ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၁

သူ၏ခန္ဓာ လုံးဝ ပြိုကွဲပျက်စီးလုနီး ဖြစ်ခဲ့ချိန်တွင် ပေတရု၏ အတွေ့အကြုံများထဲ၌ အထွတ်အထိပ်အခြေအနေတစ်ခု ရှိခဲ့သည်၊ သို့သော် ယေရှုက သူ့ကို အတွင်းမှ ခွန်အားပေးဆဲ ဖြစ်သည်။ တစ်ကြိမ်တွင်၊ ပေတရုထံ ယေရှု ပေါ်လာခဲ့သည်။ ပေတရုသည် ကြီးမားသော ဆင်းရဲဒုက္ခကို ခံခဲ့ရပြီး သူ၏ နှလုံးသား ကွဲကြေသည်ကို ခံစားခဲ့ရချိန်တွင်၊ ယေရှုက- “သင်သည် ကမ္ဘာမြေပေါ်တွင် ငါနှင့်အတူ ရှိခဲ့ပြီး၊ ငါသည် ဤနေရာတွင် သင်နှင့်အတူ ရှိခဲ့၏။ ကောင်းကင်ဘုံ၌ ငါတို့အတူ မရှိမီဖြစ်ခဲ့သော်လည်း၊ တကယ်တမ်းမူ ယင်းသည် ဝိညာဉ်လောကနှင့်ဆိုင်သည်။ ယခု ငါသည် ဝိညာဉ်လောကသို့ ပြန်ပို့ခံရပြီး သင်သည် ကမ္ဘာမြေပေါ်တွင် ရှိ၏၊ အဘယ်ကြောင့်ဆိုသော် ငါသည် ကမ္ဘာမြေနှင့် မသက်ဆိုင်၊ သင်သည်လည်း ကမ္ဘာမြေနှင့် မသက်ဆိုင်သော်လည်း ကမ္ဘာမြေပေါ်တွင် သင်၏ လုပ်ငန်းတာဝန်ကို သင်ဖြည့်ဆည်းရပေမည်။ သင်သည် အစေခံတစ်ဦး ဖြစ်သည့်အားလျော်စွာ၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်” ဟု သူ့ကို ညွှန်ကြားခဲ့သည်။ ဘုရားသခင်၏ ထံပါးသို့ သူ ပြန်သွားနိုင်မည်ကို ကြားရခြင်းက ပေတရုကို နှစ်သိမ့်မှုပေးခဲ့သည်။ ထိုအချိန်တွင်၊ ပေတရုသည် အင်မတန် မချိတင်ကဲဝေဒနာခံစားရသည်မှာ အိပ်ရာမှမထနိုင်သည်အထိ ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ သူသည်၊ “ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်မှု မပေးနိုင်သည်အထိ ကျွန်ုပ် အလွန်ဖောက်ပြန်ပျက်စီးသည်” ဟု ပြောသည့်အခြေအနေထိ နောင်တရခဲ့သည်။ သူ့ထံ ယေရှု ပေါ်လာပြီး- “ပေတရု၊ တစ်ခါက ငါ့ရှေ့တွင် သင် ပြုခဲ့သည့် သန္နိဋ္ဌာန်ကို သင် မေ့လျော့ပြီးဖြစ်နိုင်မည်လော။ ငါ ပြောခဲ့သည့် အရာအားလုံးကို သင် အမှန်တကယ် မေ့လျော့ပြီလော။ ငါ့ထံ သင်ပြုခဲ့သည့် သန္နိဋ္ဌာန်ကို သင် မေ့လျော့ပြီလော” ဟု ပြောခဲ့သည်။ ယေရှုဖြစ်ကြောင်းကို မြင်သည့်အခါ၊ ပေတရုသည် မိမိ၏အိပ်ရာမှထပြီး ယေရှုက ဤကဲ့သို့ သူ့ကို နှစ်သိမ့်ခဲ့သည်- “ငါသည် ကမ္ဘာမြေနှင့်မဆိုင်၊ သင့်ကို ငါ ပြောနှင့်ပြီးဖြစ်သည်- ဤအရာကို သင် နားလည်ရမည်၊ သို့သော် သင့်ကို ငါ ပြောခဲ့သည့် အခြားတစ်စုံတစ်ရာကို သင် မေ့လျော့ပြီလော။ ‘သင်သည်လည်း ကမ္ဘာမြေနှင့် မဆိုင်၊ လောကနှင့် မဆိုင်။’ ယခုအချိန်တွင် သင် လုပ်ဆောင်ဖို့လိုအပ်သည့် အလုပ် ရှိသည်။ ဤသို့ သင် ဝမ်းနည်းကြေကွဲ၍ မဖြစ်။ ဤသို့ သင် ဆင်းရဲဒုက္ခခံ၍ မဖြစ်ပေ။ လူနှင့် ဘုရားသခင်သည် ကမ္ဘာတစ်ခုတည်းတွင် အတူမတည်ရှိနိုင်သော်လည်း၊ ငါ၌ ငါ၏ အလုပ်ရှိပြီး သင်၌ သင်၏ အလုပ်ရှိ၏၊ တစ်နေ့ သင်၏ အလုပ်ပြီးစီးသည့်အချိန်တွင် ငါတို့သည် လောကတစ်ခုတွင် အတူတကွ ရှိကြလိမ့်မည်ဖြစ်ပြီး၊ ငါနှင့်အတူ သင်အစဉ်ထာဝရရှိစေဖို့ သင့်ကို ငါ ဦးဆောင်လမ်းပြမည်။” ဤအရာကို ကြားပြီးနောက်တွင် ပေတရုသည် နှစ်သိမ့်မှုရခဲ့ပြီး ပူပန်သောကပြေပျောက်ခဲ့သည်။ ဤဆင်းရဲဒုက္ခမှာ သူ သည်းခံပြီး တွေ့ကြုံရမည့် အရာတစ်ခုဖြစ်သည်ကို သူ သိခဲ့ပြီး ထိုအချိန်မှစ၍၊ စေ့ဆော်မှု သူခံစားခဲ့ရသည်။ ယေရှုသည် သူ့ကို အထူးဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ပေးလျက် အဓိကကျသည့် အခိုက်အတန့်တိုင်းတွင် သူ့ထံ အထူးသဖြင့် ပေါ်လာခဲ့ပြီး သူ့အပေါ် အမှုများစွာ ပြုခဲ့သည်။ မည်သည့်အရာကို ပေတရု နောင်တအရဆုံး ဖြစ်ခဲ့သနည်း။ “ကိုယ်တော်သည် ခရစ်တော်တည်း ဟူသော အသက်ရှင်တော်မူသည့် ဘုရားသခင်၏ သားတော်ဖြစ်ပါ၏” ဟု ပေတရုက ပြောပြီးသည့်နောက် မကြာမီတွင်၊ (ဤသို့ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်မထားသော်လည်း) ယေရှုက နောက်ထပ်မေးခွန်းတစ်ခုကို ပေတရုအား မေးခဲ့သည်။ ယေရှုက သူ့ကို၊ “ပေတရု။ ငါ့ကို သင် ချစ်ဖူးသလော” ဟု မေးခဲ့သည်။ ကိုယ်တော် ဆိုလိုသည့်အရာကို ပေတရုက နားလည်ခဲ့ပြီး၊ “သခင် တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးသည်ကို ကျွန်ုပ် ဝန်ခံပါ၏” ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ “ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို လူတို့သည် မချစ်ကြလျှင်၊ ကမ္ဘာမြေပေါ်ရှိ သားတော်ကို သူတို့ အဘယ်သို့ ချစ်နိုင်မည်နည်း။ လူတို့သည် ခမည်းတော်ဖြစ်သော ဘုရားသခင်က စေလွှတ်လိုက်သည့် သားတော်ကို မချစ်လျှင်၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို ၎င်းတို့ မည်သို့ ချစ်နိုင်မည်နည်း။ လူတို့သည် ကမ္ဘာမြေပေါ်ရှိ သားတော်ကို အမှန်ချစ်ကြလျှင်၊ ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို သူတို့ အမှန်ချစ်ကြပေသည်” ဟု ပြောခဲ့သည်။ ဤစကားများကို ပေတရု ကြားသည့်အခါ၊ သူ လိုအပ်နေခဲ့သည့် အရာကို သူ နားလည်ခဲ့သည်။ သူသည် “တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ဖခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးပါ” ဆိုသော သူ၏ စကားများနှင့်ပတ်သက်၍ မျက်ရည်များကျသည်အထိ သူ အမြဲ နောင်တရခဲ့သည်။ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ တက်ကြွခြင်းပြီးနောက်တွင်၊ ဤစကားများအပေါ် သာ၍ပင် နောင်တရ၍ ဝမ်းနည်းကြေကွဲမှုကို သူခံစားခဲ့သည်။ အတိတ်က သူ၏ အလုပ်နှင့် သူ၏ မျက်မှောက် ဝိညာဉ်အသက်တာကို ပြန်အမှတ်ရလျက်၊ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းခဲ့ခြင်းနှင့် ဘုရားသခင်၏ စံနှုန်းများနှင့် မကိုက်ခဲ့ခြင်းကြောင့် နောင်တရ၍ အကြွေးတင်ရှိခြင်းကို အမြဲခံစားရရင်း ယေရှု၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် မကြာခဏ သူလာလေ့ရှိခဲ့သည်။ ဤပြဿနာများက သူ၏ အကြီးမားဆုံးသော ဝန်ထုပ်များ ဖြစ်လာခဲ့သည်။ သူက၊ “ကျွန်ုပ်၌ ရှိသမျှအရာအားလုံးနှင့် ကျွန်ုပ်၏ ဖြစ်တည်မှုအားလုံးကို ကိုယ်တော့်ထံ တစ်နေ့ ကျွန်ုပ်ဆက်ကပ်ပါမည်၊ ပြီးလျှင် အဖိုးအတန်ဆုံး မည်သည့်အရာကိုမဆို ကိုယ်တော့်အား ကျွန်ုပ် ပေးပါမည်” ဟု ပြောခဲ့သည်။ သူက၊ “ဘုရားသခင်။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ ဘဝသည် ဘာမျှထိုက်တန်ခြင်းမရှိပါ။ ကျွန်ုပ်ကိုယ်ခန္ဓာသည်လည်း ဘာမျှထိုက်ခြင်းမရှိပါ။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ စိတ်ထဲတွင် ကိုယ်တော်၌ ယုံကြည်ခြင်းရှိပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကိုယ်တော့်အတွက် ချစ်ခြင်းရှိပါ၏။ ဤအရာနှစ်ခုသာ ကျွန်ုပ် ကိုယ်တော့်ကို ပေးဖို့ရှိပြီး အခြားမည်သည့်အရာမျှ မရှိပါ” ဟု ပြောခဲ့သည်။ ယေရှု၏ စကားများအားဖြင့် ပေတရု အလွန်ခွန်အားရခဲ့သည်၊ အဘယ့်ကြောင့် ဆိုသော် ယေရှု ကားစင်တင်မခံရမီတွင်၊ ပေတရုကို သူက၊ “ငါသည် ဤလောကနှင့် မစပ်ဆိုင်၊ ပြီးလျှင် သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်ပေ” ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင်၊ ကြီးမားသည့် နာကျင်မှုကို ခံစားရသည့်အခြေအနေအထိ ပေတရုရောက်ရှိသည့်အချိန်တွင်၊ ယေရှုက သူ့ကို၊ “ပေတရု၊ သင် မေ့လျော့ပြီလော။ ငါသည် ဤလောကနှင့် စပ်ဆိုင်ခြင်းမရှိ၊ စောစီးစွာ ငါ ထွက်ခွာခဲ့သည်မှာ ငါ၏ အမှုအတွက်သာ ဖြစ်သည်။ သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်၊ သင် အမှန်တကယ် မေ့လျော့သွားပြီလော။ သင့်ကို ငါ နှစ်ကြိမ် ပြောပြီးဖြစ်သည်၊ သင် အမှတ်မရသလော” ဟု သတိရစေခဲ့သည်။ ဤအရာကို ကြားသည့်အခါ၊ ပေတရုက၊ “ကျွန်ုပ် မမေ့လျော့ပါ” ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ “တစ်ခါက သင်သည် ပျော်စရာအချိန်တစ်ခုနှင့် ငါ၏ ထံပါး၌ အချိန်ကာလတစ်ခုကို ငါနှင့်အတူ ကောင်းကင်ဘုံတွင် ကုန်ဆုံးခဲ့သည်။ သင် ငါ့ကို လွမ်းဆွတ်သတိရပြီး ငါ သင့်ကို လွမ်းဆွတ်မိသည်။ ငါ့အမြင်တွင် ဖန်ဆင်းခြင်းများက ဖော်ပြရန်မထိုက်သော်လည်း၊ အပြစ်ကင်းစင်ပြီး ချစ်ဖွယ်ကောင်းသူ တစ်ဦးကို ငါ အဘယ်သို့ မချစ်ဘဲ နေနိုင်မည်နည်း။ ငါ၏ ကတိကို သင် မေ့လျော့ပြီလော။ ကမ္ဘာမြေပေါ်တွင် ငါ၏ စေခိုင်းသည့် တာဝန်ကို သင် လက်ခံရမည်။ သင့်ကို ငါ အပ်ခဲ့သည့် အလုပ်ကို သင် ဖြည့်ဆည်းရမည်။ ငါ၏ ထံပါးတွင် ရှိဖို့ရန် တစ်နေ့ သင့်ကို ငါ ဧကန်မုချ ဦးဆောင်လမ်းပြမည်” ဟု ပြောခဲ့သည်။ ဤအရာကို ကြားပြီးနောက်တွင်၊ ပေတရုသည် သာ၍ပင် ခွန်အားရခဲ့ပြီး သာ၍ပင် ကြီးမားသော လှုံ့ဆော်မှုကို ရရှိခဲ့သည်မှာ ကားတိုင်ပေါ် သူရှိခဲ့ချိန်တွင်၊ “ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်ပါ။ ကျွန်ုပ်ကို သေဖို့ ကိုယ်တော်စေခိုင်းလျှင်ပင်၊ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်သေးပါ။ ကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော် မည်သည့်နေရာတွင် စေလွှတ်ပါစေ၊ ကိုယ်တော်၏ အတိတ်က ကတိများကို ကိုယ်တော် ပြည့်စုံစေသည်ဖြစ်စေ၊ မပြည့်စုံစေသည်ဖြစ်စေ၊ နောက်ပိုင်းတွင် ကိုယ်တော် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ယုံကြည်ပါ၏” ဟု ပြောနိုင်ခဲ့လေသည်။ သူ ဆုပ်ကိုင်ခဲ့သည်မှာ သူ၏ ယုံကြည်ခြင်းနှင့် စစ်မှန်သော ချစ်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၆

၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ လူတို့သည် ဘုရားသခင်ကို ၎င်းတို့အား သင့်တော်သည့် ခရီးပန်းတိုင်နှင့် ၎င်းတို့ လိုအပ်သည့် ကျေးဇူးတော်အားလုံးကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၇

မျက်မှောက်ခေတ်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော်တွင်း၌ မည်သို့အမှုပြုနေသနည်း။ ဤမေးခွန်းကို သင် သေချာစွာ သဘောပေါက်သလော။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၈

ဘုရားသခင်၏ စမ်းသပ်မှုများအပေါ် ဒွိဟအတွေးများ မရှိစေနှင့် ယောဘထံမှ သက်သေခံချက်ကို ရပြီးနောက် သူ၏စမ်းသပ်မှုများ ပြီးဆုံးသည့်နောက်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄၄

“ယေဟောဝါ” ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုစဉ်အတွင်း ခံယူခဲ့သောနာမဖြစ်ပြီး လူသားအပေါ် သနားညှာတာ၊ ပြစ်တင်ကျိန်ဆဲ၍ လူသား၏ ဘဝကို လမ်းပြပေးနိုင်မည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။