ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၀

လူအချို့က “ပေါလုသည် ကြီးမားသော အလုပ် ပမာဏကို လုပ်ဆောင်ခဲ့ပြီး၊ သူသည် အသင်းတော်များအတွက် ကြီးစွာသော ဝန်ထုပ်များကို ထမ်းရွက်ခဲ့ကာ ၎င်းတို့အဖို့ အလွန်များစွာ ပံ့ပိုးခဲ့သည်။ ပေါလု၏ သြဝါဒစာ ဆယ့်သုံးစောင်ကို ကျေးဇူးတော်ခေတ်၏ နှစ်ပေါင်း ၂၀၀၀ ကြာ ထိန်းသိမ်းခဲ့ကြပြီး၊ ခရစ်ဝင်ကျမ်း လေးကျမ်းနောက် ဒုတိယနေရာတွင် ရှိလေသည်။ သူနှင့် မည်သူ နှိုင်းယှဉ်နိုင်မည်နည်း။ ယောဟန်၏ ဗျာဒိတ်ကျမ်းကို မည်သူကမျှ ဖတ်ရှု၍ အဓိပ္ပာယ် မဖော်နိုင်ပေ၊ သို့သော် ပေါလု၏ သြဝါဒ စာစောင်များကမူ အသက်တာကို ထောက်ပံ့ပေးပြီး၊ သူ လုပ်ဆောင်ခဲ့သည့် အလုပ်သည် အသင်းတော်များအဖို့ အကျိုးပြုခဲ့သည်။ ထိုသို့သော အရာများကို အခြားမည်သူက စွမ်းဆောင်ရရှိနိုင်မည်နည်း။ ပြီးလျှင် ပေတရုသည် မည်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သနည်း။” ဟူ၍ ပြောကြသည်။ လူက အခြားသူများကို တိုင်းတာသည့်အခါ၊ ၎င်းတို့၏ ပံ့ပိုးမှုများနှင့်အညီ ထိုသို့ လုပ်ဆောင်လေသည်။ ဘုရားသခင်က လူကို အကဲဖြတ်သည့်အခါ၊ လူသား၏ သဘာဝနှင့်အညီ ထိုသို့ လုပ်ဆောင်ပေသည်။ အသက်ကို ဖွေရှာသော သူများအလယ်တွင်၊ ပေါလုသည် မိမိ၏ ကိုယ်ပိုင် အနှစ်သာရကို မသိသောသူတစ်ဦး ဖြစ်သည်။ သူသည် လုံးဝ မနှိမ့်ချခဲ့ သို့မဟုတ် မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သူ၏ အနှစ်သာရကိုလည်း မသိခဲ့ချေ။ ထို့ကြောင့် သူသည် အသေးစိတ်ကျသော အတွေ့အကြုံများကို မကြုံခဲ့ရသောသူဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သော သူတစ်ဦးလည်း ဖြစ်ခဲ့သည်။ ပေတရုမှာမူ ကွဲပြားခြားနားခဲ့၏။ သူသည် သူ၏ မပြည့်စုံမှုများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေနှင့် သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို သိခဲ့သည်၊ ထို့ကြောင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု သူ ရှိခဲ့သည်။ သူသည် အယူဝါဒသာ ရှိသော်လည်း၊ လက်တွေ့အရှိတရား မပိုင်ဆိုင်သော သူများထဲမှ တစ်ဦး မဟုတ်ခဲ့ချေ။ ပြောင်းလဲသော သူတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်သည့် လူသစ်များ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်း၌ အရည်အချင်း ပြည့်မီကြသူများ ဖြစ်ကြသည်။ မပြောင်းလဲသော လူတို့သည် အလိုအလျောက် ခေတ်နောက်ကျသွားသော သူများနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ကယ်တင်ခြင်း