ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” | ကောက်နုတ်ချက် ၄၇၆

ပေတရုသည်စုံလင်စေရန် ပြုခြင်းကို ခံခဲ့ရသော သူတစ်ယောက် ဖြစ်သည်။ ပြစ်တင်ဆုံးမမှု နှင့် တရားစီရင်ခြင်းကို ကြုံတွေ့ပြီး၊ ထိုသို့အားဖြင့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းကို ရရှိပြီးသည့် နောက်မှသာလျှင်၊ သူသည် ပြည့်ဝစွာ စုံလင်သွားခြင်း ဖြစ်သည်။ သူလျှောက်ခဲ့သော လမ်းကြောင်း သည် စုံလင်စေရန် ပြုပေးသည့် လမ်းကြောင်းဖြစ်သည်။ ပြောရမည်ဆိုလျှင်၊ အစအဦးကတည်းက ပေတရု လျှောက်ခဲ့သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်ခဲ့ပြီး၊ ဘုရားသခင်အား ယုံကြည် ခြင်းအတွက် သူ၏ ရည်ရွယ်ချက်မှာလည်း မှန်ကန်သော ရည်ရွယ်ချက် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်၊ ထို့ကြောင့်ပင် သူသည် စုံလင်စေရန် ပြုခြင်းကို ခံရသောသူတစ်ယောက် ဖြစ်လာခဲ့သည်။ လူတို့ မည်သည့်အခါကမျှ မလျှောက်ခဲ့သော အသစ်သော လမ်းကြောင်းတစ်ခုအပေါ် နင်းလျှောက်ခဲ့ခြင်း ဖြစ်သည်၊ ပေါလု အစအဦး ကတည်းက လျှောက်ခဲ့သော လမ်းကြောင်းမှာမူ ခရစ်တော်နှင့် ဆန့်ကျင်သော လမ်းကြောင်း ဖြစ်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်မှ သူ့အား အသုံးပြုရန် ဆန္ဒရှိခဲ့ခြင်းကြောင့် သာလျှင်၊ သူ၏ အလုပ်အတွက် ၎င်း၏ ဆုကျေးဇူးများနှင့် ၎င်း၏ ထူးချွန်မှုများ၏ အကျိုးကို ရယူရန် ဆန္ဒရှိခဲ့ခြင်းကြောင့် သာလျှင်၊ သူသည် ခရစ်တော်အတွက် ဆယ်စုနှစ်အချို့ကြာ အမှုထမ်းခဲ့ခြင်း ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှ အသုံးပြုခဲ့သော တစ်စုံတစ်ယောက်မျှသာ ဖြစ်ခဲ့ပြီး၊ ယေရှုမှ သူ၏ လူ့သဘာဝ အပေါ်တွင် အကောင်းမြင် ခဲ့သောကြောင့် သူသည်အသုံးခံခဲ့ရခြင်း မဟုတ်ပဲ၊ သူ၏ ဆုကျေးဇူးများကြောင့်သာ ဖြစ်သည်။ ယေရှုအတွက် သူအမှုထမ်းနိုင်ခဲ့ရခြင်းမှာ သူသည် ထိုးနှက်ခံခဲ့ရခြင်း ကြောင့်သာဖြစ်ပြီး၊ ထိုသို့လုပ်ရသည်ကို သူပျော်သောကြောင့် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်း ဖွင့်ပြခြင်းနှင့် လမ်းပြမှုကြောင့်သာ သူသည် ယင်းကဲ့သို့သော အလုပ်ကို ထမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပြီး၊ သူလုပ်ခဲ့သော အလုပ်မှာ မည်သို့နှင့်မျှ သူ၏ လိုက်ခြင်း သို့မဟုတ် သူ၏ လူ့သဘာဝကို ကိုယ်စားမပြုခဲ့ပါ။ ပေါလု၏ အလုပ်သည် အစေခံ တစ်ယောက်၏ အလုပ်ကိုသာ ကိုယ်စားပြုသည်၊ ပြောရမည်ဆိုလျှင် သူသည် တမန်တော်တစ်ဦး၏ အလုပ်ကိုသာ ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ပေတရုကမူ ကွဲပြားခြားနားသည်။ သူသည်လည်း အလုပ်တစ်ချို့ကို ထမ်းဆောင်ခဲ့သည်၊ သို့သော်လည်း ယင်းမှာ ပေါလု၏ အလုပ်ကဲ့သို့ မကြီးကျယ်ခဲ့ပါ။ သူသည် မိမိ၏ကိုယ်ပိုင် ဝင်ရောက်ခြင်းအား လိုက်ခြင်းအကြားတွင် ထမ်းဆောင်ခဲ့ပြီး၊ သူ၏ အလုပ်မှာ ပေါလု၏ အလုပ်နှင့် ကွဲပြား ခြားနားသည်။ ပေတရု၏ အလုပ်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းအား သူ၏ လိုက်ခြင်း ကာလအတောအတွင်း မှလွဲ၍ သူသည် တမန်တော် တစ်ဦး၏ နေရာတွင် မထမ်းဆောင်ခဲ့ပါ။ ပေါလု၏ အလုပ်တွင်လည်း သူ၏ တကိုယ်ရည် လိုက်ခြင်း ပါဝင်ခဲ့ သည်။ သူ၏ လိုက်ခြင်းသည် အနာဂတ်အတွက် သူ၏ မျှော်လင့်ချက်များနှင့် သူ၏ ကောင်းမွန်သော ပန်းတိုင်အား လိုချင်မှုတို့ အတွက်မှလွဲ၍ အခြားမည်သည့်အတွက်မှ မဟုတ်။ သူ၏ အလုပ်ကာလအတွင်း သူသည် စစ်ဆေးခြင်းအား မခံယူခဲ့သကဲ့သို့ သူသည် ဆုံးမခြင်းနှင့် ပြုပြင်ခြင်းကိုလည်း မခံယူခဲ့ပေ။ သူလုပ်သည့် အလုပ်သည် ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေနေသ၍၊ သူလုပ်သည့် အလုပ်သည် ဘုရားသခင်အား စိတ်ကျေနပ်စေနေသ၍၊ အဆုံးတွင် သူ့အား ဆုလာဘ်တစ်ခုမှ စောင့်ကြိုနေသည်ဟု သူ ယုံကြည်ခဲ့သည်။ သူ၏ အလုပ်ထဲတွင် ကိုယ်ပိုင် အတွေ့အကြုံများ မရှိခဲ့ပေ၊ အားလုံးမှာ သူ၏ ကိုယ်ကျိုး အတွက်သာဖြစ်ပြီး၊ ပြောင်းလဲခြင်းအား လိုက်ခြင်းအလို့ငှာ ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပေ။ သူ့အလုပ်ထဲမှ အရာအားလုံးမှာ အရောင်းအဝယ်မျိုးသာ ဖြစ်ခဲ့ပြီး၊ ယင်းတွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ဆက်ကပ်အပ်နှံခြင်း သို့မဟုတ် တာဝန် တစ်ခုမျှ မပါဝင်ပါ။ ပေါလု၏ အလုပ်ကာလ တစ်လျှောက်တွင်၊ သူ၏ ဟောင်းသော စိတ်သဘောထားထဲတွင် ပြောင်းလဲမှု ဘာမျှ မဖြစ်ပွားခဲ့ချေ။ သူ၏အလုပ်မှာ အခြားသူများအား အစေကျွန်ခံခြင်းမျှသာ ဖြစ်ခဲ့ပြီး၊ သူ၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများ ဖော်ဆောင်နိုင်ရန် မတတ်စွမ်းနိုင်ခဲ့ပေ။ ပေါလုသည် သူ၏ အလုပ်အား ပြီးပြည့်စုံလင်အောင် ပြုခံရခြင်း သို့မဟုတ် ဆုံးမခံရခြင်း မရှိပဲ တိုက်ရိုက် ထမ်းဆောင်ခဲ့ပြီး၊ သူသည် ဆုလာဘ်အားဖြင့် ရည်ရွယ်ချက်ရှိံခဲခြင်း ဖြစ်သည်။ ပေတရုကမူ ကွဲပြားခြားနားသည်။ သူသည် ပြုပြင်ခြင်းအား ခံယူခဲ့သူဖြစ်ပြီး၊ ဆုံးမခြင်းနှင့် စစ်ဆေးခြင်းကို ခံယူခဲ့သူလည်း ဖြစ်သည်။ ပေတရုအလုပ်၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်သည် ပေါလု အလုပ်နှင့် အခြေခံအားဖြင့် ကွဲပြား ခြားနားသည်။ ပေတရုသည် အလုပ်ပမာဏ ကြီးမားစွာ မလုပ်ဆောင်ခဲ့သော်ငြားလည်း၊ သူ၏ စိတ်သဘော ထားသည် ပြောင်းလဲမှုများစွာကို ခံယူခဲ့ရပြီး၊ သူဖွေရှာခဲ့သည့် အရာမှာလည်း သမ္မာတရားနှင့် စစ်မှန်သော ပြောင်းလဲမှုပင် ဖြစ်သည်။ သူ၏ အလုပ်အား အလုပ်ကိုယ်တိုင် အတွက်သာ ထမ်းဆောင်ခဲ့ခြင်း မဟုတ်ပေ။ ပေါလုသည် များစွာသော အလုပ်ကို လုပ်ခဲ့သော်ငြားလည်း၊ ယင်းတို့အားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်များသာ ဖြစ်ခဲ့ပြီး၊ ပေါလုသည် ဤအလုပ်ထဲတွင် ပူးပေါင်းပါဝင်ခဲ့သော်လည်း၊ သူသည် ယင်းအရာကို မတွေ့ကြုံ မခံစားခဲ့ပေ။ ပေတရုသည် သာ၍နည်းသော အလုပ်ကို လုပ်ခဲ့ခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် သည် သူမှတစ်ဆင့် များစွာသော အလုပ်ကို မလုပ်ခဲ့သောကြောင့်သာ ဖြစ်သည်။ ၎င်းတို့အလုပ်၏ ပမာဏသည် ၎င်းတို့မှာ စုံလင်စေခြင်း ခံခဲ့ရသလော မခံခဲ့ရသလော အပေါ် ဆုံးဖြတ်သည်မဟုတ်။ တစ်ယောက်သောသူ၏ လိုက်ခြင်းမှာကား ဆုလာဘ်များ ရရန်အလို့ငှာ ဖြစ်ပြီး၊ အခြား တစ်ယောက်၏ လိုက်ခြင်းမှာမူ ဘုရားသခင်၏ အဆုံးစွန်သော ချစ်ခြင်းကို ရရှိနိုင်ရန်နှင့်၊ ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေရန်အတွက် ချစ်ခင်နှစ်သက်ဖွယ် ပုံရိပ်နှင့် သူနေထိုင်သွားနိုင်သည့် အတိုင်းအတာအထိ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်း ခြင်းဖြစ်သည်။ အပြင်ပန်းအရ ၎င်းတို့သည် ကွဲပြားခြားနားကြပြီး၊ ၎င်းတို့၏ အခြင်းအရာများသည်လည်း ကွဲပြားခြားနားကြသည်။ ၎င်းတို့ ဆောင်ရွက်ခဲ့သော အလုပ်ပမာဏကို အခြေခံလျက် ၎င်းတို့အထဲမှ မည်သူမှာ စုံလင်စေခြင်း ခံခဲ့ရသူ ဖြစ်သည်ကို သင်မဆုံးဖြတ်နိုင်ပါ။ ပေတရုသည် ဘုရားသခင် ချစ်ခင်သော လူတစ်ယောက်၏ ပုံရိပ်၊ ဘုရား သခင်အား နာခံသော သူတစ်ယောက်အဖြစ်၊ ပြုပြင်ခြင်းနှင့် ဆုံးမခြင်းကို လက်ခံသော သူတစ်ယောက်အဖြစ်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်းခဲ့သည့် လူတစ်ဦး အနေနှင့် နေထိုင်နိုင်ရန် ဖွေရှာခဲ့သည်။ သူသည် သူကိုယ်တိုင်၏ အလုံးစုံကို ဘုရားသခင်၏ လက်ထဲထည့်ထားရန်၊ သေဆုံးသည်အထိ သူ့အား နာခံနိုင်ရန် မိမိကိုယ်ကို ဘုရားသခင်ထံဆက်ကပ်နိုင်ခဲ့သည်။ ဤသည်မှာ သူ လုပ်ဆောင်ရန် အဓိဋ္ဌာန်ပြုထားသော အရာပင်ဖြစ်ပြီး၊ ထို့အပြင် သူပြီးမြောက် အောင်မြင်သွားသော အရာပင် ဖြစ်သည်။ သူ၏နိဂုံးသည် ပေါလု၏နိဂုံးနှင့် ကွဲပြားခြားနားရခြင်း၏ အခြေခံအကြောင်းတရားမှာ ဤသည်ပင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်မှ ပေတရုအပေါ် ပြုခဲ့သည့် အလုပ်မှာ သူ့အား စုံလင်စေရန် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်မှ ပေါလုအပေါ် ပြုခဲ့သော အလုပ်မှာမူ သူ့အား အသုံးပြုရန်ပင် ဖြစ်သည်။ ယင်းကြောင့်ပင် ၎င်းတို့၏ သဘာဝများနှင့် လိုက်ခြင်းအပေါ် ထားရှိသည့် ၎င်းတို့၏ အမြင်များသည် မတူညီ ရခြင်း ဖြစ်သည်။ နှစ်ဦးစလုံးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း ရှိသည်။ ပေတရုသည် ဤအလုပ်အား မိမိကိုယ်ကိုအပေါ် အသုံးချပြီး၊ အခြားသူများ အတွက်လည်း ထောက်ပံ့ပေးသည်။ ပေါလု မှာမူ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း အလုံးစုံကို အခြားသူများ အတွက်သာ ထောက်ပံ့ပေးပြီး၊ ယင်းထဲမှ မိမိကိုယ်ကိုအတွက် ဘာမျှ မရယူခဲ့ပေ။ ဤသို့ဖြင့်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရပြီးနောက်၊ ပေါလုအထဲမှ ပြောင်းလဲခြင်းသည် အမှန် တကယ်မရှိခြင်းနှင့် နီးစပ်နေသည်။ သူသည် သူ၏ ပင်ကိုယ်သဘာဝ အခြေအနေအတိုင်းကျန်ရစ်လျက်ပင် ရှိနေခဲ့ပြီး၊ ယခင်က ပေါလုပင် ဖြစ်နေခဲ့သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ရင်း အခက်အခဲဒုက္ခကို ကြံ့ကြံ့ခံ ခဲ့ခြင်း၏ နောက်ပိုင်းတွင်၊ သူသည် မည်ကဲ့သို့ လုပ်ဆောင်ရမည်နှင့် မည်ကဲ့သို့ ကြံ့ကြံ့ခံရမည်ကို သင်ယူခဲ့ရ ခြင်းမျှသာ ဖြစ်ပြီး၊ သူ၏ အလွန်ပင် နိုင်လိုစိတ်ပြင်း၍ ကြေးစားသဘောရှိသော သဘောဝဖြစ်သည့် သူ၏ ပင်ကိုယ်သဘာဝ အဟောင်းမှာ ကျန်ရစ်လျက်ပင် ရှိသေးသည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်၊ သူ သည် မိမိ၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို မသိသကဲ့သို့၊ မိမိ၏ ဟောင်းသော စိတ်သဘောထား ကိုလည်း မစွန့်ပစ်ပဲ၊ ယင်းအရာသည် သူ၏ အလုပ်ထဲ၌ ရှင်းလင်းစွာ တွေ့မြင်နေခဲ့ရဆဲ ဖြစ်သည်။ သူ၏ အထဲတွင် အလုပ်အတွေ့အကြုံ ပိုများနေခဲ့ခြင်း မျှသာဖြစ်သည်၊ သို့သော် ထိုသေးနုပ်သော အတွေ့အကြုံ တစ်ခုတည်းသည် သူ့အား ပြောင်းလဲရန် တတ်စွမ်းနိုင်ခြင်း မရှိခဲ့၊ ပြီးလျှင် သူ့လိုက်ခြင်း၏ အရေးပါမှု သို့မဟုတ် တည်ရှိဖြစ်တည်မှုနှင့် ပတ်သက်သည့် သူ၏ အမြင်များကိုလည်း ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိခဲ့။ ခရစ်တော်အတွက် သူသည် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး၊ သခင်ယေရှုအား နောက်တစ်ဖန် မည်သည့် အခါမျှ မညှည်းဆဲတော့ သော်ငြားလည်း၊ သူ၏ နှလုံးသားတွင်မူ ဘုရားသခင်နှင့် ပတ်သက်၍ သူ၏ အသိ ပညာသည် ပြောင်းလဲခြင်း မရှိခဲ့ပေ။ ယင်းအရာက ပြဆိုနေသည်မှာ ဘုရားသခင်ထံ မိမိကိုယ်ကို ဆက်ကပ်ရန် အလို့ငှာ သူသည် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပဲ၊ ထိုအစား၊ သူ၏ အနာဂတ် ပန်းတိုင်အတွက် အတင်းအကျပ် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ အစအဦး၌ သူသည် ခရစ်တော်အား ညှည်းဆဲ ခဲ့ပြီး၊ ခရစ်တော်ထံ မဆက်ကပ် မအပ်နှံခဲ့သောကြောင့် ဖြစ်သည်။ သူသည် ပင်ကိုယ်ဗီဇအားဖြင့် ခရစ်တော် အား တမင်တကာ ညှည်းဆဲသော ပုန်ကန်သူတစ်ဦးဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ အသိပညာ မရှိသောသူ တစ်ယောက်ဖြစ်သည်။ သူ့အလုပ်၏ နိဂုံးအပိုင်းတွင်၊ သူသည် သန့်ရှင်း သော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို မသိလျက်ပင် ရှိသေးပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို စိုးစဥ်းမျှပင် အမှုမထားပဲ၊ သူ၏ ပင်ကိုယ်သဘာဝနှင့် ကိုက်ညီသည့် သူ၏ သဘောအတိုင်းသာ ပြုမူခဲ့ခြင်းမျှ ဖြစ်သည်။ ထို့ကြောင့် သူ၏ သဘာဝသည် ခရစ်တော်နှင့် မသင့်မြတ်သော အရာပင်ဖြစ်ပြီး သမ္မာတရားအား နာခံခြင်းလည်း မရှိချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းမှ စွန့်ပယ်ခြင်း ခံရသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို မသိသူနှင့် ခရစ်တော်အားလည်း ဆန့်ကျင်သူဖြစ်သည့် ဤကဲ့သို့သောသူ တစ်စုံတစ်ယောက်သည် မည်သို့လျှင် ကယ်တင်ခံရမည်နည်း။ လူသည် ကယ်တင်ခံရမည်လော၊ မခံရမည် လော ဆိုသည်မှာ သူသည် အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် သူသည် မည်မျှ ဆည်းကပ်သည် တို့အပေါ်တွင် မူတည်နေခြင်း မဟုတ်ပဲ၊ ထိုအစား သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို သိ၊ မသိ၊ သူသည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း ရှိ၊ မရှိနှင့် လိုက်လျှောက်ခြင်းအပေါ် ထားရှိသော သူ၏ အမြင်များသည် သမ္မာတရားနှင့် ညီညွှတ်မှု ရှိ၊ မရှိ စသည်တို့နှင့်သာ သတ်မှတ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။