ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၃

ဤအခိုက်အတန့်တွင်၊ ဘုရားသခင်၏အမှုမှာ လမ်းကြောင်းမှန်ပေါ်သို့ အယောက်တိုင်းအား ဝင်ရောက်စေဖို့၊ ပုံမှန် ဝိညာဉ်ရေးရာအသက်တာနှင့် စစ်မှန်သော အတွေ့အကြုံများ ရှိစေဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရစေဖို့နှင့်၊ ဤအရာများကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် ထားရှိလျက် ဘုရားသခင်၏ စေခိုင်းချက်တာဝန်များကို လက်ခံစေရန် ဖြစ်သည်။ နိုင်ငံတော်၏လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ စကားလုံးတိုင်း၊ လုပ်ရပ်တိုင်း၊ လှုပ်ရှားမှုတိုင်း၊ အတွေးနှင့် စိတ်ကူးတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခွင့်ပေးရန်၊ သာ၍ မကြာခဏ ဘုရားသခင်၏ တို့ထိခြင်း ခံရစေဖို့နှင့် ထိုသို့ဖြင့် သူ့ကို ချစ်သည့် နှလုံးသားတစ်ခု ဖြစ်ပေါ်စေဖို့၊ ပြီးလျှင် အယောက်တိုင်း ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ် ရှိဖို့အလို့ငှာ၊ အယောက်တိုင်း လမ်းကြောင်းမှန်ပေါ် ရှိကြဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်နှင့်ဆိုင်သော ဝန်ထုပ်ကို သင့်အား သာ၍ တာဝန်ယူစေဖို့ ရည်ရွယ်ပေသည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ် ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိပေသည်။ သင်၏ အတွေးများနှင့် စိတ်ကူးများအပြင်၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို ပြင်ဆင်နိုင်ပြီး၊ ဇာတိပကတိအပေါ် သတိရှိခြင်းမှ ဘုရားသခင်၏ အလိုတော်အပေါ် သတိရှိခြင်းသို့ သင် လှည့်နိုင်သည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် မှားယွင်းသော ရည်ရွယ်ချက်များ ထွက်ပေါ်လာသည့်အခါ ၎င်းတို့၏ အာရုံပျက်စေမှုကို ခုခံနိုင်ကာ၊ ယင်းအစား ဘုရားသခင်၏ အလိုတော်နှင့်အညီ ပြုမူနိုင်သည်နှင့်တစ်ပြိုင်နက်- ထိုသို့သော ပြောင်းလဲမှုတစ်ခုကို သင် ရရှိနိုင်ပါက၊ သင်သည် အသက်တာအတွေ့အကြုံ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိပေသည်။ သင်၏ ဆုတောင်းခြင်း အလေ့အကျင့်များသည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဆုတောင်းချက်များတွင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရလိမ့်မည်။ သင်ဆုတောင်းသည့် အချိန်တိုင်းတွင်၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်း ခံရလိမ့်မည်။ သင်ဆုတောင်းသည့် အချိန်တိုင်းတွင်၊ ဘုရားသခင်ရှေ့မှောက်၌ သင်၏ နှလုံးသားကို ငြိမ်သက်စေနိုင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို သင်စားသောက်သည့် အချိန်တိုင်းတွင်၊ လောလောဆယ် သူ ဆောင်ရွက်နေသည့် အမှုကို သင် သဘောပေါက်နိုင်ပြီး၊ မည်သို့ ဆုတောင်းရမည်၊ မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည် ဆိုသည်နှင့် ဝင်ရောက်မှုကို မည်သို့ ရရှိမည်ဆိုသည်တို့ကို သင် သိနားလည်နိုင်ပါက၊ ထိုအခါမှသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏စားသောက်ခြင်းသည် အကျိုးဖြစ်ထွန်းလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့်၊ သင်သည် ဝင်ရောက်မှုလမ်းကြောင်းကို ရှာတွေ့နိုင်ပြီး၊ ဘုရားသခင်၏အမှု၏ လက်ရှိအင်အားများအပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ ဦးတည်ရာကို သိမြင်နိုင်သည့်အခါ၊ သင်သည် မှန်ကန်သောလမ်းကြောင်းပေါ် ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အဓိကအချက်များကို သဘောမပေါက်သေး သကဲ့သို့ နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို ရှာမတွေ့နိုင်သေးပါက၊ ဤအရာက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ မှန်ကန်စွာ စားသောက်ရမည်ကို မသိသေးသကဲ့သို့၊ ထိုသို့ လုပ်ဆောင်ခြင်းအတွက် နည်းစနစ် သို့မဟုတ် အခြေခံသဘောတရားကို သင် ရှာဖွေမတွေရှိသေးသည်ကို ပြသပေသည်။ သင်သည် ဘုရားသခင် လက်ရှိ ဆောင်ရွက်နေသည့် အမှုကို သဘောမပေါက်သေးပါက၊ သင့်ကို သူ အပ်နှံမည့် လုပ်ငန်းတာဝန်များကို သင် လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် လက်ရှိလုပ်ဆောင်သော အမှုသည် လက်ရှိတွင် လူသားများ ဝင်ရောက်ပြီး သိနားလည်သင့်သော အရာ အတိအကျဖြစ်သည်။ ဤအရာများကို သင်တို့ သဘောပေါက်ကြသလော။

သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိရောက်စွာ စားသောက်ပါက၊ သင်၏ ဝိညာဉ်ရေးရာ အသက်တာသည် ပုံမှန်ဖြစ်လာပြီး၊ မည်သည့် စမ်းသပ်မှုများ သင် ရင်ဆိုင်ရနိုင်သည်၊ မည်သည့် အခြေအနေများ သင် ကြုံရနိုင်သည်၊ မည်သည့် ရုပ်ပိုင်းဆိုင်ရာ ဖျားနာမှုများ သင် ခံရပ်ရနိုင်သည်၊ ညီအစ်ကို မောင်နှမများထံမှ မည်သည့် ဖယ်ကြဉ်ခြင်း သို့မဟုတ် မည်သည့် မိသားစုအခက်အခဲများ သင် ကြုံရနိုင်သည်ကို ပဓာနမထားဘဲ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်နိုင်သည်၊ ပုံမှန်ဆုတောင်းနိုင်ပြီး၊ သင်၏အသင်းတော် အသက်တာကို ပုံမှန်ဆက်လက် ဆောင်ရွက်နိုင်ပေသည်။ ဤအရာအားလုံးကို သင် ရရှိနိုင်ပါက၊ ထိုအရာက သင်သည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှိသည်ကို ပြသလိမ့်မည်။ လူအချို့သည် အလွန်နုနယ်ကြပြီး ဇွဲလုံ့လကင်းမဲ့ကြသည်။ သေးငယ်သည့် အတားအဆီးတစ်ခုကို ကြုံရသည့်အခါ၊ ၎င်းတို့ အသံတအီအီပြုကြပြီး အပျက်သဘောဆောင်လာကြသည်။ သမ္မာတရားကို ရရှိအောင်အားထုတ်ခြင်းသည် ဇွဲလုံ့လနှင့် စိတ်ဆုံးဖြတ်ခြင်းတို့ လိုအပ်၏။ သင်သည် ဘုရားသခင်၏ အလိုကို ဤတစ်ကြိမ် ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပါက၊ သင့်ကိုယ်သင် စက်ဆုပ်နိုင်ရမည်ဖြစ်ပြီး၊ နောက်တစ်ကြိမ်တွင် အောင်မြင်ရန် တိတ်ဆိတ်စွာ စိတ်ထဲက ဆုံးဖြတ်ထားရမည်။ ဤအကြိမ်တွင် သင်သည် ဘုရားသခင်၏ဝန်ထုပ်အပေါ် သတိမရှိပါက၊ အနာဂတ်တွင် အလားတူ အတားအဆီးကို ရင်ဆိုင်ရသည့်အခါ၊ ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင် ခိုင်ခိုင်မာမာဆုံးဖြတ်သင့်ပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ စိတ်ဆုံးဖြတ်သင့်ပေသည်။ ဤသည်မှာ သင် ချီးကျူးထိုက်သူ ဖြစ်လာမည့်ပုံ ဖြစ်သည်။ လူအချို့သည် မိမိတို့၏ကိုယ်ပိုင်အတွေးများ သို့မဟုတ် စိတ်ကူးများ မှန်သည်၊ မမှန်သည်ကို သိပင်မသိကြချေ။ ထိုသို့သောလူများသည် မိုက်မဲသောသူများ ဖြစ်ကြ၏။ သင်သည် သင်၏ စိတ်နှလုံးကို ချိုးနှိမ်ပြီး ဇာတိပကတိကို တွန်းလှန်ရန် ဆန္ဒရှိပါက၊ သင်၏ ရည်ရွယ်ချက်များ မှန်သည် မမှန်သည်ကို ဦးစွာပထမ သင် သိရှိရမည်၊ ထိုအခါမှသာ သင်၏စိတ်နှလုံးကို သင် ချိုးနှိမ်နိုင်ပေသည်။ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင်မသိပါက၊ သင်သည် သင်၏ စိတ်နှလုံးကို ချိုးနှိမ်ကာ ဇာတိပကတိကို တွန်းလှန်နိုင်သလော။ သင်တွန်းလှန်လျှင်ပင်၊ ဇဝေဇဝါဖြစ်လျက် ထိုသို့ လုပ်ဆောင်လိမ့်မည်။ သင်၏ ဆုံးဖြတ်ချက်လွဲမှားသော ရည်ရွယ်ချက်များကို မည်သို့ တွန်းလှန်ရမည်ကို သင် သိသင့်၏။ ဤသည်မှာ ဇာတိပကတိကို တွန်းလှန်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ သင်၏ရည်ရွယ်ချက်များ၊ အတွေးများနှင့် စိတ်ကူးများ မှားယွင်းသည်ကို သင် သတိပြုမိသည်နှင့်တစ်ပြိုင်နက်၊ လမ်းကြောင်းကို အလျင်အမြန် ပြောင်းပြန်လှန်ပြီး မှန်ကန်သော လမ်းကြောင်းကို သင် လျှောက်သင့်၏။ သင်သည် မှန်ကန်သော ရည်ရွယ်ချက်များ ရှိသည်၊ မရှိသည်ကို သင် အကောင်းဆုံးသိသောကြောင့်၊ ဤပြဿနာကို ဦးစွာ ဖြေရှင်းလော့၊ ပြီးလျှင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဝင်ရောက်မှုကို ရရှိဖို့ မိမိကိုယ်ကိုယ် လေ့ကျင့်လော့။ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များသည် ပြုပြင်ခံရပြီး ယခုတွင် ဘုရားသခင်အတွက် ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ သင်၏ စိတ်နှလုံးကို ချိုးနှိမ်ခြင်း ရည်မှန်းချက်ကို သင် ရရှိပြီးဖြစ်ပေလိမ့်မည်။

