ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၅

သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုသော်လည်း မိမိကိုယ်ကိုယ် ဤသို့ ချီးမြှောက်ခြင်း မပြုရန် ငါတိုက်တွန်း၏။ လူတိုင်း ခရစ်တော်ကို မြင်နိုင်သော်လည်း မည်သူမျှ ခရစ်တော်ကို မမြင်ထိုက်ဟု ငါဆိုသည်။ လူသား၏သဘာဝသည် ဆိုးယုတ်စိတ်၊ ဝင့်ဝါစိတ်၊ ပုန်ကန်စိတ်တို့နှင့် ပြည့်နေသောကြောင့် သင်သည် ခရစ်တော်ကို မြင်သောအခါ သင်၏သဘာဝသည် သင့်ကို ပျက်စီးစေပြီး သေခြင်းသို့ အပြစ်စီရင်ချက် ချမှတ်မည်။ ညီအစ်ကို (သို့မဟုတ် ညီအစ်မတစ်ဦး) နှင့် သင်ပေါင်းသင်းဆက်ဆံရာတွင် သင့်အကြောင်းကို သိပ်ပေါ်လွင်စေမည် မဟုတ်သော်လည်း ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ဤမျှမလွယ်ကူပါ။ မည်သည့်အချိန်မဆို သင်၏အတွေးအမြင်များ အမြစ်စွဲလာပြီး သင်၏ဝင့်ဝါမှု ပေါ်ထွက်လာကာ သင်၏ပုန်ကန်စိတ်မှလည်း မကောင်းမှုများ ပေါ်ပေါက်နိုင်သည်။ ဤသို့သောလူ့သဘာဝများ ရှိနေသောသင်သည် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ထိုက်တန်နိုင်မည်နည်း။ သင်သည် နေ့စဉ် အချိန်တိုင်း သူ့ကို အမှန်တကယ်ပင် ဘုရားသခင်ကဲ့သို့ ဆက်ဆံနိုင်မည်လား။ သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံနိုင်မည်လား။ သင်တို့သည် မြင့်မြတ်သောဘုရားကို ယေဟောဝါ အဖြစ် သင်တို့၏စိတ်နှလုံးများတွင် ကိုးကွယ်သော်လည်း မြင်နိုင်သည့် ခရစ်တော်ကို လူသားဟု မှတ်ယူကြ၏။ သင်တို့၏ဉာဏ်သည် တိမ်လွန်း၍ သင်တို့၏ လူ့သဘာဝသည်လည်း နိမ့်ကျလွန်း၏။ သင်တို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် ထာဝရပင် မှတ်ယူနိုင်ခြင်းမရှိ။ ဤသို့ မှတ်ယူမည့်အစား သင်တို့သည် စိတ်လိုသည့်အခါမှသာ သူ့ကို ဆွဲခေါ်၍ ဘုရားသခင်အဖြစ် ကိုးကွယ်ကြ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများ မဟုတ်၊ ခရစ်တော်ကို တိုက်ခိုက်သူများ၏ ကြံရာပါလူတစ်စုဖြစ်၏ဟု ငါဆို၏။ တစ်ပါးသူအား ကြင်နာသောသူများပင်လျှင် ကျေးဇူးဆပ်ခံရသည်၊ သင်တို့အကြား ထိုသို့သောအမှုတော် ဆောင်ရွက်သည့် ခရစ်တော်ကိုမူ လူသားသည် ချစ်လည်းမချစ်၊ ကျေးဇူးလည်းမဆပ်။ သူသည် လူသား၏နာခံမှုလည်း မရပေ။ ဤသည်မှာ ဝမ်းနည်းစရာ အကောင်းဆုံး မဟုတ်ပါသလား။

သင်သည် ဘုရားသခင်ကို ယုံကြည်သည့်နှစ်ကာလအားလုံးအတွင်းတွင် မည်သူ့ကိုမျှ ကျိန်ဆဲခြင်း မရှိ၊ မကောင်းမှု ပြုခဲ့ခြင်းမရှိ ဖြစ်နိုင်သည်။ သို့သော် ခရစ်တော်နှင့် သင်ပေါင်းသင်းဆက်ဆံရာတွင် သင်သည် အမှန်ကိုမပြောနိုင်၊ သမ္မာတရားအတိုင်း မပြုနိုင်၊ ခရစ်တော်၏ စကားကို မနာခံနိုင်ပါ။ ထို့ကြောင့် သင်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနှင့် မလိုမုန်းထားစိတ် အကြီးမားဆုံးသောသူဟု ငါဆိုသည်။ သင်သည် သင်၏ဆွေမျိုးမိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးနှင့် မိဘများအပေါ် အထူးခင်မင် ရင်းနှီး၍ သစ္စာရှိပြီး သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်ကောင်းမယူသော်လည်း ခရစ်တော်နှင့် သဟဇာတမရှိ၊ သင့်မြတ်ခြင်းမရှိလျှင်၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာမှုရစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခြင်း၊ သင့်အဖ၊ အမိနှင့် အိမ်ထောင်စုအား ကောင်းစွာကြည့်ရှုခြင်းများ ပြုလုပ်သော်လည်း သင်သည် ဆိုးယုတ်၍ ဉာဏ်နီဉာဏ်နက် များသောသူဟုလည်း ငါဆို၏။ သင်သည် လူသားနှင့်သဟဇာတ ရှိသည်ဖြစ်စေ၊ ကောင်းမှုအချို့ ပြုသည်ဖြစ်စေ ခရစ်တော်နှင့် သင် သဟဇာတရှိသည်ဟု မထင်နှင့်။ သင်၏ကြင်နာမှုသည် ကောင်းကင်မှ ကောင်းကြီးမင်္ဂလာတစ်ခုကို လှည့်စားရယူနိုင်သည်ဟု သင်ယူဆပါသလား။ ကောင်းမှုများသည် သင်၏နာခံမှုအတွက် အစားထိုးသည့် အရာဟု သင်ထင်သလား။ သင်တို့တစ်ဦးမျှ ကိုင်တွယ်ခြင်း၊ ပြုပြင်ခြင်းတို့ကို လက်မခံနိုင်ကြ။ ထို့အပြင် ခပ်သိမ်းသောသူတို့သည် ခရစ်တော်၏ သာမန် လူသားသဘာဝကို လက်ခံရန် အခက်အခဲ ရှိကြသော်လည်း ဘုရားသခင်ကို နာခံသည်ဟု သင်တို့ အမြဲဆိုကြသည်။ သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းကြောင့် ထိုက်တန်သည့် အပြစ်ဒဏ်ခတ်ခြင်းခံရမည်။ ထင်ယောင် ထင်မှားသည့် စိတ်ကူးများထဲတွင် မွေ့လျော်၍ ခရစ်တော်ကို မြင်တွေ့လိုနေခြင်းကို ရပ်လော့။ အကြောင်းမူကား သင်တို့၏ဝိညာဉ်အသက်တာသည် သူ့ကို မမြင်ထိုက်လောက်အောင်ပင် နည်းပါးလွန်း၍ ဖြစ်သည်။ သင်သည် သင်၏ပုန်ကန်စိတ်ကို လုံးဝစွန့်ပစ်၍ ခရစ်တော်နှင့် သင့်မြတ်နိုင်သောအခါ ဘုရားသခင်သည်အလိုအလျောက် သင့်ရှေ့တွင် ပေါ်လာပါလိမ့်မည်။ ပြုပြင်ခြင်း၊ စီရင်ခြင်းမခံခဲ့ရဘဲ ဘုရားသခင်အား သင်သွား၍ ကြည့်ပါက သင်သည်ဘုရားသခင်၏ အတိုက်အခံဖြစ်ပြီး ပျက်စီးခြင်းအဖို့ သတ်မှတ်ခံရမည်မှာ သေချာ၏။ လူသား၏သဘာဝသည် ပင်ကိုယ်အားဖြင့် ဘုရားသခင်အား ရန်လို၏။ အဘယ်ကြောင့်ဆိုသော် လူသားအားလုံးသည် စာတန်၏ လုံးဝဖျက်ဆီးခြင်းကို ခံထားရခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံနေသည့် ပျက်စီးနေသော လူသားတစ်ဦးထံမှ မည်သည့်ကောင်းမွန်သောအရာမျှ မပေါ်ထွက်လာနိုင်။ လူသား၏ ပြုမူပြောဆိုချက် အားလုံးသည် သူ၏ပျက်စီးမှုကို မြင်သာအောင်ပြနေမည်မှာ သေချာပြီး၊ သူသည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံ သည့်အခါ သူ၏ပုန်ကန်လိုစိတ်ကို အရာခပ်သိမ်းတွင် ဖော်ထုတ်ပြသနေမည်။ ထိုအခါ လူသားသည် ခရစ်တော်ကို ဆန့်ကျင်မှန်းမသိဆန့်ကျင်မည်၊ လှည့်ဖြားမှန်းမသိ လှည့်ဖြား၍ ခရစ်တော်ကို ငြင်းပယ်မည်။ ထိုအခါ လူသားသည် ပို၍ပင် အန္တရာယ် ကြီးသော အနေအထားသို့ ရောက်မည်။ ဤသို့ဆက်ဖြစ်ပါက သူသည် အပြစ်ပေးခံရမည်။

ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းမှာ ဤမျှအန္တရာယ်ရှိပါက ဘုရားသခင်ထံမှ ဝေးရာတွင် နေလျှင် ကောင်းမည်ဟု အချို့က ယူဆနိုင်၏။ ဤသို့ဆိုလျှင် ထိုသို့သောသူများသည် မည်သည့် အရာ ရနိုင်မည်နည်း။ သူတို့သည် ဘုရားသခင်အပေါ် သစ္စာရှိနိုင်ပါမည်လား။ အကယ်စင်စစ် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံမှုမှာ အလွန်ခက်၏။ သို့သော် ဤသည်မှာ လူသားသည် ပျက်စီးနေသောကြောင့်သာ လုံးဝဖြစ်ပြီး ဘုရားသခင်သည် လူသားနှင့် ဆက်ဆံနိုင်ခြင်း မရှိသောကြောင့် မဟုတ်ပါ။ သင်တို့သည် မိမိကိုယ်ကိုယ် အမှန်တကယ်သိရန် ပို၍ ကြိုးစား အားထုတ်လျှင် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သူ့အတွက် သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် စက်ဆုပ်ဖွယ် ကောင်းနေသနည်း။ သင်တို့၏စကားများသည် သူ့အတွက် အဘယ်ကြောင့် မုန်းဖွယ်ကောင်းနေသနည်း။ သင်တို့သည် အနည်းငယ်သော သစ္စာရှိမှုကြောင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းကြပြီး၊ အနည်းငယ် အနစ်နာခံရခြင်းအတွက် ဆုလာဘ် လိုချင်ကြသည်၊ သင်တို့သည် အနည်းငယ် လိုက်နာနိုင်လျှင် သူတစ်ပါးအပေါ် အထင်သေး၍၊ သေးငယ်သော အမှု အချို့ကိုလုပ်လျှင် ဘုရားသခင်အား အထင်အမြင် သေးလာကြ၏။ သင်တို့သည် ဘုရားသခင်ကို လက်ခံသည့်အတွက် ကြွယ်ဝချမ်းသာမှု၊ တံစိုးလက်ဆောင်များနှင့် ချီးမွမ်းခြင်းတို့ကို အလိုရှိကြ၏။ အကြွေတစ်ပြားနှစ်ပြား ပေးသည့်အခါ သင်တို့၏နှလုံးများ နာကျင်၏၊ တစ်ဆယ်ပေးသည့်အခါ ကောင်းကြီးမင်္ဂလာများ ရလို၍ သူတစ်ပါးတို့ထက် ဂုဏ်သရေရှိလိုကြ၏။ သင်တို့ကဲ့သို့ လူ့သဘာဝအကြောင်း ပြောရ၊ ကြားရသည်မှာ အမှန်တကယ်ပင် စက်ဆုပ်ဖွယ်ရာကောင်း၏။ သင်တို့၏စကားများ၊ အပြုအမူများတွင် မည်သည့်အရာသည် ချီးမွမ်းထိုက်သနည်း။ မိမိတို့၏အလုပ် လုပ်သူများနှင့် မလုပ်သူများ၊ ခေါင်းဆောင်သူများနှင့် နောက်လိုက်သူများ၊ ဘုရားသခင်ကို လက်ခံသူများနှင့် လက်မခံသူများ၊ ပေးကမ်းသူများနှင့် ပေးကမ်းခြင်းမပြုသူများ၊ တရားဟော သူများနှင့် နှုတ်ကပတ်တော်ကို လက်ခံသူများ စသည်ဖြင့် ထိုသို့သောသူ အားလုံးတို့သည် မိမိကိုယ်ကို ချီးမွမ်းကြ၏။ ဤအရာသည် ရယ်ဖွယ်ကောင်းသည်ဟု သင်တို့မထင်ပေဘူးလား။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း သင်တို့သိသည်မှာ သေချာသော်လည်း ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့သည် မထိုက်တန်ကြောင်းကို သင်တို့သိသည်မှာ သေချာသော်လည်း ဝါကြွားလျက်ရှိကြ၏။ သင်တို့၏အသိဉာဏ်ကြောင့် သင်တို့သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိကြတော့ဟု မထင်ပေဘူးလား။ ဤသို့သော အသိဉာဏ်ရှိသူ သင်တို့သည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ သင့်တော်မည်နည်း။ ထို့ကြောင့် သင်တို့သည် ကိုယ့်ကိုယ်ကို မကြောက်ကြပေဘူးလား။ သင်တို့၏ စိတ်နေသဘောထားသည် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်သည်အထိ ဖြစ်နေပြီ။ သင်တို့၏ ယုံကြည်ခြင်းသည် ရယ်ဖွယ် မကောင်းပေဘူးလား။ ယုတ္တိကင်းမဲ့မနေဘူးလား။ သင်၏အနာဂတ်ကို သင်မည်သို့ ကိုင်တွယ်မည်နည်း။ သင်သွားရာ ခရီးလမ်းကို သင်မည်သို့ ရွေးချယ်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၀

ယနေ့တွင် အချို့ သောသူတို့သည် ဘုရားသခင် အသုံးပြုခြင်းကို ခံရရန် ကြိုးစားကြသည်၊ သို့သော် သိမ်းပိုက်ခံရပြီးနောက် သူတို့အား တိုက်ရိုက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၉

ဘုရားသခင်သည် လူသားကိုဖန်ဆင်းခဲ့သည်။ သူတို့သည် ဖျက်ဆီးခြင်း ခံရပြီးသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင် နောက်ကို လိုက်လျှောက်ကြသည်ဖြစ်စေ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၂

လူအချို့က၊ “လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုနှင့် လွန်ခဲ့သောကာလများက ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်တို့အကြား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၅

ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံအကျဆုံးသော သတ်မှတ်ချက်မှာ သူသည် ရိုးသားသော နှလုံးသားရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။