သင့်အထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော အရာအားလုံးကို သင်မည်မျှသိသနည်း။ ဤအရာများမှာ သင့်အနေဖြင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။