မခံရသေးသော သူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းခံရသော သူများ ဖြစ်ကြပေသည်။ ၎င်းတို့၏ အလုပ်သည် မည်မျှကြီးမြတ်သည် ဖြစ်ပါစေ၊ ဘုရားသခင်၏ အောက်မေ့ခြင်းကို ခံရလိမ့်မည် မဟုတ်။ ဤအရာကို သင်၏ ကိုယ်ပိုင် လိုက်စားခြင်းနှင့် နှိုင်းယှဉ်သောအခါတွင်၊ နောက်ဆုံးတွင် သင်သည် ပေတရု သို့မဟုတ် ပေါလုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်၊ မဖြစ်သည်မှာ ပကတိရှင်းနေပြီးသား ဖြစ်သင့်သည်။ သင်ဖွေရှာသော အရာတွင် သမ္မာတရား မရှိသေးပါက၊ ပြီးလျှင် ယနေ့တွင်ပင်လျှင် သင်သည် ပေါလုကဲ့သို့ မာနထောင်လွှားပြီး ပမာမခန့် ဖြစ်နေဆဲဖြစ်ကာ၊ သူကဲ့သို့ ရွှန်းရွှန်းဝေအောင် ပြောတတ်ပြီး ဝါကြွားဆဲဖြစ်ပါက၊ သင်သည် ရှုံးနိမ့်သည့် အကျင့်ဆုတ်ယုတ်သူ တစ်ယောက် ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ သင်သည် ပေတရုကဲ့သို့ ကြိုးစားပါက၊ သင်သည် လက်တွေ့လုပ်ဆောင်မှုများနှင့် စစ်မှန်သည့် ပြောင်းလဲခြင်းများကို ရှာဖွေပြီး၊ မာနမထောင်လွှားဘဲ သို့မဟုတ် တစ်ဇွတ်ထိုး မလုပ်ဘဲ၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားပါက၊ သင်သည် အောင်နိုင်ခြင်းကို စွမ်းဆောင်ရရှိနိုင်သည့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ပေလိမ့်မည်။ ပေါလုသည် မိမိကိုယ်တိုင်၏ မနာခံခြင်းကို သိရန် မဆိုထားနှင့်၊ မိမိ ကိုယ်တိုင်၏ အနှစ်သာရ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို မသိခဲ့ချေ။ သူသည် ခရစ်တော်နှင့် သက်ဆိုင်သည့် သူ၏ စက်ဆုပ်ဖွယ် အာခံမှုကို မဖော်ပြခဲ့သကဲ့သို့၊ သူသည် လွန်ကဲစွာ နောင်တရခြင်းလည်း မရှိခဲ့ပေ။ အကျဉ်းရုံး ရှင်းပြချက်တစ်ခုကိုသာ သူပေးခဲ့ပြီး၊ သူ၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်း မရှိခဲ့ပေ။ သူသည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် လဲကျခဲ့သော်လည်း၊ သူသည် မိမိ၏စိတ်တွင်း ကို မဆန်းစစ်ခဲ့ချေ။ သူသည် အလုပ်လုပ်မြဲ လုပ်နေရရုံမျှနှင့် ရောင့်ရဲခဲ့ပြီး၊ မိမိကိုယ်ကိုယ် သိခြင်းနှင့် သူ၏ စိတ်သဘောထားဟောင်းအား ပြောင်းလဲခြင်းတို့ကို အရေးပါဆုံးသော ကိစ္စရပ်များအဖြစ် သူ မမှတ်ယူခဲ့ချေ။ သမ္မာတရားအား ပြောဆိုခြင်းမျှဖြင့်၊ သူ၏ ကိုယ်ပိုင် ဩတ္တပ္ပစိတ်အတွက် အခြားသူများကို ကျွန်တစ်ဦးသဖွယ် ထောက်ပံ့ပေးခြင်းမျှဖြင့်၊ သူ့ကိုယ်သူ ဖြေသိမ့်ရန်နှင့် အတိတ်မှ သူ၏ အပြစ်များကို မိမိဘာသာ ဖြေလွှတ်ရန် ခရစ်တော်၏ နောက်လိုက်များအား