ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၄

အကယ်၍ လူတို့သည် ဘုရားသခင်ကို ရိုသေလေးစားသည့် နှလုံးသားဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ထွက် စကားများကို ကြုံတွေ့ခံစားရပါက သူတို့ထံ၌ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်နိုင်သည်။ ထိုလူများသည် ဘုရားသခင်အတွက် သက်သေခံနိုင်ကြပြီး သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်ကာ၊ သူတို့ သက်သေခံသည့် အကြောင်းအရာသည် သမ္မာတရားအကြောင်း၊ ဘုရားသခင်၏ ဖြစ်ခြင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့အကြောင်းဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်ကြပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိပါက သူတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို မြည်းစမ်းကြည့်ရမည်။ သို့တည်းမှသာ ဘုရားသခင်ကို ချစ်သော နှလုံးသားနှင့် ဘုရားသခင်အတွက် သစ္စာရှိစွာ နေရာချဲ့ပေးလိုသော ဆန္ဒ ရှိသည့် နှလုံးသား ဖြစ်ပေါ်လာမည် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ သူ့ကို ချစ်ရန် စကားလုံးများနှင့် အမူအရာများအားဖြင့် မလုပ်၊ သို့မဟုတ် သူတို့၏ စိတ်ကူးစိတ်သန်းအားဖြင့်လည်း မလုပ်ပေ။ လူတို့အား သူ့ကို အတင်းအဓမ္မလည်း မချစ်ခိုင်းပေ။ ထိုအစား သူတို့စိတ်နှင့် သူတို့ ချစ်လာစေရန် ပြုလုပ်ပြီး၊ သူ၏လုပ်ငန်းနှင့် ဖွင့်ဟပြောဆိုချက်များတွင် သူ၏ချစ်ဖွယ် နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်လာရန် ပြုလုပ်သည်။ ထို့နောက်တွင် သူတို့အထဲတွင် ဘုရားသခင်ကို ချစ်ခင်သည့် မေတ္တာကို ပေါက်ဖွားလာစေသည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့သည် ဘုရားသခင်နှင့်ဆိုင်သော စစ်မှန်သော သက်သေခံချက်ကို ပေးနိုင်မည် ဖြစ်သည်။ လူတို့သည် အခြားသူများမှ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို ချစ်ခြင်း မဟုတ်သကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်သော စိတ်ခံစားမှုဆန္ဒအရ ချစ်ခြင်းလည်း မဟုတ်ပေ။ သူတို့သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို တွေ့မြင်သည့်အတွက် ဘုရားသခင်ကို ချစ်ကြသည်။ လူတို့ထံမှ ချစ်ခြင်းမေတ္တာ ရရန် ထိုက်တန်သည့် အကြောင်းရင်း များစွာ ရှိကြောင်းကို သူတို့ တွေ့မြင်ခဲ့သောကြောင့် ဘုရားသခင်ကို ချစ်ကြသည်။ ဘုရားသခင်၏ကယ်တင်ခြင်း၊ ဉာဏ်ပညာနှင့် အံ့ဖွယ်လုပ်ရပ်များကို တွေ့မြင်ခဲ့သောကြောင့် ဘုရားသခင်ကို ချစ်ကြသည်— ရလဒ်အနေဖြင့် သူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချီးမွမ်းကြသည်။ ဘုရားသခင်ကို အမှန်တကယ် တောင့်တကြပြီး၊ သူတို့ စိတ်ထဲတွင် ဘုရားသခင်ကို မရလျှင် အသက်မရှင်နိုင်တော့သည့် စိတ်ထက်သန်ပြင်းပြမှု ပေါ်ပေါက်လာသည်။ ဘုရားသခင်အတွက် စစ်မှန်စွာ သက်သေခံသောသူများသည် ဘုရားသခင်အတွက် ခိုင်လုံသော သက်သေခံချက်ပေးနိုင်သည်မှာ သူတို့၏ သက်သေခံချက်သည် စစ်မှန်သော အသိတရားနှင့် ဘုရားသခင်ကို အမှန်တကယ် တောင့်တမှုတို့ ပေါ်တွင် အခြေခံသောကြောင့် ဖြစ်ပါသည်။ ယင်းသည် ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဆန္ဒ မဟုတ်ဘဲ ဘုရားသခင်ကို သိခြင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ကို သိခြင်းတို့အပေါ်တွင် အခြေခံသော သက်သေခံချက် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို သိရှိလာသည့်အတွက် ဘုရားသခင်အတွက် သေချာပေါက် သက်သေခံရမည်ဟု ခံစားမိကြပြီး ဘုရားသခင်ကို သိလိုစိတ် ရှိသောသူအားလုံး ဘုရားသခင်ကို သိရှိလာစေရန် ပြုလုပ်ကြရမည်၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုနှင့် သူ၏ လက်တွေ့ကျမှုတို့ကို သိရမည်ဟု သူတို့ ခံစားရကြသည်။ ဘုရားသခင် အပေါ် ထားသော လူတို့၏ ချစ်ခြင်းမေတ္တာ ကဲ့သို့ပင် သူတို့၏ သက်သေခံချက်များသည်လည်း အလိုအလျောက် ထွက်လာသော သက်သေခံချက်များ ဖြစ်ကာ၊ မှန်ကန်မှုရှိပြီး စစ်မှန်သော ထူးခြားမှုနှင့် တန်ဖိုးရှိသည့် ထိုသက်သေခံချက်များသည် နိုးကြားထကြွသော သက်သေခံချက်များ ဖြစ်သည်။ အနှစ်သာရ မရှိသော သို့မဟုတ် အဓိပ္ပါယ်မဲ့သော သက်သေခံချက်များ မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော သူများသည် သူတို့၏အသက်တာများ၌ အများဆုံးသော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ရှိကြပြီး ဘုရားသခင်ကို ၄င်းတို့သာ အမှန်တကယ် ယုံကြည်ကြခြင်းမှာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် အသက်ရှင်နေထိုင်ကြသောကြောင့်၊ ဘုရားသခင်၏ လုပ်ငန်းနှင့် စီမံခန့်ခွဲမှုအတွက် အသက်ရှင်နိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အမှောင်ထုထဲတွင် မနေကြဘဲ အလင်းထဲတွင် နေထိုင်ကြသည်။ သူတို့သည် အဓိပ္ပာယ်မဲ့သောဘဝကို အသက်မရှင်ဘဲ၊ ဘုရားသခင် ကောင်းချီးပေးသော ဘဝကို အသက်ရှင်ကြသည်။ ဘုရားသခင်ကို ချစ်သော သူများသာလျှင် ဘုရားသခင်အတွက် သက်သေခံနိုင်ကြသည်။ သူတို့သာလျှင် ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြသည်။ သူတို့သာလျှင် ဘုရားသခင် ကောင်းချီးပေးခြင်းကို ခံရပြီး ဘုရားသခင်၏ ကတိတော်များကို သူတို့သာလျှင် လက်ခံရရှိနိုင်ကြသည်။ ဘုရားသခင်ကို ချစ်သော သူများသည် ဘုရားသခင်နှင့် အနီးစပ်ဆုံးလူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင် ချစ်မြတ်နိုးသောသူများ ဖြစ်ပြီး ဘုရားသခင်နှင့်အတူ ကောင်းချီးမင်္ဂလာများကို ခံစားမွေ့လျော်နိုင်သည်။ ထိုသို့သောသူများသာလျှင် ထာဝရအသက်ရှင်နိုင်မည်ဖြစ်ပြီး သူတို့သာလျှင် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် အစဉ်အမြဲ နေထိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ချစ်ဖို့ဖြစ်ပြီး၊ ဘုရားသခင်သည် လူသားတိုင်း၏ ချစ်ခြင်းမေတ္တာကို ရရှိရန် ထိုက်တန်သူ ဖြစ်သည်။ သို့သော် လူသားတိုင်းသည် ဘုရားသခင်ကို ချစ်နိုင်ကြသည် မဟုတ်ပေ။ လူတိုင်းသည် ဘုရားသခင်အတွက် သက်သေခံနိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်နှင့်အတူ တန်ခိုးအာဏာကို ကိုင်စွဲထားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်ကို စစ်မှန်စွာ ချစ်သောသူများသည် ဘုရားသခင်နှင့် ပတ်သက်၍ သက်သေခံနိုင်ပြီး၊ ဘုရားသခင်၏ လုပ်ငန်းအတွက် သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို လုံးလုံးလျားလျား ပေးဆပ်နိုင်သဖြင့် သူတို့သည် ကောင်းကင်အောက် မည်သည့်နေရာတွင် မဆို ဆန့်ကျင်ရဲသူ မရှိဘဲ သွားလာ၍ အစွမ်းသတ္တိဖြင့် မြေကြီးပေါ်၌ ဘုရားသခင်၏ လူများအားလုံးကို အုပ်ချုပ်နိုင်သည်။ ထိုလူများသည် ကမ္ဘာတစ်ဝှမ်းမှ စုဝေး ရောက်ရှိလာပြီး၊ ဘာသာစကားအမျိုးမျိုးကို ပြောကာ၊ အသားအရောင် အမျိုးမျိုး ရှိကြသည်။ သို့သော် သူတို့၏ ရှင်သန်ခြင်း၏ အဓိပ္ပါယ်သည် တူပြီး၊ သူတို့ထံတွင် ဘုရားကို ချစ်သောနှလုံးသား ရှိကြသည်။ သူတို့သည် တူညီသော သက်သေခံချက်ကို ထွက်ဆိုကြပြီး၊ တူညီသော စိတ်ဆုံးဖြတ်ချက်နှင့် တူညီသော ဆန္ဒများလည်း ရှိကြသည်။ ဘုရားသခင်ကို ချစ်သော သူများသည် ကမ္ဘာပေါ်တွင် အနှံ့အပြား လွတ်လပ်စွာ လျှောက်လှမ်းသွားလာနိုင်ကြသည်၊ ဘုရားသခင်အတွက် သက်သေခံသော သူများသည် စကြဝဠာတစ်ဝှမ်းတွင် လှည့်လည်သွားလာနိုင်ကြသည်။ ထိုလူတို့သည် ဘုရားသခင် ချစ်သောသူများ ဖြစ်ပြီး၊ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာကို ခံစားရကာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် တစ်သက်လုံး နေထိုင်သွားမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၃

လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသည့် နည်းလမ်းများက မည်သည့်အရာကို လူသားမျိုးနွယ်ထံ ယူဆောင်ပါသနည်း။ ၎င်းတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၆

အစေ့အဆန်များ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အခွံမာအသီးမျိုးစုံ- ဤရာများအားလုံးသည် သက်သတ်လွတ် အစားအစာများ ဖြစ်ကြ၏။ ၎င်းတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၁

ဝိညာဉ်ရေး၌ စိတ်ဝင်စားမှုရှိရန် ချင့်ချိန်တတ်ခြင်း၊ နာခံတတ်ခြင်းနှင့် သိမြင်နိုင်သောအစွမ်းတို့ ရှိရန်ဆိုသည်မှာ သင်သည် တစ်စုံတစ်ရာနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၃

ဤစကားများသည် ယခုပြောဆိုထားပြီးဖြစ်သည်ကို သင့်အနေဖြင့် မှတ်မိရမည်။ နောင်တွင်၊ သင်သည် သာ၍ကြီးမားသော အတိဒုက္ခနှင့် သာ၍ကြီးမားသော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။