ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၇

သင်တို့အားလုံးသည် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့အလယ်တွင် ရှိကြ၏။ စစ်ဆေးခြင်းအတွင်းတွင် သင်သည် ဘုရားသခင်ကို အဘယ်သို့ ချစ်သင့်သနည်း။ စစ်ဆေးခြင်းကို ကြုံတွေ့ပြီးနောက်၊ လူတို့သည် ဘုရားသခင်ထံ စစ်မှန်သော ချီးမွမ်းခြင်းကို ဆက်ကပ်နိုင်ပြီး၊ စစ်ဆေးခြင်း အလယ်တွင် ၎င်းတို့ အလွန်ပင် ချို့တဲ့ကြသည်ကို မြင်နိုင်ကြသည်။ သင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်ရန် တတ်စွမ်းနိုင်လေလေ ဖြစ်သည်။ လူတို့၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာ ကြီးမားလေလေ ဖြစ်သည်။ ဤသည်မှာ သင် နားလည်သင့်သည့်အရာ ဖြစ်သည်။ လူတို့ အဘယ်ကြောင့် စစ်ဆေးခြင်းခံရမည်နည်း။ မည်သည့်အကျိုးသက်ရောက်မှုကို ရရှိရန် ထိုစစ်ဆေးခြင်းက ရည်ရွယ်သနည်း။ လူသား၌ ဘုရားသခင်၏ စစ်ဆေးခြင်းအမှု၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေလျှင်၊ အတိုင်းအတာတစ်ခုအထိ သူ၏ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားပြီးနောက် ယင်းသည် အလွန့်အလွန် ကောင်းမွန်ပြီး အဆုံးစွန် လိုအပ်မှုဖြစ်သည်ကို သင် ခံစားရလိမ့်မည်။ စစ်ဆေးခြင်း အတောအတွင်းတွင် လူသားသည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ ဘုရားသခင်၏ စစ်ဆေးခြင်းကို လက်ခံဖို့ ကိုယ်တော့်ကို ချစ်ရန်သန္နိဌာန်ကို အသုံးပြုခြင်းဖြင့်- စစ်ဆေးခြင်းအတောအတွင်းတွင် သင်သည် ဓားတစ်လက်က သင်၏ နှလုံးသားကို မွှေနှောက်လျက်ရှိသကဲ့သို့ အတွင်းပိုင်း၌ ညှဉ်းဆဲ ခံရသော်လည်း၊ သင်သည် ဘုရားသခင်ကို ချစ်သည့် သင်၏နှလုံးသားကို အသုံးပြုလျက် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လိုလိုလားလားရှိနေပြီး၊ ဇာတိပကတိကို ဂရုစိုက်ရန် လိုလိုလားလား ရှိမနေပေ။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် အတွင်းပိုင်းကို နာကျင်နေပြီး သင်၏ ဆင်းရဲဒုက္ခခံစားမှုသည် အတိုင်းအတာတစ်ခုထိ ရောက်ရှိပြီးဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် ဆန္ဒရှိဆဲဖြစ်ကာ၊ “အိုး ဘုရားသခင်။ ကျွန်ုပ်သည် ကိုယ်တော်ကို မစွန့်ခွာနိုင်ပါ။ ကျွန်ုပ်အတွင်းတွင် မှောင်မိုက်သော်လည်း ကိုယ်တော်ကို ကျေနပ်စေရန် ဆန္ဒရှိပါသည်။ ကိုယ်တော်သည် ကျွန်ုပ်၏ နှလုံးသားကို သိပြီး၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အထဲတွင် ပို၍မြှုပ်နှံစေလိုပါ၏” ဟု ဆိုလျက်၊ ဆုတောင်းသည်။ ဤအရာကို စစ်ဆေးခြင်း အတောအတွင်းတွင် လက်တွေ့လုပ်ဆောင်မှု ဖြစ်လေသည်။ သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား အခြေခံအုတ်မြစ်အဖြစ် အသုံးပြုလျှင် စစ်ဆေးခြင်းသည် သင့်ကို ဘုရားသခင်နှင့် ပိုနီးစပ်အောင် ဆောင်ကြဉ်း သွားနိုင်ပြီး ဘုရားသခင်နှင့် သာ၍ ရင်းနှီးစေနိုင်၏။ ဘုရားသခင်ကို သင် ယုံကြည်သည့်အတွက်၊ သင်၏နှလုံးသားကို ဘုရားသခင်ထံ သင် လွှဲပြောင်းပေးအပ်ရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ဆက်ကပ်ပြီး ချခင်းထားပါက၊ စစ်ဆေးခြင်း အတောအတွင်းတွင် ဘုရားသခင်ကို ငြင်းပယ်ရန် သို့မဟုတ် ဘုရားသခင်ကို စွန့်ခွာရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။ ဤနည်းဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ယခင်ထက် သာ၍ နီးကပ်လာမည် ဖြစ်ပြီး၊ ယခင်ထက် သာ၍ ပုံမှန်ဖြစ်လာလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်နှင့် သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် ယခင်ထက်သာ၍ ကြိမ်ဖန် များလာလိမ့်မည် ဖြစ်သည်။ သင်သည် ဤနည်းလမ်းဖြင့် အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏အလင်း၌ ပို၍ အချိန်ကုန်ဆုံးလိမ့်မည် ဖြစ်ပြီး၊ သူ၏နှုတ်ကပတ်တော်၏ လမ်းပြမူအောက်တွင် ပို၍ အချိန်ကုန်ဆုံး လိမ့်မည် ဖြစ်သည်။ သင်၏ စိတ်သဘောထားတွင်လည်း ပို၍ ပို၍ အပြောင်းအလဲများ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ အသိပညာသည် တစ်နေ့ထက် တစ်နေ့ တိုးပွားလိမ့်မည်။ ဘုရားသခင်၏ စမ်းသပ်မှုများ သင့်အပေါ် ရုတ်တရက် ကျရောက်သည့် ရက် ရောက်လာသည့်အခါတွင်၊ သင်သည် ဘုရားသခင် ဘက်တွင် ရပ်တည်ပေးနိုင်လိမ့်မည် ဖြစ်ရုံသာမက၊ ဘုရားသခင်ကိုလည်း သက်သေခံနိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် ယောဘနှင့် ပေတရုကဲ့သို့ ဖြစ်မည်။ ဘုရားသခင်ကို သက်သေခံရင်း၊ သင်သည် သူ့ကို အမှန်တကယ် ချစ်လိမ့်မည်ဖြစ်ပြီး သူ့အတွက် သင့်အသက်ကို ဝမ်းမြောက်စွာ စွန့်လွှတ်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သက်သေဖြစ်ကာ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်လိမ့်မည်။ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာသည် အားနည်းခြင်းမရှိဘဲ၊ သန်မာလေသည်။ ဘုရားသခင်က သင့်ကို သူ၏ စမ်းသပ်မှုများအား မည်သည့်အချိန် သို့မဟုတ် မည်သို့ ခံစားစေသည်ကို ပဓာနမထားဘဲ၊ သင် ရှင်မည်လား သေမည်လားဆိုသည်နှင့်ပတ်သက်၍ သင်၏စိုးရိမ်ပူပန်မှုများကို စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်အတွက် အရာရာကို ဝမ်းမြောက်စွာ ဘေးဖယ်ထားနိုင်၍ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို ပျော်ရွှင်စွာ သည်းခံနိုင်လေသည်- ထိုသို့ဖြင့် သင်၏ချစ်ခြင်းမေတ္တာသည် ဖြူစင်ပြီး သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အမှန်တကယ် ချစ်ခြင်းခံရသောသူနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို အမှန်တကယ် ခံရသောသူတစ်ဦး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်

ဘုရားကို သင်ယုံကြည်လျှင် ရှေ့မှောက်တော်၌ သင့်နှလုံးကို ပေးလော့ကျူ

သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သင်၏နှလုံးသားကို ဘုရားသခင်ရှေ့မှောက်တွင် အပ်နှင်းရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ပေးပြီး ချခင်းထားလျှင် စစ်ဆေးစဉ်အတွင်း ဘုရားသခင်ကို ငြင်းပယ်ရန်၊ သို့မဟုတ် ဘုရားသခင်ကို စွန့်ပစ်ရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။ ဤနည်းအားဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပို၍နီးစပ်လာမည်၊ ပို၍ပုံမှန်ဖြစ်လာမည်။ ဘုရားသခင်နှင့် သင်၏ မိတ်သဟာယဖွဲ့မှုသည် ပို၍ ကြိမ်ဖန်များလာမည်။

အကယ်၍ သင်သည် ဤနည်းလမ်းအတိုင်း အစဉ်အမြဲ လက်တွေ့လုပ်ဆောင်လျှင် ဘုရားသခင်၏ အလင်း၌ ပို၍ အချိန်သုံးလာမည်၊ သူ့နူတ်ကပတ်တော်၏ လမ်းပြမူအောက်တွင် ပို၍ အချိန်ယူလာမည်၊ သင်၏ စိတ်သဘောထားတွင်လည်း ပို၍ ပို၍ ပြောင်းလဲမူများဖြစ်၍ သင်၏ အသိပညာသည် တစ်နေ့ထက်တစ်နေ့ ပို၍ တိုးလာမည်။ နေ့ရက်ရောက်လာ၍ ဘုရားသခင်၏ စမ်းသပ်ခြင်းသည် သင့်အပေါ် ရုတ်တရက် ကျရောက်သောအခါ သင်သည် ဘုရားသခင်ဘက်မှ ရပ်တည်ပေးနိုင်ရုံသာမက ဘုရားသခင်ကို သက်သေခံ နိုင်မည်။ ထိုအချိန်တွင် သင်သည် ယောဘ နှင့် ပေတရုသဖွယ် ဖြစ်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သင်၏နှလုံးသားကို ဘုရားသခင်ရှေ့မှောက်တွင် အပ်နှင်းရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ပေးပြီး ချခင်းထားလျှင် စစ်ဆေးစဉ်အတွင်း ဘုရားသခင်ကို ငြင်းပယ်ရန်၊ သို့မဟုတ် ဘုရားသခင်ကို စွန့်ပစ်ရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။ ဤနည်းအားဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပို၍နီးစပ်လာမည်၊ ပို၍ပုံမှန်ဖြစ်လာမည်။ ဘုရားသခင်နှင့် သင်၏ မိတ်သဟာယဖွဲ့မှုသည် ပို၍ ကြိမ်ဖန်များလာမည်။

ဘုရားသခင်ကို သက်သေခံရင်း သင်သည် သူ့ကို အမှန်တကယ် ချစ်မည်ဖြစ်ပြီး သင့်ဘဝကို သူ့အတွက် ကျေနပ်စွာ စတေးခံမည်။ သင်သည် ဘုရားသခင်၏ သက်သေဖြစ်ကာ ဘုရားသခင် ချစ်သော သူတစ်ဦးဖြစ်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သင်၏နှလုံးသားကို ဘုရားသခင်ရှေ့မှောက်တွင် အပ်နှင်းရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ပေးပြီး ချခင်းထားလျှင် စစ်ဆေးစဉ်အတွင်း ဘုရားသခင်ကို ငြင်းပယ်ရန်၊ သို့မဟုတ် ဘုရားသခင်ကို စွန့်ပစ်ရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။ ဤနည်းအားဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပို၍နီးစပ်လာမည်၊ ပို၍ပုံမှန်ဖြစ်လာမည်။ ဘုရားသခင်နှင့် သင်၏ မိတ်သဟာယဖွဲ့မှုသည် ပို၍ ကြိမ်ဖန်များလာမည်။

စစ်ဆေးခြင်းကို ကြုံတွေ့ခံစားထားသော ချစ်ခြင်းမေတ္တာသည် သန်မာ၍ အားမနည်းပေ။ ဘုရားသခင်က သင့်ကို သူ၏ စမ်းသပ်မှုထံ မည်သည့်အချိန်သို့မဟုတ် မည်သို့အပ်နှံခဲ့သည်ကို ဂရုမစိုက်ဘဲ သင်သည် ရှင်မလား၊ သေမလားဆိုသည်ကို ဂရုမစိုက်နိုင်ပဲ ဘုရားသခင်အတွက် အရာအားလုံးကို ဝမ်းမြောက်စွာ ဘေးချိတ်ပြီး ဘုရားသခင်အတွက် အရာအားလုံးကို တပျော်တပါး သည်းခံမည်ဖြစ်သည်။ ဤကဲ့သို့ သင်၏ချစ်ခြင်းမေတ္တာသည် သန့်ရှင်းပြီး သင်၏ ယုံကြည်ချက်သည် စစ်မှန်မည်။ သို့မှသာ သင်သည် ဘုရားသခင်က အစစ်အမှန် ချစ်ကာ အမှန်တကယ် စုံလင်စေသော သူတစ်စုံ တစ်ယောက်ဖြစ်လာမည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သင်၏နှလုံးသားကို ဘုရားသခင်ရှေ့မှောက်တွင် အပ်နှင်းရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ပေးပြီး ချခင်းထားလျှင် စစ်ဆေးစဉ်အတွင်း ဘုရားသခင်ကို ငြင်းပယ်ရန်၊ သို့မဟုတ် ဘုရားသခင်ကို စွန့်ပစ်ရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။ ဤနည်းအားဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပို၍နီးစပ်လာမည်၊ ပို၍ပုံမှန်ဖြစ်လာမည်။ ဘုရားသခင်နှင့် သင်၏ မိတ်သဟာယဖွဲ့မှုသည် ပို၍ ကြိမ်ဖန်များလာမည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၇

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၅

လက်တွေ့တွင်၊ ပညတ်တော်များကို စောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်နေသင့်ပေသည်။ ပညတ်တော်များကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၆၆

ဘုရားသခင်သည် ပညတ်တော်ခေတ်၏ အမှုတော်ကို ဆောင်ရွက်ပြီးနောက်တွင်၊ ဓမ္မဟောင်းကျမ်း ထွက်ပေါ်ခဲ့ကာ၊ ထို့နောက်တွင် လူတို့သည် သမ္မာကျမ်းစာကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၅

ါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ငါသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုနေပြီး လူသား၏ ခန္ဓာကို အပြစ်ပေးနေခြင်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။