နှိပ်စက်ညှဉ်းပန်းမှု မပြုတော့ခြင်းမျှဖြင့် သူသည် ကျေနပ်နေခဲ့သည်။ သူ လိုက်စားခဲ့သော ပန်းတိုင်သည် အနာဂတ် သရဖူနှင့် အချိန်ပိုင်းမျှသာခံသော အလုပ်ထက် ဘာမျှမပိုပေ၊ သူ လိုက်စားခဲ့သော ပန်းတိုင်သည် ကြွယ်ဝသော ကျေးဇူးတော် ဖြစ်သည်။ သူသည် လုံလောက်သော သမ္မာတရားကို မဖွေရှာခဲ့သကဲ့သို့၊ ယခင်က သူနားမလည်ခဲ့သော သမ္မာတရားထဲသို့လည်း သာ၍ နက်ရှိုင်းစွာ တိုးတက်ရန် မကြိုးစားခဲ့ချေ။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည် မှားယွင်းသည်ဟု ပြော၍ရပြီး၊ သူသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းကို လက်မခံခဲ့ချေ။ သူ အလုပ်လုပ်နိုင်ခဲ့သည်မှာ သူသည် မိမိကိုယ်တိုင်၏ သဘာဝ သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်၍ အသိပညာကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။ သူ၏ အာရုံစိုက်မှုမှာ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသာ ဖြစ်ခဲ့သည်။ ထို့အပြင် သူကြိုးပမ်းခဲ့သည့်အရာမှာ ပြောင်းလဲမှု မဟုတ်ဘဲ အသိပညာ ဖြစ်ခဲ့သည်။ သူ၏ အလုပ်သည် ဒမာသက်သို့ သွားရာလမ်းပေါ်တွင် ယေရှု၏ ပေါ်ထွန်းခြင်း ရလဒ် လုံးလုံးဖြစ်ခဲ့သည်။ ယင်းမှာ သူသည် မူလက လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ခဲ့သည့်အရာ မဟုတ်သကဲ့သို့၊ ယင်းမှာ သူ၏ စိတ်သဘောထားဟောင်းကို ပြုပြင်ခြင်းအား လက်ခံပြီးသည့်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အလုပ်လည်း မဟုတ်ခဲ့ချေ။ သူသည် မည်သို့ အလုပ်လုပ်ခဲ့သည် ဖြစ်စေ၊ သူ၏ ဟောင်းသော စိတ်သဘောထားသည် မပြောင်းလဲခဲ့ချေ၊ ထို့ကြောင့် သူ၏ အလုပ်သည် သူ၏အတိတ်က အပြစ်များကို မဖြေလွှတ်ခဲ့ဘဲ၊ ထိုအချိန်က အသင်းတော်များအလယ် အချို့သော အခန်းကဏ္ဍ၌ လုပ်ဆောင်ခဲ့ရုံမျှ ဖြစ်ခဲ့သည်။ ဤကဲ့သို့သော မိမိ၏ စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်း မရှိသည့် လူတစ်ယောက်အနေနှင့် ဆိုလိုသည်မှာ၊ ကယ်တင်ခြင်းအား မရရှိခဲ့သကဲ့သို့ သာ၍ပင် သမ္မာတရား မရှိသောသူတစ်ဦးအနေဖြင့် သူသည် သခင်ယေရှုက လက်ခံသော သူများထဲမှ တစ်ဦး ဖြစ်လာနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။ သူသည် ယေရှုခရစ်တော်အား ချစ်ခြင်းနှင့် ရိုသေလေးမြတ်မှုတို့ဖြင့် ပြည့်သည့် လူတစ်ဦး မဟုတ်ခဲ့သကဲ့သို့၊ သူသည် လူ့ဇာတိခံယူခြင်း၏ နက်နဲမှုကို ရှာဖွေခဲ့သူတစ်ဦး ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားအား ဖွေရှာရာ၌ ကျွမ်းကျင်သော