ယခု သင်တို့ လုပ်ဆောင်ရန် အရေးကြီးဆုံးအရာမှာ ဘုရားသခင်နှင့် သူ၏ အမှုနှင့်ဆိုင်သော အသိပညာကို ရရှိဖို့ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူသားမျိုးနွယ်အပေါ် မည်သို့အမှု ဆောင်ရွက်သည်ကိုလည်း သင် သိရမည်။ ဤလုပ်ရပ်များသည် မှန်ကန်သောလမ်းကြောင်းပေါ် ဝင်ရောက်ခြင်းအတွက် မုချလိုအပ်ပေသည်။ သင်သည် ဤပဓာနဖြစ်သောအချက်ကို သဘောပေါက်သည် နှင့်တစ်ပြိုင်နက်၊ ထိုသို့လုပ်ဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်သည် ဘုရားသခင်ကိုယုံကြည်ပြီး၊ ဘုရားသခင်ကိုသိသည်၊ ယင်းက ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း စစ်မှန်သည်ကို ပြသ၏။ သင်သည် အတွေ့အကြုံ ဆက်လက် ရရှိသော်လည်း အဆုံးတွင် ဘုရားသခင်ကို မသိနိုင်သေးပါက၊ သင်သည် ဧကန်မုချ ဘုရားသခင်ကို ခုခံသောလူတစ်ဦး ဖြစ်ပေသည်။ ယနေ့၏ လူ့ဇာတိခံ ဘုရားသခင်၌ ယုံကြည်ခြင်းမရှိဘဲ ယေရှုခရစ်တော်ကိုသာ ယုံကြည်သောသူအားလုံးသည် ရှုတ်ချခြင်း ခံရကြသည်။ ၎င်းတို့သည် ယနေ့၏ဘုရားသခင်ကို အသိအမှတ် မပြုကြသည့်အတွက်၊ ၎င်းတို့အားလုံးသည် နောက်ပေါ် ဖာရိရှဲများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင် ကြ၏။ ၎င်းတို့၏ ယေရှုကို ကိုးကွယ်ခြင်းသည် မည်မျှပင် ဆက်ကပ်မှုရှိပါစေ၊ အားလုံး အချည်းနှီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် ၎င်းတို့ကို ချီးမွမ်းလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာဆိုနေသည့် ဆိုင်းဘုတ်တစ်ခုရှိသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သော စစ်မှန်သည့် အသိပညာမရှိသူ အားလုံးသည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၃

သိမ်းပိုက်ခြင်းအလုပ်၏ အဓိကရည်မှန်းချက်မှာ သမ္မာတရားကို လူသားတို့ ပိုင်ဆိုင်နိုင်ရန်အတွက် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်ဖြစ်သည်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၃

ယခင်ခေတ်များနှင့် နှိုင်းယှဉ်ပါက နိုင်ငံတော်ခေတ်အတွင်း ဘုရားသခင်၏ အလုပ်သည် ပို၍လက်တွေ့ကျပြီး၊ လူသားဖြစ်တည်မှုနှင့် သူ၏ စိတ်သဘောထား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၂

ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တကယ့်အဓိပ္ပာယ်ကို စစ်မှန်စွာနားလည်လာခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ ဤသို့ မထင်လေနှင့်- “ငါသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၉၇

ဇိအုန်။ ဝမ်းမြောက်ကြလော့။ ဇိအုန်။ ရွှင်လန်းစွာသီချင်းဆိုလော့။ ငါသည် အောင်ခြင်းဖြင့် ပြန်လာပြီ၊ ငါသည် အောင်မြင်လျက် ပြန်လာပြီ။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။