သူတစ်ဦးလည်း မဟုတ်ခဲ့ပေ။ သူသည် တစ်ပတ်ရိုက်ခြင်းတွင် ကျွမ်းကျင်သော သူတစ်ယောက်မျှ ဖြစ်ခဲ့ပြီး မိမိထက် မြင့်သောသူများ သို့မဟုတ် သမ္မာတရားကို ပိုင်ဆိုင်သော သူများကို အလျှော့မပေးမည့်သူ သူတစ်ယောက်မျှ ဖြစ်ခဲ့ပေသည်။ ဆုကျေးဇူးခံစားရသော ထိုသူများနှင့် ကြီးမြတ်သော ပုံရိပ်ကို ကိုယ်စားပြုပြီး သိမ်မွေ့နက်နဲသည့် အသိပညာကို ပိုင်ဆိုင်ထားကြသည့် သူများကို သာ၍ နှစ်သက်ရင်း၊ သူနှင့် ဆန့်ကျင်သော လူများ သို့မဟုတ် သမ္မာတရားများ သို့မဟုတ် သူ့ကို ရန်လိုသော သူများကို သူသည် မနာလိုဝန်တိုခဲ့သည်။ သူသည် မှန်သော လမ်းခရီးကို ရှာဖွေပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့် အရာကိုမျှ အရေးမစိုက်သည့် ညံ့ဖျင်းသော လူများနှင့် ထိတွေ့ဆက်ဆံခြင်းကို သူ မနှစ်သက်သကဲ့သို့၊ ထိုအစား အယူဝါဒများကိုသာ ပြောဆိုကြပြီး၊ ကြွယ်ဝသော အသိပညာကို ပိုင်ဆိုင်ထားကြသည့် ဘာသာရေး အဖွဲ့အစည်းများမှ အဆင့်မြင့်သည့် ပုဂ္ဂိုလ်များကိုသာ စိတ်ဝင်စားခဲ့လေသည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သောအလုပ်ကို ချစ်ခြင်း မရှိသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော အလုပ်၏ လှုပ်ရှားမှုကိုလည်း အရေးမစိုက်ခဲ့ပေ။ ထိုအစား သူသည် ယေဘုယျ အမှန်တရားများထက် သာ၍ မြင့်သော ထိုစည်းမျဉ်းများနှင့် အယူဝါဒများကိုသာ ထောက်ခံခဲ့သည်။ သူ၏ သူတော်ကောင်း ယောင်ဆောင်ခြင်းသည် အလွန်များလှပြီး၊ သူ၏ မနာခံမှုသည် အလွန် ကြီးမားလှသည့်အတွက်၊ သူ၏ မွေးရာပါ အနှစ်သာရနှင့် သူ ရှာဖွေခဲ့သည့် အရာ၏အလုံးစုံတွင်၊ သူသည် ဘုရားသခင်၏ အိမ်တော်ရှိ သစ္စာရှိသော အစေခံတစ်ဦးဟု ခေါ်ဆိုခြင်း ခံရရန် မဆိုထားနှင့်၊ သမ္မာတရားအား အားထုတ်သော ခရစ်ယာန် တစ်ယောက်ဟု ခေါ်ဆိုခံရခြင်းငှာ မထိုက်တန်ပေ။ သူ့ကို သခင်ယေရှု၏ အစေခံသူတစ်ဦးအဖြစ် သိထားကြသော်ငြားလည်း၊ အစမှ အဆုံးတိုင် သူ၏ လုပ်ရပ်များသည် ဖြောင့်မတ်သည်ဟု ခေါ်ဆို၍ မရသည့်အတွက်၊ သူသည် ကောင်းကင်နိုင်ငံတော်၏ တံခါးဝကို ဝင်ရောက်ရန် လုံးဝ မသင့်တော်ခဲ့ပေ။ သူ့ကို သူတော်ကောင်း ယောင်ဆောင်ခဲ့ပြီး မဖြောင့်မတ်မှု ပြုခဲ့ပြီး ခရစ်တော်အတွက် အလုပ်လုပ်ခဲ့သူ တစ်ဦးအဖြစ်မျှသာ မြင်၍ ရနိုင်ပေသည်။ သူ့ကို ဆိုးယုတ်သည်ဟု ခေါ်ဆို၍ မရသော်ငြားလည်း၊ မဖြောင့်မတ်မှုကို ပြုခဲ့သော လူတစ်ဦးဟု အလိုက်အထိုက်အားဖြင့် ခေါ်၍ ရသည်။ သူသည် များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သော်လည်း၊ သူလုပ်ဆောင်ခဲ့သည့် အလုပ်ပမာဏ အပေါ်တွင် သူ့ကို အကဲဖြတ်ရမည် မဟုတ်ဘဲ၊ ယင်း၏ အရည်အသွေးနှင့် အနှစ်သာရအပေါ်တွင်သာ အကဲဖြတ်ရမည် ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ ဤကိစ္စရပ်၏ အကြောင်းရင်းမှန်ကို စူးစမ်းဖော်ထုတ်ရန် ဖြစ်နိုင်မည် ဖြစ်သည်။ သူ အမြဲ ယုံကြည်ခဲ့သည်မှာ- “ငါသည် အလုပ်လုပ်နိုင်စွမ်း ရှိသည်၊ ငါသည် လူအများစုထက် သာလွန်သည်။ ကြီးစွာသော အလင်းသည် ငါ့အပေါ် ထွန်းလင်းခဲ့ပြီး၊ ငါသည် ကြီးစွာသော အလင်းကို မြင်ခဲ့ရသည့်အတွက်၊ ငါသည် မည်သူနှင့်မျှမတူပဲ သခင်၏ ဝန်ထုပ်ကို ထောက်ထားညှာတာပြီး၊ မည်သူမျှ ငါ့လောက် နက်ရှိုင်းစွာ နောင်တရခြင်းမရှိပေ၊ ထို့ကြောင့် ငါ၏ နောင်တသည် အခြားမည်သူမဆိုထက် သာ၍ နက်ရှိုင်းသည်။” ဟူ၍ ဖြစ်သည်။ ထိုအချိန်တွင် ဤသည်မှာ သူ၏ စိတ်နှလုံးအတွင်း တွေးခဲ့သောအရာ ဖြစ်သည်။ သူ့အလုပ်၏ အဆုံးတွင် ပေါလုက “တိုက်လှန်ခြင်းကို ငါပြုပြီ၊ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ၊ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက်ရှိ၏။” ဟု ပြောခဲ့သည်။ သူ၏ တိုက်လှန်ခြင်း၊ အလုပ်နှင့် လမ်းကြောင်းသည် ဓမ္မသရဖူအတွက် လုံးဝ ဖြစ်ခဲ့ပြီး၊ သူသည် တက်ကြွစွာ တစ်ဟုန်ထိုးမလုပ်ဆောင်ခဲ့ချေ။ သူသည် သူ၏အလုပ်တွင် ဝတ်ကျေတမ်းကျေ မဟုတ်ခဲ့သော်ငြားလည်း၊ သူ၏ အလုပ်သည် သူ၏ အမှားများကို ထေမိစေရန်အလို့ငှာ၊ သူ၏ သြတ္တပ္ပစိတ်၏ စွပ်စွဲချက်များကို ထေမိစေရန်အလို့ငှာမျှသာ ဖြစ်ခဲ့သည်။ သူတောင့်တသည့် ဓမ္မသရဖူအား သာ၍ မြန်ဆန်စွာ ရရှိနိုင်ရန်အလို့ငှာ၊ သူသည် သူ၏ အလုပ်ကို ပြည့်စုံစေရန်၊ သူ၏ပြေးရသောလမ်းကို အဆုံးတိုင် ပြေးရန်နှင့် သူ၏ တိုက်လှန်ခြင်းကို ဖြစ်နိုင်သမျှ မြန်မြန် ပြုရန်သာ သူ မျှော်လင့်ခဲ့သည်။ သူတောင့်တခဲ့သည့်အရာမှာ သူ၏ အတွေ့အကြုံများနှင့် စစ်မှန်သော အသိပညာဖြင့် သခင်ယေရှုအား တွေ့ဆုံရန် မဟုတ်ခဲ့ဘဲ၊ သူသည် သခင်ယေရှုနှင့် ဆုံတွေ့သောအခါ သူ၏အလုပ်က ကြိုးပမ်းရရှိခဲ့သော ဆုလာဘ်များကို လက်ခံ ရယူရန်အလို့ငှာ၊ သူ၏ အလုပ်ကို ဖြစ်နိုင်သမျှ မြန်မြန် ပြီးစီးရန်သာ ဖြစ်ခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် နှစ်သိမ့်ရန်၊ အနာဂတ်သရဖူနှင့် အလဲအလှယ်လုပ်ရာတွင် ညှိုနှိုင်းရန် သူ၏ အလုပ်ကို အသုံးချခဲ့သည်။ သူဖွေရှာခဲ့သောအရာမှာ သမ္မာတရား သို့မဟုတ် ဘုရားသခင် မဟုတ်ခဲ့ဘဲ၊ သရဖူကိုသာ ဖြစ်ခဲ့သည်။ ထိုသို့သော လိုက်စားခြင်းသည် အဘယ်သို့ စံချိန်မီနိုင်မည်နည်း။ သူ၏ ကြံရွယ်ချက်၊ သူ၏ အလုပ်၊ သူပေးဆပ်ခဲ့သော အဖိုးအခနှင့် သူ၏ ကြိုးထုတ်မှု အားလုံး သူ၏ အံ့ဖွယ် စိတ်ကူးယဉ်မှုများသည် အားလုံးကို ပျံ့နှံ့သွားခဲ့ပြီး၊ သူသည် သူကိုယ်တိုင်၏ စိတ်ဆန္ဒများအတိုင်း လုံးလုံးလျားလျား အလုပ်လုပ်ခဲ့လေသည်။ သူ၏ အလုပ်တစ်ခုလုံးတွင်၊ သူပေးဆပ်ခဲ့သော အဖိုးအခ၌ လိုလိုလားလားရှိခြင်း စိုးစဉ်းမျှ မရှိခဲ့ပေ။ သူသည် အပေးအယူလုပ်ခြင်းတွင် ပါဝင်ပတ်သက်ရုံမျှ ပတ်သက်ခဲ့သည်။ အားထုတ်မှုများကို သူ၏ တာဝန်အား ဆောင်ရွက်ရန်အလို့ငှာ လိုလိုလားလား ပြုလုပ်ခဲ့သည် မဟုတ်ဘဲ၊ အပေးအယူ၏ ရည်မှန်းချက်ကို အောင်မြင်ရရှိနိုင်ရန်အလို့ငှာ လိုလိုလားလား ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့သော ကြိုးထုတ်မှုများသည် ထိုက်တန်ခြင်းတစ်ခုတလေ ရှိပါသလော။ သူ၏ မဖြူစင်သော အားထုတ်မှုများကို မည်သူက ချီးကျူးမည်နည်း။ ထိုသို့သော အားထုတ်မှုများတွင် စိတ်ဝင်စားမှုတစ်ခုတလေ မည်သူ ရှိပါသနည်း။ သူ၏ အလုပ်သည် အနာဂတ်အတွက် အိပ်မက်များနှင့် ပြည့်သည်၊ အံ့ဖွယ်အစီအစဉ်များနှင့် ပြည့်နေပြီး၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲပေးရန် လမ်းကြောင်း မပါရှိခဲ့ချေ။ ထို့ကြောင့် သူ၏ စေတနာအများစုမှာ ဟန်ဆောင်ခြင်းတစ်ခု ဖြစ်ခဲ့သည်။ သူ၏ အလုပ်သည် အသက်ကို ထောက်ပံ့မပေးခဲ့ဘဲ၊ ရည်မွန်မှု အတုအယောင် တစ်ခုသာ ဖြစ်ခဲ့သည်။ ယင်းသည် အပေးအယူ ပြုလုပ်ခြင်း ဖြစ်ခဲ့သည်။ ဤကဲ့သို့သော အလုပ်သည် အဘယ်သို့ လူကို သူ၏ နဂိုမူလ တာဝန်အား ပြန်လည်ရရှိခြင်း လမ်းကြောင်းဆီသို့ ဦးဆောင်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၃

သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အဘယ်ကြောင့် သင်လုပ်ဆောင်နေသည်၊ ဤအရာကို လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်က သင့်ကို ညွှန်ကြားသည်၊ ယင်းကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၆

လူသား၏အလုပ်အတွက် ဘုရားသခင် အောင့်ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ သူသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၇

အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ အရာနှစ်ခုကို အာရုံစိုက်ရမည်- တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၄၇

ဖိလဒေလဖိအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့် လုံးလုံးဖြစ်၏။ ၎င်းတို့၏ ဝိညာဉ်ရေးရာ ခရီးပေါ်တွင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။